×

အသက္ႀကီးေလ လူေတြအေၾကာင္း သိေလျဖစ္ၿပီး ဘယ္သူ႕မွ ဂရုမစိုက္တတ္ေတာ့တာ သဘာဝပါပဲ။ ကိုယ့္အေၾကာင္းကိုလည္း ကိုယ္ ေကာင္းေကာင္းသိတယ္ဆိုရင္ ကိုယ္က လမ္းမွန္ေပၚေရာက္ေနတာနဲ႔ ဘယ္လိုျဖစ္ျဖစ္ သူမ်ားကို ဂရုမစိုက္တတ္ေတာ့ပါဘူး။ ကိုယ္လုပ္သင့္တာကို မွန္မွန္လုပ္ၿပီး လမ္းမွန္ေပၚ ကိုယ့္အားကိုယ္ကိုးၿပီး ေလွ်ာက္တတ္ၾကသူေတြပါ။ ဒီလိုမ်ိဳး ရင့္က်က္လာၿပီဆိုရင္လည္း ဂရုမစိုက္တတ္ေတာ့တဲ့ အရာေတြမ်ားလာပါတယ္။ ကိုယ့္အတြက္ အေရးႀကီးတာေတြကလြဲရင္ က်န္တာ ဂရုမစိုက္ေတာ့တဲ့ သေဘာေပါ့.. ဘယ္လို အရာေတြလဲဆိုေတာ့…

    ကိုယ့္ခႏၶာကိုယ္အေၾကာင္း သူမ်ား ဆံုးျဖတ္ေဝဖန္ေနတာေတြ ဂရုမစိုက္ပါဘူး။

ကိုယ့္ခႏၶာကိုယ္က ကိုယ့္အပိုင္ပါ။ ကိုယ္ပိုင္တဲ့ ပစၥည္းကို သူမ်ားအျမင္ေၾကာင့္ ေျပာင္းလဲေပးေနရမွာ မွန္ရဲ႕လားဆိုတဲ့ အေတြးေတြ ဝင္လာပါၿပီ… သူမ်ားေတြ ရဲ႕ အျမင္ေတြ အေျပာေတြေၾကာင့္ ပိန္လည္းမပိန္ခ်င္ေတာ့သလို ဝလည္းမဝခ်င္ေတာ့ဘူး။ ပိန္သည္ျဖစ္ေစ၊ ဝသည္ျဖစ္ေစ က်န္းမာေနဖို႔က အဓိကလို႔ ျဖစ္လာပါတယ္။

    တစ္ပါးသူေတြရဲ႕ ဝင္ေငြကိုလည္း ဂရုစိုက္မေနတတ္ပါဘူး။

အသက္အရြယ္ခ်င္းအတူတူေတာင္ ၾကြားေျပာတတ္ ရတာထက္ ပိုေျပာတတ္တဲ့ လူေတြအေၾကာင္း ပိုသိလာပါၿပီ ။ ကိုယ့္ကိုလိမ္ေနမွာ သိသိရက္နဲ႔ ဘာလို႔ စိတ္ဝင္စားေနေတာ့မလဲ.. သူ႕ဝင္ေငြကို ကိုယ္စားရတာလည္း မဟုတ္ေလေနာ္.. တစ္ေန႕တစ္ေန႕ ကိုယ္ေပ်ာ္တဲ့ အလုပ္မွာပဲ လုပ္ရင္း ဝင္ေငြကိုပဲၾကည့္ေနတတ္သူေတြကို ဂရုမစိုက္တတ္ေတာ့ပါဘူး။

    ဝါသနာပါရာကို လုပ္ဖို႔ အေျခအေနအခ်ိန္အခါေတြကို ဂရုမစိုက္ေတာ့ဘူး။

ငယ္ငယ္ကေတာ့ ေငြနဲ႔ အလုပ္အကိုင္က အေရးႀကီးခဲ့တာေပါ့ေလ… အသက္ေမြးဝမ္းေက်ာင္း ဆိုတာႀကီးကလည္း ရွိေနေတာ့ အမ်ားနည္းတူ ထမင္းစားလက္မွတ္ေတာ့ ရွာခဲ့ရတာပဲမဟုတ္လား။ အသက္ႀကီးလာေလေလ၊ ရင့္က်က္လာေလေလ ကုိယ္လုပ္ခ်င္ရာ၊ ကိုယ္ဝါသနာပါရာပဲ လုပ္ခ်င္ၿပီး ဒါကိုပဲ ျဖစ္ေအာင္လုပ္လာတတ္ၾကပါတယ္။ ကိုယ္ဝါသနာပါရာ ကိုယ္လုပ္တာ ဘယ္သူ႕ဂရုစိုက္ေနရဦးမွာလဲ ဆိုတာမ်ိဳးေပါ့..

    ဖက္ရွင္နဲ႕ပက္သက္ရင္ ေရွ႕ေျပးေနမွ ဆိုတာေတြ သိပ္မရွိေတာ့ဘူး။

ကိုယ္ႀကိဳက္တာ ပဲ ကိုယ္ဝတ္ေတာ့တယ္။ အေရာင္ေတြဆိုတာ လိုက္ဖက္မွ ဆိုတဲ့ စည္းမ်ဥ္းေတြကို သိပ္မေတြးခ်င္ေတာ့ဘူး။ကိုယ့္ အတြက္သက္ေသာင့္သက္သာရိွရင္ ေတာ္ၿပီပဲ ဆိုတာမ်ိဳးေပါ့.. ကိုယ္ႏွစ္သက္ရာ ကိုယ္ဝတ္တာ ကိုယ့္ဖက္ရွင္ပဲေလ.. ဘယ္သူ႕ ဂရုစိုက္ေနရဦးမွာလဲ ေပါ့..

    ရည္းစားေဟာင္းအေၾကာင္း စကားလုပ္မေျပာေတာ့ဘူး။

သူလည္း သူ႕ဘဝနဲ႕သူပဲ ကိုယ္လည္းကိုယ့္ဘဝနဲ႕ကိုယ္ပဲဆိုေတာ့ အမွန္ကိုျမင္လာပါၿပီ။ သူ႔ဘဝေကာင္းစားေနသည္ျဖစ္ေစ၊ စုတ္ျပတ္ေနသည္ျဖစ္ေစ ဂရုကို မစိုက္ေတာ့တာပါ။ ကိုယ့္လမ္းကိုယ္ေလွ်ာက္ေနၾကတဲ့ သူစိမ္းေတြပဲ မဟုတ္လား.. ဘာကို ဂရုစိုက္ေနရဦးမွာလဲ ..

    သူမ်ားအေၾကာင္း လံုးဝစိတ္မဝင္စားေတာ့ဘူး။

ေယာင္ လို႕ေတာင္  မေျပာခ်င္ဘူးဆိုတဲ့ အထဲကပဲ ။ ကိုယ့္ကို လာေျပာလည္း စိတ္ကိုမဝင္စားေတာ့တာ။ ဘယ္သူဘာျဖစ္ျဖစ္ေလေနာ္.. သူ႕အေၾကာင္းနဲ႕သူပဲလို႕ေပါ့ေပါ့ပါးပါးေလးပဲ ေတြးတတ္လာတယ္။ ကိုယ္နဲ႔မွ မဆိုင္ ဘာကို ဂရုစိုက္ေနဦးမွာလဲ..

    ကိုယ့္ကို မေကာင္းေျပာေနလည္း ျပန္မရွင္းျပေတာ့ဘူး။

လူတိုင္း လြတ္လပ္စြာ ေတြးပိုင္ခြင့္ရွိတယ္လို႔ပဲ ခပ္ရိုးရိုးေတြးလုိက္တယ္။ ေသခ်ာ မသိဘဲနဲ႕ေတာင္ ေဝဖန္လိုက္ မေကာင္းေျပာလိုုက္နဲ႕ ထင္ခ်င္ရာထင္ေနသူေတြကို ရွင္းျပလည္း နားလည္ႏုိင္မယ့္ အဆင့္မဟုတ္ဘူးလို႕ပဲ ေတြးလုိက္တာ ေပါ့။ ဥာဏ္တိမ္တဲ့သူေတြကို ဘာလို႔ ဂရုစိုက္ေနရဦးမလဲေနာ္..

    ကိုယ္မွားခဲ့ လြဲခဲ့တာေတြကို သိပ္ၿပီး မခံစားေတာ့ဘူး။

ကိုယ့္ကိုယ္ကိုယ္ တစ္ခ်ိန္လံုး အျပစ္ျမင္ေနတာေတြ မရွိေတာ့ပါဘူး။ လူတုိင္းမွားတတ္တာပဲေလ..  တစ္ဘက္သားကိုလည္း ခြင့္လႊတ္လာတတ္တာပဲ။ ကိုယ္မသိလို႕ မွားခဲ့ ေျပာခဲ့ဆိုခဲ့တာေတြကို ျပင္မရေတာ့သလို ဖာေထးလို႔လည္း မရေတာ့ဘူး မဟုတ္လား။ ဒါေတြကို သင္ခန္းစာ ယူလို႔ ဒီထက္ ေကာင္းေအာင္လုပ္မယ္ဆိုၿပီးေတြးတာနဲ႔ ေနာက္မမွားေအာင္ပဲ ဂရုစိုက္ေတာ့တယ္။

    အေပါင္းအသင္းနည္းလို႕လည္း စိတ္မဆင္းရဲေတာ့ဘူး။

လူမ်ားရင္ ေလမ်ားတာပဲ ရွိတယ္.. ကိုယ္နဲ႕စိတ္တူ ကိုယ္တူ ခုသြားမယ္ဆို လုိက္ၿပီးသားဆိုတဲ့ ကိုယ္ေပ်ာ္ရင္ သူေပ်ာ္တဲ့ သူငယ္ခ်င္းနည္းနည္းရွိတာကိုပဲ သေဘာက်ေတာ့တယ္။ အေရအတြက္ထက္ အရည္အခ်င္းက ပိုအေရးႀကီးတယ္ဆိုသလိုေပါ့.. မိတ္ေဆြေတြ အမ်ားႀကီးၿပီး ရင္းႏွီးမႈမရွိတာနဲ႔ စာရင္ ႏွလံုးသားခ်င္း ရင္းႏွီးတဲ့ သူနည္းနည္းေလး ရွိတာက ပိုေကာင္းသလိုေပါ့…

    ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ဖို႕ မေမ့ေတာ့ဘူး။

ကိုယ္စားခ်င္တာကို ကိုယ္သိတယ္ ကိုယ္လုပ္ခ်င္တာကို ကိုယ္သိတယ္ ကိုယ္ဘယ္သြားခ်င္တာလဲဆိုတာ ကိုယ္သိတယ္ ကိုယ္ဘယ္သူေတြကို ဆက္ခ်စ္ရမယ္ဆိုတာကို သိေနရင္ကို ရၿပီလို႔ သေဘာထားတတ္ၾကပါၿပီ။ ဟိုလူပါမွ ဒီလူပါမွေတြ သိပ္မေတြးေတာ့ဘဲ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ၿပီး ခ်စ္ေနရင္ ရၿပီလို႔ သေဘာထားတတ္ၾကတဲ့ သူေတြ ျဖစ္လာပါၿပီ။

ကိုယ္ေတြဟာ ရင့္က်က္လာေအာင္ လုပ္ယူေနတာထက္ အရာရာကို သင္ယူေနတာပါ။ ကိုယ္ကိုယ္တုိင္လည္း ေပ်ာ္ရႊင္ေအာင္ ကိုယ္ခ်စ္တတ္သူေတြလည္း ေပ်ာ္ရႊင္ရေအာင္ ေနထိုင္ႏိုင္ဖို႔ သင္ယူေနတာပါ။ သင္ယူရင္းလည္း သိလာသလို ေနထိုင္ေနတာပါ။ အႀကီးႀကီးေတြ မေတြးသလို အႀကီးႀကီးေတြလည္း မွန္းသမ္းေျပာ ရမ္းသမ္းေျပာ မေနေတာ့ပါဘူး။ ကိုယ္ေတြက ခုခ်ိန္မွာ ရင့္က်က္သူတစ္ေယာက္ျဖစ္ခ်င္မွျဖစ္မယ္။ ျဖစ္လာေအာင္ေတာ့ ႀကိဳးစားေနၾကတာေတာ့ အမွန္ပဲ ေယာင္းတို႕ေရ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wai Zin ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်ကြီးလေ လူတွေအကြောင်း သိလေဖြစ်ပြီး ဘယ်သူ့မှ ဂရုမစိုက်တတ်တော့တာ သဘာဝပါပဲ။ ကိုယ့်အကြောင်းကိုလည်း ကိုယ် ကောင်းကောင်းသိတယ်ဆိုရင် ကိုယ်က လမ်းမှန်ပေါ်ရောက်နေတာနဲ့ ဘယ်လိုဖြစ်ဖြစ် သူများကို ဂရုမစိုက်တတ်တော့ပါဘူး။ ကိုယ်လုပ်သင့်တာကို မှန်မှန်လုပ်ပြီး လမ်းမှန်ပေါ် ကိုယ့်အားကိုယ်ကိုးပြီး လျှောက်တတ်ကြသူတွေပါ။ ဒီလိုမျိုး ရင့်ကျက်လာပြီဆိုရင်လည်း ဂရုမစိုက်တတ်တော့တဲ့ အရာတွေများလာပါတယ်။ ကိုယ့်အတွက် အရေးကြီးတာတွေကလွဲရင် ကျန်တာ ဂရုမစိုက်တော့တဲ့ သဘောပေါ့.. ဘယ်လို အရာတွေလဲဆိုတော့…

    ကိုယ့်ခန္ဓာကိုယ်အကြောင်း သူများ ဆုံးဖြတ်ဝေဖန်နေတာတွေ ဂရုမစိုက်ပါဘူး။

ကိုယ့်ခန္ဓာကိုယ်က ကိုယ့်အပိုင်ပါ။ ကိုယ်ပိုင်တဲ့ ပစ္စည်းကို သူများအမြင်ကြောင့် ပြောင်းလဲပေးနေရမှာ မှန်ရဲ့လားဆိုတဲ့ အတွေးတွေ ဝင်လာပါပြီ… သူများတွေ ရဲ့ အမြင်တွေ အပြောတွေကြောင့် ပိန်လည်းမပိန်ချင်တော့သလို ဝလည်းမဝချင်တော့ဘူး။ ပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ ကျန်းမာနေဖို့က အဓိကလို့ ဖြစ်လာပါတယ်။

    တစ်ပါးသူတွေရဲ့ ဝင်ငွေကိုလည်း ဂရုစိုက်မနေတတ်ပါဘူး။

အသက်အရွယ်ချင်းအတူတူတောင် ကြွားပြောတတ် ရတာထက် ပိုပြောတတ်တဲ့ လူတွေအကြောင်း ပိုသိလာပါပြီ ။ ကိုယ့်ကိုလိမ်နေမှာ သိသိရက်နဲ့ ဘာလို့ စိတ်ဝင်စားနေတော့မလဲ.. သူ့ဝင်ငွေကို ကိုယ်စားရတာလည်း မဟုတ်လေနော်.. တစ်နေ့တစ်နေ့ ကိုယ်ပျော်တဲ့ အလုပ်မှာပဲ လုပ်ရင်း ဝင်ငွေကိုပဲကြည့်နေတတ်သူတွေကို ဂရုမစိုက်တတ်တော့ပါဘူး။

    ဝါသနာပါရာကို လုပ်ဖို့ အခြေအနေအချိန်အခါတွေကို ဂရုမစိုက်တော့ဘူး။

ငယ်ငယ်ကတော့ ငွေနဲ့ အလုပ်အကိုင်က အရေးကြီးခဲ့တာပေါ့လေ… အသက်မွေးဝမ်းကျောင်း ဆိုတာကြီးကလည်း ရှိနေတော့ အများနည်းတူ ထမင်းစားလက်မှတ်တော့ ရှာခဲ့ရတာပဲမဟုတ်လား။ အသက်ကြီးလာလေလေ၊ ရင့်ကျက်လာလေလေ ကိုယ်လုပ်ချင်ရာ၊ ကိုယ်ဝါသနာပါရာပဲ လုပ်ချင်ပြီး ဒါကိုပဲ ဖြစ်အောင်လုပ်လာတတ်ကြပါတယ်။ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်တာ ဘယ်သူ့ဂရုစိုက်နေရဦးမှာလဲ ဆိုတာမျိုးပေါ့..

    ဖက်ရှင်နဲ့ပက်သက်ရင် ရှေ့ပြေးနေမှ ဆိုတာတွေ သိပ်မရှိတော့ဘူး။

ကိုယ်ကြိုက်တာ ပဲ ကိုယ်ဝတ်တော့တယ်။ အရောင်တွေဆိုတာ လိုက်ဖက်မှ ဆိုတဲ့ စည်းမျဉ်းတွေကို သိပ်မတွေးချင်တော့ဘူး။ကိုယ့် အတွက်သက်သောင့်သက်သာရှိရင် တော်ပြီပဲ ဆိုတာမျိုးပေါ့.. ကိုယ်နှစ်သက်ရာ ကိုယ်ဝတ်တာ ကိုယ့်ဖက်ရှင်ပဲလေ.. ဘယ်သူ့ ဂရုစိုက်နေရဦးမှာလဲ ပေါ့..

    ရည်းစားဟောင်းအကြောင်း စကားလုပ်မပြောတော့ဘူး။

သူလည်း သူ့ဘဝနဲ့သူပဲ ကိုယ်လည်းကိုယ့်ဘဝနဲ့ကိုယ်ပဲဆိုတော့ အမှန်ကိုမြင်လာပါပြီ။ သူ့ဘဝကောင်းစားနေသည်ဖြစ်စေ၊ စုတ်ပြတ်နေသည်ဖြစ်စေ ဂရုကို မစိုက်တော့တာပါ။ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့ သူစိမ်းတွေပဲ မဟုတ်လား.. ဘာကို ဂရုစိုက်နေရဦးမှာလဲ ..

    သူများအကြောင်း လုံးဝစိတ်မဝင်စားတော့ဘူး။

ယောင် လို့တောင်  မပြောချင်ဘူးဆိုတဲ့ အထဲကပဲ ။ ကိုယ့်ကို လာပြောလည်း စိတ်ကိုမဝင်စားတော့တာ။ ဘယ်သူဘာဖြစ်ဖြစ်လေနော်.. သူ့အကြောင်းနဲ့သူပဲလို့ပေါ့ပေါ့ပါးပါးလေးပဲ တွေးတတ်လာတယ်။ ကိုယ်နဲ့မှ မဆိုင် ဘာကို ဂရုစိုက်နေဦးမှာလဲ..

    ကိုယ့်ကို မကောင်းပြောနေလည်း ပြန်မရှင်းပြတော့ဘူး။

လူတိုင်း လွတ်လပ်စွာ တွေးပိုင်ခွင့်ရှိတယ်လို့ပဲ ခပ်ရိုးရိုးတွေးလိုက်တယ်။ သေချာ မသိဘဲနဲ့တောင် ဝေဖန်လိုက် မကောင်းပြောလိုုက်နဲ့ ထင်ချင်ရာထင်နေသူတွေကို ရှင်းပြလည်း နားလည်နိုင်မယ့် အဆင့်မဟုတ်ဘူးလို့ပဲ တွေးလိုက်တာ ပေါ့။ ဉာဏ်တိမ်တဲ့သူတွေကို ဘာလို့ ဂရုစိုက်နေရဦးမလဲနော်..

    ကိုယ်မှားခဲ့ လွဲခဲ့တာတွေကို သိပ်ပြီး မခံစားတော့ဘူး။

ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံး အပြစ်မြင်နေတာတွေ မရှိတော့ပါဘူး။ လူတိုင်းမှားတတ်တာပဲလေ..  တစ်ဘက်သားကိုလည်း ခွင့်လွှတ်လာတတ်တာပဲ။ ကိုယ်မသိလို့ မှားခဲ့ ပြောခဲ့ဆိုခဲ့တာတွေကို ပြင်မရတော့သလို ဖာထေးလို့လည်း မရတော့ဘူး မဟုတ်လား။ ဒါတွေကို သင်ခန်းစာ ယူလို့ ဒီထက် ကောင်းအောင်လုပ်မယ်ဆိုပြီးတွေးတာနဲ့ နောက်မမှားအောင်ပဲ ဂရုစိုက်တော့တယ်။

    အပေါင်းအသင်းနည်းလို့လည်း စိတ်မဆင်းရဲတော့ဘူး။

လူများရင် လေများတာပဲ ရှိတယ်.. ကိုယ်နဲ့စိတ်တူ ကိုယ်တူ ခုသွားမယ်ဆို လိုက်ပြီးသားဆိုတဲ့ ကိုယ်ပျော်ရင် သူပျော်တဲ့ သူငယ်ချင်းနည်းနည်းရှိတာကိုပဲ သဘောကျတော့တယ်။ အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်ဆိုသလိုပေါ့.. မိတ်ဆွေတွေ အများကြီးပြီး ရင်းနှီးမှုမရှိတာနဲ့ စာရင် နှလုံးသားချင်း ရင်းနှီးတဲ့ သူနည်းနည်းလေး ရှိတာက ပိုကောင်းသလိုပေါ့…

    ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့တော့ဘူး။

ကိုယ်စားချင်တာကို ကိုယ်သိတယ် ကိုယ်လုပ်ချင်တာကို ကိုယ်သိတယ် ကိုယ်ဘယ်သွားချင်တာလဲဆိုတာ ကိုယ်သိတယ် ကိုယ်ဘယ်သူတွေကို ဆက်ချစ်ရမယ်ဆိုတာကို သိနေရင်ကို ရပြီလို့ သဘောထားတတ်ကြပါပြီ။ ဟိုလူပါမှ ဒီလူပါမှတွေ သိပ်မတွေးတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ချစ်နေရင် ရပြီလို့ သဘောထားတတ်ကြတဲ့ သူတွေ ဖြစ်လာပါပြီ။

ကိုယ်တွေဟာ ရင့်ကျက်လာအောင် လုပ်ယူနေတာထက် အရာရာကို သင်ယူနေတာပါ။ ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်အောင် ကိုယ်ချစ်တတ်သူတွေလည်း ပျော်ရွှင်ရအောင် နေထိုင်နိုင်ဖို့ သင်ယူနေတာပါ။ သင်ယူရင်းလည်း သိလာသလို နေထိုင်နေတာပါ။ အကြီးကြီးတွေ မတွေးသလို အကြီးကြီးတွေလည်း မှန်းသမ်းပြော ရမ်းသမ်းပြော မနေတော့ပါဘူး။ ကိုယ်တွေက ခုချိန်မှာ ရင့်ကျက်သူတစ်ယောက်ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်လာအောင်တော့ ကြိုးစားနေကြတာတော့ အမှန်ပဲ ယောင်းတို့ရေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Wai Zin ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top