ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ထုိင္းေမာ္ဒယ္ အာမလာဝန္ေအမီစီရိေခတၱရာက သူမရဲ႕ အသက္ ၁၂ ႏွစ္အရြယ္ သားကို နမ္းတာ မသင့္ေတာ္ေၾကာင္း ေဝဖန္သူေတြကုိ အျပစ္ကင္းစင္တဲ့ အနမ္းသာျဖစ္ေၾကာင္း  ျပန္လည္ေခ်ပလုိက္ပါတယ္။

ထုိင္းေမာ္ဒယ္ ေအမီက လူမႈကြန္ရက္ေပၚမွာ သူ႔သားႏႈတ္ခမ္းကို အနမ္းေပးေနတဲ့ပံု တင္ၿပီးတဲ့ေနာက္ လူေတြက သူမကို ျပစ္တင္ေဝဖန္ကာ ေနာက္ဆံုးတင္ထားတဲ့ ဒီပံုထဲမွာ သားအမိႏွစ္ေယာက္က အနမ္းၾကာၾကာ ေပးေနတဲ့ပုံ ေပၚေနတယ္လုိ႔ ဆုိပါတယ္။

ေမာ္ဒယ္ ေအမီကေတာ့ သူမက သားကုိ ခပ္ဖြဖြ ေမႊးေမႊးေပးတာလုိ႔ ျပန္လည္ေခ်ပခဲ့ကာ ထုိင္းလူမ်ိဳးေတြ အရမ္းႀကီး အေတြးမေခါင္ၾကပါနဲ႔လုိ႔ ေျပာလိုက္ပါတယ္။

ေဝဖန္သူေတြက အသက္ ၁၂ ႏွစ္အရြယ္ဆုိတာ လိင္ပုိင္း စတင္ဖြံ႔ၿဖိဳးလာၿပီး မိခင္က နက္နက္႐ႈိင္း႐ႈိင္း နမ္းတဲ့အခါ ကေလးစိတ္ေတြ ေထြျပားသြားႏိုင္တယ္လုိ႔ ေဝဖန္ခဲ့ပါတယ္။

ထုိင္ဝမ္အဆုိေတာ္နဲ႔ ဆက္ဆံေရးျပတ္ေတာက္ၿပီးျဖစ္တဲ့ ေအမီက ထုိင္းလူမ်ိဳးေတြအေနနဲ႔ လွ်ာပါတဲ့ အနမ္းနဲ႔ အျပစ္ကင္းစင္တဲ့ ခပ္ဖြဖြေမႊးေမႊးေပးတာကို ခြဲျခားသင့္တယ္လုိ႔ ေျပာလုိက္ပါတယ္။

“လူႀကီးေတြလုပ္တဲ့ အနမ္းမွာက လွ်ာပါတယ္။ ဒါေပမယ့္ က်မက က်မသားကို ေမႊးေမႊးေပးတာေလ၊ ဘာမ်ားမွားေနလဲ” လုိ႔ ေမးခြန္းထုတ္ထားပါတယ္။ သူမရဲ႕သမီးလုိပဲ သားကုိလည္း အၿမဲ ေမႊးေမႊးေပးခဲ့ေၾကာင္း ေျပာပါတယ္။

“ဒီလုိပံုေတြ အမ်ားႀကီး က်မ တင္ဖူးပါတယ္။ အင္စတာဂရမ္မွာ က်မ စတင္ကတည္းက လူေတြက ေဝဖန္တာ။ ဒါက တကယ္ပဲ က်မသား အရြယ္ေရာက္လာတယ္ဆုိတဲ့ အေၾကာင္းျပခ်က္ထက္ ေဝဖန္သူေတြ သူတုိ႔ေတြးသလုိ ဒါမွမဟုတ္ သူတုိ႔ရဲ႕ မေကာင္းတဲ့ ပင္ကုိယ္ဗီဇအရ သူတုိ႔စိတ္နဲ႔ သူတို႔ႏိႈင္းတာက ပုိပါတယ္။ က်မတုိ႔က ေသြးသားအရင္းေတြေလ ဘာမ်ားမွားေနလဲ” လုိ႔ ေျပာပါတယ္။

သူမဘာလုပ္တယ္ဆုိတာကိုလည္း သားကုိ အၿမဲရွင္းျပလုိ႔ ဒီလုပ္ရပ္ေတြရဲ႕ အက်ိဳးဆက္ကို သားက နားလည္တယ္လုိ႔ ေအမီက ေျပာလုိက္ပါတယ္။

ဒီကိစၥနဲ႔ ကေလးက ေနာက္ေျပာင္မခံရဘူး၊ က်မကလည္း အနမ္းပံုေတြတင္ၿပီး လူေတြအာ႐ုံစုိက္မႈယူတာ မဟုတ္ဘူးလို႔ ျငင္းဆန္လုိက္ပါတယ္။

“ေဝဖန္တဲ့သူေတြက ဒီပံုက မသင့္ေတာ္ဘူး၊ ႐ုပ္ဆုိးတယ္၊ မ႐ိုးသား ရွက္စရာလို႔ ေျပာတယ္။ က်မ ပရိသတ္ကေတာ့ က်မကို ေထာက္ခံတယ္။ က်မကုိ ဘာရယ္မဟုတ္ မႀကိဳက္တဲ့ ေဝဖန္သူေတြနဲ႔ က်မပရိသတ္က ေနာက္ဆံုး ျငင္းခုန္မႈနဲ႔ အဆံုးသတ္သြားၾကတယ္” လုိ႔ သူမက မ်က္ရည္ေတြနဲ႔ ေျပာပါတယ္။

ပံုေတြကုိ ဆက္တင္သြားမယ္ဆုိတာကိုေတာ့ သူမက မေျပာသြားဘူးလို႔ ဘန္ေကာက္ပုိ႔စ္သတင္းမွာ မတ္လ ၁၁ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းမော်ဒယ် အာမလာဝန်အေမီစီရိခေတ္တရာက သူမရဲ့ အသက် ၁၂ နှစ်အရွယ် သားကို နမ်းတာ မသင့်တော်ကြောင်း ဝေဖန်သူတွေကို အပြစ်ကင်းစင်တဲ့ အနမ်းသာဖြစ်ကြောင်း  ပြန်လည်ချေပလိုက်ပါတယ်။

ထိုင်းမော်ဒယ် အေမီက လူမှုကွန်ရက်ပေါ်မှာ သူ့သားနှုတ်ခမ်းကို အနမ်းပေးနေတဲ့ပုံ တင်ပြီးတဲ့နောက် လူတွေက သူမကို ပြစ်တင်ဝေဖန်ကာ နောက်ဆုံးတင်ထားတဲ့ ဒီပုံထဲမှာ သားအမိနှစ်ယောက်က အနမ်းကြာကြာ ပေးနေတဲ့ပုံ ပေါ်နေတယ်လို့ ဆိုပါတယ်။

မော်ဒယ် အေမီကတော့ သူမက သားကို ခပ်ဖွဖွ မွှေးမွှေးပေးတာလို့ ပြန်လည်ချေပခဲ့ကာ ထိုင်းလူမျိုးတွေ အရမ်းကြီး အတွေးမခေါင်ကြပါနဲ့လို့ ပြောလိုက်ပါတယ်။

ဝေဖန်သူတွေက အသက် ၁၂ နှစ်အရွယ်ဆိုတာ လိင်ပိုင်း စတင်ဖွံ့ဖြိုးလာပြီး မိခင်က နက်နက်ရှိုင်းရှိုင်း နမ်းတဲ့အခါ ကလေးစိတ်တွေ ထွေပြားသွားနိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ထိုင်ဝမ်အဆိုတော်နဲ့ ဆက်ဆံရေးပြတ်တောက်ပြီးဖြစ်တဲ့ အေမီက ထိုင်းလူမျိုးတွေအနေနဲ့ လျှာပါတဲ့ အနမ်းနဲ့ အပြစ်ကင်းစင်တဲ့ ခပ်ဖွဖွမွှေးမွှေးပေးတာကို ခွဲခြားသင့်တယ်လို့ ပြောလိုက်ပါတယ်။

“လူကြီးတွေလုပ်တဲ့ အနမ်းမှာက လျှာပါတယ်။ ဒါပေမယ့် ကျမက ကျမသားကို မွှေးမွှေးပေးတာလေ၊ ဘာများမှားနေလဲ” လို့ မေးခွန်းထုတ်ထားပါတယ်။ သူမရဲ့သမီးလိုပဲ သားကိုလည်း အမြဲ မွှေးမွှေးပေးခဲ့ကြောင်း ပြောပါတယ်။

“ဒီလိုပုံတွေ အများကြီး ကျမ တင်ဖူးပါတယ်။ အင်စတာဂရမ်မှာ ကျမ စတင်ကတည်းက လူတွေက ဝေဖန်တာ။ ဒါက တကယ်ပဲ ကျမသား အရွယ်ရောက်လာတယ်ဆိုတဲ့ အကြောင်းပြချက်ထက် ဝေဖန်သူတွေ သူတို့တွေးသလို ဒါမှမဟုတ် သူတို့ရဲ့ မကောင်းတဲ့ ပင်ကိုယ်ဗီဇအရ သူတို့စိတ်နဲ့ သူတို့နှိုင်းတာက ပိုပါတယ်။ ကျမတို့က သွေးသားအရင်းတွေလေ ဘာများမှားနေလဲ” လို့ ပြောပါတယ်။

သူမဘာလုပ်တယ်ဆိုတာကိုလည်း သားကို အမြဲရှင်းပြလို့ ဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်ကို သားက နားလည်တယ်လို့ အေမီက ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ ကလေးက နောက်ပြောင်မခံရဘူး၊ ကျမကလည်း အနမ်းပုံတွေတင်ပြီး လူတွေအာရုံစိုက်မှုယူတာ မဟုတ်ဘူးလို့ ငြင်းဆန်လိုက်ပါတယ်။

“ဝေဖန်တဲ့သူတွေက ဒီပုံက မသင့်တော်ဘူး၊ ရုပ်ဆိုးတယ်၊ မရိုးသား ရှက်စရာလို့ ပြောတယ်။ ကျမ ပရိသတ်ကတော့ ကျမကို ထောက်ခံတယ်။ ကျမကို ဘာရယ်မဟုတ် မကြိုက်တဲ့ ဝေဖန်သူတွေနဲ့ ကျမပရိသတ်က နောက်ဆုံး ငြင်းခုန်မှုနဲ့ အဆုံးသတ်သွားကြတယ်” လို့ သူမက မျက်ရည်တွေနဲ့ ပြောပါတယ်။

ပုံတွေကို ဆက်တင်သွားမယ်ဆိုတာကိုတော့ သူမက မပြောသွားဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ မတ်လ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top