ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

သထုံၿမိဳ႕ အေ၀းေျပးလမ္း ေပၚတြင္ မတ္လ ၄ ရက္ ညေနက ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆုိင္ တုိက္မိ၍ အမ်ဳိးသမီးတစ္ဦး ေသဆုံးၿပီး ရွစ္ဦးဒဏ္ရာရခဲ့ေၾကာင္း သထုံၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

နန္းခဲရပ္ကြက္ ရန္ကုန္-ေမာ္လၿမိဳင္ အေ၀းေျပးလမ္းေပၚ မီးစက္လမ္းေထာင့္အနီး ဘီးလင္း ဘက္မွ ေမာ္လၿမိဳင္ဘက္သို႔ အသက္(၂၈)ႏွစ္အရြယ္ အမ်ဳိးသားေမာင္းလာသည့္ လုိက္ထရပ္ ဘုရားဖူးယာဥ္သည္ အရွိန္လြန္ကာ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရွိၿပီး တစ္ဖက္ယာဥ္ေၾကာရွိ (၄၀)အရြယ္ခန္႔ အမ်ဳိးသား ေမာင္းသည့္  ေက်ာက္တင္ ကန္တာယာဥ္ႏွင့္ မ်က္ႏွာခ်င္းဆုိင္ တုိက္မိခဲ့သည္။ ဘုရားဖူးယာဥ္ေရွ႕ခန္းတြင္ လုိက္ပါလာသည့္ (၂၁)ႏွစ္အရြယ္ အမ်ဳိးသမီး အခင္းျဖစ္ေနရာ၌ပင္ ေသဆုံးၿပီး လုိက္ထရပ္ယာဥ္ေမာင္း အပါအ၀င္ ယာဥ္ေပၚပါ ခရီးသည္ရွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ရဲမွတ္တမ္း၌ ေဖာ္ျပထားသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မဆင္မျခင္ေမာင္းႏွင္သည့္ လုိက္ ထရပ္ယာဥ္ေမာင္းကုိ ေပါ့ ေလ်ာ့ျခင္းျဖင့္ ေသေစမႈ၊ အျပင္း အထန္နာက်င္ေစမႈ၊ နာက်င္ေစ မႈမ်ားျဖင့္ အမႈဖြင့္ အေရးယူထား ေၾကာင္း သထုံၿမိဳ႕မရဲစခန္းမွ တာ ၀န္ရွိသူတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
သထုံမြို့ အဝေးပြေးလမ်း ပေါ်တွင် မတ်လ ၄ ရက် ညနေက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နန်းခဲရပ်ကွက် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ် မီးစက်လမ်းထောင့်အနီး ဘီးလင်း ဘက်မှ မော်လမြိုင်ဘက်သို့ အသက်(၂၈)နှစ်အရွယ် အမျိုးသားမောင်းလာသည့် လိုက်ထရပ် ဘုရားဖူးယာဉ်သည် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး တစ်ဖက်ယာဉ်ကြောရှိ (၄၀)အရွယ်ခန့် အမျိုးသား မောင်းသည့်  ကျောက်တင် ကန်တာယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။ ဘုရားဖူးယာဉ်ရှေ့ခန်းတွင် လိုက်ပါလာသည့် (၂၁)နှစ်အရွယ် အမျိုးသမီး အခင်းဖြစ်နေရာ၌ပင် သေဆုံးပြီး လိုက်ထရပ်ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်ပါ ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မဆင်မခြင်မောင်းနှင်သည့် လိုက် ထရပ်ယာဉ်မောင်းကို ပေါ့ လျော့ခြင်းဖြင့် သေစေမှု၊ အပြင်း အထန်နာကျင်စေမှု၊ နာကျင်စေ မှုများဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သထုံမြို့မရဲစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top