×
# Unicode Version ဖြင့် ဖတ်ပါ #
“ဘဏ်ဝန်ထမ်းအလုပ်ကို ကျွန်မ မုန်းပါတယ်
အခုတော့ ကျွန်မ တကယ်သဘောကျတဲ့အလုပ်ကို အခကြေးငွေ နဲ့ လုပ်ရပါတော့မယ်”
ယနေ့ခေတ်မှာ ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင် အချိန်ကုန်ခံပြီး စတိုးဆိုင်ကိုသွားမေးနေစရာမလိုပဲ အွန်လိုင်းပေါ်မှာတင် သုံးသပ်ချက်တွေကို ဖတ်ရှုနိုင်ပါတယ် ။ ကိုယ်လိုချင်တဲ့ ပစ္စည်းအကြောင်းကို ငွေအကုန်ခံမဝယ်ခင်မှာ ဂူးဂဲမှာ ရှာဖွေပြီးတော့ သုံးသပ်ချက်တွေကို ဖတ်ရှုပြီး ဝယ်ဖို့သင့်မသင့် ဆုံးဖြတ်နိုင်ပါတယ် ။
ရုပ်ရှင်တစ်ခုပဲဖြစ်ဖြစ် အစားအသောက်ပဲဖြစ်ဖြစ် သန့်ရှင်းရေးပစ္စည်းပဲဖြစ်ဖြစ် နောက်ဆုံး ကစားကွင်းပဲဖြစ်ပါစေ ဘယ်အရာမဆို သုံးစွဲဖူးသူတွေဆီက သုံးသပ်ချက်တွေကိုအမြဲတမ်းဖတ်ရှုနိုင်ပါတယ် ။ ကျွန်ုပ်တို့သုံးသပ်ချက်ရေးပေးတဲ့လူတွေကို တကယ်ကျေးဇူးတင်သင့်တယ် ။ ဘာကြောင့်လဲဆိုတော့ သူတို့ကြောင့် အချိန်ကုန် သက်သာပြီး အကောင်းဆုံးပစ္စည်းတွေရှာဖွေဝယ်ယူနိုင်တာကြောင့်ပါပဲ ။
ဒါဆိုရင် လူကြီးကစားစရာအရုပ်တွေရော လို့ သင်မေးနိုင်တယ် ။ဟုတ်ပါတယ်..တစ်ချို့လူတွေဟာ ဒီပစ္စည်းတွေအကြောင်းကို သုံးသပ်ချက်ရေးပေးကြပါတယ် ။ အခု ကျွနု်ပ်တို့ရဲ့ ဘဏ်ကအမျိုးသမီးဆိုရင်တော့ ဒီအလုပ်ကို အချိန်ပြည့်လုပ်နေတဲ့သူတစ်ယောက်ပါပဲ ။
တုန်စက်တွေ ချောဆီတွေနဲ့ အခြားလူကြီးကစားစရာများကို စမ်းသပ်အသုံးပြုသူ Cara Douglas နဲ့တွေ့ဆုံလိုက်ပါဦး
LadBible ရဲ့အဆိုအရ Cara ဟာ အလုပ်မှာ ငြီးငွေ့နေတဲ့အတွက် တခြားစိတ်ဝင်စားစရာကောင်းတဲ့အလုပ်တစ်ခုရှာဖို့ဆုံးဖြတ်ထားပါတယ် ။ အခုတော့ အင်္ဂလန်နိုင်ငံ လင်ကွန်းရှိုင်းယားက အမျိုးသမီးဟာ တစ်နှစ်ကို ပေါင် 3သောင်းရနေပါပြီ ။
Cara ဟာ ပြီးမြောက်ခြင်းအမျိုးမျိုးကိုခံစားခဲ့ဖူးပါတယ် သူဟာ ဘဏ်မှာလုပ်ရတာလည်းမပျော်မွေ့တဲ့ပုံပါပဲ ။
“ကျွန်မ ဒီလူကြီးကစားစရာတွေကို တကယ်သဘောကျပါတယ် ကျွန်မသဘောကျတဲ့အရာ အခုလို အလုပ်တစ်ခုဖြစ်လာတဲ့အတွက် ကျွန်မတကယ်ကို ကံကောင်းသလိုခံစားရပါတယ်” “ဘဏ်ဝန်ထမ်းအလုပ်ကို ကျွန်မ မုန်းပါတယ်
အခုတော့ ကျွန်မ တကယ်သဘောကျတဲ့အလုပ်ကို အခကြေးငွေ နဲ့ လုပ်ရပါတော့မယ်” “ဘဏ်ကရတဲ့လခထက်စာရင်ထက်ဝက်လောက်ပဲရပေမယ့် ပျော်စရာကတော့ နှစ်ဆလောက်တိုးသွားပါပြီ” လို့ပြောခဲ့ပါတယ် ။
ဒါတွေကို စမ်းသပ်သုံးစွဲမှုကြောင့် Darren နဲ့ သူ့မရဲ့ဘဝအတွက်လည်းပိုအဆင်ပြေချောမွေ့လာပါတယ် ။
ဒီအလုပ်ရဲ့အခြားကောင်းကွက်တစ်ခုကတော့ သူနဲ့ သူ့ချစ်သူနဲ့ ချစ်တင်းနှောရာမှာ ပိုပြီးတော့ အဆင်ပြေကောင်းမွန်လာပါတယ်လို့လည်းသူမပြောခဲ့ပါသေးတယ် ။
“သဘောကျစရာကောင်းတာတော့အမှန်ပါပဲ..ဒါပေမယ့် ကိုယ်ရဲ့အလုပ်ကိုတော့ သေချာလုပ်ဆောင်ပြီးတော့ ဘယ်အရာကတော့ ကောင်းတယ် ၊ ဘယ်အရာကတော့ မကောင်းဘူးဆိုတာ သေချာသုံးသပ်ပေးရမှာပါ ။ ပြောရရင်တော့ ဒီအလုပ်က ကျွန်မတို့ရဲ့ လိင်မှုဘဝကို အကျိုးသက်ရောက်မှုအများကြီးပေးခဲ့ပါတယ် ၊ လိင်မှုကိစ္စဆိုတာက ကြွက်သားလိုပါပဲ….များများလေ့ကျင့်လေလေ ပိုမိုတက်ကြွလေလေပါပဲ”
Cara အတွက်တော့ တကယ့်ဘဝအချိုးအကွေ့တစ်ခုဖြစ်သွားတဲ့ အလုပ်တစ်ခုပါပဲ
“ဒီကစားစရာတွေဟာ ကျွန်မဘဝကို အကောင်းဘက်ကိုပြောင်းလဲပေးခဲ့ပါတယ်”
” ကျွန်မအတွက်တော့ ဒီကစားစရာတွေဟာ ဟင်းခတ်လိုပါပဲ…
များများထည့်လေလေ စုံတွဲတွေရဲ့ဘဝမှာ ပိုပြီးတော့ အရသာပြည့်စုံလေပေါ့
လိင်ကိစ္စကို ဘယ်တော့မှရိုးမသွားအောင် ဒီကစားစရာတွေက စွမ်းဆောင်ပေးနိုင်ပါတယ်” လို့ Cara ကိုယ်တိုင်ပြောကြားခဲ့ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit: Shwe Eain Si ( Daily Hot News )
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top