မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×




“ယောက်ျားတွေဟာ သူတို့ရဲ့ အပြုအမူနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ တာဝန်ယူနိုင်ဖို့ စဉ်းစားစေချင်တဲ့အတွက် ဒီလိုလုပ်ဆောင်ခဲ့ရတာပါ” လို့ပြောကြားခဲ့ပါတယ်။

Credit: SHWE NEW SMM
# Unicode Version ဖြင့် ဖတ်ပါ #
ဒေါသထွက်နေတဲ့အမျိုးသမီးဟာ နှာဘူးတစ်ကောင်ပေါ်ကိုခုန်အုပ်ပြီးတော့သူ့ရင်သားနဲ့ ထိုသူ့မျက်နှာကိုပွတ်ကာတိုက်ခိုက်ခဲ့ပါတယ်။နှာဘူးတွေဟာ လူတကလူတွေထဲမှာ အဆိုးဆုံးသူတွေပါပဲဒါပေမယ့် ဒီလိုလူတွေနဲ့ လူတွေကြားထဲမှာ ကြုံရတဲ့အခါ သင်ဘယ်လိုလုပ်မလဲ။အမျိုးသမီးတစ်ယောက်ကတော့ ဒီမေးခွန်းကိုဖြေသွားပါပြီ။

သူဟာ အဝတ်ချွတ်ပြီးတော့ နှာဘူးပေါ်ကို ခုန်အုပ်ကာ သူ့ရင်သားနဲ့ ထိုသူ့မျက်နှာကို ပွတ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ ဘရာဇီးမှာရှိတဲ့ Ribeirao Preto စင်တာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးအနားကလူတိုင်းဟာ ဒါကိုဖုန်းတွေနဲ့ရိုက်ပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။သင်တွေးထားတဲ့အတိုင်းပဲ ဒီဗီဒီယိုတွေဟာ နယ်ခံလူတွေမှတစ်ဆင့် အင်တာနက်ပေါ်ကို ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက သိရှိသွားပါတယ်။

“”ဒေါသထွက်နေတဲ့အမျိုးသမီးဟာ နှာဘူးတစ်ကောင်ပေါ်ကိုခုန်အုပ်ပြီးတော့ သူ့ရင်သားနဲ့ ထိုသူ့မျက်နှာကိုပွတ်ကာတိုက်ခိုက်ခဲ့ပါတယ်”။အမျိုးသမီးဟာ ထိုသူကိုလူအုပ်ကြားထဲမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ထိုသူကတော့ သူ့မိန်းမနဲ့ဈေးဝယ်ထွက်လာတာဖြစ်ပြီး ဘာအမှားမှမလုပ်မိကြောင်းအပြစ်မရှိသလိုပြောခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေါသထွက်နေတဲ့အမျိုးသမီးကတော့ ဘာကိုမှနားမထောင်တော့ပဲ သူလုပ်ချင်တာကို လုပ်သွားခဲ့ပါတယ်။လူအုပ်ကြီးဟာလန့်ဖြန့်သွားပြီး အော်ဟစ်သံတွေ ပျံ့နှံ့သွားခဲ့ပြီး မကြာခင်မှာပဲ အမျိုးသမီးအားချီးကျူးတဲ့လက်ခုပ်သံတွေထွက်ပေါ်လာပါတယ်။သူ့ရဲ့လက်စားချေတဲ့ လုပ်ရပ်ကို သဘောမကျပဲ မြည်တွန်တောက်တီးနေကြတဲ့သူတွေလည်းရှိပါတယ်။
အမျိုးသမီးတစ်ယောက်အပြောအရဒါဟာမသင့်တော်ပါဘူး။ဒီလိုမျိုးပြုမူတာဟာ တရားမျှတမှုကို ရယူတာမဟုတ်ပါဘူး။မြို့လည်ခေါင်စင်တာရှေ့မှာ ကလေးတွေလည်းရှိနေတာကို ဘာကြောင့်ဒီလိုလုပ်ရသလဲသူဟာ ယဉ်ကျေးမှုမရှိတဲ့သူတစ်ယောက်ပါပဲ။တကယ်တော့ ဒီစတန့်ကွက်ဟာ လူတွေရဲ့အာရုံစိုက်မှုတွေမြင့်တက်လာအောင်သရုပ်ဖော်ထားတာမျိုးလည်းဖြစ်ပါတယ်။

Unilad ကရေးသားထားချက်အရတော့။
ဒီစတန့်ကွက်ကိုဖန်တီးတဲ့သူဟာ လူထုကြားမှာ အမျိုးသမီးတွေကိုနှောက်ယှက်နေတဲ့ နှာဘူးတွေကိုသတိထားမိစေချင်တဲ့အတွက်ပဲဖြစ်ပါတယ်။
Confluencias အုပ်စုရဲ့ဒါရိုက်တာ Fausto Ribeiro ကတော့ ဒီလိုရှင်းပြထားခဲ့ပါတယ်။“ကျွန်တော်တို့ရဲ့ညီမတွေ အမျိုးသမီးသူငယ်ချင်းတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖော်ထုတ်ပြသချင်တာပါ”။“ဒီစတန့်ကွက်ဟာလူတွေရဲ့အမြင်ကို စိန်ခေါ်ချင်တာဖြစ်ပြီးတော့။အမျိုးသမီးတွေအတွက်လည်း ပြဿနာ ကြုံတွေ့လာတဲ့အခါ ပြန်လည်တိုက်ခိုက်နိုင်ဖို့ တွန်းအားပေးချင်တာဖြစ်ပါတယ်”
“ယောကျ်ားတွေဟာ သူတို့ရဲ့ အပြုအမူနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ တာဝန်ယူနိုင်ဖို့ စဉ်းစားစေချင်တဲ့အတွက် ဒီလိုလုပ်ဆောင်ခဲ့ရတာပါ” လို့ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: SHWE NEW SMM
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top