×


နာမည်က ဦးခင်ဇော်



Credit: hlataw

#Unicode Version#
တက္ကစီကားပေါ် မေ့ကျန်ခဲ့တဲ့ သိန်း(၁၂၀)ကို ပိုင်ရှင်
ဖြစ်သူရဲ့အိမ်တိုင်ရာရောက် လာပို့ပေးသည့် ရိုးသား သည့် တက္ကစီသမား

နာမည်က ဦးခင်ဇော်
နေတာက သမိုင်း (၁)ရပ်ကွက် (၆)လမ်း

မနေ့က တက္ကဆီကားပေါ်မေ့ကျန်ခဲ့သော ငွေသိန်း (၁၂၀)ကို တက္ကဆီပိုင်ရှင် ဦးခင်ဇော်မှ ရိုးသားစွာဖြင့် အိမ်တိုင်ရာရောက်လာပို့ပေးသည့်အတွက် ကာယကံ ရှင်များမှ အံ့သြဝမ်းသာပြီး အထူးကျေးဇူးတင်ရှိလို့ ရိုးသားမှု ဂုဏ်ကို တုံ့ပြန်သောအားဖြင့် ၁၀ သိန်းကျပ် ပြန်လည် ကျေးဇူးတုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

ကျေးဇူးတုံ့ပြန်သောအားဖြင့်သာ ငွေ ၁၀ သိန်း ကျေးဇူး ပြန်ဆပ်ခဲ့သော်လည်း တက္ကစီဆရာ၏ရိုးသားမှုကို မည် သည့် အရာနဲ့မှ တန်ဖိုးဖြတ်၍မရနိုင်ကြောင်းပြောကြားပါတယ်။

ရိုးသားမှုကိုလေးစားဂုဏ်ယူဝမ်းမြောက်မိပါတယ်…တကယ့်ကိုသူတော်ကောင်းလက်ထဲရောက်ရှိပြီး ပြန်လည်ရရှိတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ
😊ဦးခင်ဇော်အပေါ်ဘုရားရှင်သာ၍ကောင်းချီးပေးပါစေ🙏🏻

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top