ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

က်ြန္ေတာ္ကိုရင္စ၀တ္တဲ့အရြယ္က အသက္၁၀ႏွစ္အရြယ္… ၀တ္တဲ့ဘုန္းႀကီးေက်ာင္းက က်ြန္ေတာ္တို႕နယ္တစ္ခြင္မွာ နာမည္ႀကီး… ဘာနာမည္ႀကီးလဲဆိုေတာ့ သရဲအရမ္းေျခာက္တယ္ ဆိုပီး သတင္းေမႊးတယ္… တကယ္လဲ ေျခာက္တယ္.. ေျခာက္တဲ့သရဲေတြက ကိုရင္ ဦးဇင္းေတြေတာင္မေၾကာက္ဘူး… ဘုရားသားေတာ္ေတြေတာင္ ေျခာက္ခံထိတယ္...
ဘုန္းႀကီးေက်ာင္းက ပရိယတၱိစာသင္ေက်ာင္းဆိုေတာ့ စာသင္သားေတြလဲ စံုတယ္… နယ္ေပါင္းစံုက လာတဲ့ကိုရင္ေတြ ဦးဇင္းေတြ … မ်ားေသာအားျဖင့္ ပအို၀့္တိုင္းရင္းသားေတြပိုမ်ားတယ္…. ဘုန္းႀကီးေက်ာင္းမွာ အေဆာင္၃ေဆာင္ရွိတယ္.. အေဆာင္၃ေဆာင္လံုး သရဲေျခာက္တယ္…. က်ြန္ေတာ္ကလဲ ကိုရင္စ၀တ္ခါစဆိုေတာ့ ညဖက္ေတြဆို ရြယ္တူကိုရင္ေလးေတြ ရွိတဲ့ အေဆာင္မွာ သြားအိပ္တယ္… အဲဒီထဲမွာ ကိုရင္ပ႑ိ ကိုေတာ့ အခင္ဆံုးပဲ… အသက္က ၁၁ႏွစ္ေလာက္ရွိျပီး.. သရဲတေစၧလဲမေၾကာက္တတ္ဘူး… တစ္ည က်ြန္ေတာ္ကို ..
ကိုရင္ သရဲေၾကာက္တတ္လား…
နည္းနည္းေတာ့ေၾကာက္တယ္..
သရဲေတြ႕ဖူးလား..
မေတြ႕ဖူးဖူး….
အဲဒါဆို ဒီညျပမယ္ ၾကည့္မလားတဲ့….
က်ြန္ေတာ္လဲ ၾကည့္မယ္ဆိုျပီးေျပာလိုက္တယ္…
အဲဒါဆို တပည့္ေတာ္ ႏႈိးတဲ့အခါထၾကည့္… အခုေတာ့ အိပ္ေတာ့ဆိုျပီးေျပာတယ္..
ေန႕လည္က ကစားထားေတာ့ ေမာေမာနဲ႕အိပ္ေပ်ာ္သြားတယ္…
ဘယ္ေလာက္အိပ္ေပ်ာ္သြားလဲမသိဘူး.. ကိုရင္ထထထ ခဏေနဒီေကာင္ေတြ ထြက္လာေတာ့မယ္..ဆိုပီးႏႈိးေတာ့မွ ႏိုးလာတယ္..
ပ႑ိ သရဲက ဘယ္ကထြက္လာမွာလဲ…. အခုက ဘုန္းႀကီးေက်ာင္းထဲမွာေလ… သရဲကအျပင္မွာရွိတာ မဟုတ္ဘူးလား …
ဘယ္ကလာ သရဲက ဒီအေဆာင္ထဲမွာရွိတာ.. ေအာက္ထပ္မွာ ခဏေနထြက္လာေတာ့မွာ.. လာလာ ဆိုျပီး ႏွစ္ေယာက္သား ေလွကားအဆင္းနားကေန ေခ်ာင္းေနတာ… ေအာက္ထပ္မွာက ကိုရင္ႀကီးေတြ အိပ္ေနတဲ့ ကုတင္ေတြရွိတယ္…
ေလွကားေအာက္မွာေတာ့ လြတ္ေနတာေပါ့…
ခဏေန ပ႑ိက ကိုရင္ ဒီေကာင္ေတြလာပီ ေသခ်ာၾကည့္….အဲလိုလဲေျပာျပီးေကာ..
ေလွကားေအာက္ကေန …ထြက္လာတာဗ်ာ အမ်ားႀကီးပဲ….. ဒါေပမယ့္ ထင္ထားသလို ေၾကာက္စရာပံုေတြမဟုတ္ဘူး…
၀က္ေတြဗ်ာ ၀က္ေတြ အရြယ္ေတြစံုေနတာပဲ… အေကာင္ေသးေသးကစ အေကာင္ႀကီးႀကီးထိ မရွိဘူးဆို အေကာင္၂၀ေလာက္ရွိမယ္…
ေလွကားေအာက္ကေန ေျပးထြက္ျပီး… အေဆာင္ေဒါင့္ဆံုးမွာ ရွိေနတဲ့ကုတင္ေအာက္ထဲကို ေျပး၀င္သြားၾကတာ…
က်ြန္ေတာ္ဆို အံ့ၾသလြန္းလို႕ စကားေတာင္မေျပာ ႏိုင္ဘူး…. ေနာက္ေတာ့ ကိုရင္ပ႑ိကို ေမးတာ..
အဲဒီ၀က္ေတြက ဘာေတြလဲ … ပ႑ိ.
အဲဒါေတြက မေကာင္းဆိုး၀ါးေတြပံုစံ
ေျပာင္းထားတာ… သူတို႕က ညတိုင္းမထြက္ဘူး..လျပည့္ေန႔မွ ထြက္တာ…ငါေတာင္အေပါ့ထသြားရင္းေတြ႕လို႕ သိရတာ က်န္တဲ့ကိုယ္ေတာ္ေတြ မသိေသးဘူး..
ပ႑ိကလဲ အဲဒါက ေၾကာက္ဖို႕မေကာင္းဘူး….
အဳလိုေျပာေတာ့ ပ႑ိက…
ဒီအေဆာင္မွာက ဒီလိုေကာင္ေတြပဲရွိတယ္… အလယ္ေဆာင္မွာဆိုပိုဆိုးတယ္… ေနာက္ေန႕ အဲဒီအေဆာင္မွာ သြားအိပ္မယ္… အဲဒီအခါက်မွ လန္႕မေအာ္နဲ႕….
ဘာျဖစ္လို႕လဲ ……..
ဘာလို႕လဲဆိုေတာ့ အဲဒီအေဆာင္မွာ သရဲတစ္ေကာင္ရွိတယ္…. ငါ့ကိုေတာင္ စေရာက္တုန္းက ေျခာက္ေသးတယ္….အိပ္ေနရင္ သကၤန္းကိုလာလာဆြဲတယ္… ေနာက္ပီးေျခေထာက္လဲ လာလာဆြဲတယ္….. သူဒီမွာရွိေၾကာင္းျပတာျဖစ္မယ္ထင္တယ္… ေနာက္ပိုင္းငါ့ကိုမေျခာက္ေတာ့ဘူး…. ကိုရင္အသစ္ေတြဆိုရင္ အဲဒီအေဆာင္မွာ သြားမအိပ္ရဲဘူး…..ဟိုတစ္ေလာက ကိုရင္အဂၢ အဲဒီအေဆာင္မွာအိပ္ေနရင္း တီဗီၾကည့္ေနတာ…
သူေခါင္းအံုးထားတာက ဖက္ေခါင္းအံုး……
ေနာက္တီဗီၾကည့္ေနရင္း… ဖက္ေခါင္းကိုစမ္းမိတာ ဖက္ေခါင္းအံုး မဟုတ္ေတာ့ပဲ လက္ျပတ္ႀကီးေပၚကို ေခါင္းတင္ျပီး အိပ္ေနတာ…. အဂၢတစ္ေယာက္ေအာ္ျပီးေျပးတာ.. ေနာက္ေန႕ ေတြ အဲဒီအေဆာင္ကိုမသြားရဲေတာ့ဘူး…..
ေအာ္အဲလိုလား….. ဒီညသြားအိပ္မယ္ေလ… ပ႑ိ မင္းပါလိုက္ေပး…
ေအးပါကြာ ငါလိုက္အိပ္ေပးမယ္…. ေျခာက္ခံထိရင္ ထြက္မေျပးနဲ႕ေနာ္…. ဟဟဟဟ
အဲဒီည က်ြန္ေတာ္ရယ္ ပ႑ိရယ္.. အဲဒီအေဆာင္မွာေနတဲ့ ဦးဇင္းဆီမွာ တီဗီၾကည့္မလို႕ဆိုျပီး ခြင့္ေတာင္းျပီး ေနၾကေကာ.. အခ်ိန္နည္းနညး္လင့္ေတာ့ မျပနါေတာ့ဘူး… ဒီမွာပဲအိပ္ေတာ့မယ္ဆိုျပီးေျပာေတာ့ ဦးဇင္းက ကိုရင္ေလးျဖစ္ပါ့မလား.. ေနရဲလို႕လား..
ေနရဲတယ္ ဦးဇင္း.. ပ႑ိလဲပါေနတာပဲ… တပည့္ေတာ္ဘာမွလုပ္တာမွမဟုတ္တာ…
ဒါဆိုလဲ အိပ္ကြာ ျခင္ေထာင္ေတာ့မရွိဘူး..
ျခင္ေဆးထြန္းအိပ္ဆိုျပီး ေပးအိပ္ေတာ့ က်ြန္ေတာ္နဲ႕ပ႑ိလဲ ဖ်ာခင္းျပီး အိပ္ေကာ…
က်ြန္ေတာ္ကေတာ့ မအိပ္ခင္ စိတ္ထဲကေန… ဒီအေဆာင္မွာရွိတဲ့သူက ဘယ္လိုပံုစံလဲမသိဘူး.. ျမင္ရရင္ေကာင္းမယ္… အဲလိုေတြးပီး..
မအိ္ပ္ခင္ဘုရားရွိခိုး.. ပ႑ိေဘးမွာ၀င္တိုးအိပ္တာပဲ…
အိပ္မေပ်ာ္ခင္ ပ႑ိကို..
ပ႑ိငါလက္တို႔ရင္ ထေနာ္… အိပ္ပုတ္ႀကီးမေနနဲ႕…
ေအးပါကြာ ငါမအိပ္ပါဘူး…. တစ္ခုခုထူးျခားရင္ ခက္ကုတ္လိုက္ မင္းေဘးမွာငါရွိေနတာပဲ….
အဲဒါဆိုလဲျပီးေရာဆိုပီး… အိပ္လိုက္တာ…
ေမွးခနဲျဖစ္တဲ့အခ်ိန္… သကၤန္းကိုလာဆြဲသလိုခံစားလိုက္ရတယ္…. မ်က္လံုးကမဖြင့္ၾကည့္ရဲဘူး….. အဲဒါနဲ႕ေဘးက ပ႑ိကို လက္ကုတ္လိုက္တယ္….. ခဏေနေတာ့ ပ႑ိက သူသိေၾကာင္း
လက္ျပန္ကုတ္တယ္…ခဏေနေတာ့ သကၤန္းလာျပန္ဆြဲျပန္ေရာ… သကၤန္းကေလထဲမွာလႊင့္ေနသလို ခံစားမိေတာ့.. မ်က္လံုးအသာေလးဖြင့္ၾကည့္တာ…. တကယ္အဟုတ္ပဲ…. သကၤန္းက ေလထဲေျမာက္ေနတာ.. တစ္ေယာက္ေယာက္ဆြဲေနသလိုပဲ….. အေကာင္အထည္ေတာ့မျမင္ရဘူး… ပ႑ိလဲေတြ႕တယ္. အဲဒီအခ်ိန္ ၀ုနးဆို ပ႑ိ မတ္တပ္ထရပ္ျပီး အဲဒီသကၤန္းေဘးကို ေျပးသြားျပီး လက္သီးနဲ႕ထိုးေနတာ… က်ြန္ေတာ္ျမင္တာကေတာ့ ပ႑ိတစ္ေယာက္ထဲ ..
ၾကမ္းေပၚမွာလိမ့္ေနတာ… ပါးစပ္ကလဲ ေအာ္ေနတာ…
မင္းလားကြ ..ဆိုျပီး ေလထဲကိုထိုးေနတာ… ခဏၾကာေတာ့ အသံေတြၾကားလို႕ အေပၚထပ္မွာ အိပ္ေနတဲ့စာခ်ဆရာေတာ္ဆင္းလာမွ….. ပ႑ိလဲ အထိုးရပ္လိုက္တယ္…. တစ္ကိုယ္လံုးလဲ ေခ်ြးေတြ ရႊဲနစ္ေနတာပဲ….
ဟဲ့ ပ႑ိ ဘာျဖစ္တာလဲ….
ဘုရား… ဘယိကေကာင္လဲမသိဘူး… တပည့္ေတာ့သကၤန္းလာဆြဲလို႕ ၾကည့္လိုက္တာ.. မဲမဲပုပု အေကာင္တစ္ေကာင္ ျဖစ္ေနတာ…. တစ္ခါမဟုတ္ႏွစ္ခါမဟုတ္ဘူး လာလာဆြဲေနတာ..
အဲဒါအဲဒီေကာင္က တပည့္ေတာ္ကို ထိုးမလားဆိုျပီး စိန္ေခၚတာ တပည့္ေတာ္လဲ ေဒါသထြက္ျပီး ထိုးေနတာ.. သူကိုထိုးရတာ ဖြဲအိတ္ကိုထုိးေနရသလိုပဲ… ၾကာလာေတာ့ ေမာလာတယ္.. သူကေတာ့ဘာမွမျဖစ္ဘူး… ဦးဇင္းႏိုးလာမွ ဒီေကာင္ တံခါးဟထားတဲ့ ၾကားကေန ေျပးဆင္းသြားတယ္ …..
က်ြန္ေတာ္လဲ ပ႑ိေျပာတာကို ပါးစပ္အေဟာာင္း သားနဲ႕နားေထာင္ေနတာ.. က်ြန္ေတာ္က ဘာမွကို မေတြ႕တာ.. အဲေတာ့မွ ဦးဇင္းက ဒီေကာင္ ဘာလာလုပ္ျပန္ပီလဲမသိဘူး… ဦးဇင္း ဒီေကာင္ အဲလိုလိုက္စေနလို႕ ေမာင္းထုတ္ထားတာ…. အဲဒီေကာင္က စေနာက္ရတာသေဘာက်တယ္ ထင္တယ္… ဒီေက်ာင္းကို ဘယ္သူမွမလာရဲေအာင္ ကိုစေနာက္ေတာ့တာပဲ.
ကဲကဲ ျပန္အိပ္ေတာ့ … ဦးဇင္းလာအိပ္ေပးမယ္…
ဆိုပီး ဦးဇင္းက က်ြန္ေတာ့္ကိုအလယ္မွာထားျပီး လာအိပ္ေပးတယ္… ..
မနက္ အာရုဏ္တက္ေတာ့ ပ႑ိက ကိုရင္ထထထ
အာရုဏ္ဆြမ္းၾကြရမယ္.. မ်က္ႏွာသစ္ .သကၤန္းရံုဆိုျပီးလာႏႈိးေတာ့မွာ ေကာက္ထျပီး မ်က္ႏွာသစ္.. သကၤန္းရံုျပီး အာရုဏ္ဆြမ္းၾကြ လိုက္သြားတာ.. ကိုရင္ေတြအားလံုးတန္းစီျပီးၾကြရတယ္… က်ြန္ေတာ္က ၀ါစဥ္အနညး္ဆံုးဆိုေတာ့ ေနာက္ဆံုး.. က်ြန္ေတာ္ေရွ႕မွာကေတာ့ ပ႑ိ..
အဲလိုၾကြလာတာ အျပန္က်ေတာ့ အိမ္သာတက္ခ်င္လာေကာ…. ေက်ာင္းကလဲ လမါးတစ္ေကြ႕က်န္ေသးတယ္… ဒါေပမယ့္ ဘုရားေပၚကျဖတ္သြားရင္ နီးနီးေလး အဲဒါနဲ႕ ပ႑ိကို ေခၚျပီး ဘုရားေပၚကေန ျဖတ္တာ… အခ်ိန္က အလင္းေရာင္ မႈန္မႈန္ေလးပဲျမင္ေနရေသးတာ…. ဘုရားေပၚမွာလဲ ေမွာင္ေနတာ… ဘုရားေပၚကေနျဖတ္လာေတာ့…. ဘုန္းႀကီးေက်ာင္းထဲအ၀င္နားက သရက္ပင္ေအာက္ ေရာက္ေကာ….
ဒီတစ္ခါက်ြန္ေတာ္ျမင္လိုက္တာ… ပ႑ိ ဟုိမွာ ဘာေကာင္လဲ ေတြ႕လား.. သရက္ပင္ ေအာက္မွာငုတ္တုတ္ထိုင္ေနတာ ေမ်ာက္လားမသိဘူး….
ေမွာင္လဲေမွာင္ေနေတာ့ သိပ္မသဲကြဲဘူး….
ပ႑ိက ေသခ်ာၾကည့္ျပီး ဟာ…ဟိုေကာင္ ညကေကာင္…ငါ့ကိာေစာင့္ေနတာျဖစ္မယ္….
ေရာ့ သပိတ္ကိုင္ထား.. ဒီမွာရပ္ေနဆိုျပီး ခါးပန္းႀကိဳးကိုျဖဳတ္ျပီး အဲဒီမဲမဲေကာင္ကို လိုက္ရိုက္တာ. မဲမဲေကာင္က ပထမေေတာ့ ပ႑ိကို ျပန္လံုးတယ္… ဒါေပမယ့္ အနားမေရာက္ဘူး… ပ႑ိကေနျပီး ခါးပန္းႀကိဳးနဲ႕ ဆီးရိုက္တာ…. ျဖန္းျဖန္းျဖန္း…….
အဲလို၃ခ်က္ေလာက္ထိေကာ ဟိုေကာင္ ၀င္မလံုး ေတာ့ပဲ …. ေျမႀကီးမွာလိမ့္ေနေအာင္ေအာ္ေနတာ…
ပ႑ိကလဲ ဘာမွတ္ေနလဲ … မွတ္ထား …. အဲဒါဆရာေတာ္ ခါးပန္းႀကိဳးကြ ဆိုျပီး ေျပာလဲေျပာ ရိုက္လဲရိုက္… ခဏေနေတာ့… ဟိုမဲမဲေကာင္က ထေျပးတာ….. ဘုရားေဘးက ဇရပ္ပ်က္အေနာက္ ထဲကို၀င္ေျပးသြားတာ….. ခဏေနေတာ့ ပ႑ိ သပိတ္လာျပန္ယူေတာ့…. ပ႑ိ မင္းဆရာေတာ္ခါးပန္းႀကိဳးဘယ္လိုရလာတာလဲ..
ဟဲဟဲ ဒီေကာင္ ဒီညထပ္လာရင္ ရိုက္မလို႕ ဆရာေတာ္ လွမ္းထားတဲ့ ခါးပန္းႀကိဳးခဏျဖဳတ္လာတာ… ဒီေကာင္က ညထိမေစာင့္ပဲ ေပၚလာေတာ့ ခါးပနါးႀကိဳးစာ ေက်ြးလိုက္တာေပါ့……
အဲဒါနဲ႕ သပိတ္ကိုယ္စီလြယ္ျပီး ဆြမ္းစားေဆာင္ထဲ ၀င္ေတာ့ ဆရာေတာ္ ႀကိမ္လံုးကိုင္ျပီးေစာင္ေ့နတယ္…. လာခဲ့ ၂ေကာင္လံုးဆိုျပီး …. ပ႑ိကိုေတာ့ ခါးပန္းႀကိဳးကို ပိုင္ရွင္မသိပဲ ယူတာ ခိုးတာပဲဆိုျပီး တရႊမ္းရႊမ္းနဲ႕ ဗ်င္းေတာ့တာပဲ…. က်ြန္ေတာ္ကိုေတာ့ ဒုလႅဘ မို႕လို႕ မရိုက္ေတာ့ဘူး…. ေခါင္းကိုပဲ ေဒါက္ကနဲ ျမည္ေအာင္ ေခါက္ျပီး… သြား ဆြမ္းသြားစားေတာ့..
ေနာက္ေန႕ကစျပီး က်ြန္ေတာ္လဲ ေက်ာင္းျပန္ဖြင့္ေတာ့မွာမို႕လို႕ လူ၀တ္ထြက္လိုက္ရတယ္… ပ႑ိကေတာ့ ဘုန္းႀကီးေက်ာင္းမွာ က်န္ခဲ့တယ္.. က်ြန္ေတာ္လဲ အခ်ိန္ရရင္ ရသလို ပ႑ိနဲ႕သြားေတြ႕ပါတယ္… ပ႑ိလဲ ဓမၼာစရိယတန္းအထိေရာက္ခဲ့တယ္.. ေနာက္ပိုင္း အဆက္အသြယ္ျပတ္သြားခဲ့တယ္ .. အခုသတင္းၾကားတာက လူထြက္ျပီး မိန္းမရေနပီလို႕ ၾကားတယ္…. ခုထိ ျပန္မေတြ႕ရေတာ့ဘူး….. ဆရာေတာ္ကေတာ့ က်ြန္ေတာ္ ဘုန္းႀကီးေက်ာင္းေရာက္ျဖစ္တဲ့အခါတိုင္း..
မင္းသူငယ္ခ်င္း ပ႑ိေတာ့ မိန္းမရသြားပီကြ… မင္းပဲက်န္ေတာ့တယ္လို႕ အျမဲေျပာတယ္……
အခုေရးတဲ့စာကို တိုက္ဆိုင္လို႕ ပ႑ိ ဖတ္ျဖစ္ခဲ့ရင္ ငါ့ဆီကို ဆက္သြယ္ေပးပါ…..
သတိရတယ္ကြာ…ငယ္ငယ္တုန္းက အခ်ိန္ေတြကို…..
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဇယန ( ရာမည )

#Unicode Version#
ကျွန်တော်ကိုရင်စဝတ်တဲ့အရွယ်က အသက်၁၀နှစ်အရွယ်… ဝတ်တဲ့ဘုန်းကြီးကျောင်းက ကျွန်တော်တို့နယ်တစ်ခွင်မှာ နာမည်ကြီး… ဘာနာမည်ကြီးလဲဆိုတော့ သရဲအရမ်းခြောက်တယ် ဆိုပီး သတင်းမွှေးတယ်… တကယ်လဲ ခြောက်တယ်.. ခြောက်တဲ့သရဲတွေက ကိုရင် ဦးဇင်းတွေတောင်မကြောက်ဘူး… ဘုရားသားတော်တွေတောင် ခြောက်ခံထိတယ်...
ဘုန်းကြီးကျောင်းက ပရိယတ္တိစာသင်ကျောင်းဆိုတော့ စာသင်သားတွေလဲ စုံတယ်… နယ်ပေါင်းစုံက လာတဲ့ကိုရင်တွေ ဦးဇင်းတွေ … များသောအားဖြင့် ပအိုဝ့်တိုင်းရင်းသားတွေပိုများတယ်…. ဘုန်းကြီးကျောင်းမှာ အဆောင်၃ဆောင်ရှိတယ်.. အဆောင်၃ဆောင်လုံး သရဲခြောက်တယ်…. ကျွန်တော်ကလဲ ကိုရင်စဝတ်ခါစဆိုတော့ ညဖက်တွေဆို ရွယ်တူကိုရင်လေးတွေ ရှိတဲ့ အဆောင်မှာ သွားအိပ်တယ်… အဲဒီထဲမှာ ကိုရင်ပဏ္ဍိ ကိုတော့ အခင်ဆုံးပဲ… အသက်က ၁၁နှစ်လောက်ရှိပြီး.. သရဲတစ္ဆေလဲမကြောက်တတ်ဘူး… တစ်ည ကျွန်တော်ကို ..
ကိုရင် သရဲကြောက်တတ်လား…
နည်းနည်းတော့ကြောက်တယ်..
သရဲတွေ့ဖူးလား..
မတွေ့ဖူးဖူး….
အဲဒါဆို ဒီညပြမယ် ကြည့်မလားတဲ့….
ကျွန်တော်လဲ ကြည့်မယ်ဆိုပြီးပြောလိုက်တယ်…
အဲဒါဆို တပည့်တော် နှိုးတဲ့အခါထကြည့်… အခုတော့ အိပ်တော့ဆိုပြီးပြောတယ်..
နေ့လည်က ကစားထားတော့ မောမောနဲ့အိပ်ပျော်သွားတယ်…
ဘယ်လောက်အိပ်ပျော်သွားလဲမသိဘူး.. ကိုရင်ထထထ ခဏနေဒီကောင်တွေ ထွက်လာတော့မယ်..ဆိုပီးနှိုးတော့မှ နိုးလာတယ်..
ပဏ္ဍိ သရဲက ဘယ်ကထွက်လာမှာလဲ…. အခုက ဘုန်းကြီးကျောင်းထဲမှာလေ… သရဲကအပြင်မှာရှိတာ မဟုတ်ဘူးလား …
ဘယ်ကလာ သရဲက ဒီအဆောင်ထဲမှာရှိတာ.. အောက်ထပ်မှာ ခဏနေထွက်လာတော့မှာ.. လာလာ ဆိုပြီး နှစ်ယောက်သား လှေကားအဆင်းနားကနေ ချောင်းနေတာ… အောက်ထပ်မှာက ကိုရင်ကြီးတွေ အိပ်နေတဲ့ ကုတင်တွေရှိတယ်…
လှေကားအောက်မှာတော့ လွတ်နေတာပေါ့…
ခဏနေ ပဏ္ဍိက ကိုရင် ဒီကောင်တွေလာပီ သေချာကြည့်….အဲလိုလဲပြောပြီးကော..
လှေကားအောက်ကနေ …ထွက်လာတာဗျာ အများကြီးပဲ….. ဒါပေမယ့် ထင်ထားသလို ကြောက်စရာပုံတွေမဟုတ်ဘူး…
ဝက်တွေဗျာ ဝက်တွေ အရွယ်တွေစုံနေတာပဲ… အကောင်သေးသေးကစ အကောင်ကြီးကြီးထိ မရှိဘူးဆို အကောင်၂၀လောက်ရှိမယ်…
လှေကားအောက်ကနေ ပြေးထွက်ပြီး… အဆောင်ဒေါင့်ဆုံးမှာ ရှိနေတဲ့ကုတင်အောက်ထဲကို ပြေးဝင်သွားကြတာ…
ကျွန်တော်ဆို အံ့သြလွန်းလို့ စကားတောင်မပြော နိုင်ဘူး…. နောက်တော့ ကိုရင်ပဏ္ဍိကို မေးတာ..
အဲဒီဝက်တွေက ဘာတွေလဲ … ပဏ္ဍိ.
အဲဒါတွေက မကောင်းဆိုးဝါးတွေပုံစံ
ပြောင်းထားတာ… သူတို့က ညတိုင်းမထွက်ဘူး..လပြည့်နေ့မှ ထွက်တာ…ငါတောင်အပေါ့ထသွားရင်းတွေ့လို့ သိရတာ ကျန်တဲ့ကိုယ်တော်တွေ မသိသေးဘူး..
ပဏ္ဍိကလဲ အဲဒါက ကြောက်ဖို့မကောင်းဘူး….
အုလိုပြောတော့ ပဏ္ဍိက…
ဒီအဆောင်မှာက ဒီလိုကောင်တွေပဲရှိတယ်… အလယ်ဆောင်မှာဆိုပိုဆိုးတယ်… နောက်နေ့ အဲဒီအဆောင်မှာ သွားအိပ်မယ်… အဲဒီအခါကျမှ လန့်မအော်နဲ့….
ဘာဖြစ်လို့လဲ ……..
ဘာလို့လဲဆိုတော့ အဲဒီအဆောင်မှာ သရဲတစ်ကောင်ရှိတယ်…. ငါ့ကိုတောင် စရောက်တုန်းက ခြောက်သေးတယ်….အိပ်နေရင် သင်္ကန်းကိုလာလာဆွဲတယ်… နောက်ပီးခြေထောက်လဲ လာလာဆွဲတယ်….. သူဒီမှာရှိကြောင်းပြတာဖြစ်မယ်ထင်တယ်… နောက်ပိုင်းငါ့ကိုမခြောက်တော့ဘူး…. ကိုရင်အသစ်တွေဆိုရင် အဲဒီအဆောင်မှာ သွားမအိပ်ရဲဘူး…..ဟိုတစ်လောက ကိုရင်အဂ္ဂ အဲဒီအဆောင်မှာအိပ်နေရင်း တီဗီကြည့်နေတာ…
သူခေါင်းအုံးထားတာက ဖက်ခေါင်းအုံး……
နောက်တီဗီကြည့်နေရင်း… ဖက်ခေါင်းကိုစမ်းမိတာ ဖက်ခေါင်းအုံး မဟုတ်တော့ပဲ လက်ပြတ်ကြီးပေါ်ကို ခေါင်းတင်ပြီး အိပ်နေတာ…. အဂ္ဂတစ်ယောက်အော်ပြီးပြေးတာ.. နောက်နေ့ တွေ အဲဒီအဆောင်ကိုမသွားရဲတော့ဘူး…..
အော်အဲလိုလား….. ဒီညသွားအိပ်မယ်လေ… ပဏ္ဍိ မင်းပါလိုက်ပေး…
အေးပါကွာ ငါလိုက်အိပ်ပေးမယ်…. ခြောက်ခံထိရင် ထွက်မပြေးနဲ့နော်…. ဟဟဟဟ
အဲဒီည ကျွန်တော်ရယ် ပဏ္ဍိရယ်.. အဲဒီအဆောင်မှာနေတဲ့ ဦးဇင်းဆီမှာ တီဗီကြည့်မလို့ဆိုပြီး ခွင့်တောင်းပြီး နေကြကော.. အချိန်နည်းနည်းလင့်တော့ မပြနါတော့ဘူး… ဒီမှာပဲအိပ်တော့မယ်ဆိုပြီးပြောတော့ ဦးဇင်းက ကိုရင်လေးဖြစ်ပါ့မလား.. နေရဲလို့လား..
နေရဲတယ် ဦးဇင်း.. ပဏ္ဍိလဲပါနေတာပဲ… တပည့်တော်ဘာမှလုပ်တာမှမဟုတ်တာ…
ဒါဆိုလဲ အိပ်ကွာ ခြင်ထောင်တော့မရှိဘူး..
ခြင်ဆေးထွန်းအိပ်ဆိုပြီး ပေးအိပ်တော့ ကျွန်တော်နဲ့ပဏ္ဍိလဲ ဖျာခင်းပြီး အိပ်ကော…
ကျွန်တော်ကတော့ မအိပ်ခင် စိတ်ထဲကနေ… ဒီအဆောင်မှာရှိတဲ့သူက ဘယ်လိုပုံစံလဲမသိဘူး.. မြင်ရရင်ကောင်းမယ်… အဲလိုတွေးပီး..
မအိပ်ခင်ဘုရားရှိခိုး.. ပဏ္ဍိဘေးမှာဝင်တိုးအိပ်တာပဲ…
အိပ်မပျော်ခင် ပဏ္ဍိကို..
ပဏ္ဍိငါလက်တို့ရင် ထနော်… အိပ်ပုတ်ကြီးမနေနဲ့…
အေးပါကွာ ငါမအိပ်ပါဘူး…. တစ်ခုခုထူးခြားရင် ခက်ကုတ်လိုက် မင်းဘေးမှာငါရှိနေတာပဲ….
အဲဒါဆိုလဲပြီးရောဆိုပီး… အိပ်လိုက်တာ…
မှေးခနဲဖြစ်တဲ့အချိန်… သင်္ကန်းကိုလာဆွဲသလိုခံစားလိုက်ရတယ်…. မျက်လုံးကမဖွင့်ကြည့်ရဲဘူး….. အဲဒါနဲ့ဘေးက ပဏ္ဍိကို လက်ကုတ်လိုက်တယ်….. ခဏနေတော့ ပဏ္ဍိက သူသိကြောင်း
လက်ပြန်ကုတ်တယ်…ခဏနေတော့ သင်္ကန်းလာပြန်ဆွဲပြန်ရော… သင်္ကန်းကလေထဲမှာလွှင့်နေသလို ခံစားမိတော့.. မျက်လုံးအသာလေးဖွင့်ကြည့်တာ…. တကယ်အဟုတ်ပဲ…. သင်္ကန်းက လေထဲမြောက်နေတာ.. တစ်ယောက်ယောက်ဆွဲနေသလိုပဲ….. အကောင်အထည်တော့မမြင်ရဘူး… ပဏ္ဍိလဲတွေ့တယ်. အဲဒီအချိန် ဝုနးဆို ပဏ္ဍိ မတ်တပ်ထရပ်ပြီး အဲဒီသင်္ကန်းဘေးကို ပြေးသွားပြီး လက်သီးနဲ့ထိုးနေတာ… ကျွန်တော်မြင်တာကတော့ ပဏ္ဍိတစ်ယောက်ထဲ ..
ကြမ်းပေါ်မှာလိမ့်နေတာ… ပါးစပ်ကလဲ အော်နေတာ…
မင်းလားကွ ..ဆိုပြီး လေထဲကိုထိုးနေတာ… ခဏကြာတော့ အသံတွေကြားလို့ အပေါ်ထပ်မှာ အိပ်နေတဲ့စာချဆရာတော်ဆင်းလာမှ….. ပဏ္ဍိလဲ အထိုးရပ်လိုက်တယ်…. တစ်ကိုယ်လုံးလဲ ချွေးတွေ ရွှဲနစ်နေတာပဲ….
ဟဲ့ ပဏ္ဍိ ဘာဖြစ်တာလဲ….
ဘုရား… ဘယိကကောင်လဲမသိဘူး… တပည့်တော့သင်္ကန်းလာဆွဲလို့ ကြည့်လိုက်တာ.. မဲမဲပုပု အကောင်တစ်ကောင် ဖြစ်နေတာ…. တစ်ခါမဟုတ်နှစ်ခါမဟုတ်ဘူး လာလာဆွဲနေတာ..
အဲဒါအဲဒီကောင်က တပည့်တော်ကို ထိုးမလားဆိုပြီး စိန်ခေါ်တာ တပည့်တော်လဲ ဒေါသထွက်ပြီး ထိုးနေတာ.. သူကိုထိုးရတာ ဖွဲအိတ်ကိုထိုးနေရသလိုပဲ… ကြာလာတော့ မောလာတယ်.. သူကတော့ဘာမှမဖြစ်ဘူး… ဦးဇင်းနိုးလာမှ ဒီကောင် တံခါးဟထားတဲ့ ကြားကနေ ပြေးဆင်းသွားတယ် …..
ကျွန်တော်လဲ ပဏ္ဍိပြောတာကို ပါးစပ်အဟောာင်း သားနဲ့နားထောင်နေတာ.. ကျွန်တော်က ဘာမှကို မတွေ့တာ.. အဲတော့မှ ဦးဇင်းက ဒီကောင် ဘာလာလုပ်ပြန်ပီလဲမသိဘူး… ဦးဇင်း ဒီကောင် အဲလိုလိုက်စနေလို့ မောင်းထုတ်ထားတာ…. အဲဒီကောင်က စနောက်ရတာသဘောကျတယ် ထင်တယ်… ဒီကျောင်းကို ဘယ်သူမှမလာရဲအောင် ကိုစနောက်တော့တာပဲ.
ကဲကဲ ပြန်အိပ်တော့ … ဦးဇင်းလာအိပ်ပေးမယ်…
ဆိုပီး ဦးဇင်းက ကျွန်တော့်ကိုအလယ်မှာထားပြီး လာအိပ်ပေးတယ်… ..
မနက် အာရုဏ်တက်တော့ ပဏ္ဍိက ကိုရင်ထထထ
အာရုဏ်ဆွမ်းကြွရမယ်.. မျက်နှာသစ် .သင်္ကန်းရုံဆိုပြီးလာနှိုးတော့မှာ ကောက်ထပြီး မျက်နှာသစ်.. သင်္ကန်းရုံပြီး အာရုဏ်ဆွမ်းကြွ လိုက်သွားတာ.. ကိုရင်တွေအားလုံးတန်းစီပြီးကြွရတယ်… ကျွန်တော်က ဝါစဉ်အနည်းဆုံးဆိုတော့ နောက်ဆုံး.. ကျွန်တော်ရှေ့မှာကတော့ ပဏ္ဍိ..
အဲလိုကြွလာတာ အပြန်ကျတော့ အိမ်သာတက်ချင်လာကော…. ကျောင်းကလဲ လမါးတစ်ကွေ့ကျန်သေးတယ်… ဒါပေမယ့် ဘုရားပေါ်ကဖြတ်သွားရင် နီးနီးလေး အဲဒါနဲ့ ပဏ္ဍိကို ခေါ်ပြီး ဘုရားပေါ်ကနေ ဖြတ်တာ… အချိန်က အလင်းရောင် မှုန်မှုန်လေးပဲမြင်နေရသေးတာ…. ဘုရားပေါ်မှာလဲ မှောင်နေတာ… ဘုရားပေါ်ကနေဖြတ်လာတော့…. ဘုန်းကြီးကျောင်းထဲအဝင်နားက သရက်ပင်အောက် ရောက်ကော….
ဒီတစ်ခါကျွန်တော်မြင်လိုက်တာ… ပဏ္ဍိ ဟိုမှာ ဘာကောင်လဲ တွေ့လား.. သရက်ပင် အောက်မှာငုတ်တုတ်ထိုင်နေတာ မျောက်လားမသိဘူး….
မှောင်လဲမှောင်နေတော့ သိပ်မသဲကွဲဘူး….
ပဏ္ဍိက သေချာကြည့်ပြီး ဟာ…ဟိုကောင် ညကကောင်…ငါ့ကိာစောင့်နေတာဖြစ်မယ်….
ရော့ သပိတ်ကိုင်ထား.. ဒီမှာရပ်နေဆိုပြီး ခါးပန်းကြိုးကိုဖြုတ်ပြီး အဲဒီမဲမဲကောင်ကို လိုက်ရိုက်တာ. မဲမဲကောင်က ပထမေတော့ ပဏ္ဍိကို ပြန်လုံးတယ်… ဒါပေမယ့် အနားမရောက်ဘူး… ပဏ္ဍိကနေပြီး ခါးပန်းကြိုးနဲ့ ဆီးရိုက်တာ…. ဖြန်းဖြန်းဖြန်း…….
အဲလို၃ချက်လောက်ထိကော ဟိုကောင် ဝင်မလုံး တော့ပဲ …. မြေကြီးမှာလိမ့်နေအောင်အော်နေတာ…
ပဏ္ဍိကလဲ ဘာမှတ်နေလဲ … မှတ်ထား …. အဲဒါဆရာတော် ခါးပန်းကြိုးကွ ဆိုပြီး ပြောလဲပြော ရိုက်လဲရိုက်… ခဏနေတော့… ဟိုမဲမဲကောင်က ထပြေးတာ….. ဘုရားဘေးက ဇရပ်ပျက်အနောက် ထဲကိုဝင်ပြေးသွားတာ….. ခဏနေတော့ ပဏ္ဍိ သပိတ်လာပြန်ယူတော့…. ပဏ္ဍိ မင်းဆရာတော်ခါးပန်းကြိုးဘယ်လိုရလာတာလဲ..
ဟဲဟဲ ဒီကောင် ဒီညထပ်လာရင် ရိုက်မလို့ ဆရာတော် လှမ်းထားတဲ့ ခါးပန်းကြိုးခဏဖြုတ်လာတာ… ဒီကောင်က ညထိမစောင့်ပဲ ပေါ်လာတော့ ခါးပနါးကြိုးစာ ကျွေးလိုက်တာပေါ့……
အဲဒါနဲ့ သပိတ်ကိုယ်စီလွယ်ပြီး ဆွမ်းစားဆောင်ထဲ ဝင်တော့ ဆရာတော် ကြိမ်လုံးကိုင်ပြီးစောင်ေ့နတယ်…. လာခဲ့ ၂ကောင်လုံးဆိုပြီး …. ပဏ္ဍိကိုတော့ ခါးပန်းကြိုးကို ပိုင်ရှင်မသိပဲ ယူတာ ခိုးတာပဲဆိုပြီး တရွှမ်းရွှမ်းနဲ့ ဗျင်းတော့တာပဲ…. ကျွန်တော်ကိုတော့ ဒုလ္လဘ မို့လို့ မရိုက်တော့ဘူး…. ခေါင်းကိုပဲ ဒေါက်ကနဲ မြည်အောင် ခေါက်ပြီး… သွား ဆွမ်းသွားစားတော့..
နောက်နေ့ကစပြီး ကျွန်တော်လဲ ကျောင်းပြန်ဖွင့်တော့မှာမို့လို့ လူဝတ်ထွက်လိုက်ရတယ်… ပဏ္ဍိကတော့ ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တယ်.. ကျွန်တော်လဲ အချိန်ရရင် ရသလို ပဏ္ဍိနဲ့သွားတွေ့ပါတယ်… ပဏ္ဍိလဲ ဓမ္မာစရိယတန်းအထိရောက်ခဲ့တယ်.. နောက်ပိုင်း အဆက်အသွယ်ပြတ်သွားခဲ့တယ် .. အခုသတင်းကြားတာက လူထွက်ပြီး မိန်းမရနေပီလို့ ကြားတယ်…. ခုထိ ပြန်မတွေ့ရတော့ဘူး….. ဆရာတော်ကတော့ ကျွန်တော် ဘုန်းကြီးကျောင်းရောက်ဖြစ်တဲ့အခါတိုင်း..
မင်းသူငယ်ချင်း ပဏ္ဍိတော့ မိန်းမရသွားပီကွ… မင်းပဲကျန်တော့တယ်လို့ အမြဲပြောတယ်……
အခုရေးတဲ့စာကို တိုက်ဆိုင်လို့ ပဏ္ဍိ ဖတ်ဖြစ်ခဲ့ရင် ငါ့ဆီကို ဆက်သွယ်ပေးပါ…..
သတိရတယ်ကွာ…ငယ်ငယ်တုန်းက အချိန်တွေကို…..
ဖိုးသူတော် (www.phothutaw.com)
Credit:ဇယန ( ရာမည )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top