ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လန္ဒန္ၿမိဳ႕ အေျခစိုက္ နာမည္ေက်ာ္ Economist မဂၢဇင္းရဲ့ သုေတသန ဌာန ျဖစ္တဲ့ The Economist Intelligence Unit (EIU)ကေန ကမၻာ့ ၿမိဳ႕ႀကီး ေပါင္း ၆ဝ ကို ေလ့လာၿပီး ထုတ္ျပန္လာတဲ့ ၊ ၂၀၁၇ ခုႏွစ္အတြင္း လုံျခဳံစိတ္ခ်ရတဲ့ ၿမိဳ႕ၿပ ရည္ညႊန္းကိန္း ထဲမွာ ၊ ရန္ကုန္ၿမိဳ႕ ဟာ လုံျခဳံစိတ္ခ်ရမွု အနည္းဆုံး ေတြထဲ ဒုတိယ လိုက္တာကို ေတြ႕ရပါတယ္။

က်န္းမာေရး၊ အေျခခံ အေဆာက္အဦ၊ အြန္လိုင္းနဲ႔ ရာဇဝတ္မွုဆိုင္ရာ က႑ေတြကို အဓိကထား ဆန္းစစ္ထားရာမွာ ထိပ္ဆုံး ၅ ၿမိဳ႕ ျဖစ္တဲ့ တိုက်ိဳ၊ စကၤာပူ၊ အိုဆာကာ၊ တိုရြန္တိုနဲ႔ မဲလ္ဘုန္း ၿမိဳ႕ေတြကေတာ့ လုံျခဳံမွု အရွိဆုံး ၿမိဳ႕ေတြ ျဖစ္ပါတယ္။

လက္ရွိ အစိုးရ လက္ထက္မွာ လွိုင္သာယာ ၊ ေရႊျပည္သာ နဲ႔ ေရႊေပါက္ကံလို ေနရာေတြမွာ အုပ္စုဖြဲ႕ရမ္းကားေနတဲ့ လူမိုက္ဂိုဏ္းေတြ ရွိေနဆဲ ျဖစ္ၿပီး ဒါနဲ႔ ပတ္သက္လို႔ ခရိုင္ရဲမွူး နဲ႔ ရဲခ်ဳပ္ေတြကို ေခၚေမးထားေပမယ့္ ဒါေတြကို ကိုင္တြယ္ဖို႔ ခုခ်ိန္ထိ ေပၚလစီ မခ်ရေသးတာ ေတြ႕ရတယ္လို႔ ရန္ကုန္တိုင္း (ဆိပ္ႀကီး ခေနာင္တို) လႊတ္ေတာ္အမတ္ ျဖစ္တဲ့ ေဒၚစႏၵာမင္း က ေျပာပါတယ္။

ျပည္သူ႔လႊတ္ေတာ္မွာ လူလတ္တန္းစားေတြ အတြက္ က်န္းမာေရးအာမခံခ်က္ ခ်မွတ္ေပးဖို႔ ေတာင္းဆိုခဲ့တာ ရွိေပမယ့္ အေကာင္အထည္ မေပၚနိုင္ေသးဘဲ စရိတ္မၽွေပး က်န္းမာေရး ဆိုတာ အရင္က ရွိခဲ့ေပမယ့္ အခုေတာ့ လူတိုင္း က်န္းမာေပ်ာ္ရႊင္ဖို႔ ဆိုၿပီး နိုင္ငံေတာ္က ျဖည့္ဆည္း ေဆာင္ရြက္ေပးေနတာမ်ိဳး ရန္ကုန္တိုင္း အတြင္းမွာ ေတာ္ေတာ္မ်ားမ်ား ေဖာ္ေဆာင္မွု ရွိေၾကာင္း ေဒၚစႏၵာမင္းက ေထာက္ျပခဲ့ပါတယ္။

ေနာက္ပိုင္းမွာ က်န္းမာေရး အာမခံ ထားနိုင္တဲ့ စံနစ္ဆီကို ေဇာင္းေပး သြားနိုင္ဖို႔ ႀကိဳးစားေနတယ္လို႔လည္း သူက ဆိုပါတယ္။

လက္ရွိေတာ့ ရန္ကုန္ၿမိဳ႕ႀကီးဟာ လူရွစ္သန္း နီးပါး ေနထိုင္လ်က္ ရွိတဲ့ ၿမိဳ႕ေဟာင္း ၿမိဳ႕ပ်က္ႀကီး သဖြယ္ ျဖစ္ေနကာ ၀န္ထမ္းအင္အားကလည္း အျပည့္အဝ ၀န္ေဆာင္မွု ေပးနိုင္တဲ့ အေနအထားမ်ိဳး မရွိတာ ေတြ႕ရတယ္လို႔ သူက ေျပာပါတယ္။

ၿမိဳ႕ေန လူထု ေရေကာင္းေရသန္႔ ဘယ္လို ရနိုင္မလဲ ၊ လၽွပ္စစ္မီး ရနိုင္ဖို႔ အျပင္ လမ္းတံတား စီမံဖို႔ နဲ႔ လမ္းေတြေပၚ ကားေတြ ၾကပ္ေနတဲ့ ကိစၥ ဘယ္လို ခ်ဲ႕မလဲ ဆိုတာေတြက အႀကီးအက်ယ္ စိန္ေခၚမွု ေတြ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ၿမိဳ႕သစ္ စီမံကိန္း ေဆာင္ရြက္နိုင္ေအာင္ မဟာရန္ကုန္ စီမံခ်က္ ၂၀၄၀ ဆိုတဲ့ JICA စီမံခ်က္ ေရးဆြဲေနၿပီး လက္ရွိ ၿမိဳ႕ေဟာင္းကို ကိုင္ကြယ္ ေဆာင္ရြက္ေနသလို ၿမိဳ႕သစ္ ခုႏွစ္ခုကိုလည္း ခ်မွတ္ေဆာင္ရြက္ ေနရာမွာ အခုေတာ့ အုတ္ျမစ္ခ် အေနအထားဘဲ ရွိေနေသးတာေၾကာင့္ ေနာင္ငါးႏွစ္က်မွ အေကာင္အထည္ေပၚ ျမင္ရမွာ ျဖစ္တယ္လို႔ ေဒၚစႏၵာမင္းက ေျပာပါတယ္။

၁၁ ရာစု အေစာပိုင္းမွာ မြန္ေတြ က ဒဂုံလို႔ ေခၚတြင္ၿပီး စတည္ေထာင္ခဲ့ရာကေန ေပၚထြက္လာတဲ့ ရန္ကုန္ၿမိဳ႕ႀကီးဟာ ကိုလိုနီေခတ္မွာ စစ္ဒဏ္ အမ်ိဳးမ်ိဳးလည္း ခံခဲ့ရၿပီး ၂၀၀၆ ခုႏွစ္ အထိ ျမန္မာ နိုင္ငံရဲ့ ၿမိဳ႕ေတာ္ အျဖစ္ သတ္မွတ္ ခံခဲ့ရတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwlin

#Unicode Version#
လန်ဒန်မြို့ အခြေစိုက် နာမည်ကျော် Economist မဂ္ဂဇင်းရဲ့ သုတေသန ဌာန ဖြစ်တဲ့ The Economist Intelligence Unit (EIU)ကနေ ကမ္ဘာ့ မြို့ကြီး ပေါင်း ၆ဝ ကို လေ့လာပြီး ထုတ်ပြန်လာတဲ့ ၊ ၂၀၁၇ ခုနှစ်အတွင်း လုံခြုံစိတ်ချရတဲ့ မြို့ပြ ရည်ညွှန်းကိန်း ထဲမှာ ၊ ရန်ကုန်မြို့ ဟာ လုံခြုံစိတ်ချရမှု အနည်းဆုံး တွေထဲ ဒုတိယ လိုက်တာကို တွေ့ရပါတယ်။

ကျန်းမာရေး၊ အခြေခံ အဆောက်အဦ၊ အွန်လိုင်းနဲ့ ရာဇဝတ်မှုဆိုင်ရာ ကဏ္ဍတွေကို အဓိကထား ဆန်းစစ်ထားရာမှာ ထိပ်ဆုံး ၅ မြို့ ဖြစ်တဲ့ တိုကျို၊ စင်္ကာပူ၊ အိုဆာကာ၊ တိုရွန်တိုနဲ့ မဲလ်ဘုန်း မြို့တွေကတော့ လုံခြုံမှု အရှိဆုံး မြို့တွေ ဖြစ်ပါတယ်။

လက်ရှိ အစိုးရ လက်ထက်မှာ လှိုင်သာယာ ၊ ရွှေပြည်သာ နဲ့ ရွှေပေါက်ကံလို နေရာတွေမှာ အုပ်စုဖွဲ့ရမ်းကားနေတဲ့ လူမိုက်ဂိုဏ်းတွေ ရှိနေဆဲ ဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ ခရိုင်ရဲမှူး နဲ့ ရဲချုပ်တွေကို ခေါ်မေးထားပေမယ့် ဒါတွေကို ကိုင်တွယ်ဖို့ ခုချိန်ထိ ပေါ်လစီ မချရသေးတာ တွေ့ရတယ်လို့ ရန်ကုန်တိုင်း (ဆိပ်ကြီး ခနောင်တို) လွှတ်တော်အမတ် ဖြစ်တဲ့ ဒေါ်စန္ဒာမင်း က ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ လူလတ်တန်းစားတွေ အတွက် ကျန်းမာရေးအာမခံချက် ချမှတ်ပေးဖို့ တောင်းဆိုခဲ့တာ ရှိပေမယ့် အကောင်အထည် မပေါ်နိုင်သေးဘဲ စရိတ်မျှပေး ကျန်းမာရေး ဆိုတာ အရင်က ရှိခဲ့ပေမယ့် အခုတော့ လူတိုင်း ကျန်းမာပျော်ရွှင်ဖို့ ဆိုပြီး နိုင်ငံတော်က ဖြည့်ဆည်း ဆောင်ရွက်ပေးနေတာမျိုး ရန်ကုန်တိုင်း အတွင်းမှာ တော်တော်များများ ဖော်ဆောင်မှု ရှိကြောင်း ဒေါ်စန္ဒာမင်းက ထောက်ပြခဲ့ပါတယ်။

နောက်ပိုင်းမှာ ကျန်းမာရေး အာမခံ ထားနိုင်တဲ့ စံနစ်ဆီကို ဇောင်းပေး သွားနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိတော့ ရန်ကုန်မြို့ကြီးဟာ လူရှစ်သန်း နီးပါး နေထိုင်လျက် ရှိတဲ့ မြို့ဟောင်း မြို့ပျက်ကြီး သဖွယ် ဖြစ်နေကာ ဝန်ထမ်းအင်အားကလည်း အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်တဲ့ အနေအထားမျိုး မရှိတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

မြို့နေ လူထု ရေကောင်းရေသန့် ဘယ်လို ရနိုင်မလဲ ၊ လျှပ်စစ်မီး ရနိုင်ဖို့ အပြင် လမ်းတံတား စီမံဖို့ နဲ့ လမ်းတွေပေါ် ကားတွေ ကြပ်နေတဲ့ ကိစ္စ ဘယ်လို ချဲ့မလဲ ဆိုတာတွေက အကြီးအကျယ် စိန်ခေါ်မှု တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြို့သစ် စီမံကိန်း ဆောင်ရွက်နိုင်အောင် မဟာရန်ကုန် စီမံချက် ၂၀၄၀ ဆိုတဲ့ JICA စီမံချက် ရေးဆွဲနေပြီး လက်ရှိ မြို့ဟောင်းကို ကိုင်ကွယ် ဆောင်ရွက်နေသလို မြို့သစ် ခုနှစ်ခုကိုလည်း ချမှတ်ဆောင်ရွက် နေရာမှာ အခုတော့ အုတ်မြစ်ချ အနေအထားဘဲ ရှိနေသေးတာကြောင့် နောင်ငါးနှစ်ကျမှ အကောင်အထည်ပေါ် မြင်ရမှာ ဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

၁၁ ရာစု အစောပိုင်းမှာ မွန်တွေ က ဒဂုံလို့ ခေါ်တွင်ပြီး စတည်ထောင်ခဲ့ရာကနေ ပေါ်ထွက်လာတဲ့ ရန်ကုန်မြို့ကြီးဟာ ကိုလိုနီခေတ်မှာ စစ်ဒဏ် အမျိုးမျိုးလည်း ခံခဲ့ရပြီး ၂၀၀၆ ခုနှစ် အထိ မြန်မာ နိုင်ငံရဲ့ မြို့တော် အဖြစ် သတ်မှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwlin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top