AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ႏွစ္ရွည္လမ်ားၾကာေအာင္ အရက္စြဲေနတဲ့ လူေပါင္း ၈၀၀၀ ေက်ာ္ကို ေက်ာက္ပန္းေတာင္းၿမဳိ႕နယ္ရွိ ယုန္ေထာင္ေတာရေက်ာင္း ဆရာေတာ္အရွင္ေတဇနိယ်က အရက္ျပတ္ေအာင္ ကုသေပးႏုိင္ခဲ့တယ္လုိ႔ ဆရာေတာ္က မိန္႔ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမဳိ႕နယ္၊ ကြဲၽကန္ေက်းရြာ အလြန္ေတာထဲမွာ တပါးတည္း ေတာရတည္ေဆာက္ေနတဲ့ ဆရာေတာ္အရွင္ေတဇနိယ်က ႏွစ္ေပါင္းမ်ားစြာ အရက္စြဲေနသူေတြကို သစၥာေရတိုက္ၿပီး အရက္ျဖတ္ေပးေနတာပါ။

ဆရာေတာ္ဆီကုိ ျမန္မာျပည္ေဒသအႏံွ႔အျပားက အရက္ျဖတ္လိုသူေတြ လာေရာက္ၾကၿပီး ရခုိင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး ထားဝယ္နဲ႔ ေကာ့ေသာင္းၿမဳိ႕ေတြကေန လာေရာက္ အရက္ျဖတ္ၾကသူေတြလည္း ရွိေနပါတယ္။

ဆရာေတာ္ဟာ အရက္သာမက မူးယစ္ေဆးဝါးစြဲေနသူေတြနဲ႔ ဘီယာ၊ ေခါင္ရည္စြဲသူေတြကို ျပတ္သြားေအာင္လည္း ကူညီကုသေပးေနတယ္လို႔ သိရပါတယ္။

အရက္လာျဖတ္သူေတြဆီက အၿမဲတမ္းဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေတြနဲ႔ သူတို႔ရဲ႕ အေျခအေနကိုလည္း ဆရာေတာ္က မျပတ္စစ္ေဆးေပးေနၿပီး အဲဒီထဲကေန လူ ၃၀၀ ေလာက္ကေတာ့ အရက္ျပန္ေသာက္တာရွိတယ္လုိ႔ ဆရာေတာ္အရွင္ေတဇနိယ်က မိန္႔ပါတယ္။

ဆရာေတာ္ဟာ ေတာေတာင္ေတြထဲမွာ သြားေရာက္ ဂူေအာင္း သီတင္းသံုးေလ့ရွိပါတယ္။ သူ႔ရဲ႕ ေတာေက်ာင္းေလးအနားမွာ အရက္လာျဖတ္သူေတြက လႉဒါန္းတဲ့ ေငြေၾကးအလႉေတြနဲ႔ ေစတီေတြ၊ ႐ုပ္ပြားေတာ္ေတြ တည္ထား ပူေဇာ္ထားပါတယ္။

ေဖေအာင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB TV News
# Unicode Version ျဖင့္ ဖတ္ပါ #
နှစ်ရှည်လများကြာအောင် အရက်စွဲနေတဲ့ လူပေါင်း ၈၀၀၀ ကျော်ကို ကျောက်ပန်းတောင်းမြို့နယ်ရှိ ယုန်ထောင်တောရကျောင်း ဆရာတော်အရှင်တေဇနိယျက အရက်ပြတ်အောင် ကုသပေးနိုင်ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၊ ကွဲျကန်ကျေးရွာ အလွန်တောထဲမှာ တပါးတည်း တောရတည်ဆောက်နေတဲ့ ဆရာတော်အရှင်တေဇနိယျက နှစ်ပေါင်းများစွာ အရက်စွဲနေသူတွေကို သစ္စာရေတိုက်ပြီး အရက်ဖြတ်ပေးနေတာပါ။

ဆရာတော်ဆီကို မြန်မာပြည်ဒေသအနံှ့အပြားက အရက်ဖြတ်လိုသူတွေ လာရောက်ကြပြီး ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်နဲ့ ကော့သောင်းမြို့တွေကနေ လာရောက် အရက်ဖြတ်ကြသူတွေလည်း ရှိနေပါတယ်။

ဆရာတော်ဟာ အရက်သာမက မူးယစ်ဆေးဝါးစွဲနေသူတွေနဲ့ ဘီယာ၊ ခေါင်ရည်စွဲသူတွေကို ပြတ်သွားအောင်လည်း ကူညီကုသပေးနေတယ်လို့ သိရပါတယ်။

အရက်လာဖြတ်သူတွေဆီက အမြဲတမ်းဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့ သူတို့ရဲ့ အခြေအနေကိုလည်း ဆရာတော်က မပြတ်စစ်ဆေးပေးနေပြီး အဲဒီထဲကနေ လူ ၃၀၀ လောက်ကတော့ အရက်ပြန်သောက်တာရှိတယ်လို့ ဆရာတော်အရှင်တေဇနိယျက မိန့်ပါတယ်။

ဆရာတော်ဟာ တောတောင်တွေထဲမှာ သွားရောက် ဂူအောင်း သီတင်းသုံးလေ့ရှိပါတယ်။ သူ့ရဲ့ တောကျောင်းလေးအနားမှာ အရက်လာဖြတ်သူတွေက လှူဒါန်းတဲ့ ငွေကြေးအလှူတွေနဲ့ စေတီတွေ၊ ရုပ်ပွားတော်တွေ တည်ထား ပူဇော်ထားပါတယ်။

ဖေအောင်

ဖိုးသူတော် (www.phothutaw.com)
Credit:DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top