ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကိုယ္ဝန္ ရွိ၊ မရွိ ဆီးစစ္ကိရိယာနဲ႔ စမ္းတာ ဘာေၾကာင့္ တစ္ေၾကာင္းပဲ ေပၚရသလဲ?

•        စစ္တာ အရမ္းေစာသြားလို႔ပါ။

•        ဒီလမွာ မမ်ိဳးဥေၾကြခ်ိန္္ ေနာက္က်လို႔လည္း ျဖစ္ႏိုင္ပါတယ္။

•        ကိုယ္ဝန္ရွိတာ ၾကာၿပီမို႔လို႔ပါ။

•        ၂ မႊာပူး (သို႔) ၃ မႊာပူး ကိုယ္ဝန္ေဆာင္ထားရလို႔ပါ။

•        ဆီးစစ္တဲ့ကိရိယာက သက္တမ္းလြန္ေနလို႔လည္း ျဖစ္ႏိုင္ပါတယ္။

•        သားအိမ္ျပင္ပမွာ သေႏၶတည္တာ

•        GTD လို႔ေခၚတဲ့ ေရာဂါတစ္မ်ိဳးေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

•        ဆီးစစ္တဲ့အခါမွာ ၫႊန္ၾကားခ်က္အတိုင္း ေသခ်ာမလိုက္နာျခင္း။



>>    ရာသီလာခ်ိန္ ေနာက္က်ရျခင္း (သို႔) မလာျခင္း ႏွင့္ ဆီးစစ္ၾကည့္တဲ့အခါမွာလည္း တစ္ေၾကာင္းပဲေပၚတာ ဘာေၾကာင့္ျဖစ္မလဲ?

1.      ကိုယ္ဝန္ေတာ့ ရွိေနေပမယ့္ ဆီးစစ္တဲ့အခ်ိန္က ေစာလြန္းရင္လည္း မေပၚတတ္ပါဘူး။

          ကိုယ္ဝန္ ရွိ၊ မရွိ ဆီးစစ္တယ္ဆိုတာ hCG ဆိုတဲ့ ေဟာ္မုန္းတစ္မ်ိဳးကို စစ္ေဆးျခင္း ျဖစ္ပါတယ္။ ကိုယ္ဝန္ စရွိတဲ့လကၡဏာေတြကို ခံစားေနရၿပီဆို ကိုယ္ဝန္ရွိတာ ေသခ်ာေနပါတယ္။ ဒါေပမဲ့ ဆီးစစ္ၾကည့္ေတာ့ မေပၚေသးဘူးဆိုရင္ စစ္တာ ေစာေသးလို႔ ျဖစ္ႏိုင္ပါတယ္။ သေႏၶ စေအာင္ၿပီး အနည္းဆံုး 2 ပတ္ၾကာမွ ေသြးထဲမွာ hCG ေဟာ္မုန္းကို စစ္လို႔ရပါတယ္။ ဒါေၾကာင့္ မွန္ကန္တဲ့အေျဖရဖို႔ဆိုရင္ ရာသီေပ်ာက္ၿပီး အနည္းဆံုး 2 ပတ္ေလာက္ၾကာမွ ကိုယ္ဝန္ ရွိ၊ မရွိ ဆီးစစ္ၾကည့္ပါ။ ဒီအခ်ိန္မွာဆိုရင္ ခႏၶာကိုယ္က hCG ေဟာ္မုန္း မ်ားမ်ားထြက္လာၿပီ ျဖစ္တဲ့အတြက္ ဆီးစစ္တဲ့အေျဖကို မွန္မွန္ကန္ကန္ရပါၿပီ။



2.      ကုိယ္ဝန္ရွိေသာ္လည္း အေျဖ မွားထြက္ေနႏိုင္ပါတယ္။

          ဆီးစစ္တဲ့ကိရိယာက သက္တမ္းလြန္ေနတာပဲျဖစ္ျဖစ္၊ သိမ္းထားတဲ့ နည္းလမ္းမမွန္တာ (စိုစြတ္တဲ့ ေရခ်ိဳးခန္းထဲက ဗီ႐ိုထဲမွာ သိမ္းထားတာ) ေၾကာင့္ ပ်က္စီးေနတာမ်ိဳးေတြ ျဖစ္ႏို္င္ပါတယ္။ ေနာက္ထပ္ ကုိယ္ဝန္စစ္တဲ့ အေခ်ာင္းတစ္ခု ထပ္ဝယ္ၿပီး ထပ္စစ္ၾကည့္ပါ။



3.      ကိုယ္ဝန္ရိွေသာ္လည္း ရာသီ မမွန္ျခင္း၊ မမ်ိဳးဥေၾကြခ်ိန္ ေနာက္က်ျခင္း

          ရာသီလာတာ ပံုမမွန္သူေတြမွာ ရာသီလည္း မလာ၊ ကိုယ္ဝန္ စစ္ၾကည့္ေတာ့လည္း မေပၚဆိုရင္ မမ်ိဳးဥေၾကြခ်ိန္ ေနာက္က်ေနတာ ျဖစ္ႏိုင္ပါတယ္။ ဒီအခါ သေႏၶတြယ္ခ်ိန္လည္း ေနာက္က်ပါလိမ့္မယ္။ ဒါေၾကာင့္ ပံုမွန္ရာသီလာတဲ့ရက္ရဲ႕ အနည္းဆံုး 2 ပတ္ေလာက္ၾကာမွ စစ္ေဆးေစျခင္း ျဖစ္ပါတယ္။ ဆိုလိုတာက ဒီလမွာ သေႏၶေအာင္တာ ေနာက္က်တယ္ဆိုရင္ hCG ကလည္း စစ္ေဆးမိေလာက္တဲ့အထိ မမ်ားေသးတာ ျဖစ္ႏို္င္တဲ့အတြက္ အေျဖမွားထြက္ေစႏို္င္ပါတယ္။ ဒါေၾကာင့္ နည္းနည္း စိတ္ရွည္ရွည္ထားၿပီး ဆက္ေစာင့္လိုက္ပါ။



4.      ကိုယ္ဝန္ရွိတာ နည္းနည္းၾကာသြားရင္လည္း စစ္ၾကည့္ရင္ မေပၚေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။

          အိမ္မွာပဲ ဆီးစစ္တဲ့နည္းက ေစာေစာပိုင္းမွာ hCG ေမာ္လီက်ဴးေလးေတြကို တိုင္းတာၿပီး သိႏိုင္ဖို႔ပါ။ ကိုယ္ဝန္ 5 ပတ္ေက်ာ္သြားၿပီဆိုရင္ hCG ေမာ္လီက်ဴး တည္ေဆာက္ပံု ေျပာင္းလဲသြားၿပီး တိုင္းတာလို႔မမိေတာ့ဘဲ အေျဖမွားထြက္တတ္ပါတယ္။ ဒီအခ်ိန္မွာေတာ့ ေသြးစစ္ၾကည့္တာက အေျဖပိုမွန္ပါလိမ့္မယ္။



5.      ကိုယ္ဝန္ ၂ မႊာပူး (သို႔) ၃ မႊာပူး လြယ္ထားရျခင္း

          ကေလး 2 ေယာက္နဲ႔အထက္ ကိုယ္ဝန္ေဆာင္ရတဲ့အခါမွာလည္း hCG ထြက္တာမ်ားၿပီး ဆီးစစ္တဲ့ကိရိယာနဲ႔ တိုင္းလု႔ိမရ ျဖစ္တတ္ပါတယ္။



6.      သားအိမ္ျပင္ပမွာ သေႏၶတည္ရင္လည္း hCG ထြက္တာ ေနာက္က်တတ္ပါတယ္။

          သားအိမ္ျပင္ပမွာ သေႏၶတည္တယ္ဆိုတာက သေႏၶေအာင္ၿပီးသား ဥေလးက သားအိမ္မဟုတ္တဲ့ အျခားေနရာေတြမွာ တြယ္ျခင္းျဖစ္ၿပီး hCG ေဟာ္မုန္းထြက္ ေနာက္က်ေစကာ ဝမ္းဗိုက္ေအာက္ပိုင္း ျပင္းထန္စြာ နာက်င္ျခင္း ျဖစ္ေစပါတယ္။ ဒါက ကိုယ္ဝန္ေဆာင္ 40 မွာ 1 ေယာက္ေလာက္သာ ေတြ႕ရတတ္တဲ့ ရွားပါးအေျခအေနတစ္ခုျဖစ္ၿပီး အႏၲရာယ္ႀကီးတဲ့အတြက္ အသက္ရွင္ဖို႔အတြက္ ျမန္ျမန္ကုသႏိုင္ဖို႔ လိုအပ္ပါတယ္။



7.      GTD လို႔ေခၚတဲ့ ေရာဂါတစ္မ်ိဳးရိွျခင္း

          ဒါက အရမ္းကို ရွားပါးပါတယ္။ ပံုမွန္အားျဖင့္ သေႏၶသားေလးကုိ ဝန္းရံတဲ့အလႊာမွာ tumor ျဖစ္ျခင္းကို GTD လို႔ ေခၚပါတယ္။ ဒီက်ဴမာေတြက ကင္ဆာျဖစ္ခဲေပမယ့္ ကိုယ္ဝန္ပ်က္က်ေစႏိုင္ပါတယ္။ ဒီလိုအမ်ိဳးအစားကေနၿပီးေတာ့ က်န္းမာတဲ့ ကေလးေလးတစ္ေယာက္ ထြက္လာဖို႔ဆိုတာ တကယ္ကို ရွားပါးအေျခအေနတစ္မ်ိဳး ျဖစ္ပါတယ္။



8.      ကိုယ္ဝန္မရွိဘဲ အျခားအေၾကာင္းတစ္ခုခုေၾကာင့္ ရာသီလာခ်ိန္ ေနာက္က်ျခင္း

          ကိုယ္ဝန္လည္းမရွိ၊ ရာသီလည္းမလာ ျဖစ္ေစတဲ့ အျခားက်န္းမာေရးအေျခအေနေတြ အမ်ားႀကီး ရွိပါတယ္။ ဒီထဲကမွ အခ်ိဳ႕ကေတာ့ သားဥအိမ္ေရအိတ္၊ သိုင္း႐ြိဳက္မ်ားလြန္းျခင္း၊ သားဥအိမ္တြင္ ေရအိတ္မ်ားစြာရွိေသာ ေရာဂါ၊ FSH ေဟာ္မုန္းမ်ားျခင္း၊ ေသြးဆံုးျခင္း၊ အေၾကာင္းတစ္ခုခုေၾကာင့္ ရာသီမလာျခင္း၊ အဝလြန္ျခင္းနဲ႔ Adneral ကင္ဆာ စတာေတြ ျဖစ္ၾကပါတယ္။



9.      ဆီးစစ္တဲ့အခါမွာ နည္းလမ္းမက်နျခင္း

          ဆီးစစ္တဲ့အခါမွာ ေသခ်ာစနစ္က်ဖို႔အတြက္ အိတ္ခြံေပၚမွာပါတဲ့ လမ္းညႊန္ခ်က္ကို ေသခ်ာဖတ္ပါ။ အမ်ားစုကေတာ့ ဆီးစစ္တဲ့အတံကို ကိုင္ထားၿပီး အိမ္သာထဲမွာ ဒီအတံအေပၚကို ဆီးေပါက္ခ်ေစပါတယ္။ အခ်ိဳ႕ကေတာ့ ဆီးကို သန္႔ရွင္းတဲ့ခြက္ထဲမွာထည့္ၿပီးမွ ဆီးစစ္တံကို ဒီထဲကို ႏွစ္ထားေစပါတယ္။



>>    ကိုယ္ဝန္ ရွိ၊ မရွိ ဆီးစစ္ၾကည့္တဲ့အခါမွာ အေျဖမွန္ေစဖို႔ စနစ္တက် စစ္ေဆးနည္းမ်ား

•        မနက္ေစာေစာ ပထမဆံုးေပါက္တဲ့ဆီးကို ယူပါ။ တစ္ညလံုး စုထားတဲ့ဆီး ျဖစ္တဲ့အတြက္ ျပင္းအားမ်ားၿပီး မနက္ပိုင္းဆီးက အေကာင္းဆံုးပါ။

•        ေရ အလြန္အကၽြံ ေသာက္သံုးပါက ဆီးထဲမွာပါဝင္မႈ နည္းသြားတဲ့အတြက္ အေျဖမွားတတ္ပါတယ္။

•        ေသာက္ေနတဲ့ ေဆးေတြေၾကာင့္လည္း အေျဖအေပၚ အက်ိဳးသက္ေရာက္မႈ ရွိတတ္ပါတယ္။ ဒီေဆးေတြက hCG ရဲ႕ အက်ိဳးသက္ေရာက္မႈနဲ႔ တံု႔ျပန္ႏိုင္မႈေတြကိုလည္း ဖံုးကြယ္ႏိုင္ပါတယ္။ ဒါေၾကာင့္ သံသယရွိတယ္ဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ပါ။

•        မေသခ်ာဘူးထင္ရင္ ေဆးခန္းသြားၿပီး ေသြးစစ္ၾကည့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကိရိယာနဲ့ စမ်းတာ ဘာကြောင့် တစ်ကြောင်းပဲ ပေါ်ရသလဲ?

•        စစ်တာ အရမ်းစောသွားလို့ပါ။

•        ဒီလမှာ မမျိုးဥကြွေချိန် နောက်ကျလို့လည်း ဖြစ်နိုင်ပါတယ်။

•        ကိုယ်ဝန်ရှိတာ ကြာပြီမို့လို့ပါ။

•        ၂ မွှာပူး (သို့) ၃ မွှာပူး ကိုယ်ဝန်ဆောင်ထားရလို့ပါ။

•        ဆီးစစ်တဲ့ကိရိယာက သက်တမ်းလွန်နေလို့လည်း ဖြစ်နိုင်ပါတယ်။

•        သားအိမ်ပြင်ပမှာ သန္ဓေတည်တာ

•        GTD လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

•        ဆီးစစ်တဲ့အခါမှာ ညွှန်ကြားချက်အတိုင်း သေချာမလိုက်နာခြင်း။



>>    ရာသီလာချိန် နောက်ကျရခြင်း (သို့) မလာခြင်း နှင့် ဆီးစစ်ကြည့်တဲ့အခါမှာလည်း တစ်ကြောင်းပဲပေါ်တာ ဘာကြောင့်ဖြစ်မလဲ?

1.      ကိုယ်ဝန်တော့ ရှိနေပေမယ့် ဆီးစစ်တဲ့အချိန်က စောလွန်းရင်လည်း မပေါ်တတ်ပါဘူး။

          ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်တယ်ဆိုတာ hCG ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန် စရှိတဲ့လက္ခဏာတွေကို ခံစားနေရပြီဆို ကိုယ်ဝန်ရှိတာ သေချာနေပါတယ်။ ဒါပေမဲ့ ဆီးစစ်ကြည့်တော့ မပေါ်သေးဘူးဆိုရင် စစ်တာ စောသေးလို့ ဖြစ်နိုင်ပါတယ်။ သန္ဓေ စအောင်ပြီး အနည်းဆုံး 2 ပတ်ကြာမှ သွေးထဲမှာ hCG ဟော်မုန်းကို စစ်လို့ရပါတယ်။ ဒါကြောင့် မှန်ကန်တဲ့အဖြေရဖို့ဆိုရင် ရာသီပျောက်ပြီး အနည်းဆုံး 2 ပတ်လောက်ကြာမှ ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကြည့်ပါ။ ဒီအချိန်မှာဆိုရင် ခန္ဓာကိုယ်က hCG ဟော်မုန်း များများထွက်လာပြီ ဖြစ်တဲ့အတွက် ဆီးစစ်တဲ့အဖြေကို မှန်မှန်ကန်ကန်ရပါပြီ။



2.      ကိုယ်ဝန်ရှိသော်လည်း အဖြေ မှားထွက်နေနိုင်ပါတယ်။

          ဆီးစစ်တဲ့ကိရိယာက သက်တမ်းလွန်နေတာပဲဖြစ်ဖြစ်၊ သိမ်းထားတဲ့ နည်းလမ်းမမှန်တာ (စိုစွတ်တဲ့ ရေချိုးခန်းထဲက ဗီရိုထဲမှာ သိမ်းထားတာ) ကြောင့် ပျက်စီးနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက်ထပ် ကိုယ်ဝန်စစ်တဲ့ အချောင်းတစ်ခု ထပ်ဝယ်ပြီး ထပ်စစ်ကြည့်ပါ။



3.      ကိုယ်ဝန်ရှိသော်လည်း ရာသီ မမှန်ခြင်း၊ မမျိုးဥကြွေချိန် နောက်ကျခြင်း

          ရာသီလာတာ ပုံမမှန်သူတွေမှာ ရာသီလည်း မလာ၊ ကိုယ်ဝန် စစ်ကြည့်တော့လည်း မပေါ်ဆိုရင် မမျိုးဥကြွေချိန် နောက်ကျနေတာ ဖြစ်နိုင်ပါတယ်။ ဒီအခါ သန္ဓေတွယ်ချိန်လည်း နောက်ကျပါလိမ့်မယ်။ ဒါကြောင့် ပုံမှန်ရာသီလာတဲ့ရက်ရဲ့ အနည်းဆုံး 2 ပတ်လောက်ကြာမှ စစ်ဆေးစေခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက ဒီလမှာ သန္ဓေအောင်တာ နောက်ကျတယ်ဆိုရင် hCG ကလည်း စစ်ဆေးမိလောက်တဲ့အထိ မများသေးတာ ဖြစ်နိုင်တဲ့အတွက် အဖြေမှားထွက်စေနိုင်ပါတယ်။ ဒါကြောင့် နည်းနည်း စိတ်ရှည်ရှည်ထားပြီး ဆက်စောင့်လိုက်ပါ။



4.      ကိုယ်ဝန်ရှိတာ နည်းနည်းကြာသွားရင်လည်း စစ်ကြည့်ရင် မပေါ်တော့တာမျိုး ဖြစ်တတ်ပါတယ်။

          အိမ်မှာပဲ ဆီးစစ်တဲ့နည်းက စောစောပိုင်းမှာ hCG မော်လီကျူးလေးတွေကို တိုင်းတာပြီး သိနိုင်ဖို့ပါ။ ကိုယ်ဝန် 5 ပတ်ကျော်သွားပြီဆိုရင် hCG မော်လီကျူး တည်ဆောက်ပုံ ပြောင်းလဲသွားပြီး တိုင်းတာလို့မမိတော့ဘဲ အဖြေမှားထွက်တတ်ပါတယ်။ ဒီအချိန်မှာတော့ သွေးစစ်ကြည့်တာက အဖြေပိုမှန်ပါလိမ့်မယ်။



5.      ကိုယ်ဝန် ၂ မွှာပူး (သို့) ၃ မွှာပူး လွယ်ထားရခြင်း

          ကလေး 2 ယောက်နဲ့အထက် ကိုယ်ဝန်ဆောင်ရတဲ့အခါမှာလည်း hCG ထွက်တာများပြီး ဆီးစစ်တဲ့ကိရိယာနဲ့ တိုင်းလု့ိမရ ဖြစ်တတ်ပါတယ်။



6.      သားအိမ်ပြင်ပမှာ သန္ဓေတည်ရင်လည်း hCG ထွက်တာ နောက်ကျတတ်ပါတယ်။

          သားအိမ်ပြင်ပမှာ သန္ဓေတည်တယ်ဆိုတာက သန္ဓေအောင်ပြီးသား ဥလေးက သားအိမ်မဟုတ်တဲ့ အခြားနေရာတွေမှာ တွယ်ခြင်းဖြစ်ပြီး hCG ဟော်မုန်းထွက် နောက်ကျစေကာ ဝမ်းဗိုက်အောက်ပိုင်း ပြင်းထန်စွာ နာကျင်ခြင်း ဖြစ်စေပါတယ်။ ဒါက ကိုယ်ဝန်ဆောင် 40 မှာ 1 ယောက်လောက်သာ တွေ့ရတတ်တဲ့ ရှားပါးအခြေအနေတစ်ခုဖြစ်ပြီး အန္တရာယ်ကြီးတဲ့အတွက် အသက်ရှင်ဖို့အတွက် မြန်မြန်ကုသနိုင်ဖို့ လိုအပ်ပါတယ်။



7.      GTD လို့ခေါ်တဲ့ ရောဂါတစ်မျိုးရှိခြင်း

          ဒါက အရမ်းကို ရှားပါးပါတယ်။ ပုံမှန်အားဖြင့် သန္ဓေသားလေးကို ဝန်းရံတဲ့အလွှာမှာ tumor ဖြစ်ခြင်းကို GTD လို့ ခေါ်ပါတယ်။ ဒီကျူမာတွေက ကင်ဆာဖြစ်ခဲပေမယ့် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။ ဒီလိုအမျိုးအစားကနေပြီးတော့ ကျန်းမာတဲ့ ကလေးလေးတစ်ယောက် ထွက်လာဖို့ဆိုတာ တကယ်ကို ရှားပါးအခြေအနေတစ်မျိုး ဖြစ်ပါတယ်။



8.      ကိုယ်ဝန်မရှိဘဲ အခြားအကြောင်းတစ်ခုခုကြောင့် ရာသီလာချိန် နောက်ကျခြင်း

          ကိုယ်ဝန်လည်းမရှိ၊ ရာသီလည်းမလာ ဖြစ်စေတဲ့ အခြားကျန်းမာရေးအခြေအနေတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ အချို့ကတော့ သားဥအိမ်ရေအိတ်၊ သိုင်းရွိုက်များလွန်းခြင်း၊ သားဥအိမ်တွင် ရေအိတ်များစွာရှိသော ရောဂါ၊ FSH ဟော်မုန်းများခြင်း၊ သွေးဆုံးခြင်း၊ အကြောင်းတစ်ခုခုကြောင့် ရာသီမလာခြင်း၊ အဝလွန်ခြင်းနဲ့ Adneral ကင်ဆာ စတာတွေ ဖြစ်ကြပါတယ်။



9.      ဆီးစစ်တဲ့အခါမှာ နည်းလမ်းမကျနခြင်း

          ဆီးစစ်တဲ့အခါမှာ သေချာစနစ်ကျဖို့အတွက် အိတ်ခွံပေါ်မှာပါတဲ့ လမ်းညွှန်ချက်ကို သေချာဖတ်ပါ။ အများစုကတော့ ဆီးစစ်တဲ့အတံကို ကိုင်ထားပြီး အိမ်သာထဲမှာ ဒီအတံအပေါ်ကို ဆီးပေါက်ချစေပါတယ်။ အချို့ကတော့ ဆီးကို သန့်ရှင်းတဲ့ခွက်ထဲမှာထည့်ပြီးမှ ဆီးစစ်တံကို ဒီထဲကို နှစ်ထားစေပါတယ်။



>>    ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကြည့်တဲ့အခါမှာ အဖြေမှန်စေဖို့ စနစ်တကျ စစ်ဆေးနည်းများ

•        မနက်စောစော ပထမဆုံးပေါက်တဲ့ဆီးကို ယူပါ။ တစ်ညလုံး စုထားတဲ့ဆီး ဖြစ်တဲ့အတွက် ပြင်းအားများပြီး မနက်ပိုင်းဆီးက အကောင်းဆုံးပါ။

•        ရေ အလွန်အကျွံ သောက်သုံးပါက ဆီးထဲမှာပါဝင်မှု နည်းသွားတဲ့အတွက် အဖြေမှားတတ်ပါတယ်။

•        သောက်နေတဲ့ ဆေးတွေကြောင့်လည်း အဖြေအပေါ် အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။ ဒီဆေးတွေက hCG ရဲ့ အကျိုးသက်ရောက်မှုနဲ့ တုံ့ပြန်နိုင်မှုတွေကိုလည်း ဖုံးကွယ်နိုင်ပါတယ်။ ဒါကြောင့် သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

•        မသေချာဘူးထင်ရင် ဆေးခန်းသွားပြီး သွေးစစ်ကြည့်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top