ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အသက္ႀကီး လာလွ်င္ ေယာက်္ား မိန္းမ ဝျဖိဳးလာျပီး ဗိုက္ႀကီးပူ လာျခင္းမွာ သဘာဝ ဟုဆိုႏိုင္ပါသည္။ အဆီ မ်ား၍ ပူလာေသာ ဗိုက္ ကို သရင္းႀကီးျမစ္ နွင့္ စမ္းသပ္လိုက္ပါ။

သက္ရင္းႀကီးျမစ္ ကို ေလးလက္မ ငါးလက္မခန္႔ျဖတ္၍ ေရစင္စင္ေဆးပါ။ ဘက္တီးရီးယား ပိုးမ်ားေသေစရန္ႏွင့္ မႈိမ်ား မက်ေရာက္ေစရန္ အျမစ္မ်ားကို ထမင္းေပါင္းအိုးထဲထည့္ျပီး ေပါင္းပါ။

သံုးနာရီ ေပါင္းျပီးမွ ေျခာက္ေသြ႔ေစရန္ ေနလွန္းပါ။ ေဆးေသြး ေက်ာက္ပ်ဥ္ ေပၚမွာ ေသြးျပီး ေသာက္ပါ။ ၁၀-ရက္ေလာက္ ေသာက္ျပီးေနာက္ပူေနေသာဗိုက္ႀကီး တေန႔တျခား ပိန္သြားပါလိမ့္မည္။ အဆီ ရွိေသာေနရာ ပိန္သြားျခင္းျဖစ္ပါသည္။ လူပိန္သြားျခင္း မဟုတ္ပါ။

ေန႔စဥ္ နံနက္ေစာေစာ (၆)နာရီမွာျဖစ္ေစ၊ (၇)နာရီမွာျဖစ္ေစ နံနက္စာ (Break Fast) မစားမီ ေဆး ကိုေသြးျပီး ေသာက္ပါ။

တစ္ႀကိမ္ပဲ ေသာက္ပါ။ (Zebra) စတီးဇြန္းျဖင့္ ေဆးရည္ ကိုဆားအနည္းငယ္ ထည့္ေသာက္ပါ။ ဝမ္းလြယ္ပါက ေလွ်ာ့ေသာက္ျပီး ဝမ္းခ်ဳပ္ တတ္ပါက နည္းနည္းပိုေသာက္ပါ။ (Zebra) စတီးဇြန္းသည္ စံခ်ိန္တစ္ခု ယူထားျခင္း ျဖစ္ပါသည္။

ေဆး ေသာက္ျပီး တနာရီအၾကာမွာ ဝမ္းသြားပါမည္။ ပထမတစ္ႀကိမ္ ဝမ္းသြားျပီးလွ်င္ နံနက္ေစာေစာ အစာ ကို စားေသာက္ႏိုင္ပါသည္။

ေနာက္ထပ္ တစ္နာရီ သို႔-နာရီဝက္ခန႔္ၾကာတိုင္း ဝမ္းသြား ပါဦးမည္။ ပထမတစ္ႀကိမ္ ဝမ္းသြား ျပီးကတည္းက ဝမ္းထဲမွာရွိေသာ အစာေဟာင္းမ်ား ကုန္သြားပါမည္။

ေနာက္ထပ္သြားေသာ ဝမ္း ၏အနံ႔သည္ အမဲသား ဝမ္းတြင္းသား အနံ႔ကဲ့သို႔ နံလာပါမည္။ မစင္ ကိုေရျဖင့္သန္႔စင္သည့္အခါ စအိုဝ တြင္ ဆီမ်ားရႊဲေနသည့္ အထိအေတြ႔မ်ိဳးကို သိရွိရပါလိမ့္မည္။

ဝမ္းသြား ၍ အားအင္ကုန္ခန္းျခင္း မရွိပါ။ ေဆးမ်ားမ်ား ေသာက္မိပါက ေအာ့ခ်င္ အန္ခ်င္သလို ျဖစ္တတ္ပါသည္။ စိုးရိမ္စရာ မရွိပါ။

သရင္းႀကီးျမစ္ ေသာက္ျပီးေနာက္ ရရွိလာမည့္ အက်ိဳးမ်ား
၁။ ခႏၶာကိုယ္တြင္း ရွိ ပိုေနေသာ အဆီ မ်ား (Cholesterol)ကို က်ေစသည္မွာ သိသာပါသည္။

၂။ ခႏၶာကိုယ္ ပူေႏြးျပီး ေနထိုင္ေကာင္းျပီး ေပါ့ပါးလာပါမည္။

၃။ မ်က္စိ မ်ား ၾကည္လင္လာပါမည္။

၄။ ထံုက်ဥ္ ကိုက္ခဲေနေသာ ေရာဂါ မ်ား သက္သာသြားပါမည္။

၅။ ေလထိုးေလေအာင့္ ေရာဂါ မ်ားရွိလွ်င္ သက္သာလာမည္။

၆။ ဝမ္းမွန္ ဆီးမွန္ျပီး ေသြးသားကို စင္ၾကယ္ေစပါသည္။

၇။ ဆီးခ်ိဳ ေရာဂါ ကိုလည္း သက္သာေစပါသည္။

ေငြကုန္ေၾကးက် မမ်ားဘဲ ေဆးျမစ္ တစ္ခုတည္းႏွင့္ အသံုးျပဳပံုကို လက္ေတြ႔စမ္းသပ္ျပီးတင္ျပလိုက္ရပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဦးလွစိန္-ကေလး(ၾကံခင္း)

#Unicode Version#
အသက်ကြီး လာလျှင် ယောကျ်ား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူ လာခြင်းမှာ သဘာဝ ဟုဆိုနိုင်ပါသည်။ အဆီ များ၍ ပူလာသော ဗိုက် ကို သရင်းကြီးမြစ် နှင့် စမ်းသပ်လိုက်ပါ။

သက်ရင်းကြီးမြစ် ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများသေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။

သုံးနာရီ ပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။ ဆေးသွေး ကျောက်ပျဉ် ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက်ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီ ရှိသောနေရာ ပိန်သွားခြင်းဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။

နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက်စာ (Break Fast) မစားမီ ဆေး ကိုသွေးပြီး သောက်ပါ။

တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည် ကိုဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ် တတ်ပါက နည်းနည်းပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။

ဆေး သောက်ပြီး တနာရီအကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစော အစာ ကို စားသောက်နိုင်ပါသည်။

နောက်ထပ် တစ်နာရီ သို့-နာရီဝက်ခန့်ကြာတိုင်း ဝမ်းသွား ပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွား ပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။

နောက်ထပ်သွားသော ဝမ်း ၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင် ကိုရေဖြင့်သန့်စင်သည့်အခါ စအိုဝ တွင် ဆီများရွှဲနေသည့် အထိအတွေ့မျိုးကို သိရှိရပါလိမ့်မည်။

ဝမ်းသွား ၍ အားအင်ကုန်ခန်းခြင်း မရှိပါ။ ဆေးများများ သောက်မိပါက အော့ချင် အန်ချင်သလို ဖြစ်တတ်ပါသည်။ စိုးရိမ်စရာ မရှိပါ။

သရင်းကြီးမြစ် သောက်ပြီးနောက် ရရှိလာမည့် အကျိုးများ
၁။ ခန္ဓာကိုယ်တွင်း ရှိ ပိုနေသော အဆီ များ (Cholesterol)ကို ကျစေသည်မှာ သိသာပါသည်။

၂။ ခန္ဓာကိုယ် ပူနွေးပြီး နေထိုင်ကောင်းပြီး ပေါ့ပါးလာပါမည်။

၃။ မျက်စိ များ ကြည်လင်လာပါမည်။

၄။ ထုံကျဉ် ကိုက်ခဲနေသော ရောဂါ များ သက်သာသွားပါမည်။

၅။ လေထိုးလေအောင့် ရောဂါ များရှိလျှင် သက်သာလာမည်။

၆။ ဝမ်းမှန် ဆီးမှန်ပြီး သွေးသားကို စင်ကြယ်စေပါသည်။

၇။ ဆီးချို ရောဂါ ကိုလည်း သက်သာစေပါသည်။

ငွေကုန်ကြေးကျ မများဘဲ ဆေးမြစ် တစ်ခုတည်းနှင့် အသုံးပြုပုံကို လက်တွေ့စမ်းသပ်ပြီးတင်ပြလိုက်ရပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  ဦးလှစိန်-ကလေး(ကြံခင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top