iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi Version ျဖင့္ဖတ္၇န္ #

ေဖ့စ္ဘြတ္ခ္မွ သိကြၽမ္းသည့္ အမ်ိဳးသမီးတစ္ဦးကိုယၾတာလုပ္ေပးမည္ဆိုကာ အဓမၼျပဳက်င့္သည့္အျပင္ ေရႊထည္ပစၥည္းႏွင့္ ဖုန္းလုယူေသာ အမ်ိဳးသားကို ဖမ္းဆီးအေရးယူခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွဴး႐ံုးမွ ရဲအရာရွိ တစ္ဦးက ေျပာသည္။
မဂၤလာဒံုၿမိဳ႕နယ္ သဃၤန္း ကြၽန္းႀကီးေက်းရြာ သစ္ဆိပ္ကုန္း ရပ္ကြက္ေန အသက္(၃၀)အရြယ္ အမ်ိဳးသမီးသည္ ၎၏ခ်စ္သူႏွင့္ အဆင္မေျပေသာေၾကာင့္ ေဖ့စ္ဘြတ္ခ္၌ လြန္ခဲ့သည့္တစ္ပတ္က ခင္မင္သည့္ စုန္းေအာက္လမ္းေဖ့စ္ဘြတ္ခ္အေကာင့္ပိုင္ရွင္ကုိယၾတာေခ်ေပးရန္ အကူအညီ ေတာင္းခံခဲ့သည္။

ထုိသို႔အကူအညီေတာင္းခံ သည့္အေပၚ ယင္း ေဖ့စ္ဘြတ္ခ္အေကာင့္ပိုင္ရွင္က မတ္လ ၁ ရက္တြင္ တညင္းကုန္းလမ္းဆံုသို႔ လာေရာက္ရန္ခ်ိန္းဆိုသျဖင့္ အမ်ိဳးသမီးက သြားေရာက္ရာ ခ်ိန္းဆိုထားသူသည္ ဆိုင္ကယ္ျဖင့္ ေရာက္ရွိိလာၿပီး လမ္းေဘးလက္ဖက္ရည္ဆိုင္၌ ထုိင္ခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ထို႔ေနာက္ စုန္းေအာက္လမ္း အေကာင့္ပိုင္ရွင္အမ်ိဳးသားက အခန္းတစ္ခန္းငွား၍ ယၾတာေခ်ေပးမည္ဆိုကာ ဖေယာင္းတုိင္၊ အေမႊးတိုင္၊ အပ္ခ်ည္ႏွင့္မီးျခစ္တို႔ ဝယ္ယူၿပီး ေအာင္ဆန္းရပ္ကြက္ရွိ တည္းခိုခန္းတစ္ခုသို႔ သြားေရာက္ခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

အခန္းအတြင္း အေရာက္ တြင္ ယၾတာေခ်ရန္ အကူအညီ ေတာင္းသည့္အမ်ိဳးသမီးဝတ္ဆင္ ထားေသာ ေရႊနားကြင္းတစ္ရန္၊ ၾကယ္နားကပ္တစ္ရန္ကို ခြၽတ္ ခိုင္းၿပီး အဆိုပါအမ်ိဳးသမီးကိုင္ ေဆာင္သည့္ လက္ကိုင္ဖုန္းႏွင့္အ တူ ႂကြပ္​ႂကြပ္အိတ္တစ္လံုးအ တြင္းထည့္ခိုင္းခဲ့ေၾကာင္း ရဲအရာ ရွိက ဆိုသည္။

ထို႔ေနာက္ ယင္းအေကာင့္ပိုင္ရွင္က အမ်ိဳးသမီးကို အိပ္ရာေပၚတြင္ ပက္လက္အိပ္ခိုင္းကာ ေအာ္လွ်င္ သတ္ပစ္မည္ဆိုကာ အဓမၼျပဳက်င့္ခဲ့ေၾကာင္း ၎က ေျပာသည္။

ထုိ႔ေနာက္ အမ်ိဳးသမီးက အိမ္သာအတြင္း ဝင္သြားရာ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားက အိမ္ သာအတြင္းမွ ထြက္လာပါက သတ္ပစ္မည္ဟု ထပ္မံၿခိမ္း ေျခာက္ကာ အမ်ိဳးသမီး၏ေရႊ ထည္ပစၥည္းႏွင့္ ဖုန္းထည့္ထား သည့္ႂကြပ္ႂကြပ္အိတ္ကို ယူ ေဆာင္ထြက္ေျပးခဲ့သည္။

ယၾတာေခ်ေပးရန္ အကူအ ညီေတာင္းသည့္ အမ်ိဳးသမီးက အဆိုပါျဖစ္စဥ္ကို မိခင္အား ေျပာ ျပကာ အင္းစိန္ၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္တိုင္ၾကားသျဖင့္ က်ဴးလြန္သူအေကာင့္ပိုင္ရွင္ကို စံုစမ္းခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕မရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကဆုိသည္။

ျပစ္မႈက်ဴးလြန္သူသည္ အင္းစိန္ၿမိဳ႕နယ္ စဥ့္ငူရပ္ကြက္ေန အသက္(၃၁)ႏွစ္အရြယ္ သန္းေဇာ္ဦးျဖစ္ၿပီး ၎ကို မတ္လ၆ ရက္တြင္ ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘သူက အဲဒီလိုလုပ္တယ္ဆို ေတာ့ တရားခံကို တျခားအမ်ိဳး သမီးတစ္ေယာက္နဲ႔မွ်ားၿပီးေတာ့ ဖမ္းလိုက္တာ။ အခုလိုမ်ိဳးပဲ အြန္ လိုင္းကေနခ်ိန္းၿပီး သူလာတဲ့အ ခ်ိန္ဖမ္းလိုက္တာ’’ဟု ၎က ေျပာသည္။သန္းေဇာ္ဦးကို အင္းစိန္ၿမိဳ႕မရဲစခန္းက အဓမၼျပဳက်င့္မႈပုဒ္မ ၃၇၆၊ ျပင္ဆင္ၿပီးမွ ခိုးယူမႈပုဒ္မ ၃၈၂ တို႔ျဖင့္ အမႈဖြင့္အေရးယူထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day
# Unicode Version ဖြင့်ဖတ်ရန #
ဖေ့စ်ဘွတ်ခ်မှ သိကျွမ်းသည့် အမျိုးသမီးတစ်ဦးကိုယတြာလုပ်ပေးမည်ဆိုကာ အဓမ္မပြုကျင့်သည့်အပြင် ရွှေထည်ပစ္စည်းနှင့် ဖုန်းလုယူသော အမျိုးသားကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
မင်္ဂလာဒုံမြို့နယ် သင်္ဃန်း ကျွန်းကြီးကျေးရွာ သစ်ဆိပ်ကုန်း ရပ်ကွက်နေ အသက်(၃၀)အရွယ် အမျိုးသမီးသည် ၎င်း၏ချစ်သူနှင့် အဆင်မပြေသောကြောင့် ဖေ့စ်ဘွတ်ခ်၌ လွန်ခဲ့သည့်တစ်ပတ်က ခင်မင်သည့် စုန်းအောက်လမ်းဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ကိုယတြာချေပေးရန် အကူအညီ တောင်းခံခဲ့သည်။

ထိုသို့အကူအညီတောင်းခံ သည့်အပေါ် ယင်း ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်က မတ်လ ၁ ရက်တွင် တညင်းကုန်းလမ်းဆုံသို့ လာရောက်ရန်ချိန်းဆိုသဖြင့် အမျိုးသမီးက သွားရောက်ရာ ချိန်းဆိုထားသူသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လမ်းဘေးလက်ဖက်ရည်ဆိုင်၌ ထိုင်ခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထို့နောက် စုန်းအောက်လမ်း အကောင့်ပိုင်ရှင်အမျိုးသားက အခန်းတစ်ခန်းငှား၍ ယတြာချေပေးမည်ဆိုကာ ဖယောင်းတိုင်၊ အမွှေးတိုင်၊ အပ်ချည်နှင့်မီးခြစ်တို့ ဝယ်ယူပြီး အောင်ဆန်းရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုသို့ သွားရောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အခန်းအတွင်း အရောက် တွင် ယတြာချေရန် အကူအညီ တောင်းသည့်အမျိုးသမီးဝတ်ဆင် ထားသော ရွှေနားကွင်းတစ်ရန်၊ ကြယ်နားကပ်တစ်ရန်ကို ချွတ် ခိုင်းပြီး အဆိုပါအမျိုးသမီးကိုင် ဆောင်သည့် လက်ကိုင်ဖုန်းနှင့်အ တူ ကြွပ်ကြွပ်အိတ်တစ်လုံးအ တွင်းထည့်ခိုင်းခဲ့ကြောင်း ရဲအရာ ရှိက ဆိုသည်။

ထို့နောက် ယင်းအကောင့်ပိုင်ရှင်က အမျိုးသမီးကို အိပ်ရာပေါ်တွင် ပက်လက်အိပ်ခိုင်းကာ အော်လျှင် သတ်ပစ်မည်ဆိုကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့နောက် အမျိုးသမီးက အိမ်သာအတွင်း ဝင်သွားရာ ပြစ်မှုကျူးလွန်သူအမျိုးသားက အိမ် သာအတွင်းမှ ထွက်လာပါက သတ်ပစ်မည်ဟု ထပ်မံခြိမ်း ခြောက်ကာ အမျိုးသမီး၏ရွှေ ထည်ပစ္စည်းနှင့် ဖုန်းထည့်ထား သည့်ကြွပ်ကြွပ်အိတ်ကို ယူ ဆောင်ထွက်ပြေးခဲ့သည်။

ယတြာချေပေးရန် အကူအ ညီတောင်းသည့် အမျိုးသမီးက အဆိုပါဖြစ်စဉ်ကို မိခင်အား ပြော ပြကာ အင်းစိန်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားသဖြင့် ကျူးလွန်သူအကောင့်ပိုင်ရှင်ကို စုံစမ်းခဲ့ကြောင်း အင်းစိန်မြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကဆိုသည်။

ပြစ်မှုကျူးလွန်သူသည် အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်နေ အသက်(၃၁)နှစ်အရွယ် သန်းဇော်ဦးဖြစ်ပြီး ၎င်းကို မတ်လ၆ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သူက အဲဒီလိုလုပ်တယ်ဆို တော့ တရားခံကို တခြားအမျိုး သမီးတစ်ယောက်နဲ့မျှားပြီးတော့ ဖမ်းလိုက်တာ။ အခုလိုမျိုးပဲ အွန် လိုင်းကနေချိန်းပြီး သူလာတဲ့အ ချိန်ဖမ်းလိုက်တာ’’ဟု ၎င်းက ပြောသည်။သန်းဇော်ဦးကို အင်းစိန်မြို့မရဲစခန်းက အဓမ္မပြုကျင့်မှုပုဒ်မ ၃၇၆၊ ပြင်ဆင်ပြီးမှ ခိုးယူမှုပုဒ်မ ၃၈၂ တို့ဖြင့် အမှုဖွင့်အရေးယူထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top