×

ေက်ာင္းႀကိဳသြားတ့ဲ မိန္းကေလးကို လမ္းကျဖတ္ဆြဲျပီး သားမယားျပဳရန္ႀကိဳးစားတ့ဲသူ (၃)လေက်ာ္ႀကာထြက္ေျပး တိမ္းေရွာင္ေနခိုက္ ေျမြကိုက္ခံရသျဖင့္ ေဆးရုံတက္ေရာက္စဥ္ မတ္လ(၁၀)ရက္ေန ့က ဖမ္းဆီးခံရေႀကာင္း သိရသည္။

ျပီးခ့ဲသည့္နွစ္ နိုဝင္ဘာ(၂၄)ရက္ေန့ညေနခန့္က က်ဴးလြန္ခံရသူ ေပါင္းတည္ျမိဳ႕နယ္လယ္သစ္္ရြာေဟာင္း ကိုင္းကြင္းအုပ္စုေန အသက္(၁၇)နွစ္အရြယ္ မ- - - - - သည္ ညီမျဖစ္သူအား ေက်ာင္းႀကိဳသြားေရာက္စဥ္ ေက်ာင္းနွင့္ရြာၾကားအေရာက္၌ ပ်ဥ္ႀကီးရြာေဟာင္း ႀကိဳ႕ကုန္းအုပ္စုေန အဘဦးရတင္၏သားျဖစ္သူ ေဇာ္ေဇာ္မင္း(၁၉)နွစ္သည္ ေနအိမ္တစ္အိမ္အတြင္းမွ ထြက္လာကာ မ - - - အား လယ္ကြင္းအတြင္း အတင္းဆဲြေခၚကာ သားမယားျပဳရန္ ႀကိဳးစားသည့္အတြက္တိုင္ႀကားခံရျပီး (၃)လေက်ာ္ၾကာ တိမ္းေရွာင္ေနခဲ႔ရာမွ ေျမြကိုက္ခံရသျဖင့္ မွတ္တိုင္ေဆးရုံ၌ ေဆးဝါးကုသေနစဥ္ ဖမ္းဆီးခံရျခင္း ျဖစ္သည္။

အမူမွ ေဇာ္ေဇာ္မင္းကို မွတ္တိုင္ရဲစခန္းမွ (ပ)၇၅/၁၇ ပုဒ္မ ၃၇၆/၅၁၁ျဖင့္ အမူဖြင့္လွစ္ထားျခင္းျဖစ္ေႀကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ႀကီး(ေျမလတ္ေဒသ)
Myae Latt Region News Agency
https://www.facebook.com/MLRnewsagency/

#Unicode Version#
ကျောင်းကြိုသွားတဲ့ မိန်းကလေးကို လမ်းကဖြတ်ဆွဲပြီး သားမယားပြုရန်ကြိုးစားတဲ့သူ (၃)လကျော်ကြာထွက်ပြေး တိမ်းရှောင်နေခိုက် မြွေကိုက်ခံရသဖြင့် ဆေးရုံတက်ရောက်စဉ် မတ်လ(၁၀)ရက်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ(၂၄)ရက်နေ့ညနေခန့်က ကျူးလွန်ခံရသူ ပေါင်းတည်မြို့နယ်လယ်သစ်ရွာဟောင်း ကိုင်းကွင်းအုပ်စုနေ အသက်(၁၇)နှစ်အရွယ် မ- - - - - သည် ညီမဖြစ်သူအား ကျောင်းကြိုသွားရောက်စဉ် ကျောင်းနှင့်ရွာကြားအရောက်၌ ပျဉ်ကြီးရွာဟောင်း ကြို့ကုန်းအုပ်စုနေ အဘဦးရတင်၏သားဖြစ်သူ ဇော်ဇော်မင်း(၁၉)နှစ်သည် နေအိမ်တစ်အိမ်အတွင်းမှ ထွက်လာကာ မ - - - အား လယ်ကွင်းအတွင်း အတင်းဆွဲခေါ်ကာ သားမယားပြုရန် ကြိုးစားသည့်အတွက်တိုင်ကြားခံရပြီး (၃)လကျော်ကြာ တိမ်းရှောင်နေခဲ့ရာမှ မြွေကိုက်ခံရသဖြင့် မှတ်တိုင်ဆေးရုံ၌ ဆေးဝါးကုသနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အမူမှ ဇော်ဇော်မင်းကို မှတ်တိုင်ရဲစခန်းမှ (ပ)၇၅/၁၇ ပုဒ်မ ၃၇၆/၅၁၁ဖြင့် အမူဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ကြီး(မြေလတ်ဒေသ)
Myae Latt Region News Agency
https://www.facebook.com/MLRnewsagency/




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top