ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကြ်န္ေတာ္႔အႏုပညာနာမည္ကအရိုင္းမင္းပါ။ အဲ႕အရိုင္းမင္းဆိုတာလည္းကြ်န္ေတာ္ျမန္မာ႔ရိုးရာလက္ေ၀ွ႕စထိုးတည္းကအရိုင္းမင္းဘ၀နဲ႔ ဒီရုပ္ရွင္ေလာကကကိုလည္းအရိုင္းမင္းဘ၀နဲ႕ပဲ၀င္ေရာက္လာတာပါ။အျပင္ေလာကမိုက္တာရိုင္းတာေတြမရွိေပမဲ႔ရုပ္ရွင္ထဲမွာေတာ႔မုိက္ျပရိုင္းျပရတယ္ ၾကာကူလီခန္းဆိုလည္းရိုက္ရတယ္ ကြ်န္ေတာ္တို႕လူၾကမ္းေတြဆိုတာ မင္းသားေတြကိုခ်စ္ဖို႔အတြက္ ရုပ္ရွင္ထဲမွာၾကမ္းျပရမ္းျပရတယ္။

ခုဆိုေျခေထာက္ ၂ ခါက်ိဳးခဲ႔ျပီးပီ။ ဒူးျပဳတ္တယ္ လက္ေမာင္း ၂ ဖက္ျပဳတ္ထားျပီးျပီ။ ေခါင္းကြဲထားတယ္ အဲ႔တာေတြက လူၾကမ္းတစ္ေယာက္ရဲ႕ခံစားရတဲ႔ေ၀ဒနာေပါ႔ဒါေတြကလည္း အရင္တုန္းကဒါဏ္ရာရလို႔ေဆးကုေပးမယ္ဆုိတာမရွိဘူး။ဘာျဖစ္သြားလည္းဆိုတာလည္းမေမးဘူးကိုယ္႕ဘာကိုယ္ေဆးကုယူရတယ္ ကိုယ္႔အိမ္မီးေလာင္သြားတဲ႔အခ်ိန္ တစ္ျပားတစ္ခ်ပ္မွမရွိဘူး အ၀တ္အစားေတြအကုန္လံုးမီးေလာင္ အိမ္တစ္အိမ္လံုးလဲမီးေလာင္တယ္ လူလဲဒါဏ္ရာရ လက္၀ါးၾကီးဆိုလည္းဘာမွမရွိေတာ႔ဘူး အရိုးၾကီးပဲက်န္ေတာ႔တာခုမွအကုန္လံုးျပန္ျပီးေတာ႔ေကာင္းသြားတာရုပ္ရွင္ေလာကဖလင္ေတြပ်က္သြားတဲ႔အခ်ိန္မွာ ဦးတို႔မိသားစုမနည္းရုန္းကန္ခဲ႔ရတယ္။

အဲ႔ခ်ိန္မွာဦး တကၠစီကားထြက္ေမာင္းတယ္ တစ္ေန႔ကို အံုနာက ၂၀၀၀ ေပးပီး အဲ႔ဘ၀နဲ႕၁၁ ႏွစ္ေက်ာ္ တကၠစီကားေမာင္းခဲ႔ရတယ္။ ဗီဒီယိုေတြပ်က္သုဥ္းသြားတဲ႔အခ်ိန္ကားရိုက္က်ဲလာတယ္ ကားရိုက္က်ဲလာတဲ႔အခ်ိန္မွာဟာသကားေတြမ်ားလာတယ္လူရႊင္ေတာ္ေတြ အားလံုးအလုပ္ျဖစ္ၾကပါတယ္။ခုဆိုလူရႊင္ေတာ္ ေတာ္ေတာ္မ်ားမ်ားကားစီးႏိုင္ၾကတယ္။ ကြ်န္ေတာ္တို႕လူၾကမ္းေတြကသာ ကားဆိုတာရဖို႕ေတာ္ေတာ္ၾကိဳးစားယူၾကရမွာပါ

စက္ဘီးေတာင္၀ယ္ဖို႕အဆင္မေျပႏုိင္ေသးဘူး။ ဒီေန႔ရလုိက္တဲ႔ပိုက္ဆံက ေနာက္ေန႔မိသားစုစားဖို႕အတြက္ခ်ိဳးျခံရတယ္ ရတဲ႔ပိုက္ဆံကိုအလြယ္တကူသံုးလို႕မွမရတာ အဲ႔ေတာ႔ေန႔ဖို႕ညစာဆိုတာခ်န္ေပးရတယ္။ ခုမရိုက္ရတာ ၃ လ ေက်ာ္သြားျပီ အဲ႔တာကိုဦးရဲ႕အမ်ိဳးသမီးက ခုရွဴတင္ထမင္းလိုက္ခ်က္ေကြ်းတယ္ ရွဴတင္ထမင္းမရွိတဲ႔အခ်ိန္မွာ မုန္႔ဟင္းခါးေရာင္းတယ္ အသုပ္ေရာင္းတယ္ အဲ႔လိုမိသားစုအေရးေျဖရွင္းရတာေပါ႔

အနုပညာကိုခ်စ္ျမတ္ႏိုးတဲ႔ပရိသတ္ၾကီးခင္ဗ်ာကြ်န္ေတာ္တို႔လူၾကမ္းေတြဟာအသည္းႏွလံုးကမျကမ္းပါဘူး နူးညံ႔ပါတယ္။အဲ႕ေတာ႔ကြ်န္ေတာ္တုိ႕ကိုမမုန္းၾကပါနဲ႔ ကြ်န္ေတာ္တို႕ကိုလူေခ်ာအဖဲြဲ႔ကိုအားေပးၾကပါလို႕ကြ်န္ေတာ္ေျပာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: We Love Celeml

#Unicode Version#
ကျွန်တော့်အနုပညာနာမည်ကအရိုင်းမင်းပါ။ အဲ့အရိုင်းမင်းဆိုတာလည်းကျွန်တော်မြန်မာ့ရိုးရာလက်ဝှေ့စထိုးတည်းကအရိုင်းမင်းဘဝနဲ့ ဒီရုပ်ရှင်လောကကကိုလည်းအရိုင်းမင်းဘဝနဲ့ပဲဝင်ရောက်လာတာပါ။အပြင်လောကမိုက်တာရိုင်းတာတွေမရှိပေမဲ့ရုပ်ရှင်ထဲမှာတော့မိုက်ပြရိုင်းပြရတယ် ကြာကူလီခန်းဆိုလည်းရိုက်ရတယ် ကျွန်တော်တို့လူကြမ်းတွေဆိုတာ မင်းသားတွေကိုချစ်ဖို့အတွက် ရုပ်ရှင်ထဲမှာကြမ်းပြရမ်းပြရတယ်။

ခုဆိုခြေထောက် ၂ ခါကျိုးခဲ့ပြီးပီ။ ဒူးပြုတ်တယ် လက်မောင်း ၂ ဖက်ပြုတ်ထားပြီးပြီ။ ခေါင်းကွဲထားတယ် အဲ့တာတွေက လူကြမ်းတစ်ယောက်ရဲ့ခံစားရတဲ့ဝေဒနာပေါ့ဒါတွေကလည်း အရင်တုန်းကဒါဏ်ရာရလို့ဆေးကုပေးမယ်ဆိုတာမရှိဘူး။ဘာဖြစ်သွားလည်းဆိုတာလည်းမမေးဘူးကိုယ့်ဘာကိုယ်ဆေးကုယူရတယ် ကိုယ့်အိမ်မီးလောင်သွားတဲ့အချိန် တစ်ပြားတစ်ချပ်မှမရှိဘူး အဝတ်အစားတွေအကုန်လုံးမီးလောင် အိမ်တစ်အိမ်လုံးလဲမီးလောင်တယ် လူလဲဒါဏ်ရာရ လက်ဝါးကြီးဆိုလည်းဘာမှမရှိတော့ဘူး အရိုးကြီးပဲကျန်တော့တာခုမှအကုန်လုံးပြန်ပြီးတော့ကောင်းသွားတာရုပ်ရှင်လောကဖလင်တွေပျက်သွားတဲ့အချိန်မှာ ဦးတို့မိသားစုမနည်းရုန်းကန်ခဲ့ရတယ်။

အဲ့ချိန်မှာဦး တက္ကစီကားထွက်မောင်းတယ် တစ်နေ့ကို အုံနာက ၂၀၀၀ ပေးပီး အဲ့ဘဝနဲ့၁၁ နှစ်ကျော် တက္ကစီကားမောင်းခဲ့ရတယ်။ ဗီဒီယိုတွေပျက်သုဉ်းသွားတဲ့အချိန်ကားရိုက်ကျဲလာတယ် ကားရိုက်ကျဲလာတဲ့အချိန်မှာဟာသကားတွေများလာတယ်လူရွှင်တော်တွေ အားလုံးအလုပ်ဖြစ်ကြပါတယ်။ခုဆိုလူရွှင်တော် တော်တော်များများကားစီးနိုင်ကြတယ်။ ကျွန်တော်တို့လူကြမ်းတွေကသာ ကားဆိုတာရဖို့တော်တော်ကြိုးစားယူကြရမှာပါ

စက်ဘီးတောင်ဝယ်ဖို့အဆင်မပြေနိုင်သေးဘူး။ ဒီနေ့ရလိုက်တဲ့ပိုက်ဆံက နောက်နေ့မိသားစုစားဖို့အတွက်ချိုးခြံရတယ် ရတဲ့ပိုက်ဆံကိုအလွယ်တကူသုံးလို့မှမရတာ အဲ့တော့နေ့ဖို့ညစာဆိုတာချန်ပေးရတယ်။ ခုမရိုက်ရတာ ၃ လ ကျော်သွားပြီ အဲ့တာကိုဦးရဲ့အမျိုးသမီးက ခုရှူတင်ထမင်းလိုက်ချက်ကျွေးတယ် ရှူတင်ထမင်းမရှိတဲ့အချိန်မှာ မုန့်ဟင်းခါးရောင်းတယ် အသုပ်ရောင်းတယ် အဲ့လိုမိသားစုအရေးဖြေရှင်းရတာပေါ့

အနုပညာကိုချစ်မြတ်နိုးတဲ့ပရိသတ်ကြီးခင်ဗျာကျွန်တော်တို့လူကြမ်းတွေဟာအသည်းနှလုံးကမကြမ်းပါဘူး နူးညံ့ပါတယ်။အဲ့တော့ကျွန်တော်တို့ကိုမမုန်းကြပါနဲ့ ကျွန်တော်တို့ကိုလူချောအဖွဲ့ကိုအားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: We Love Celeml
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top