ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ခ်စ္သူႏွစ္ဦးသစၥာမပ်က္ ခ်စ္ျခင္းေတြခိုင္ၿမဲဖို႕ ခ်စ္သူဘဝကေနတစ္ဆင့္ တက္လို႕ အိမ္ေထာင္သည္ဘဝကို တည္ေဆာက္ဖို႕ စၿပီး စဥ္းစားေတာ့မယ္ဆိုရင္ ေယာင္းရဲ႕ခ်စ္သူနဲ႕ ေဆြးေႏြးတုိင္ပင္ ညိွႏိႈင္းသင့္တဲ့ အေၾကာင္းအရာေလးေတြကို မွ်ေဝေပးခ်င္တယ္ေယာင္းေရ

တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ ပြင့္ပြင့္လင္းလင္းေျပာၾကရမယ္ေနာ္
ခ်စ္သူဘဝဆိုေတာ့ ေပ်ာ္ရြင္ၾကည္ႏူးစရာေလးေတြနဲ႕ ျဖတ္သန္းခဲ့ရေပမယ့္ တကယ့္လက္ေတြ႕အိမ္ေထာင္သည္ဘဝကို ျဖတ္သန္းမယ္ဆိုရင္ေတာ့ မိသားစုအေရး၊ ကိုယ့္ရဲ႕ျပႆနာအေၾကာင္းတရားေတြကို သူလည္းသိေစဖို႕အတြက္ ပြင့္ပြင့္လင္းလင္းေျပာဆိုရမယ္ ေယာင္းေရ။ ဒါမွ သူ႕အတြက္ေရာ ေယာင္းအတြက္ပါ ဘာေတြႀကိဳတင္ျပင္ဆင္ရမလဲ ေျဖရွင္းရမယ့္ ျပႆနာေတြကို ေျဖရွင္းႏုိင္မွာေပါ့။ ယံုၾကည္အားကိုးၿပီး ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတိုင္ပင္တဲ့ေယာင္းကို ေယာင္းရဲ႕ခ်စ္သူကလည္း ပိုၿပီးအခ်စ္တိုး ယံုၾကည္စိတ္ခ်မႈ အျပည့္အဝရေစႏုိင္တာေပါ့ေနာ္။

နားလည္မႈနဲ႕ လက္တြဲရမယ္
နားလည္မႈဆိုတာက လူတိုင္းမွာလိုအပ္ပါတယ္။ နားလည္မႈလြဲၿပီး အိမ္ေထာင္သည္ဘဝေရာက္မွ စိတ္ညစ္ရတဲ့ အိမ္ေထာင္ေရးေတြကို မၾကာခဏျမင္ေတြ႕ေနရတာမ်ိဳးေတြလည္း ရွိပါတယ္။ ကိုယ့္အိမ္ေထာင္ဘက္နဲ႕ လက္မတြဲခင္ နားလည္မႈယူထားတာက အေကာင္းဆံုးေပါ့ေယာင္းေရ။ ဥပမာအေနနဲ႕ေျပာရရင္ အားတဲ့ရက္ေတြမွာ အခန္းသန႔္ရွင္းေရးကို အတူတူလုပ္ေစခ်င္တာမ်ိဳးကို သူနားလည္ေအာင္ ေျပာျပၿပီး  တစ္ခါတည္းနားလည္မႈယူထားရပါမယ္။ ကိုယ္လိုတာေတြ ေျပာျပသလို သူ႕ရဲ႕လုိအပ္ခ်က္ေလးေတြ၊ လိုခ်င္မႈေလးေတြကိုလည္း နားလည္ေပးတတ္ေအာင္ ျဖည့္ဆည္းေပးႏုိင္ေအာင္ ႀကိဳးစားပါေယာင္းေရ ဒါမွ ခ်စ္ျခင္းအျပည့္နဲ႕သာယာတဲ့ဘဝေလးဖန္တီးႏုိင္မွာေနာ္။

ဘ႑ာေရးကို စနစ္တက်စီမံပါ
ဒီလိုေငြေၾကးဆိုတဲ့ေနရာမွာ ေယာင္းအတြက္ေတာ့ ႏွစ္ခုေလာက္ခြဲေျပာရလိိမ့္မယ္ေယာင္းေရ။ ေငြေၾကးဆိုတာက ဘာရယ္မဟုတ္ ေသးေသးေလးေတြကေန  ျပႆနာေတာ္ေတာ္ႀကီးလာတတ္တဲ့ အစိတ္အပိုင္းမွာပါတယ္ေနာ္။ လက္ထပ္ဖို႕ စုေဆာင္းရမယ့္ေငြေၾကးရယ္၊ လက္ထပ္ၿပီးအတူေနတဲ့အခါ သံုးစြဲရမယ့္ေငြေၾကးရယ္ကို ဆိုလိုတာေယာင္းေရ။ လက္မထပ္ခင္မွာ ဘယ္လိုပံုစံ လက္ထပ္ပြဲကို က်င္းပမွာလဲ၊ (ေၾကာ္ျငာဝင္လိုက္မယ္ေနာ္… ေနာက္အပိုင္းေတြမွာ လက္ထပ္ပြဲနဲ႕ သက္ဆိုင္တဲ့ အေၾကာင္းအရာတစ္ခုခ်င္းစီကို တင္ေပးသြားမွာပါ) အတူတူစုေဆာင္းၾကမွာလား။ ဒါမွမဟုတ္ လက္ထပ္ဖို႔ ေငြေၾကးအဆင့္သင့္ျဖစ္ၿပီလား။ ဒါေတြကို ႏွစ္ေယာက္အတူတူတိုင္ပင္ရမယ္ ေယာင္းေရ။ အိမ္ေထာင္သည္ဘဝ ေရာက္တဲ့အခါ အိမ္မႈကိစၥ၊ စားဝတ္ေနေရးအတြက္ လိုအပ္လာမယ့္ ေငြေၾကးေတြကို အမ်ိဳးသမီးျဖစ္တဲ့ ေယာင္းက ဘယ္ေလာက္လိုအပ္ခ်က္ရွိမယ္ အတူတူရွိေနတဲ့လစာကို ဘယ္ေလာက္စုၿပီး ဘယ္လိုသံုးၾကမလဲဆိုတဲ့အရာေတြကုိ ဒီအေျခအေနမွာ တိုင္ပင္ထားမွ မလိုလားအပ္တဲ့ျပႆနာေတြကို ေျဖရွင္းၿပီးသားျဖစ္မွာပါေယာင္းေရ။

မိသားစုအေျခအေနကို ေသခ်ာေဆြးေႏြးပါ
အိမ္ေထာင္ျပဳေတာ့မယ္ဆိုရင္ တစ္မိသားနဲ႕တစ္မိသားေပါင္းစည္းရမွာဆိုေတာ့ မိသားစုႏွစ္စုေတြ႕ဆံုေပးသင့္တယ္။ ေယာင္းကလည္း သူ႔မိသားစုအေျခအေန၊ ဘာေတြႀကိဳက္တတ္လဲဆိုတာကိုပါ သိထားသင့္တယ္။ ဥပမာေျပာရရင္ သူ႔ရဲ႕ အေမေမြးေန႔ေလးကို ေယာင္းက မွတ္မွတ္ရရနဲ႕ လုပ္ေပးတယ္ဆိုပါေတာ့။ သူ႔မိသားစုအေပၚေယာင္းထားတဲ့ စိတ္ထားေလးက သူ႔အတြက္ေတာ့ အခ်စ္ေတြတိုးၿပီးအျမတ္တႏိုးျဖစ္ေစမွာပါ။ သူကလည္း ေယာင္းရဲ႕မိသားစုအေပၚတန္ျပန္ သက္ေရာက္မႈရွိေစမွာ ေသခ်ာပါတယ္…။ အေရးအႀကီးဆံုးက မိသားစုႏွစ္စုကုိ ေျပေျပလည္လည္နဲ႕ အဆင္ေျပေအာင္ ညိွႏိႈင္းေပးဖို႔ပဲေနာ္။

မိသားစု အစီအစဥ္ကို ႀကိဳၿပီးတုိင္ပင္ပါ
ခ်စ္သူဘဝက ညေနအိမ္ျပန္ခဏတာ လမ္းခြဲရေပမယ့္ အိမ္ေထာင္သည္ျဖစ္သြားရင္ေတာ့ ဘယ္မွာေနမယ္၊ ဘယ္သူေတြနဲ႕အတူေနမယ္၊ ႏွစ္ကိုယ္တူအတူတူ သီးသန္႔ေနမလား၊ ဒါမွမဟုတ္ မိဘေတြနဲ႕ေနရမလား စတာေတြကို တိုင္ပင္ထားရမယ္ေနာ္။ ဒီထက္အေရးႀကီးတာက လက္ထပ္ၿပီးရင္ သားသမီးရတနာဆိုတာ ကိုယ့္ဆီကိုေရာက္လာမွာပဲ ဒီေတာ့ မိသားစု Plan ေလးက အရမ္းကိုအေရးႀကီးတဲ့ တစ္စိတ္တစ္ေဒသထဲမွာပါတယ္ေနာ္။ သားသမီးဘယ္ႏွစ္ေယာက္ယူမလဲ၊ ဘယ္ႏွႏွစ္ၾကာမွ ကေလးယူမလဲ၊ စတာေတြကို ပြင့္ပြင့္လင္းလင္းေျပာဆိုထားမွ ေယာင္းအတြက္ ႀကိဳတင္ကာကြယ္သင့္တာေတြကို ျပင္ဆင္လို႕ရမွာေနာ္။

ႏွစ္ေယာက္လံုးရဲ႕ က်န္းမာေရး ျပႆနာေတြကို အျပန္အလွန္ သိထားသင့္ပါတယ္
က်န္းမာေရးဆိုတာက လူတစ္ေယာက္မွာအေရးအႀကီးဆံုးပဲေလ.. ဒါေၾကာင့္ လက္မထပ္ခင္မွာေဆးစစ္တာ။ က်န္းမာစစ္ေဆးတာေတြက အရမ္းေကာင္းတဲ့ ကိစၥတစ္ခုပါပဲ။ ေယာင္းမွာရွိေနတဲ့ ျဖစ္တတ္တဲ့ေရာဂါေလးေတြကို သူသိထားရင္ တစ္ခုခုျဖစ္လာတဲ့အခ်ိန္မွာ သူခ်က္ခ်င္းေျဖရွင္းေပးႏုိင္မယ္။ သူ႔ရဲ႕ က်န္းမာေရးအေၾကာင္းကို ေယာင္းသိထားရင္လည္း ေယာင္းအေနနဲ႔ သင့္ေတာ္တဲ့အစားအစာေတြ ခ်က္ျပဳတ္ေပးႏုိင္သလို၊ တစ္ခုခုျဖစ္လာမွာ ပူစရာမလိုဘဲ ခ်က္ခ်င္းေျဖရွင္းႏုိင္တာေပါ့။

ဒီလိုအေၾကာင္းတရားေလးေတြကို လက္မထပ္ခင္မွာ ေယာင္းခ်စ္သူနဲ႕ ေသေသခ်ာခ်ာေဆြးေႏြးတုိင္ပင္ထားမွ  ေရႊလက္တြဲၿပီး ခ်စ္ပြဲဝင္ႏုိင္မယ့္ သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္သည္ဘဝေလးကို ပိုင္ဆိုင္ႏုိင္မွာပါေယာင္းေရ။

အဆင္ေျပႏုိင္ၾကပါေစေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: May ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်သူနှစ်ဦးသစ္စာမပျက် ချစ်ခြင်းတွေခိုင်မြဲဖို့ ချစ်သူဘဝကနေတစ်ဆင့် တက်လို့ အိမ်ထောင်သည်ဘဝကို တည်ဆောက်ဖို့ စပြီး စဉ်းစားတော့မယ်ဆိုရင် ယောင်းရဲ့ချစ်သူနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းသင့်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးချင်တယ်ယောင်းရေ

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပွင့်ပွင့်လင်းလင်းပြောကြရမယ်နော်
ချစ်သူဘဝဆိုတော့ ပျော်ရွင်ကြည်နူးစရာလေးတွေနဲ့ ဖြတ်သန်းခဲ့ရပေမယ့် တကယ့်လက်တွေ့အိမ်ထောင်သည်ဘဝကို ဖြတ်သန်းမယ်ဆိုရင်တော့ မိသားစုအရေး၊ ကိုယ့်ရဲ့ပြဿနာအကြောင်းတရားတွေကို သူလည်းသိစေဖို့အတွက် ပွင့်ပွင့်လင်းလင်းပြောဆိုရမယ် ယောင်းရေ။ ဒါမှ သူ့အတွက်ရော ယောင်းအတွက်ပါ ဘာတွေကြိုတင်ပြင်ဆင်ရမလဲ ဖြေရှင်းရမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်မှာပေါ့။ ယုံကြည်အားကိုးပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်တဲ့ယောင်းကို ယောင်းရဲ့ချစ်သူကလည်း ပိုပြီးအချစ်တိုး ယုံကြည်စိတ်ချမှု အပြည့်အဝရစေနိုင်တာပေါ့နော်။

နားလည်မှုနဲ့ လက်တွဲရမယ်
နားလည်မှုဆိုတာက လူတိုင်းမှာလိုအပ်ပါတယ်။ နားလည်မှုလွဲပြီး အိမ်ထောင်သည်ဘဝရောက်မှ စိတ်ညစ်ရတဲ့ အိမ်ထောင်ရေးတွေကို မကြာခဏမြင်တွေ့နေရတာမျိုးတွေလည်း ရှိပါတယ်။ ကိုယ့်အိမ်ထောင်ဘက်နဲ့ လက်မတွဲခင် နားလည်မှုယူထားတာက အကောင်းဆုံးပေါ့ယောင်းရေ။ ဥပမာအနေနဲ့ပြောရရင် အားတဲ့ရက်တွေမှာ အခန်းသန့်ရှင်းရေးကို အတူတူလုပ်စေချင်တာမျိုးကို သူနားလည်အောင် ပြောပြပြီး  တစ်ခါတည်းနားလည်မှုယူထားရပါမယ်။ ကိုယ်လိုတာတွေ ပြောပြသလို သူ့ရဲ့လိုအပ်ချက်လေးတွေ၊ လိုချင်မှုလေးတွေကိုလည်း နားလည်ပေးတတ်အောင် ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါယောင်းရေ ဒါမှ ချစ်ခြင်းအပြည့်နဲ့သာယာတဲ့ဘဝလေးဖန်တီးနိုင်မှာနော်။

ဘဏ္ဍာရေးကို စနစ်တကျစီမံပါ
ဒီလိုငွေကြေးဆိုတဲ့နေရာမှာ ယောင်းအတွက်တော့ နှစ်ခုလောက်ခွဲပြောရလိမ့်မယ်ယောင်းရေ။ ငွေကြေးဆိုတာက ဘာရယ်မဟုတ် သေးသေးလေးတွေကနေ  ပြဿနာတော်တော်ကြီးလာတတ်တဲ့ အစိတ်အပိုင်းမှာပါတယ်နော်။ လက်ထပ်ဖို့ စုဆောင်းရမယ့်ငွေကြေးရယ်၊ လက်ထပ်ပြီးအတူနေတဲ့အခါ သုံးစွဲရမယ့်ငွေကြေးရယ်ကို ဆိုလိုတာယောင်းရေ။ လက်မထပ်ခင်မှာ ဘယ်လိုပုံစံ လက်ထပ်ပွဲကို ကျင်းပမှာလဲ၊ (ကြော်ငြာဝင်လိုက်မယ်နော်… နောက်အပိုင်းတွေမှာ လက်ထပ်ပွဲနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုချင်းစီကို တင်ပေးသွားမှာပါ) အတူတူစုဆောင်းကြမှာလား။ ဒါမှမဟုတ် လက်ထပ်ဖို့ ငွေကြေးအဆင့်သင့်ဖြစ်ပြီလား။ ဒါတွေကို နှစ်ယောက်အတူတူတိုင်ပင်ရမယ် ယောင်းရေ။ အိမ်ထောင်သည်ဘဝ ရောက်တဲ့အခါ အိမ်မှုကိစ္စ၊ စားဝတ်နေရေးအတွက် လိုအပ်လာမယ့် ငွေကြေးတွေကို အမျိုးသမီးဖြစ်တဲ့ ယောင်းက ဘယ်လောက်လိုအပ်ချက်ရှိမယ် အတူတူရှိနေတဲ့လစာကို ဘယ်လောက်စုပြီး ဘယ်လိုသုံးကြမလဲဆိုတဲ့အရာတွေကို ဒီအခြေအနေမှာ တိုင်ပင်ထားမှ မလိုလားအပ်တဲ့ပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်မှာပါယောင်းရေ။

မိသားစုအခြေအနေကို သေချာဆွေးနွေးပါ
အိမ်ထောင်ပြုတော့မယ်ဆိုရင် တစ်မိသားနဲ့တစ်မိသားပေါင်းစည်းရမှာဆိုတော့ မိသားစုနှစ်စုတွေ့ဆုံပေးသင့်တယ်။ ယောင်းကလည်း သူ့မိသားစုအခြေအနေ၊ ဘာတွေကြိုက်တတ်လဲဆိုတာကိုပါ သိထားသင့်တယ်။ ဥပမာပြောရရင် သူ့ရဲ့ အမေမွေးနေ့လေးကို ယောင်းက မှတ်မှတ်ရရနဲ့ လုပ်ပေးတယ်ဆိုပါတော့။ သူ့မိသားစုအပေါ်ယောင်းထားတဲ့ စိတ်ထားလေးက သူ့အတွက်တော့ အချစ်တွေတိုးပြီးအမြတ်တနိုးဖြစ်စေမှာပါ။ သူကလည်း ယောင်းရဲ့မိသားစုအပေါ်တန်ပြန် သက်ရောက်မှုရှိစေမှာ သေချာပါတယ်…။ အရေးအကြီးဆုံးက မိသားစုနှစ်စုကို ပြေပြေလည်လည်နဲ့ အဆင်ပြေအောင် ညှိနှိုင်းပေးဖို့ပဲနော်။

မိသားစု အစီအစဉ်ကို ကြိုပြီးတိုင်ပင်ပါ
ချစ်သူဘဝက ညနေအိမ်ပြန်ခဏတာ လမ်းခွဲရပေမယ့် အိမ်ထောင်သည်ဖြစ်သွားရင်တော့ ဘယ်မှာနေမယ်၊ ဘယ်သူတွေနဲ့အတူနေမယ်၊ နှစ်ကိုယ်တူအတူတူ သီးသန့်နေမလား၊ ဒါမှမဟုတ် မိဘတွေနဲ့နေရမလား စတာတွေကို တိုင်ပင်ထားရမယ်နော်။ ဒီထက်အရေးကြီးတာက လက်ထပ်ပြီးရင် သားသမီးရတနာဆိုတာ ကိုယ့်ဆီကိုရောက်လာမှာပဲ ဒီတော့ မိသားစု Plan လေးက အရမ်းကိုအရေးကြီးတဲ့ တစ်စိတ်တစ်ဒေသထဲမှာပါတယ်နော်။ သားသမီးဘယ်နှစ်ယောက်ယူမလဲ၊ ဘယ်နှနှစ်ကြာမှ ကလေးယူမလဲ၊ စတာတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုထားမှ ယောင်းအတွက် ကြိုတင်ကာကွယ်သင့်တာတွေကို ပြင်ဆင်လို့ရမှာနော်။

နှစ်ယောက်လုံးရဲ့ ကျန်းမာရေး ပြဿနာတွေကို အပြန်အလှန် သိထားသင့်ပါတယ်
ကျန်းမာရေးဆိုတာက လူတစ်ယောက်မှာအရေးအကြီးဆုံးပဲလေ.. ဒါကြောင့် လက်မထပ်ခင်မှာဆေးစစ်တာ။ ကျန်းမာစစ်ဆေးတာတွေက အရမ်းကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ယောင်းမှာရှိနေတဲ့ ဖြစ်တတ်တဲ့ရောဂါလေးတွေကို သူသိထားရင် တစ်ခုခုဖြစ်လာတဲ့အချိန်မှာ သူချက်ချင်းဖြေရှင်းပေးနိုင်မယ်။ သူ့ရဲ့ ကျန်းမာရေးအကြောင်းကို ယောင်းသိထားရင်လည်း ယောင်းအနေနဲ့ သင့်တော်တဲ့အစားအစာတွေ ချက်ပြုတ်ပေးနိုင်သလို၊ တစ်ခုခုဖြစ်လာမှာ ပူစရာမလိုဘဲ ချက်ချင်းဖြေရှင်းနိုင်တာပေါ့။

ဒီလိုအကြောင်းတရားလေးတွေကို လက်မထပ်ခင်မှာ ယောင်းချစ်သူနဲ့ သေသေချာချာဆွေးနွေးတိုင်ပင်ထားမှ  ရွှေလက်တွဲပြီး ချစ်ပွဲဝင်နိုင်မယ့် သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါယောင်းရေ။

အဆင်ပြေနိုင်ကြပါစေနော်…

ဖိုးသူတော် (www.phothutaw.com)
Credit: May ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top