ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ိဳးသမီးမ်ားအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ပါက အျမင့္ဆံုးေထာင္ဒဏ္တစ္သက္ႏွင့္ ေသဒဏ္ခ်မွတ္ႏိုင္မည့္ ‘အမ်ိဳး သမီးမ်ားအေပၚအၾကမ္းဖက္မႈတားဆီးကာကြယ္ေရး’ ဥပေဒၾကမ္း ေရး ဆြဲၿပီးစီးၿပီျဖစ္၍ မၾကာမီ လႊတ္ေတာ္သို႔ေပးပို႔မည္ျဖစ္ေၾကာင္း လူမႈ၀န္ ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာန အမ်ိဳး သမီးမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒၚေနာ္သ၀ါးက ေျပာသည္။

‘‘ကေလးသူငယ္ကိုျဖစ္ေစ၊ မသန္စြမ္းသူကိုျဖစ္ေစ မုဒိမ္းမႈက်ဴး လြန္ရင္ ေထာင္ဒဏ္အႏွစ္ ႏွစ္ဆယ္ကေန ေထာင္ဒဏ္တစ္သက္ခ်မွတ္ရ မယ္။ ေနာက္တစ္ခုက မည္သူမဆိုျပင္းထန္ဆိုးရြားတဲ့ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈက ေသဒဏ္အထိပါတယ္’’ ဟု ၎ကဆိုသည္။

မုဒိမ္းမႈက်ဴးလြန္ရာမွ လူသတ္မႈ၊ လူေသမႈျဖစ္ပါက က်ဴးလြန္သူကို ေသဒဏ္ခ်မွတ္ရန္ ဥပေဒတြင္ ထည့္သြင္းေရးဆြဲထားသည္။

ထို႔အျပင္ ေထာင္ဒဏ္တစ္သက္ခ်မွတ္ျခင္းခံရသူသည္ လြတ္ၿငိမ္းခ်မ္းသာခြင့္တြင္ မပါရွိဘဲ ေထာင္ထဲတြင္ မေသမခ်င္းေနရမည္ျဖစ္ေၾကာင္း ဥပေဒၾကမ္းတြင္ ပါရွိသည္ဟု ေဒၚေနာ္သ၀ါး ကရွင္းျပသည္။

အမ်ိဳးသမီးမ်ားအေပၚ အ ၾကမ္းဖက္မႈ တားဆီးကာကြယ္ ေရး ဥပေဒၾကမ္းသည္ ျမန္မာ ႏိုင္ငံတြင္ အမ်ိဳးသမီးမ်ားကို အကာကြယ္ေပးသည့္ ပထမဆံုး  သီးသန္႔ ဥပေဒၾကမ္း တစ္ခုျဖစ္ ေၾကာင္း ၎ကဆိုသည္။

‘‘အမ်ိဳးသမီးမ်ားကို အကာ အကြယ္ေပးတဲ့ဟာရွိေနၿပီ၊ ျပ ႒ာန္ၿပီးလို႔ရွိရင္တကယ္ကိုအမ်ိဳး သမီးေတြအတြက္ အကာအကြယ္ ေပးမယ့္ဥပေဒရွိပါလားဆိုတာကို  သိေအာင္ အသိပညာေပးမယ္၊ ဥပေဒကတျခား၊ ျပည္သူကတ ျခားျဖစ္မွာစိုးလို႔’’ ဟု ေဒၚေနာ္သ  ၀ါးကေျပာသည္။

ထိုဥပေဒၾကမ္းတြင္ အဓိက အခ်က္အေနျဖင့္ အမ်ိဳးသမီးမ်ား အၾကမ္းဖက္ခံရမႈမွာ ႐ုပ္ပိုင္း ဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ၊ လိင္ ပုိင္းဆိုင္ရာ၊ စီးပြားေရးဆိုင္ရာ၊ မိ ႐ိုးဖလာ အၾကမ္းဖက္မႈ ပံုစံငါး မ်ိဳးကုိ ထည့္သြင္းေဖာ္ျပထား ေၾကာင္း ေဒၚေနာ္သ၀ါးက ေျပာ ၾကားသည္။

‘‘ဥပေဒမွာ အဓိက အသား ေပးထားတာက ကာကြယ္ျခင္း ကို ဦးစားေပးထားတဲ့အတြက္ မျဖစ္ေသးခင္ႀကိဳတင္ကာကြယ္ တာကို ပိုၿပီးေတာ့ အဓိကထား တယ္၊ ဒါေၾကာင့္ အကာအကြယ္ ေပးေရးအမိန္႔တို႔၊ ယာယီအကာ အကြယ္ေပးေရးအမိန္႔တို႔ ထည့္သြင္းထားပါတယ္’’ ဟု ေဒၚေနာ္သ၀ါးကဆိုသည္။

ယင္းဥပေဒၾကမ္းသည္ သိမ္ ေမြ႕နက္နဲသျဖင့္ ဥပေဒ အ ျဖစ္ထြက္ရွိရန္ အခ်ိန္ၾကာျမင့္ ေနျခင္းျဖစ္ၿပီး လက္ရွိတြင္ ျပည္ ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးသို႔ ေပးပို႔ ထားေၾကာင္း  ၎ကေျပာသည္။  ထိုဥပေဒတြင္ အခန္း(၁၉)ခန္း ပါ ၀င္ၿပီး ပုဒ္မ ၈၄ ခုပါ၀င္သည္။

အမ်ိဳးသမီးမ်ားကို အကာ အကြယ္ေပးသည့္ ဥပေဒကိုအျမန္ ဆံုးျပ႒ာန္းသင့္ၿပီး ဥပေဒ၏ အဓိပၸာယ္ဖြင့္ဆိုခ်က္၊ ျပ႒ာန္း ခ်က္၊ ျပစ္ဒဏ္မ်ားသည္ လက္ရွိ အေနအထားကို အကာအကြယ္ ေပးႏိုင္ရန္လိုအပ္ေၾကာင္း WON (Women Organization Net-work of Myanmar) အဖြဲ႕၀င္ မခင္ေလးကေျပာသည္။

‘‘ဥပေဒေတာ့ ျပ႒ာန္းလိုက္ တယ္၊ ၿပီးျပည့္စံုမႈ မရွိဘဲနဲ႔ျဖစ္ေန တဲ့ျပႆနာေတြကိုလည္းတစ္လံုး တစ္၀တည္း ေျဖရွင္းႏိုင္တာ မဟုတ္ဘူးဆိုရင္ ဥပေဒက အား နည္းေနလိမ့္မယ္လို႔ ထင္ပါ တယ္’’ဟု ၎ကေျပာသည္။

အမ်ိဳးသမီးမ်ားအေပၚ အ ၾကမ္းဖက္မႈမ်ား ေလ်ာ့က်ေစရန္ မိသားစု၀င္မ်ား ၊ ျပည္သူႏွင့္ အ စိုးရပိုင္းသံုးဦးသံုးဖလွယ္က ဟန္ ခ်က္ညီညီ ပါ၀င္မည္ဆိုပါလွ်င္ အမႈမ်ား ေလွ်ာ့ခ်ႏိုင္မည္ ျဖစ္ ေၾကာင္း ေဒၚေနာ္သ၀ါးက ေျပာ သည္။   လက္ရွိတြင္ ရန္ကုန္တိုင္း အပါအ၀င္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕၌ သက္ငယ္မုဒိမ္းမႈမ်ား မၾကာခဏျဖစ္ပြားေနသျဖင့္ အမ်ိဳးသမီးအေရး တက္ႂကြ လႈပ္ရွားသူမ်ားက သက္ငယ္မုဒိမ္းႏွင့္ လူသတ္မႈမုဒိမ္းကို ေသဒဏ္ေပးေရးဥပေဒ ျပ႒ာန္းေပးရန္လက္မွတ္မ်ား လိုက္လံေကာက္ခံေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ပါက အမြင့်ဆုံးထောင်ဒဏ်တစ်သက်နှင့် သေဒဏ်ချမှတ်နိုင်မည့် ‘အမျိုး သမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး’ ဥပဒေကြမ်း ရေး ဆွဲပြီးစီးပြီဖြစ်၍ မကြာမီ လွှတ်တော်သို့ပေးပို့မည်ဖြစ်ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမျိုး သမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက ပြောသည်။

‘‘ကလေးသူငယ်ကိုဖြစ်စေ၊ မသန်စွမ်းသူကိုဖြစ်စေ မုဒိမ်းမှုကျူး လွန်ရင် ထောင်ဒဏ်အနှစ် နှစ်ဆယ်ကနေ ထောင်ဒဏ်တစ်သက်ချမှတ်ရ မယ်။ နောက်တစ်ခုက မည်သူမဆိုပြင်းထန်ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက သေဒဏ်အထိပါတယ်’’ ဟု ၎င်းကဆိုသည်။

မုဒိမ်းမှုကျူးလွန်ရာမှ လူသတ်မှု၊ လူသေမှုဖြစ်ပါက ကျူးလွန်သူကို သေဒဏ်ချမှတ်ရန် ဥပဒေတွင် ထည့်သွင်းရေးဆွဲထားသည်။

ထို့အပြင် ထောင်ဒဏ်တစ်သက်ချမှတ်ခြင်းခံရသူသည် လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါရှိဘဲ ထောင်ထဲတွင် မသေမချင်းနေရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်ဟု ဒေါ်နော်သဝါး ကရှင်းပြသည်။

အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှု တားဆီးကာကွယ် ရေး ဥပဒေကြမ်းသည် မြန်မာ နိုင်ငံတွင် အမျိုးသမီးများကို အကာကွယ်ပေးသည့် ပထမဆုံး  သီးသန့် ဥပဒေကြမ်း တစ်ခုဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘အမျိုးသမီးများကို အကာ အကွယ်ပေးတဲ့ဟာရှိနေပြီ၊ ပြ ဋ္ဌာန်ပြီးလို့ရှိရင်တကယ်ကိုအမျိုး သမီးတွေအတွက် အကာအကွယ် ပေးမယ့်ဥပဒေရှိပါလားဆိုတာကို  သိအောင် အသိပညာပေးမယ်၊ ဥပဒေကတခြား၊ ပြည်သူကတ ခြားဖြစ်မှာစိုးလို့’’ ဟု ဒေါ်နော်သ  ဝါးကပြောသည်။

ထိုဥပဒေကြမ်းတွင် အဓိက အချက်အနေဖြင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှာ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင် ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ မိ ရိုးဖလာ အကြမ်းဖက်မှု ပုံစံငါး မျိုးကို ထည့်သွင်းဖော်ပြထား ကြောင်း ဒေါ်နော်သဝါးက ပြော ကြားသည်။

‘‘ဥပဒေမှာ အဓိက အသား ပေးထားတာက ကာကွယ်ခြင်း ကို ဦးစားပေးထားတဲ့အတွက် မဖြစ်သေးခင်ကြိုတင်ကာကွယ် တာကို ပိုပြီးတော့ အဓိကထား တယ်၊ ဒါကြောင့် အကာအကွယ် ပေးရေးအမိန့်တို့၊ ယာယီအကာ အကွယ်ပေးရေးအမိန့်တို့ ထည့်သွင်းထားပါတယ်’’ ဟု ဒေါ်နော်သဝါးကဆိုသည်။

ယင်းဥပဒေကြမ်းသည် သိမ် မွေ့နက်နဲသဖြင့် ဥပဒေ အ ဖြစ်ထွက်ရှိရန် အချိန်ကြာမြင့် နေခြင်းဖြစ်ပြီး လက်ရှိတွင် ပြည် ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ ထားကြောင်း  ၎င်းကပြောသည်။  ထိုဥပဒေတွင် အခန်း(၁၉)ခန်း ပါ ဝင်ပြီး ပုဒ်မ ၈၄ ခုပါဝင်သည်။

အမျိုးသမီးများကို အကာ အကွယ်ပေးသည့် ဥပဒေကိုအမြန် ဆုံးပြဋ္ဌာန်းသင့်ပြီး ဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြဋ္ဌာန်း ချက်၊ ပြစ်ဒဏ်များသည် လက်ရှိ အနေအထားကို အကာအကွယ် ပေးနိုင်ရန်လိုအပ်ကြောင်း WON (Women Organization Net-work of Myanmar) အဖွဲ့ဝင် မခင်လေးကပြောသည်။

‘‘ဥပဒေတော့ ပြဋ္ဌာန်းလိုက် တယ်၊ ပြီးပြည့်စုံမှု မရှိဘဲနဲ့ဖြစ်နေ တဲ့ပြဿနာတွေကိုလည်းတစ်လုံး တစ်ဝတည်း ဖြေရှင်းနိုင်တာ မဟုတ်ဘူးဆိုရင် ဥပဒေက အား နည်းနေလိမ့်မယ်လို့ ထင်ပါ တယ်’’ဟု ၎င်းကပြောသည်။

အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှုများ လျော့ကျစေရန် မိသားစုဝင်များ ၊ ပြည်သူနှင့် အ စိုးရပိုင်းသုံးဦးသုံးဖလှယ်က ဟန် ချက်ညီညီ ပါဝင်မည်ဆိုပါလျှင် အမှုများ လျှော့ချနိုင်မည် ဖြစ် ကြောင်း ဒေါ်နော်သဝါးက ပြော သည်။   လက်ရှိတွင် ရန်ကုန်တိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ သက်ငယ်မုဒိမ်းမှုများ မကြာခဏဖြစ်ပွားနေသဖြင့် အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူများက သက်ငယ်မုဒိမ်းနှင့် လူသတ်မှုမုဒိမ်းကို သေဒဏ်ပေးရေးဥပဒေ ပြဋ္ဌာန်းပေးရန်လက်မှတ်များ လိုက်လံကောက်ခံနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top