ဆယ္ေက်ာ္သက္အရြယ္ဆိုတာ သစ္ရြက္လႈပ္ရင္လည္း ရင္ခုန္ခ်င္ခုန္ေနတာ။ ေလတိုက္ရင္လည္း အလိုလို ဝမ္းနည္းခ်င္ဝမ္းနည္းေနျပန္ေရာ။ လူတိုင္းက ဒီလို စိတ္ကစားတတ္တဲ့ ဆယ္ေက်ာ္ သက္ အရြယ္ကိုျဖတ္သန္းၿပီးမွ ရင့္က်က္တည္ၿငိမ္တဲ့အရြယ္ကိုေရာက္ၾကပါတယ္။ ဒါေပမဲ့ တခါတေလ ဒီလိုစိတ္အတက္အက်ျမန္တဲ့အခ်ိန္မွာႀကံဳရတဲ့ စိန္ေခၚမႈေတြကို ဆံုးျဖတ္ခ်က္မွားၿပီး ေျဖရွင္းမိရင္ ဆက္လက္ေလွ်ာက္ရမယ့္ ဘဝခရီးလမ္းမွာ မလိုလားအပ္တဲ့ အခက္အခဲနဲ႔ အဆင္မေျပမႈေတြႀကံဳရႏုိင္ပါတယ္။ ဒါေၾကာင့္ ဆယ္ေက်ာ္သက္အရြယ္မွာ ႀကံဳရႏုိင္တဲ့စိန္ေခၚမႈေတြနဲ႔ ေျဖရွင္းႏိုင္မယ့္အေကာင္းဆံုး နည္းလမ္းေလးေတြကိုေဖာ္ျပေပးခ်င္ပါတယ္။

(၁)ဆယ္ေက်ာ္သက္အရြယ္မွာ အမွားေတြတစ္ခုထက္မနည္းလုပ္မိၾကမွာပါ။ ဒီလိုအမွားေတြ၊ အရံႈးေတြက သင့္အတြက္ရွက္ရြံ႕စရာ၊ မ်က္ႏွာပူစရာေတြျဖစ္ႏုိင္ေပမယ့္ ဒီလိုအမွားေတြကေန သင္ခန္းစာယူႏိုင္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္မွာလူတိုင္းအရံႈးနဲ႔ရင္ဆိုင္ရတာခ်ည္းပါပဲ။ ဒါေၾကာင့္အရံႈးေတြကို ကိုယ့္ရဲ႕အားသာခ်က္ေတြျဖစ္ေအာင္ဘယ္လိုေျပာင္း လဲရမလဲဆိုတာ မ်ိဳးသင္ယူပါ။

(၂)ဆယ္ေက်ာ္သက္အရြယ္မွာအမ်ားစုႀကံဳရတဲ့စိန္ေခၚမႈကေတာ့ ဆံုးျဖတ္ခ်က္မျပတ္သားတာ၊ ဘာကိုဝါသနာပါမွန္းမသိေအာင္ ခံစားခ်က္က မေရမရာျဖစ္တာပါပဲ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အရင္သိေအာင္လုပ္ဖို႔လိုပါတယ္။ ဒါအျပင္ အစေကာင္းမွအေႏွာင္း ေသခ်ာမွာျဖစ္တဲ့အတြက္ အစစအရာရာသင္ယူလို႔အေကာင္းဆံုးအခ်ိန္မွာ ကိုယ့္မွာအား နည္းေနတဲ့အရာေတြကိုျဖည့္ ဆည္းထားသင့္ပါတယ္။

(၃)ဆယ္ေက်ာ္သက္ကေလးေတြေနာက္ထပ္ႀကံဳရတဲ့ စိန္ေခၚမႈကေတာ့ ေက်ာင္းကိစၥ၊ ေကာလိပ္ ကိစၥေတြနဲ႔ပတ္သက္ၿပီး Emotion ျဖစ္တာပါ။ ဒီအရြယ္မွာ ေက်ာင္းစာမရတာ၊ စာေမးပြဲမေျဖႏိုင္တာ၊ ေက်ာင္းပ်က္ရက္ေတြမ်ားၿပီးစာေတြမလိုက္ႏိုင္တာေတြေၾကာင့္ စိတ္ဖိစီးမႈေတြခံစားရႏုိင္ပါတယ္။ ဒါေပမဲ့ ဒီအရြယ္မွာ အတန္းပညာစံုေအာင္တတ္ေျမာက္ထားမွ ဘဝအတြက္ ေနာက္တစ္ဆင့္ကိုတက္လွမ္းႏိုင္ မွာပါ။ ဒါေၾကာင့္ ဆယ္ေက်ာ္သက္အရြယ္မွာရင္းႏွီးထားရတဲ့အခ်ိန္နဲ႔ ေငြေၾကးကိုအလဟႆ မျဖစ္ေအာင္ ႀကိဳးစားသင္ယူဖို႔လိုပါတယ္။

(၄)စိတ္ကစားတတ္တဲ့အရြယ္မွာႀကံဳရတဲ့ရင္ခုန္မႈမ်ိဳးကိုအခ်စ္လို႔ထင္မိတာကလည္း ဆယ္ေက်ာ္ သက္ေတြရဲ႕ အဓိကႀကံဳရတဲ့စိန္ေခၚမႈပါပဲ။ တစ္ေယာက္ေယာက္က ဂရုစိုက္တာခံရရင္၊ ကိုယ္နဲ႔ပတ္ သက္ၿပီး စကားလံုးလွလွေလးေတြေျပာခံရရင္ သာယာမိတတ္ၾကပါတယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ ေရွးလူႀကီးသူမေတြေျပာသလို ထန္းလ်က္တန္းနဲ႔အခ်ိဳကုန္မေနနဲ႔ ငွက္ေပ်ာတန္းထိေရာက္ေအာင္သြား ဆိုတဲ့စကားအတိုင္း ဒီအရြယ္မွာႀကံဳရတဲ့ရင္ခုန္စိတ္လႈပ္ရွားမႈမ်ိဳးကို အခ်စ္လို႔ထင္မေနဘဲ စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာေပးႏိုင္တဲ့သူမ်ိဳးေတြ႕အထိ ေစာင့္ဖို႔လိုပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ဟာ မတည္ၿငိမ္ တဲ့အရြယ္ျဖစ္တဲ့အတြက္ ကိုယ္တုိင္ခံစားရတဲ့ခံစားခ်က္ဟာလည္း တစ္ခ်ိန္ခ်ိန္မွာေျပာင္းလဲသြားဦးမွာပါ။ အဲဒီအခ်ိန္မ်ိဳးမွာ ေနာက္ျပန္လွည့္လို႔မရတဲ့အမွားမ်ိဳးမျဖစ္ဖို႔အေရးႀကီးပါတယ္။

(၅)ဆယ္ေက်ာ္သက္ေတြအတြက္ ေနာက္ထပ္အႀကီးမားဆံုးေသာ စိန္ေခၚမႈကေတာ့ မိဘေတြဟာ ကိုယ့္ရဲ႕ရန္သူေတြလို႔ျမင္လာတဲ့ကိစၥပါပဲ။ ဒီအရြယ္မွာ ေကာင္းလားဆိုးလားမခြဲျခားေတာ့ဘဲ အသစ္ အဆန္းဆိုတာနဲ႔စမ္းသပ္ၾကည့္ခ်င္ၾကပါတယ္။ မိဘကဝင္ေျပာမိၿပီဆိုရင္ သူတို႔နဲ႔အယူအဆမတူေတာ့ ဘူးဆိုရင္ မိဘေတြကိုအတိုက္အခံလုပ္ခ်င္လာၾကပါတယ္။ အဲဒီလိုအေျခအေနမ်ား ကိုယ္တုိင္ႀကံဳေန ရၿပီဆိုရင္ မိဘေတြဟာ တစ္ခ်ိန္တုန္းက မိမိလို ဆယ္ေက်ာ္သက္ျဖစ္ဖူးတယ္ဆိုတာကို သတိရေစ ခ်င္ပါတယ္။ ကိုယ္ျဖစ္ခ်င္တာကိုပြင့္ပြင့္လင္းလင္းေျပာၿပီး မိဘေတြနဲ႔ေဆြးေႏြးတိုင္ပင္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ဆယ်ကျော်သက်အရွယ်ဆိုတာ သစ်ရွက်လှုပ်ရင်လည်း ရင်ခုန်ချင်ခုန်နေတာ။ လေတိုက်ရင်လည်း အလိုလို ဝမ်းနည်းချင်ဝမ်းနည်းနေပြန်ရော။ လူတိုင်းက ဒီလို စိတ်ကစားတတ်တဲ့ ဆယ်ကျော် သက် အရွယ်ကိုဖြတ်သန်းပြီးမှ ရင့်ကျက်တည်ငြိမ်တဲ့အရွယ်ကိုရောက်ကြပါတယ်။ ဒါပေမဲ့ တခါတလေ ဒီလိုစိတ်အတက်အကျမြန်တဲ့အချိန်မှာကြုံရတဲ့ စိန်ခေါ်မှုတွေကို ဆုံးဖြတ်ချက်မှားပြီး ဖြေရှင်းမိရင် ဆက်လက်လျှောက်ရမယ့် ဘဝခရီးလမ်းမှာ မလိုလားအပ်တဲ့ အခက်အခဲနဲ့ အဆင်မပြေမှုတွေကြုံရနိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ ကြုံရနိုင်တဲ့စိန်ခေါ်မှုတွေနဲ့ ဖြေရှင်းနိုင်မယ့်အကောင်းဆုံး နည်းလမ်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။

(၁)ဆယ်ကျော်သက်အရွယ်မှာ အမှားတွေတစ်ခုထက်မနည်းလုပ်မိကြမှာပါ။ ဒီလိုအမှားတွေ၊ အရှုံးတွေက သင့်အတွက်ရှက်ရွံ့စရာ၊ မျက်နှာပူစရာတွေဖြစ်နိုင်ပေမယ့် ဒီလိုအမှားတွေကနေ သင်ခန်းစာယူနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာလူတိုင်းအရှုံးနဲ့ရင်ဆိုင်ရတာချည်းပါပဲ။ ဒါကြောင့်အရှုံးတွေကို ကိုယ့်ရဲ့အားသာချက်တွေဖြစ်အောင်ဘယ်လိုပြောင်း လဲရမလဲဆိုတာ မျိုးသင်ယူပါ။

(၂)ဆယ်ကျော်သက်အရွယ်မှာအများစုကြုံရတဲ့စိန်ခေါ်မှုကတော့ ဆုံးဖြတ်ချက်မပြတ်သားတာ၊ ဘာကိုဝါသနာပါမှန်းမသိအောင် ခံစားချက်က မရေမရာဖြစ်တာပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်သိအောင်လုပ်ဖို့လိုပါတယ်။ ဒါအပြင် အစကောင်းမှအနှောင်း သေချာမှာဖြစ်တဲ့အတွက် အစစအရာရာသင်ယူလို့အကောင်းဆုံးအချိန်မှာ ကိုယ့်မှာအား နည်းနေတဲ့အရာတွေကိုဖြည့် ဆည်းထားသင့်ပါတယ်။

(၃)ဆယ်ကျော်သက်ကလေးတွေနောက်ထပ်ကြုံရတဲ့ စိန်ခေါ်မှုကတော့ ကျောင်းကိစ္စ၊ ကောလိပ် ကိစ္စတွေနဲ့ပတ်သက်ပြီး Emotion ဖြစ်တာပါ။ ဒီအရွယ်မှာ ကျောင်းစာမရတာ၊ စာမေးပွဲမဖြေနိုင်တာ၊ ကျောင်းပျက်ရက်တွေများပြီးစာတွေမလိုက်နိုင်တာတွေကြောင့် စိတ်ဖိစီးမှုတွေခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအရွယ်မှာ အတန်းပညာစုံအောင်တတ်မြောက်ထားမှ ဘဝအတွက် နောက်တစ်ဆင့်ကိုတက်လှမ်းနိုင် မှာပါ။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာရင်းနှီးထားရတဲ့အချိန်နဲ့ ငွေကြေးကိုအလဟဿ မဖြစ်အောင် ကြိုးစားသင်ယူဖို့လိုပါတယ်။

(၄)စိတ်ကစားတတ်တဲ့အရွယ်မှာကြုံရတဲ့ရင်ခုန်မှုမျိုးကိုအချစ်လို့ထင်မိတာကလည်း ဆယ်ကျော် သက်တွေရဲ့ အဓိကကြုံရတဲ့စိန်ခေါ်မှုပါပဲ။ တစ်ယောက်ယောက်က ဂရုစိုက်တာခံရရင်၊ ကိုယ်နဲ့ပတ် သက်ပြီး စကားလုံးလှလှလေးတွေပြောခံရရင် သာယာမိတတ်ကြပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ရှေးလူကြီးသူမတွေပြောသလို ထန်းလျက်တန်းနဲ့အချိုကုန်မနေနဲ့ ငှက်ပျောတန်းထိရောက်အောင်သွား ဆိုတဲ့စကားအတိုင်း ဒီအရွယ်မှာကြုံရတဲ့ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးကို အချစ်လို့ထင်မနေဘဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာပေးနိုင်တဲ့သူမျိုးတွေ့အထိ စောင့်ဖို့လိုပါတယ်။ ဆယ်ကျော်သက်အရွယ်ဟာ မတည်ငြိမ် တဲ့အရွယ်ဖြစ်တဲ့အတွက် ကိုယ်တိုင်ခံစားရတဲ့ခံစားချက်ဟာလည်း တစ်ချိန်ချိန်မှာပြောင်းလဲသွားဦးမှာပါ။ အဲဒီအချိန်မျိုးမှာ နောက်ပြန်လှည့်လို့မရတဲ့အမှားမျိုးမဖြစ်ဖို့အရေးကြီးပါတယ်။

(၅)ဆယ်ကျော်သက်တွေအတွက် နောက်ထပ်အကြီးမားဆုံးသော စိန်ခေါ်မှုကတော့ မိဘတွေဟာ ကိုယ့်ရဲ့ရန်သူတွေလို့မြင်လာတဲ့ကိစ္စပါပဲ။ ဒီအရွယ်မှာ ကောင်းလားဆိုးလားမခွဲခြားတော့ဘဲ အသစ် အဆန်းဆိုတာနဲ့စမ်းသပ်ကြည့်ချင်ကြပါတယ်။ မိဘကဝင်ပြောမိပြီဆိုရင် သူတို့နဲ့အယူအဆမတူတော့ ဘူးဆိုရင် မိဘတွေကိုအတိုက်အခံလုပ်ချင်လာကြပါတယ်။ အဲဒီလိုအခြေအနေများ ကိုယ်တိုင်ကြုံနေ ရပြီဆိုရင် မိဘတွေဟာ တစ်ချိန်တုန်းက မိမိလို ဆယ်ကျော်သက်ဖြစ်ဖူးတယ်ဆိုတာကို သတိရစေ ချင်ပါတယ်။ ကိုယ်ဖြစ်ချင်တာကိုပွင့်ပွင့်လင်းလင်းပြောပြီး မိဘတွေနဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top