AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ေႏြရာသီကိုေရာက္ၿပီေနာ္။ ရာသီအကူးအေျပာင္းဆုိေတာ့ ဟိုလူ႕ကို လြမ္းသလိုလို ဒီလူ႕ကို လြမ္းသလိုလိုခံစားရတယ္ဟုတ္။ အထူးသျဖင့္ေႏြရာသီဆုိေတာ့ သစ္ရြက္ေတြကေၾကြ၊ ေလရူးေတြကတိုက္နဲ႔ ပိုလြမ္းဖို႕ေကာင္းတာေပါ့။

လြမ္းဖို႕ေကာင္းသလို ေနာက္ကဆက္လာတဲ့ မေကာင္းကြက္ကေလးကေတာ့ ရာသီဥတုကလည္း ပူေလာင္လာတာပါ။ ဒီလုိပူလာၿပီဆိုေတာ့ ပူေလာင္တဲ့ရာသီဥတုနဲ႕လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနထိုင္စားေသာက္သင့္ပါတယ္။ အဝတ္အစားဆိုရင္လည္း ခ်ည္ထည္ေတြ၊ သက္ေသာင့္သက္သာရွိတဲ့ အဝတ္အစားပြပြေတြ ဝတ္သင့္ပါတယ္။ အစားအေသာက္ဆိုရင္လည္း ေႏြရာသီနဲ႕ သင့္ေတာ္တဲ့ အစားအေသာက္ေတြကို စားေပးမွသာ ခႏၶာကိုယ္က ပူေလာင္တဲ့ ရာသီဥတုမွာအဆင္ေျပေျပရွိမွာပါ။ အဲ့ဒီေတာ့ ေႏြရာသီနဲ႕ သင့္ေတာ္တဲ့အစားအစာေတြကို ေလ့လာၾကည့္ၾကမယ္ေနာ္။

၁။ ေရဓါတ္မ်ားမ်ားပါတဲ့ အသီးေတြ

ေႏြရာသီဆိုေတာ့ ေရဓာတ္ခန္းေျခာက္တတ္တာမုိ႕ ေရမ်ားမ်ားေသာက္ေပးသင့္သလို ေရဓာတ္ရႊန္းတဲ့ အသီးေတြမ်ားမ်ားစားေပးပါေနာ္။ ဒါမွ ေယာင္းတို႕ အသားအေရေလးေတြ ရႊန္းစိုေနမွာေပါ့။

ဒါဆို ေရဓာတ္ၾကြယ္ဝတဲ့ အသီးေတြက ဘာေတြလဲ သိထားဖုိ႕လိုတယ္ေနာ္။ အက္ဒ္မင္နဲ႔အတူတူ ဘာေတြက ဘာဓာတ္ေတြရွိလဲ ၾကည့္ၾကရေအာင္.. သခြားသီး၊ ခရမ္းခ်ဥ္သီး၊ ဖရဲသီး၊ သခြာေမႊးတို႕လိုအသီးေတြက ေရဓာတ္ၾကြယ္ဝပါတယ္။ သူတို႕ကို ဒီတိုင္းပဲစားစား၊ ေဖ်ာ္ရည္အျဖစ္ပဲ ေဖ်ာ္ေသာက္ေသာက္ ေကာင္းပါတယ္။စားၿပီးရင္လည္း ခႏၶာကိုယ္အတြင္းပိုင္းေအးျမမႈကိုခံစားရေစပါတယ္။

ေနာက္ၿပီး ခရမ္းခ်ဥ္သီးကို အနီေရာင္ရဲရဲျဖစ္ေစတဲ့ ဓါတ္က လူ႕ခႏၶာကိုယ္မွာဆုိရင္ ေနေရာင္ျခည္ကိုကာကြယ္ေပးႏိုင္တဲ့အစြမ္းရွိလုိ႕ ခရမ္းခ်ဥ္သီးမ်ားမ်ားစားသံုးေပးသင့္ပါတယ္တဲ့ ေယာင္းတို႔ေရ..

၂။ ပိုတက္ဆီယမ္ၾကြယ္ဝတဲ့ အသီးမ်ား

ေႏြရာသီမွာ ေခၽြးထြက္မ်ားတာေၾကာင့္ ပိုတက္ဆီယမ္ဓါတ္ေတြဆံုးရံႈးတတ္ပါတယ္။ ဒါေၾကာင့္ ပိုတက္ဆီယမ္ဓာတ္ၾကြယ္ဝတဲ့ အစားအစာေတြမ်ားမ်ားစားေပးပါ။

ငွက္ေပ်ာသီး၊ အုန္းရည္၊ ေထာပတ္သီး၊ ကန္စြန္းဥ၊ ဟင္းႏုႏြယ္ တို႕ဟာ ပိုတက္ဆီယမ္ၾကြယ္ဝတဲ့အသီးေတြပါ။

၃။ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ဟာလည္း ခႏၶာကိုယ္တြင္းကိုေအးျမေစတဲ့ အစားအစာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ဒိန္ခ်ဥ္ဟာ အသားအေရ၊ သြားက်န္းမာေရးတို႕ကိုလည္း ေကာင္းမြန္ေစပါတယ္။

၄။ လက္ဖက္ရည္ေအး

ေႏြရာသီမွာ ေရဓာတ္ျပည့္ဝေစဖို႕ဆိုရင္ လက္ဖက္ရည္ေအးကိုေသာက္သံုးေပးလုိ႕လဲရပါတယ္။ လက္ဖက္ရည္ေအးဟာ ေအးျမၿပီးေရဓာတ္ျပည့္ေစရံုသာမက ႏွလံုးက်န္းမာေရးကိုေကာင္းမြန္ေစၿပီး ကင္ဆာကိုလည္း ကာကြယ္ေပးပါတယ္။

၅။ ဗီတာမင္ေအ ၾကြယ္ဝတဲ့အစားအစာေတြ

ဗီတာမင္ေအဟာ အသားအေရပ်က္ဆီးျခင္းကို ကာကြယ္ေပးႏိုင္တဲ့အစြမ္းသတၱိရွိပါတယ္။ ဒါေၾကာင့္ ေနပူျပင္းလို႕ အသားအေရေနေလာင္တာေတြကို ကာကြယ္ႏိုင္ဖို႕ ဗီတာမင္ေအၾကြယ္ဝတဲ့ မုန္လာဥနီ၊ ပန္းေဂၚဖီစိမ္း၊ ကန္စြန္းဥ၊ ဟင္းႏုႏြယ္ရြက္ေတြကို မ်ားမ်ားစားသံုးေပးပါ။

ကဲ.. ဒါဆို ေႏြရာသီမွာ ဘာေတြစားရမလဲ သိၿပီေပါ့ေနာ္.. မစားရမယ့္ဟာေတြကိုလည္း ဆက္ၾကည့္ၾကရေအာင္။ ဆီေႀကာ္စာေတြ၊ အဆီအအိမ့္ေတြ၊ အသားေတြဟာ ေႏြရာသီမွာစားသံုးရင္ အစာအိမ္ကို ဒုကၡေပးတတ္ၿပီး ဝမ္းပ်က္ဝမ္းေလွ်ာတာေတြျဖစ္တတ္ပါတယ္။ ဒါ့အျပင္ ႏို႕၊ ေရခဲေခ်ာင္း၊ ေရခဲမုန္႕တို႕ဟာ စားလိုက္ရင္ေတာ့ ေအးသလိုလို ရွိေပမယ့္ ခႏၶာကိုယ္အတြင္းပိုင္းကို ပူေလာင္ေစတတ္တာမို႔ ဒါေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္ေနာ္…

ေႏြရာသီကို ေယာင္းတို႕ေတြ က်န္းက်န္းမာမာ၊လွလွပပျဖတ္သန္းႏို္င္ပါေစလို႕ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
နွေရာသီကိုရောက်ပြီနော်။ ရာသီအကူးအပြောင်းဆိုတော့ ဟိုလူ့ကို လွမ်းသလိုလို ဒီလူ့ကို လွမ်းသလိုလိုခံစားရတယ်ဟုတ်။ အထူးသဖြင့်နွေရာသီဆိုတော့ သစ်ရွက်တွေကကြွေ၊ လေရူးတွေကတိုက်နဲ့ ပိုလွမ်းဖို့ကောင်းတာပေါ့။

လွမ်းဖို့ကောင်းသလို နောက်ကဆက်လာတဲ့ မကောင်းကွက်ကလေးကတော့ ရာသီဥတုကလည်း ပူလောင်လာတာပါ။ ဒီလိုပူလာပြီဆိုတော့ ပူလောင်တဲ့ရာသီဥတုနဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်စားသောက်သင့်ပါတယ်။ အဝတ်အစားဆိုရင်လည်း ချည်ထည်တွေ၊ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားပွပွတွေ ဝတ်သင့်ပါတယ်။ အစားအသောက်ဆိုရင်လည်း နွေရာသီနဲ့ သင့်တော်တဲ့ အစားအသောက်တွေကို စားပေးမှသာ ခန္ဓာကိုယ်က ပူလောင်တဲ့ ရာသီဥတုမှာအဆင်ပြေပြေရှိမှာပါ။ အဲ့ဒီတော့ နွေရာသီနဲ့ သင့်တော်တဲ့အစားအစာတွေကို လေ့လာကြည့်ကြမယ်နော်။

၁။ ရေဓါတ်များများပါတဲ့ အသီးတွေ

နွေရာသီဆိုတော့ ရေဓာတ်ခန်းခြောက်တတ်တာမို့ ရေများများသောက်ပေးသင့်သလို ရေဓာတ်ရွှန်းတဲ့ အသီးတွေများများစားပေးပါနော်။ ဒါမှ ယောင်းတို့ အသားအရေလေးတွေ ရွှန်းစိုနေမှာပေါ့။

ဒါဆို ရေဓာတ်ကြွယ်ဝတဲ့ အသီးတွေက ဘာတွေလဲ သိထားဖို့လိုတယ်နော်။ အက်ဒ်မင်နဲ့အတူတူ ဘာတွေက ဘာဓာတ်တွေရှိလဲ ကြည့်ကြရအောင်.. သခွားသီး၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ သခွာမွှေးတို့လိုအသီးတွေက ရေဓာတ်ကြွယ်ဝပါတယ်။ သူတို့ကို ဒီတိုင်းပဲစားစား၊ ဖျော်ရည်အဖြစ်ပဲ ဖျော်သောက်သောက် ကောင်းပါတယ်။စားပြီးရင်လည်း ခန္ဓာကိုယ်အတွင်းပိုင်းအေးမြမှုကိုခံစားရစေပါတယ်။

နောက်ပြီး ခရမ်းချဉ်သီးကို အနီရောင်ရဲရဲဖြစ်စေတဲ့ ဓါတ်က လူ့ခန္ဓာကိုယ်မှာဆိုရင် နေရောင်ခြည်ကိုကာကွယ်ပေးနိုင်တဲ့အစွမ်းရှိလို့ ခရမ်းချဉ်သီးများများစားသုံးပေးသင့်ပါတယ်တဲ့ ယောင်းတို့ရေ..

၂။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အသီးများ

နွေရာသီမှာ ချွေးထွက်များတာကြောင့် ပိုတက်ဆီယမ်ဓါတ်တွေဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေများများစားပေးပါ။

ငှက်ပျောသီး၊ အုန်းရည်၊ ထောပတ်သီး၊ ကန်စွန်းဥ၊ ဟင်းနုနွယ် တို့ဟာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့အသီးတွေပါ။

၃။ ဒိန်ချဉ်

ဒိန်ချဉ်ဟာလည်း ခန္ဓာကိုယ်တွင်းကိုအေးမြစေတဲ့ အစားအစာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်ဟာ အသားအရေ၊ သွားကျန်းမာရေးတို့ကိုလည်း ကောင်းမွန်စေပါတယ်။

၄။ လက်ဖက်ရည်အေး

နွေရာသီမှာ ရေဓာတ်ပြည့်ဝစေဖို့ဆိုရင် လက်ဖက်ရည်အေးကိုသောက်သုံးပေးလို့လဲရပါတယ်။ လက်ဖက်ရည်အေးဟာ အေးမြပြီးရေဓာတ်ပြည့်စေရုံသာမက နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

၅။ ဗီတာမင်အေ ကြွယ်ဝတဲ့အစားအစာတွေ

ဗီတာမင်အေဟာ အသားအရေပျက်ဆီးခြင်းကို ကာကွယ်ပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ဒါကြောင့် နေပူပြင်းလို့ အသားအရေနေလောင်တာတွေကို ကာကွယ်နိုင်ဖို့ ဗီတာမင်အေကြွယ်ဝတဲ့ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ ဟင်းနုနွယ်ရွက်တွေကို များများစားသုံးပေးပါ။

ကဲ.. ဒါဆို နွေရာသီမှာ ဘာတွေစားရမလဲ သိပြီပေါ့နော်.. မစားရမယ့်ဟာတွေကိုလည်း ဆက်ကြည့်ကြရအောင်။ ဆီကြော်စာတွေ၊ အဆီအအိမ့်တွေ၊ အသားတွေဟာ နွေရာသီမှာစားသုံးရင် အစာအိမ်ကို ဒုက္ခပေးတတ်ပြီး ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်တတ်ပါတယ်။ ဒါ့အပြင် နို့၊ ရေခဲချောင်း၊ ရေခဲမုန့်တို့ဟာ စားလိုက်ရင်တော့ အေးသလိုလို ရှိပေမယ့် ခန္ဓာကိုယ်အတွင်းပိုင်းကို ပူလောင်စေတတ်တာမို့ ဒါတွေကိုလည်း ရှောင်ရှားသင့်ပါတယ်နော်…

နွေရာသီကို ယောင်းတို့တွေ ကျန်းကျန်းမာမာ၊လှလှပပဖြတ်သန်းနိုင်ပါစေလို့ …

ဖိုးသူတော် (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top