ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ဖတ္၇န္ #

မတ္ ၁၁ ရက္ ညေန ေျခာက္နာရီဝန္းက်င္တြင္ ေလယာဥ္မွာ နည္းပညာခ်ိဳ႕ယြင္းမႈေၾကာင့္ ဆင္းသက္ရန္ ေလယာဥ္မႉးျဖစ္သူက လွမ္းဆက္သြယ္ၿပီးေနာက္ပိုင္း ၿမိဳ႕ေတာ္ တီဟီရန္ေတာင္ဖက္ မိုင္ ၂၅၀ အကြာ ဇာဂ႐ို႕စ္ေတာင္တန္းမ်ားတြင္ ပ်က္က်ျခင္း ျဖစ္ေၾကာင္း အီရန္ၿမိဳ႕ျပေလေၾကာင္းအဖြဲ႕အစည္းက ေျပာသည္။
ထင္ရွားသည့္ တူရကီစီးပြားေရးသမားတစ္ဦး၏ သမီးျဖစ္သူက ၎၏ မဂၤလာေဆာင္မတိုင္မီ သူငယ္ခ်င္းမ်ားႏွင့္ အပ်ိဳဘဝႏႈတ္ဆက္ပြဲပါတီကို ယူေအအီးႏိုင္ငံအတြင္း ေန႔ရက္အခ်ိဳ႕ က်င္းပၿပီးေနာက္ ကိုယ္ပိုင္ေလယာဥ္ျဖင့္ အီရန္ႏိုင္ငံသို႔ ျပန္လာစဥ္ ပ်က္က်မႈျဖစ္ျခင္းေၾကာင့္ ၎အပါအဝင္ ယာဥ္ေပၚပါ အမ်ိဳးသမီး ၁၁ ဦးစလုံး ေသဆုံးေၾကာင္း တာဝန္ရွိသူမ်ားႏွင့္ မီဒီယာသတင္းမ်ားက မတ္ ၁၂ ရက္တြင္ ေဖာ္ျပသည္။

ယူေအအီးႏိုင္ငံ ရွာဂ်က္ၿမိဳ႕မွ သတို႔သမီးေလာင္း မီနာဘာဆာရန္ႏွင့္ သူငယ္ခ်င္း ခုနစ္ဦးတို႔သည္ အစၥတန္ဘူလ္သို႔ Bombardier Challenger 604 ေလယာဥ္ျဖင့္ အီရန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ မတ္ ၁၁ ရက္က ပ်က္က်ျခင္း ျဖစ္သည္။ အဆိုပါ ေလယာဥ္ေပၚတြင္ အမ်ိဳးသမီးမ်ားပဲျဖစ္သည့္ ေလယာဥ္အမႈထမ္း သုံးဦးပါ လိုက္ပါလာျခင္း ျဖစ္သည္။

မတ္ ၁၁ ရက္ ညေန ေျခာက္နာရီဝန္းက်င္တြင္ ေလယာဥ္မွာ နည္းပညာခ်ိဳ႕ယြင္းမႈေၾကာင့္ ဆင္းသက္ရန္ ေလယာဥ္မႉးျဖစ္သူက လွမ္းဆက္သြယ္ၿပီးေနာက္ပိုင္း ၿမိဳ႕ေတာ္ တီဟီရန္ေတာင္ဖက္ မိုင္ ၂၅၀ အကြာ ဇာဂ႐ို႕စ္ေတာင္တန္းမ်ားတြင္ ပ်က္က်ျခင္း ျဖစ္ေၾကာင္း အီရန္ၿမိဳ႕ျပေလေၾကာင္းအဖြဲ႕အစည္းက ေျပာသည္။

ေလယာဥ္ေပၚ လိုက္ပါသူ ခရီးသည္ရွစ္ဦးတြင္ ေျခာက္ဦးမွာ တူရကီႏိုင္ငံသားမ်ားျဖစ္ၿပီး က်န္ႏွစ္ဦးမွာ စပိန္ႏိုင္ငံသားျဖစ္သည္ဟု ယင္းအဖြဲ႕အစည္းက ဆိုသည္။

ေလယာဥ္ေပၚက အမ်ိဳးသမီး ဆယ့္တစ္ဦးစလုံး၏ ႐ုပ္အေလာင္းမ်ားကို ကယ္ဆယ္ေရးအဖြဲ႕က ရွာေဖြေတြ႕ရွိထားၿပီးေၾကာင္း အီရန္သတင္းဌာန ISNA က ေဖာ္ျပသည္။ အဆိုပါ ႐ုပ္အေလာင္းမ်ားကို ရဟတ္ယာဥ္ျဖင့္ ပ်က္က်သည့္ ေတာင္ေပၚမွ ရွာအီေကာ့ဒ္ေလဆိပ္သို႔ သယ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ဆိုးဆိုးဝါးဝါး မီးေလာင္ကြၽမ္းသည့္ အေလာင္းႏွစ္ေလာင္းမွ လြဲ၍ က်န္အေလာင္းမ်ားက မည္သူမည္ဝါျဖစ္ေၾကာင္း ခြဲျခားသိရွိၿပီျဖစ္သည္ဟု အျခား IRNA သတင္းဌာနက ေဖာ္ျပသည္။

တူရကီစစ္တပ္က အကူအညီေပးေရး လုပ္ငန္းစဥ္မ်ားအတြက္ ေလယာဥ္တစ္စီးႏွင့္ အေရးေပၚအမႈထမ္းမ်ားကို ေစလႊတ္ထားေၾကာင္း ေျပာသည္။

တူရကီစီးပြားေရး လုပ္ငန္းရွင္ႀကီး ဟူစီယင္ဘာဆာရန္၏ သမီးျဖစ္သူ အသက္ ၂၈ ႏွစ္ရွိ မီနာဘာဆာရန္သည္ လာမည့္လအတြင္း ၎၏ မဂၤလာပြဲက်င္းပျခင္း မတိုင္မီ ယူေအအီးႏိုင္ငံအတြင္း သူငယ္ခ်င္းမ်ားႏွင့္ အပ်ိဳဘဝႏႈတ္ဆက္ပြဲပါတီအျဖစ္ ရက္တစ္ခ်ိဳ႕ က်င္းပကာ ရွိေနခဲ့ျခင္း ျဖစ္ေၾကာင္း တူရကီသတင္းမ်ားက ေဖာ္ျပခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စာေပ အလင္း
# Unicode Version ဖြင့်ဖတ်ရန် #
မတ် ၁၁ ရက် ညနေ ခြောက်နာရီဝန်းကျင်တွင် လေယာဉ်မှာ နည်းပညာချို့ယွင်းမှုကြောင့် ဆင်းသက်ရန် လေယာဉ်မှူးဖြစ်သူက လှမ်းဆက်သွယ်ပြီးနောက်ပိုင်း မြို့တော် တီဟီရန်တောင်ဖက် မိုင် ၂၅၀ အကွာ ဇာဂရို့စ်တောင်တန်းများတွင် ပျက်ကျခြင်း ဖြစ်ကြောင်း အီရန်မြို့ပြလေကြောင်းအဖွဲ့အစည်းက ပြောသည်။
ထင်ရှားသည့် တူရကီစီးပွားရေးသမားတစ်ဦး၏ သမီးဖြစ်သူက ၎င်း၏ မင်္ဂလာဆောင်မတိုင်မီ သူငယ်ချင်းများနှင့် အပျိုဘဝနှုတ်ဆက်ပွဲပါတီကို ယူအေအီးနိုင်ငံအတွင်း နေ့ရက်အချို့ ကျင်းပပြီးနောက် ကိုယ်ပိုင်လေယာဉ်ဖြင့် အီရန်နိုင်ငံသို့ ပြန်လာစဉ် ပျက်ကျမှုဖြစ်ခြင်းကြောင့် ၎င်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသမီး ၁၁ ဦးစလုံး သေဆုံးကြောင်း တာဝန်ရှိသူများနှင့် မီဒီယာသတင်းများက မတ် ၁၂ ရက်တွင် ဖော်ပြသည်။

ယူအေအီးနိုင်ငံ ရှာဂျက်မြို့မှ သတို့သမီးလောင်း မီနာဘာဆာရန်နှင့် သူငယ်ချင်း ခုနစ်ဦးတို့သည် အစ္စတန်ဘူလ်သို့ Bombardier Challenger 604 လေယာဉ်ဖြင့် အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မတ် ၁၁ ရက်က ပျက်ကျခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်ပေါ်တွင် အမျိုးသမီးများပဲဖြစ်သည့် လေယာဉ်အမှုထမ်း သုံးဦးပါ လိုက်ပါလာခြင်း ဖြစ်သည်။

မတ် ၁၁ ရက် ညနေ ခြောက်နာရီဝန်းကျင်တွင် လေယာဉ်မှာ နည်းပညာချို့ယွင်းမှုကြောင့် ဆင်းသက်ရန် လေယာဉ်မှူးဖြစ်သူက လှမ်းဆက်သွယ်ပြီးနောက်ပိုင်း မြို့တော် တီဟီရန်တောင်ဖက် မိုင် ၂၅၀ အကွာ ဇာဂရို့စ်တောင်တန်းများတွင် ပျက်ကျခြင်း ဖြစ်ကြောင်း အီရန်မြို့ပြလေကြောင်းအဖွဲ့အစည်းက ပြောသည်။

လေယာဉ်ပေါ် လိုက်ပါသူ ခရီးသည်ရှစ်ဦးတွင် ခြောက်ဦးမှာ တူရကီနိုင်ငံသားများဖြစ်ပြီး ကျန်နှစ်ဦးမှာ စပိန်နိုင်ငံသားဖြစ်သည်ဟု ယင်းအဖွဲ့အစည်းက ဆိုသည်။

လေယာဉ်ပေါ်က အမျိုးသမီး ဆယ့်တစ်ဦးစလုံး၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေတွေ့ရှိထားပြီးကြောင်း အီရန်သတင်းဌာန ISNA က ဖော်ပြသည်။ အဆိုပါ ရုပ်အလောင်းများကို ရဟတ်ယာဉ်ဖြင့် ပျက်ကျသည့် တောင်ပေါ်မှ ရှာအီကော့ဒ်လေဆိပ်သို့ သယ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းသည့် အလောင်းနှစ်လောင်းမှ လွဲ၍ ကျန်အလောင်းများက မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိပြီဖြစ်သည်ဟု အခြား IRNA သတင်းဌာနက ဖော်ပြသည်။

တူရကီစစ်တပ်က အကူအညီပေးရေး လုပ်ငန်းစဉ်များအတွက် လေယာဉ်တစ်စီးနှင့် အရေးပေါ်အမှုထမ်းများကို စေလွှတ်ထားကြောင်း ပြောသည်။

တူရကီစီးပွားရေး လုပ်ငန်းရှင်ကြီး ဟူစီယင်ဘာဆာရန်၏ သမီးဖြစ်သူ အသက် ၂၈ နှစ်ရှိ မီနာဘာဆာရန်သည် လာမည့်လအတွင်း ၎င်း၏ မင်္ဂလာပွဲကျင်းပခြင်း မတိုင်မီ ယူအေအီးနိုင်ငံအတွင်း သူငယ်ချင်းများနှင့် အပျိုဘဝနှုတ်ဆက်ပွဲပါတီအဖြစ် ရက်တစ်ချို့ ကျင်းပကာ ရှိနေခဲ့ခြင်း ဖြစ်ကြောင်း တူရကီသတင်းများက ဖော်ပြခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စာပေ အလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top