ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဒီေဖာက္ျပန္တဲ့ကိစၥက အခ်ိန္တုိင္းကုိျဖစ္ေနတာပါ။ သံုးပြင့္ဆုိင္ relationship scandle တစ္ခုမွာ နွစ္ဖက္လံုးနဲ႔ ပက္သက္ေနတဲ့သူက အမွားပါပဲ။ တစ္နည္းအားျဖင့္ အလည္ကလူက အမွားေပါ့။ ေဖာက္ျပန္ေနမွန္းသိသိရက္နဲ႔ ဖမ္းလုိ႔မမိတာ သက္ေသမရွိတာဟာ ေတာ္ေတာ္ေလးခံစားရခက္ပါတယ္။ သူေဖာက္ျပန္္လုိ႔ခံစားရတဲ့ စိတ္ဒဏ္ရာကတစ္မိ်ဳး ဖမ္းလို႔မမိလုိ႔ ေဒါသထြက္တာကတစ္မ်ိဳး တစ္္ဖက္လူကုိသတ္ခ်င္စိတ္ေပါက္တာက တစ္မ်ိဳးနဲ႔ အေတာ္လည္း အကုသိုလ္မ်ားပါတယ္။

ဒီကိစၥနဲ႔ပက္သက္ျပီး ကုိင္တြယ္စရာနည္းလမ္းေလးေတြကုိ တတ္သမ်ွ မွတ္သမွ် ေဖာ္ျပေပးလုိက္ပါတယ္။

သူေဖာက္ျပန္ေနတယ္ဆုိတာေသခ်ာလား ?

တစ္ခါတစ္ေလက် ကုိယ္ကသူ႔ကုိသိပ္ခ်စ္လြန္းေနတာနဲ႔ပဲ အျမင္ေတြမွားအထင္ေတြလြဲ မ်က္လံုးထဲ ဘာမွမျမင္ေတာ့တဲ့ အခ်ိန္္ေတြလည္းရွိတတ္ပါတယ္ တကယ္လုိ႔ သူကေဖာက္ျပန္္ေနတာ မဟုတ္ဘူးဆုိရင္ တစ္ဖက္စြပ္စြဲခံရတဲ့လူကုိလည္း အားနာစရာေကာင္းပါတယ္။ ကုိယ့္ရဲ႕ Gut feeling ကုိလည္း ယံုတာေကာင္းတယ္ဆုိေပမယ့္ သူရွင္းျပတာကိုလည္း နားေထာင္ေပးသင့္ပါတယ္ မ်က္နွာခ်င္းဆိုင ္ရွင္းလုိက္မွ ေျပလည္သြားတာေတြက အမ်ားၾကီးပါ။

သူ႔ကိုအဆံုးရံႈးခံနုိ္င္လား

ေဖာက္ျပန္ေနတာေသခ်ာသြားပါျပီီတဲ့။ ကဲ …ဘာဆက္လုပ္ၾကမွာတုန္း။ ဘက္ခမ္းနဲ႔ဗစ္တုိးရီးယားကိုပဲၾကည့္ .. ဘက္ခမ္းဘက္ကလည္း ဘယ္ေလာက္ပဲရႈပ္ရႈပ္ ဗစ္တိုးရီးယားကုိမစြန္႔လႊတ္ဘူး။ စိတ္ခ်မ္းသာေအာင္ထားတယ္။ ဗစ္တုိးရီးယားဘက္ကလည္း သစၥာမရွိတဲ့လူ လစ္ လစ္ လုပ္လုိ႔မွမရတာ။ ေမြးထားတဲ့ကေလးေတြကလည္း တန္းကိုစီလုိ႔ မ်ားပါဘိသနဲ႔။ တကြဲတျပားျဖစ္သြားရင္ ဘယ္သူ႔အတြက္မွမေကာင္းဘူးမဟုတ္လား။ေျပာခ်င္တာက သူတို႔လုိမျဖစ္ခင္ ေရြးခ်ယ္လို႔ရေသးတဲ့အခ်ိန္မွာ ျပတ္ျပတ္သားသားေရြးခ်ယ္ဖုိ႔ပါ။ သူ႔ကုိအဆံုးရံႈးခံနုိင္လားဆုိတဲ့ ေမးခြန္းကုိ ကုိယ့္ကုိယ္ကုိယ္မညာတမ္းေျဖၾကည့္ပါ။

အဆံုးရံႈးခံနုိင္တယ္ဆိုရင္

ဘာမွွ social media ေတြဘာေတြမွာ ေျပာေနဆိုေန အရွက္ခြဲေနတာမ်ိဳးမလုပ္ပဲ ေအးေအးေဆးေဆး အဆံုးသတ္္လုိက္ပါ။ အရွက္ခြဲတယ္္ဆိုတာမ်ိဳးက သူ႔ကိုအရွက္ခြဲရင္းနဲ႔ ကိုယ္ပါအရွက္ကြဲ သြားတတ္ပါတယ္။ဟုုတ္ျပီ သူကကိုယ့္အေပၚမွာ ေဖာက္ျပန္တယ္၊ေဖာက္ျပန္တတ္တဲ့ သစၥာမရွိတဲ့သူ၊ ဒါေပမယ့္ သူေဖာက္ျပန္တာကိုခံရတဲ့ ကုိယ္ကေရာ ဘယ္ေလာက္ေတာင္ညံ့ေနလုိ႔ ခံလိုက္ရတာလဲ။ ဒီလိုမ်ိဳးေတြရွိပါတယ္။ေနာက္အခ်ိန္ေတြၾကာလာရင္ေတာင္ ၾကည့္စမ္း.. သူ႔ကိုေဖာက္ျပန္သြားတာေပါ့ ဘယ္သူကေလ ..ဆုိျပီိး ဆက္စပ္မိတုိင္း သတိရေနမိမွာမ်ိဳးေတြမလုပ္ပါနဲ႔။ခ်ီးမြမ္းခုနစ္ရက္ကဲ့ရဲ႕ ခုုနစ္ရက္ဆိုလည္းပဲ ခုနစ္ရက္နဲ႔မျပီးပဲတစ္ဘဝလံုး ကုိယ့္ေနာက္လုိက္ေနမယ့္ ကိစၥၾကီးေတြလည္းရွိပါတယ္။

အဆံုးရံႈးမခံနုိင္ဘူးဆိုုရင္

တကယ္တမ္းက ေဖာက္ျပန္တတ္တဲ့လူေတြဆိုတာ ေခြးျမီးေကာက္က်ည္ေတာက္စြပ္ပါ။ ဘယ္နွစ္္ၾကိမ္ ဘယ္နွစ္ခါထပ္ျပီးေဖာက္ျပန္ဦးမလဲဆိုတာ မသိနိုင္ပါဘူး။ပထမဆံုးတစ္ခါနဲ႔တင္ မွတ္သြားျပီး ေနာက္ဘယ္ေတာ့မွ ထပ္မေဖာက္ျပန္ေတာ့တဲ့သူေတြလည္း ရွိတယ္ဆိုေပမယ့္ ေတာ္ေတာ္ရွားပါတယ္ တစ္တက္စားလည္းၾကက္သြန္ နွစ္တက္စားလည္းၾကက္သြန္ဆိုတဲ့ သူေတြကမ်ားပါတယ္။ဒါေပမယ့္ ကုိယ္ကလံုးဝမွကုိအဆံုးရံႈးမခံနုိင္ဘူး သူမရွိပဲမေနနုိင္ဘူးဆိုတဲ့ အဆင့္ထိကို ဝဋ္ေၾကြးၾကီးမားေနျပီိဆိုရင္္ေတာ့ ခြင့္လႊတ္လုိက္ေပါ့၊ ဘယ္တတ္နုိင္မလဲ ခြင့္လႊတ္ျပီိး ေနာက္သူဘယ္နွစ္ခါထပ္ေဖာက္ျပန္ျပန္ ျပန္ခြင့္လႊတ္ေပးထားတဲ့ ကုိယ့္အမွားလုိ႔သာမွတ္ပါ။ တကယ္လုိ႔ သူကေကာင္းေကာင္းေနေနတာကိုမွ ကုိယ္က အားတိုင္း သတိရတိုင္း အဲဒီ့ေဖာက္ျပန္ခဲ့တဲ့ကိစၥၾကီးကုိျပန္ျပီးအစေဖာ္ စကားနာထုိးေနမယ္ဆိုရင္ေတာ့ သူလည္းစိတ္မခ်မ္းသာကုိ္ယ္လည္း သတိရတုိင္း ပူေလာင္ရနဲ႔ သက္သက္ညွဥ္းဆဲေနသလုိျဖစ္ေနမွာပါ။

ေဖာက္ျပန္္တတ္တဲ့သူကို အနားမွာထားတာဟာ ေျမႊေပြးခါးပိုက္ပိုက္ထားတာထက္ဆိုးပါတယ္။ေဖာက္ျပန္တတ္တဲ့သူမ်ား မ်က္စိလည္လမ္းမွားျပီးရထားရင္ ေကာင္းေကာင္းကုိင္တြယ္နု္ိင္ၾကပါေစေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဒီပါေက်ာ္
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီဖောက်ပြန်တဲ့ကိစ္စက အချိန်တိုင်းကိုဖြစ်နေတာပါ။ သုံးပွင့်ဆိုင် relationship scandle တစ်ခုမှာ နှစ်ဖက်လုံးနဲ့ ပက်သက်နေတဲ့သူက အမှားပါပဲ။ တစ်နည်းအားဖြင့် အလည်ကလူက အမှားပေါ့။ ဖောက်ပြန်နေမှန်းသိသိရက်နဲ့ ဖမ်းလို့မမိတာ သက်သေမရှိတာဟာ တော်တော်လေးခံစားရခက်ပါတယ်။ သူဖောက်ပြန်လို့ခံစားရတဲ့ စိတ်ဒဏ်ရာကတစ်မျိုး ဖမ်းလို့မမိလို့ ဒေါသထွက်တာကတစ်မျိုး တစ်ဖက်လူကိုသတ်ချင်စိတ်ပေါက်တာက တစ်မျိုးနဲ့ အတော်လည်း အကုသိုလ်များပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး ကိုင်တွယ်စရာနည်းလမ်းလေးတွေကို တတ်သမျှ မှတ်သမျှ ဖော်ပြပေးလိုက်ပါတယ်။

သူဖောက်ပြန်နေတယ်ဆိုတာသေချာလား ?

တစ်ခါတစ်လေကျ ကိုယ်ကသူ့ကိုသိပ်ချစ်လွန်းနေတာနဲ့ပဲ အမြင်တွေမှားအထင်တွေလွဲ မျက်လုံးထဲ ဘာမှမမြင်တော့တဲ့ အချိန်တွေလည်းရှိတတ်ပါတယ် တကယ်လို့ သူကဖောက်ပြန်နေတာ မဟုတ်ဘူးဆိုရင် တစ်ဖက်စွပ်စွဲခံရတဲ့လူကိုလည်း အားနာစရာကောင်းပါတယ်။ ကိုယ့်ရဲ့ Gut feeling ကိုလည်း ယုံတာကောင်းတယ်ဆိုပေမယ့် သူရှင်းပြတာကိုလည်း နားထောင်ပေးသင့်ပါတယ် မျက်နှာချင်းဆိုင ်ရှင်းလိုက်မှ ပြေလည်သွားတာတွေက အများကြီးပါ။

သူ့ကိုအဆုံးရှုံးခံနိုင်လား

ဖောက်ပြန်နေတာသေချာသွားပါပြီတဲ့။ ကဲ …ဘာဆက်လုပ်ကြမှာတုန်း။ ဘက်ခမ်းနဲ့ဗစ်တိုးရီးယားကိုပဲကြည့် .. ဘက်ခမ်းဘက်ကလည်း ဘယ်လောက်ပဲရှုပ်ရှုပ် ဗစ်တိုးရီးယားကိုမစွန့်လွှတ်ဘူး။ စိတ်ချမ်းသာအောင်ထားတယ်။ ဗစ်တိုးရီးယားဘက်ကလည်း သစ္စာမရှိတဲ့လူ လစ် လစ် လုပ်လို့မှမရတာ။ မွေးထားတဲ့ကလေးတွေကလည်း တန်းကိုစီလို့ များပါဘိသနဲ့။ တကွဲတပြားဖြစ်သွားရင် ဘယ်သူ့အတွက်မှမကောင်းဘူးမဟုတ်လား။ပြောချင်တာက သူတို့လိုမဖြစ်ခင် ရွေးချယ်လို့ရသေးတဲ့အချိန်မှာ ပြတ်ပြတ်သားသားရွေးချယ်ဖို့ပါ။ သူ့ကိုအဆုံးရှုံးခံနိုင်လားဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်မညာတမ်းဖြေကြည့်ပါ။

အဆုံးရှုံးခံနိုင်တယ်ဆိုရင်

ဘာမှှ social media တွေဘာတွေမှာ ပြောနေဆိုနေ အရှက်ခွဲနေတာမျိုးမလုပ်ပဲ အေးအေးဆေးဆေး အဆုံးသတ်လိုက်ပါ။ အရှက်ခွဲတယ်ဆိုတာမျိုးက သူ့ကိုအရှက်ခွဲရင်းနဲ့ ကိုယ်ပါအရှက်ကွဲ သွားတတ်ပါတယ်။ဟုုတ်ပြီ သူကကိုယ့်အပေါ်မှာ ဖောက်ပြန်တယ်၊ဖောက်ပြန်တတ်တဲ့ သစ္စာမရှိတဲ့သူ၊ ဒါပေမယ့် သူဖောက်ပြန်တာကိုခံရတဲ့ ကိုယ်ကရော ဘယ်လောက်တောင်ညံ့နေလို့ ခံလိုက်ရတာလဲ။ ဒီလိုမျိုးတွေရှိပါတယ်။နောက်အချိန်တွေကြာလာရင်တောင် ကြည့်စမ်း.. သူ့ကိုဖောက်ပြန်သွားတာပေါ့ ဘယ်သူကလေ ..ဆိုပြီး ဆက်စပ်မိတိုင်း သတိရနေမိမှာမျိုးတွေမလုပ်ပါနဲ့။ချီးမွမ်းခုနစ်ရက်ကဲ့ရဲ့ ခုုနစ်ရက်ဆိုလည်းပဲ ခုနစ်ရက်နဲ့မပြီးပဲတစ်ဘဝလုံး ကိုယ့်နောက်လိုက်နေမယ့် ကိစ္စကြီးတွေလည်းရှိပါတယ်။

အဆုံးရှုံးမခံနိုင်ဘူးဆိုုရင်

တကယ်တမ်းက ဖောက်ပြန်တတ်တဲ့လူတွေဆိုတာ ခွေးမြီးကောက်ကျည်တောက်စွပ်ပါ။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါထပ်ပြီးဖောက်ပြန်ဦးမလဲဆိုတာ မသိနိုင်ပါဘူး။ပထမဆုံးတစ်ခါနဲ့တင် မှတ်သွားပြီး နောက်ဘယ်တော့မှ ထပ်မဖောက်ပြန်တော့တဲ့သူတွေလည်း ရှိတယ်ဆိုပေမယ့် တော်တော်ရှားပါတယ် တစ်တက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်ဆိုတဲ့ သူတွေကများပါတယ်။ဒါပေမယ့် ကိုယ်ကလုံးဝမှကိုအဆုံးရှုံးမခံနိုင်ဘူး သူမရှိပဲမနေနိုင်ဘူးဆိုတဲ့ အဆင့်ထိကို ဝဋ်ကြွေးကြီးမားနေပြီဆိုရင်တော့ ခွင့်လွှတ်လိုက်ပေါ့၊ ဘယ်တတ်နိုင်မလဲ ခွင့်လွှတ်ပြီး နောက်သူဘယ်နှစ်ခါထပ်ဖောက်ပြန်ပြန် ပြန်ခွင့်လွှတ်ပေးထားတဲ့ ကိုယ့်အမှားလို့သာမှတ်ပါ။ တကယ်လို့ သူကကောင်းကောင်းနေနေတာကိုမှ ကိုယ်က အားတိုင်း သတိရတိုင်း အဲဒီ့ဖောက်ပြန်ခဲ့တဲ့ကိစ္စကြီးကိုပြန်ပြီးအစဖော် စကားနာထိုးနေမယ်ဆိုရင်တော့ သူလည်းစိတ်မချမ်းသာကိုယ်လည်း သတိရတိုင်း ပူလောင်ရနဲ့ သက်သက်ညှဉ်းဆဲနေသလိုဖြစ်နေမှာပါ။

ဖောက်ပြန်တတ်တဲ့သူကို အနားမှာထားတာဟာ မြွှေပွေးခါးပိုက်ပိုက်ထားတာထက်ဆိုးပါတယ်။ဖောက်ပြန်တတ်တဲ့သူများ မျက်စိလည်လမ်းမှားပြီးရထားရင် ကောင်းကောင်းကိုင်တွယ်နိုင်ကြပါစေပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒီပါကျော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top