ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရုံးပတီသီးမွာ စားလို႔ လည္းေကာင္းျပီး ေပးစြမ္းႏူိင္တဲ့ အက်ဳိးေက်းဇူးေတြကေတာ႔
– အရိုးကိုသန္မာေစသည္။
– ႏွလံုးကိုကာကြယ္ေပးသည္။
– အဆစ္အမ်က္ေရာင္ရမ္းျခင္းကို သက္သာေလ်ာ့ပါးေစသည္။
– ေသြးေပါင္ခ်ိန္ကိုထိန္းေပးသည္။
– ေသြးစီးဆင္းမႈကို ပိုေကာင္းေစသည္။

ရုံးပတီသီးကေပးတဲ့ က်န္းမာေရး ၃မ်ိဳး

(၁) ႏွလံုးေရာဂါကာကြယ္သည္

ရုံးပတီသီးမွာAntioxidantsပါ၀င္သျဖင့္ ေသြးေၾကာနံရံမ်ားမာေတာင့္ျခင္းကိုကာကြယ္သည္။ ေသြးေၾကာနံရံမ်ားမာလာရင္
ေသြးစီးႏႈန္းေႏွးျပီး ေစးပ်စ္ကာ ေသြးခဲေစသျဖင့္ အႏၲရာယ္ ရွိသည္။ ရုံးပတီသီးရွိ Vitamin C သည္ ထိပ္တန္း အင္တီေအာက္စီးဒင့္ျဖစ္ကာ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခ အႏၲရာယ္ကို ေလ်ာ့ပါးေစသည္။

ရုံးပတီသီး လက္ဖက္ရည္တစ္ပန္းကန္စာသည္ ခရမ္းခ်ဥ္သီး လက္ဖက္ရည္တစ္ပန္းကန္စာထက္ ဗီတာမင္စီဓာတ္ပမာဏပိုမ်ားသည္။ထို႔ျပင္ Folateဓာတ္သည္လည္း ထိုလက္ဖက္ရည္တစ္ပန္းကန္စာတြင္ သင္ေန႔စဥ္လိုအပ္ခ်က္၏ ၄၀ရာခိုင္ႏႈန္းပါ ၀င္ျပန္သည္။

ေဖာလိတ္ဟုေခၚေသာ ဗီတာမင္ဘီ တစ္မ်ိဳးခ်ိဳ႕တဲ့ပါက သင့္ခႏၶာကိုယ္တြင္ ဟိုမိုစစ္စတင္းေခၚ Amino Acid မ်ားထြက္လာျပီး ေသြးထဲမွာ ဟိုမိုစစ္စတင္းေတြသိပ္မ်ားလာပါက ေသြးေၾကာမ်ားက်ဥ္းေစသည္။ ႏွလံုးေသြး ေၾကာက်ဥ္းေရာဂါႏွင့္ ေလျဖတ္ေရာဂါျဖစ္ေစသည္။
ဒါေၾကာင့္ ရုံးပတီသီးစားေပးလွ်င္ ႏွလံုးႏွင့္ေသြးေၾကာမ်ားကို ကာ ကြယ္ႏိုင္သည္။ ထို႔အတူ Potassium၊ Magnesium တို႔ၾကြယ္၀သျဖင့္ ေသြးေပါင္ခ်ိန္ကိုနည္းေစသည္။ ဤရုံးပတီသီးကိုစားျခင္းျဖင့္ ေသြးတိုးေရာဂါရွိလွ်င္ ေလွ်ာ့ခ်ကာကြယ္ႏိုင္ျပီး ကိုယ္အေလးခ်ိန္ေလွ်ာ့လိုသူေတြအတြက္လည္းေကာင္းသည္။ မဂၢနီဆီယမ္သည္ ကိုလက္စထေရာႏွင့္ ေသြးတိုးေရာဂါကို ထိန္းခ်ဳပ္ေပးသည္။ ႏွလံုးခုန္စီးခ်က္နရီမွန္ေစျခင္းျဖင့္ ႏွလံုးေရာဂါႏွင့္ ႏွလံုးတိုက္ခိုက္ခံရျခင္းမွ ကာကြယ္ေပးသည္။

(၂) အရုိးပါးေရာဂါ ကာကြယ္ရန္

အမ်ိဳးသမီးေတြ ေသြးဆံုးလွ်င္ အရုိးပါးေရာဂါအျဖစ္မ်ားတတ္တာမို အသက္၄၀ေက်ာ္တာနဲ႕ ရုံးပတီသီးေန႔စဥ္စားဖို႔ျပင္ထား ပါ။
ရုံးပတီသီးမွာ အရိုးပါးေရာဂါတိုက္ထုတ္ေပးမယ့္ဖိုက္တာ ၄မ်ိဳးေတာင္ပါသည္။

(၁) ပိုတက္စီယမ္၊
(၂) ဗီတာမင္စီ၊
(၃) မဂၢနီစီယမ္ႏွင့္
(၄) ဘီတာကာရိုတင္းတို႔ ျဖစ္သည္။

ဤဓာတ္၄မ်ိဳးျမင့္မားစြာပါေအာင္ စားႏိုင္တဲ့လူေတြမွာ အရုိးထိခိုက္ပ်က္ စီးမႈေႏွးသြားသည္ဟု ယူေကသုေတသနေတြအရေတြ႕ရွိခဲ့သည္။ ကယ္လလ္စီယမ္ဓာတ္ျပီးလွ်င္ အရိုးတည္ေဆာက္ရာ တြင္ အေရးၾကီးဆံုးေသာ သတၳဳဓာတ္ဆားအားလံုးရဲ႕ ေန႔စဥ္လိုအပ္ခ်က္၏ ၁၀ရာခိုင္ႏႈန္းရုံးပတီသီးမွာပါသည္ဟုဆို၏။

(၃) အရုိးက်ီးေပါင္းတက္ျခင္းကို သက္သာေလ်ာ့ပါးေစသည္

အသက္ရလာတာနဲ႕အမွ် ျဖစ္ပြားေလ့ရွိေသာ အရိုးက်ီးေပါင္းတက္ေရာဂါကို သက္သာေစသည္ဟုဆိုသည္။ အဆစ္ အမ်က္မ်ားတြင္ အျဖစ္မ်ားေလ့ရွိသည္။ ရုံးပတီသီးမွာပါတဲ့ အဟာရဓာတ္မ်ားက အဆစ္အမ်က္ႏွင့္ အရုိးႏုပြန္းစား ျခင္းမ်ားကို သက္သာေလ်ာ႔ပါးေစသည္။ အထူးသျဖင့္ အရုိးႏုတြင္ မရွိမျဖစ္လိုအပ္ေသာအစိတ္အပိုင္း မဂၢနီးေၾကာင့္ ဟုဆို၏။

ခ်က္ျပဳတ္စားေသာက္နည္း

ရုံးပတီသီးလတ္လတ္ဆတ္ဆတ္ စိမ္းစိမ္းစိုစိုမ်ားကို ေစ်းမွ၀ယ္ျပီး ေန႔ခ်င္းခ်က္ျပဳတ္စားႏိုင္လွ်င္ ပို၍အဟာရဓာတ္ေကာင္း ေစသည္။ ေၾကး၊သံ၊ေၾကးနီျဖင့္ ျပဳလုပ္ထားတဲ့ အိုးႏွင့္ခ်က္လွ်င္ မဲသြားတတ္ပါသည္။ ဒန္ျဖင့္ ျပဳလုပ္ထားတဲ့ အိုးမွာ ေရပြက္ ပြက္ဆူေအာင္တည္ျပီး ရုံးပတီသီးကို ထိပ္ျဖတ္၍ ေရစင္စင္ေဆးျပီးထည့္ပါ။ ထည့္ျပီး ၁မိနစ္အတြင္း ျပန္ဆယ္ယူ၍ အတံုး ေလးမ်ားပိုင္းကာ ခရမ္းခ်ဥ္သီးခ်က္ျဖင့္ တြဲစားပါ။ ရုံးပတီသီးကို ခပ္ပါးပါးလွီး၍ ေၾကာ္စားႏိုင္သည္။ ခရမ္းခ်ဥ္သီးမွည့္ျဖင့္ လည္း ခ်က္စားႏိုင္သည္။ ပဲခ်ဥ္ဟင္းတြင္ကုလားပဲျခမ္းျပဳတ္ သို႔မဟုတ္ ပဲစင္းငံုျပဳတ္ျပီးႏွင့္ ရုံးပတီသီး၊ ခရမ္း၊ ဘူးသီး၊ ေရႊဖရံုသီး၊မုန္လာဥ၊ ပ်ဥ္းေတာ္သိမ္ရြက္ စသည္တို႔ႏွင့္ ဆီသပ္ျပီး မန္က်ည္းမွည့္ထည့္ခပ္ ခ်က္စားႏိုင္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Po Po Zaw (သဘာဝစြမ္းအင္)

#Unicode Version#
ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိူင်တဲ့ အကျိုးကျေးဇူးတွေကတော့
– အရိုးကိုသန်မာစေသည်။
– နှလုံးကိုကာကွယ်ပေးသည်။
– အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။
– သွေးပေါင်ချိန်ကိုထိန်းပေးသည်။
– သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။

ရုံးပတီသီးကပေးတဲ့ ကျန်းမာရေး ၃မျိုး

(၁) နှလုံးရောဂါကာကွယ်သည်

ရုံးပတီသီးမှာAntioxidantsပါဝင်သဖြင့် သွေးကြောနံရံများမာတောင့်ခြင်းကိုကာကွယ်သည်။ သွေးကြောနံရံများမာလာရင်
သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။

ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီဓာတ်ပမာဏပိုများသည်။ထို့ပြင် Folateဓာတ်သည်လည်း ထိုလက်ဖက်ရည်တစ်ပန်းကန်စာတွင် သင်နေ့စဉ်လိုအပ်ချက်၏ ၄၀ရာခိုင်နှုန်းပါ ဝင်ပြန်သည်။

ဖောလိတ်ဟုခေါ်သော ဗီတာမင်ဘီ တစ်မျိုးချို့တဲ့ပါက သင့်ခန္ဓာကိုယ်တွင် ဟိုမိုစစ်စတင်းခေါ် Amino Acid များထွက်လာပြီး သွေးထဲမှာ ဟိုမိုစစ်စတင်းတွေသိပ်များလာပါက သွေးကြောများကျဉ်းစေသည်။ နှလုံးသွေး ကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါဖြစ်စေသည်။
ဒါကြောင့် ရုံးပတီသီးစားပေးလျှင် နှလုံးနှင့်သွေးကြောများကို ကာ ကွယ်နိုင်သည်။ ထို့အတူ Potassium၊ Magnesium တို့ကြွယ်ဝသဖြင့် သွေးပေါင်ချိန်ကိုနည်းစေသည်။ ဤရုံးပတီသီးကိုစားခြင်းဖြင့် သွေးတိုးရောဂါရှိလျှင် လျှော့ချကာကွယ်နိုင်ပြီး ကိုယ်အလေးချိန်လျှော့လိုသူတွေအတွက်လည်းကောင်းသည်။ မဂ္ဂနီဆီယမ်သည် ကိုလက်စထရောနှင့် သွေးတိုးရောဂါကို ထိန်းချုပ်ပေးသည်။ နှလုံးခုန်စီးချက်နရီမှန်စေခြင်းဖြင့် နှလုံးရောဂါနှင့် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးသည်။

(၂) အရိုးပါးရောဂါ ကာကွယ်ရန်

အမျိုးသမီးတွေ သွေးဆုံးလျှင် အရိုးပါးရောဂါအဖြစ်များတတ်တာမို အသက်၄၀ကျော်တာနဲ့ ရုံးပတီသီးနေ့စဉ်စားဖို့ပြင်ထား ပါ။
ရုံးပတီသီးမှာ အရိုးပါးရောဂါတိုက်ထုတ်ပေးမယ့်ဖိုက်တာ ၄မျိုးတောင်ပါသည်။

(၁) ပိုတက်စီယမ်၊
(၂) ဗီတာမင်စီ၊
(၃) မဂ္ဂနီစီယမ်နှင့်
(၄) ဘီတာကာရိုတင်းတို့ ဖြစ်သည်။

ဤဓာတ်၄မျိုးမြင့်မားစွာပါအောင် စားနိုင်တဲ့လူတွေမှာ အရိုးထိခိုက်ပျက် စီးမှုနှေးသွားသည်ဟု ယူကေသုတေသနတွေအရတွေ့ရှိခဲ့သည်။ ကယ်လလ်စီယမ်ဓာတ်ပြီးလျှင် အရိုးတည်ဆောက်ရာ တွင် အရေးကြီးဆုံးသော သတ္ထုဓာတ်ဆားအားလုံးရဲ့ နေ့စဉ်လိုအပ်ချက်၏ ၁၀ရာခိုင်နှုန်းရုံးပတီသီးမှာပါသည်ဟုဆို၏။

(၃) အရိုးကျီးပေါင်းတက်ခြင်းကို သက်သာလျော့ပါးစေသည်

အသက်ရလာတာနဲ့အမျှ ဖြစ်ပွားလေ့ရှိသော အရိုးကျီးပေါင်းတက်ရောဂါကို သက်သာစေသည်ဟုဆိုသည်။ အဆစ် အမျက်များတွင် အဖြစ်များလေ့ရှိသည်။ ရုံးပတီသီးမှာပါတဲ့ အဟာရဓာတ်များက အဆစ်အမျက်နှင့် အရိုးနုပွန်းစား ခြင်းများကို သက်သာလျော့ပါးစေသည်။ အထူးသဖြင့် အရိုးနုတွင် မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်း မဂ္ဂနီးကြောင့် ဟုဆို၏။

ချက်ပြုတ်စားသောက်နည်း

ရုံးပတီသီးလတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုများကို ဈေးမှဝယ်ပြီး နေ့ချင်းချက်ပြုတ်စားနိုင်လျှင် ပို၍အဟာရဓာတ်ကောင်း စေသည်။ ကြေး၊သံ၊ကြေးနီဖြင့် ပြုလုပ်ထားတဲ့ အိုးနှင့်ချက်လျှင် မဲသွားတတ်ပါသည်။ ဒန်ဖြင့် ပြုလုပ်ထားတဲ့ အိုးမှာ ရေပွက် ပွက်ဆူအောင်တည်ပြီး ရုံးပတီသီးကို ထိပ်ဖြတ်၍ ရေစင်စင်ဆေးပြီးထည့်ပါ။ ထည့်ပြီး ၁မိနစ်အတွင်း ပြန်ဆယ်ယူ၍ အတုံး လေးများပိုင်းကာ ခရမ်းချဉ်သီးချက်ဖြင့် တွဲစားပါ။ ရုံးပတီသီးကို ခပ်ပါးပါးလှီး၍ ကြော်စားနိုင်သည်။ ခရမ်းချဉ်သီးမှည့်ဖြင့် လည်း ချက်စားနိုင်သည်။ ပဲချဉ်ဟင်းတွင်ကုလားပဲခြမ်းပြုတ် သို့မဟုတ် ပဲစင်းငုံပြုတ်ပြီးနှင့် ရုံးပတီသီး၊ ခရမ်း၊ ဘူးသီး၊ ရွှေဖရုံသီး၊မုန်လာဥ၊ ပျဉ်းတော်သိမ်ရွက် စသည်တို့နှင့် ဆီသပ်ပြီး မန်ကျည်းမှည့်ထည့်ခပ် ချက်စားနိုင်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  Po Po Zaw (သဘာဝစွမ်းအင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top