ကိုယ္၀န္ဖ်က္ခ်မႈနဲ႔ ေထာင္ဒဏ္က်ခံေနရတဲ့ အယ္ဆာေဗဒိုးအမ်ိဳးသမီးကို ေထာင္ထဲမွာ ၁၅ႏွစ္ၾကာၿပီးမွာ ျပန္လႊတ္ေပးလိုက္ပါတယ္။
မိုင္ရာ ဗရြန္နီကာ ဖိဂြဲရိုအာ မာရိုကြင္း ကို လူသတ္မႈနဲ႔ ေထာင္ဒဏ္ ႏွစ္၃၀ခ်မွတ္ထားတာျဖစ္ပါတယ္။
မစၥ ဖီဂြဲရိုအာဟာ သူ႔မွာ အျပစ္မရွိေၾကာင္းနဲ႔ ၂၀၀၃ခုႏွစ္မွာ အိမ္အကူဘ၀နဲ႔ အလုပ္လုပ္ကိုင္စဥ္က အဲဒီအိမ္မွာ ကေလးအေသေမြးခဲ့ေၾကာင္းေျပာပါတယ္။
အဲဒီေနာက္မွာ သူ႔ကို ေဆးရုံကိုေခၚေဆာင္သြားခဲ့ၿပီးဖမ္းဆီးခဲ့တာျဖစ္ပါတယ္။
ကယ္သလစ္ဘာသာ၀င္အမ်ားစုေနထိုင္တဲ့ အယ္ဆာေဗဒို ႏိုင္ငံမွာ ကိုယ္၀န္ဖ်က္ခ်မႈကို ဥပေဒအရာ တားျမစ္ထားတာျဖစ္ပါတယ္။
ကိုယ္၀န္ဖ်က္ခ်ရင္ အနည္းဆုံးေထာင္ဒဏ္ ၈ႏွစ္ကေန၊ ေမြးၿပီးကေလးေသဆုံးခဲ့ရင္ လူသတ္မႈနဲ႔ ေထာင္ဒဏ္ အႏွစ္ ၃၀အထိ အျပစ္ေပးခ်မွတ္ႏိုင္ပါတယ္။
ဆရာ၀န္ေတြအေနနဲ႔ ကိုယ္၀န္သည္အမ်ိဳးသမီးက ကေလးဖ်က္ခ်တယ္လို႔ သံသယရွိရင္ အာဏာပိုင္ေတြကို သတင္းေပးပို႔ရၿပီး၊ အေၾကာင္းၾကားတာမရွိခဲ့ရင္ အဲဒီဆရာ၀န္ကိုပါ ေထာင္ဒဏ္ခ်မွတ္ ႏိုင္မွာ ျဖစ္ပါတယ္။
အယ္ဆာေဗဒိုႏိုင္ငံမွာ ၂၀၀၀ခုႏွစ္ကစၿပီး ကိုယ္၀န္ပ်က္က်ရာကေန ရာဇ၀တ္မႈေျမာက္တဲ့ အမႈေတြ၊ က်န္းမာေရး အေရးေပၚမႈေတြေၾကာင့္ က်ဴးလြန္တဲ့ ရာဇ၀တ္မႈေပါင္း ၁၀၀ေက်ာ္ရွိတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ဆိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကိုယ်ဝန်ဖျက်ချမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အယ်ဆာဗေဒိုးအမျိုးသမီးကို ထောင်ထဲမှာ ၁၅နှစ်ကြာပြီးမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
မိုင်ရာ ဗရွန်နီကာ ဖိဂွဲရိုအာ မာရိုကွင်း ကို လူသတ်မှုနဲ့ ထောင်ဒဏ် နှစ်၃၀ချမှတ်ထားတာဖြစ်ပါတယ်။
မစ္စ ဖီဂွဲရိုအာဟာ သူ့မှာ အပြစ်မရှိကြောင်းနဲ့ ၂၀၀၃ခုနှစ်မှာ အိမ်အကူဘဝနဲ့ အလုပ်လုပ်ကိုင်စဉ်က အဲဒီအိမ်မှာ ကလေးအသေမွေးခဲ့ကြောင်းပြောပါတယ်။
အဲဒီနောက်မှာ သူ့ကို ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကယ်သလစ်ဘာသာဝင်အများစုနေထိုင်တဲ့ အယ်ဆာဗေဒို နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုကို ဥပဒေအရာ တားမြစ်ထားတာဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်ချရင် အနည်းဆုံးထောင်ဒဏ် ၈နှစ်ကနေ၊ မွေးပြီးကလေးသေဆုံးခဲ့ရင် လူသတ်မှုနဲ့ ထောင်ဒဏ် အနှစ် ၃၀အထိ အပြစ်ပေးချမှတ်နိုင်ပါတယ်။
ဆရာဝန်တွေအနေနဲ့ ကိုယ်ဝန်သည်အမျိုးသမီးက ကလေးဖျက်ချတယ်လို့ သံသယရှိရင် အာဏာပိုင်တွေကို သတင်းပေးပို့ရပြီး၊ အကြောင်းကြားတာမရှိခဲ့ရင် အဲဒီဆရာဝန်ကိုပါ ထောင်ဒဏ်ချမှတ် နိုင်မှာ ဖြစ်ပါတယ်။
အယ်ဆာဗေဒိုနိုင်ငံမှာ ၂၀၀၀ခုနှစ်ကစပြီး ကိုယ်ဝန်ပျက်ကျရာကနေ ရာဇဝတ်မှုမြောက်တဲ့ အမှုတွေ၊ ကျန်းမာရေး အရေးပေါ်မှုတွေကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုပေါင်း ၁၀၀ကျော်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။