မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×



Credit: lwinpyin
#Unicode Version#
မိဘတွေက ကိုယ့်သားသမီးကိုစာတတ်မြောက်စေချင်လို့ ကျောင်းကိုပို့ပေမယ့် တစ်ချို့သော ခွဲခြားဆက်ဆံတတ်တဲ့ ဆရာ၊ဆရာမတွေရဲ့အပြုမူတွေကြောင့် ကလေးစိတ်ထဲဒဏ်ရာဖြစ်နေတာတော့ မြင်မယ်မထင်ပါဘူး။ တမင်မဟုတ်ရင်တောင်မတော်တဆ ပြစ်တင်ပြောဆိုမှုတွေက ကလေးကို ကြောက်စိတ်ပိုဖြစ်အောင် လုပ်လိုက်သလိုပါပဲ။ကျောင်းပတ်ဝန်းကျင်နဲ့မိသားစုအသိုင်းဝိုင်း ဖြတ်သန်းကြုံတွေ့နေရတဲ့ အရာတွေအားလုံးဟာ ကလေးတစ်ယောက်ရဲ့အနာဂတ်နဲ့အများကြီးသက်ဆိုင်ပါတယ်။
ကလေးတွေအတွက် ကျောင်းဟာ ဒုတိယအိမ်တော်တစ်ခုပါ။ဆရာတွေကလည်း ကလေးတွေအတွက် ဒုတိယမိဘတွေပါပဲ။ ဒါပေမယ့် တစ်ချို့သောဆရာတွေရဲ့လုပ်ရပ်ဟာဆရာကျင့်ဝတ်နဲ့ မကိုက်ညီလေဘူး။ အိန္ဒိယနိုင်ငံမှ မူလတန်း ဆရာမတစ်ယောက်ဟာ ကျောင်းသားလေးတစ်ယောက်ကိုအိမ်စာမလုပ်လာလို့ဆိုပြီး အပြစ်ပေးပါတယ်။ ဖြစ်စဉ်က Cempedak Lobang Village,NorthSumatra မှာဖြစ်ပွားခဲ့တာပါ။

အိမ်သာကို ၁၂ကြိမ် လျှာနဲ့လျက်ခိုင်းခဲ့ပါတယ်။အိမ်စာမလုပ်လာလို့အပြစ်ပေးခဲ့တာပါ။ထိုဆရာမရဲ့လုပ်ရပ်ကို အင်တာနက်သုံးစွဲသူများအားလုံး လက်မခံနိုင်ဖြစ်ခဲ့ရပါတယ်။၁၂ကြိမ် အိမ်သာကို လျှာနဲ့လျက်ဆိုပေမယ့် ၄ကြိမ်လောက်နဲ့တင် ကလေးက အန်ထွက်ခဲ့ပါတယ်။ဒီလိုအပြစ်ပေးခြင်းက ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေရုံမက ဂုဏ်သိက္ခာကိုပါ ညိုးနွမ်းစေပါတယ်။
ကလေးရဲ့မိဘတွေကတော့ ဒေါသလည်းထွက်၊ စိတ်မကောင်းလည်းဖြစ်နေကြပါတယ်။ ထိုဆရာမရဲ့လုပ်ရပ်ကြောင့်ကျောင်းတော်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေမှ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ မိဘတွေကတော့အပြင်းထန်တောင်းဆိုနေပါတယ်။အားလုံးကတော့ ကျောင်းတော်ကြီးက ထိုဆရာမအပေါ်အရေးယူဆောင်ရွက်မှုနဲ့ပတ်သတ်ပြီးဘယ်လိုအပြစ်ပေးမလဲဆိုတာ စောင့်ကြည့်နေဆဲပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top