iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ပါဝင်ပစ္စည်း
ပြုလုပ်နည်း
၂။ ပါဝင်ပစ္စည်း
ပြုလုပ်နည်း
Credit: mystyle
#Unicode Version#
မင်္ဂလာပါနော်။ မှန်ကြည့်လိုက်တိုင်း မျက်နှာပေါ်မှာ အမည်းစက်တွေရှိနေလို့ စိတ်ညစ်နေရလား။ ဒါဆိုရင်တော့ မိမိအိမ်မှာပဲ အလွယ်ကူရှာလို့ရနိုင်တဲ့ နနွင်းမှုန့်ကိုအသုံးပြုပြီး ဖြေရှင်းလိုက်ရအောင်။ အမည်းစက်တွေကို လျော့ပါသက်သာစေပြီး အသုံးဝင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
၁။ ပါဝင်ပစ္စည်း
နနွင်း စားပွဲတင်ဇွန်း ၁ ဇွန်း
သံပယိုရည် (သို့) သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
နို့ စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကိုရောပြီးထည့်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာရှိတဲ့အမည်းစက်ရှိတဲ့နေရာမှာလိမ်းပေးထားပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ ပြီးရင် ခြောက်အောင်သုတ်လိုက်ပြီး Moisturizer လိမ်းပေးထားလိုက်ပါ။
၂။ ပါဝင်ပစ္စည်း
နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
သံပယိုရည် (သို့) သံပရာရည် လက်ဖက်စားဇွန်း တစ်ဝက်
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို ရောလိုက်ပါ။
ပြီးရင် အမည်းစက်ရှိတဲ့နေရာမှာလိမ်းပေးပြီး ၁၅ မိနစ်မှ မနစ် ၂၀ အထိထားပါ။ အဲဒီနောက် ရေဆေးချပေးလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်လိုက်ပြီး Moisturizer လိမ်းပေးထားလိုက်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top