ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ယခုေနာက္ပိုင္း မိန္းကေလးအမ်ားစုဟာ မိတ္ကပ္ကို အင္မတန္စိတ္၀င္စားလာၾကပါတယ္။ မိတ္ကပ္လိမ္းနည္းေလးေတြ၊ မိတ္ကပ္ပုံစံေလးေတြကို ေလ့လာလိုက္၊ စမ္းလိမ္းၾကည့္လိုက္နဲ႔ ကိုယ့္မ်က္ႏွာေလးနဲ႔ လိုက္ဖက္ေအာင္ လိမ္းလာၾကပါၿပီ။ သို႔ေပမယ့္ မိတ္ကပ္ႀကိဳက္တဲ့ပ်ိဳေမတို႔အေနနဲ႔ မိတ္ကပ္လိမ္းနည္းကို ေလ့လာသလိုပဲ မိတ္ကပ္ဖ်က္နည္းကိုလည္း ေလ့လာ သင့္ပါတယ္။ တစ္ေနကုန္ လွပေနဖို႔ မိတ္ကပ္လိမ္းသင့္ေပမယ့္ ညဘက္အိပ္ခ်ိန္မွာေတာ့ သန္႔ရွင္းစင္ၾကယ္တဲ့ မ်က္ႏွာေလး နဲ႔ပဲ အိပ္ရာ၀င္သင့္ပါတယ္။ ဒါေၾကာင့္ အလွအပကၽြမ္းက်င္ပညာရွင္ေတြ အႀကံေပးထားတဲ့ မိတ္ကပ္ဖ်က္နည္းေလးေတြကို ပ်ိဳတို႔သိထားႏိုင္ဖို႔ ေ၀မွ်ေပးလိုက္ပါတယ္…
မ်က္ႏွာေပၚက Eye-liner နဲ ့ႏႈတ္ခမ္းနီေတြကို အရင္ဖ်က္ပါ….

မိတ္ကပ္ဖ်က္တဲ့အခါမွာ ပ်က္ဖို႔ခက္တဲ့ Eye-liner ထူထူေတြနဲ ့ ႏႈတ္ခမ္းနီေတြကို အရင္ဆံုးဖ်က္ေပးပါ။ ျပီးေတာ့မွ မ်က္ႏွာက မိတ္ကပ္ေတြကို ညင္ညင္သာသာ ဖ်က္ပါ။ အိုင္းရွဲဒိုးအၾကြင္းအက်န္ေတြ၊ မ်က္ခုံးေမြးေပၚက မိတ္ကပ္ေတြ၊ ပါးနီက က်န္ေနတဲ့ ေရႊမႈန္အလက္အလက္ေတြနဲ႔ ဆံယဥ္စနားက မိတ္ကပ္ေတြကို မ်က္ႏွာသစ္ေဆးနဲ ့ေသခ်ာ ဖ်က္သင့္ပါတယ္။ မိတ္ကပ္ဖ်က္တဲ့အခါ မ်က္ႏွာအသားအေရကို အၾကမ္းပတမ္း ပြတ္သုတ္တာမ်ိဳး မလုပ္မိေအာင္လည္း သတိထားရပါမယ္။ ႏူးႏူးည့ံည့ံ၊ ညင္သာစြာ ျပဳလုပ္ရပါမယ္…

မ်က္လုံးကမိတ္ကပ္ေတြနဲ႔ ႏႈတ္ခမ္းနီေတြကို ဖ်က္တဲ့အခါ အထူးသတိထားပါ..

မ်က္လုံးနဲ႔ႏႈတ္ခမ္းဟာ အလြန္ႏူးည့ံၿပီး ထိခိုက္လြယ္တဲ့ အစိတ္အပိုင္းေတြ ျဖစ္ပါတယ္။ အိုင္းလိုင္နာေတြ၊ မ်က္ေတာင္ေကာ့ေဆးေတြနဲ ့ႏႈတ္ခမ္းနီေတြဟာ ဖ်က္ရခက္တာေၾကာင့္ ေသခ်ာဂရုစိုက္ဖို႔ လိုအပ္ပါတယ္။ မ်က္လုံးကိုဖ်က္ဖို႔ ဂြမ္းသုံးတဲ့အခါ ဂြမ္းလုံးဟာ မ်က္ေတာင္ေတြမွာ ကပ္ၿငိႏိုင္တာေၾကာင့္ ဂြမ္းဖတ္ကေလးေတြက ပိုသင့္ေတာ္ပါတယ္။ ႏႈတ္ခမ္းနီကို ဖ်က္တဲ့အခါမွာလည္း အခုေနာက္ပိုင္း matte ႏႈတ္ခမ္းနီေတြ အဆိုးမ်ားလာတာေၾကာင့္ အတင္းဖိၿပီး ဆြဲသုတ္ပစ္ရတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ မ်က္လံုးနဲ ့ႏႈတ္ခမ္းေတြကို ဖ်က္တဲ့အခါမွာ ပံုမွန္မ်က္ႏွာသစ္ေဆးနဲ ့မဖ်က္ပဲ မိတ္ကပ္ဖ်က္ေဆးကို သံုးျပီးဖ်က္သင့္ပါတယ္။ သာမန္မိတ္ကပ္ဖ်က္ေဆးေတြလိုမဟုတ္ဘဲ မ်က္လံုးနဲ ့ႏႈတ္ခမ္းေတြကိုပါ ဖ်က္လို ့ရတဲ့ မိတ္ကပ္ဖ်က္ေဆးကအေကာင္းဆံုးပါပဲ။ ဒီလိုေရြးခ်ယ္ေတာ့မယ္ဆိုရင္ေတာ့ POND’S ကအသစ္ထြက္ရိွတဲ့ White Beauty Micellar Water မိတ္ကပ္ဖ်က္ေဆးရည္ဟာ မ်က္လံုးနဲ ့ႏႈတ္ခမ္းေတြကိုပါ သံုးလို႔ရတဲ့အတြက္ ပိ်ဳေမတို ့အလုပ္မရႈပ္ေတာ့ဘူးေပါ့။ ျပီးေတာ့ တစ္ခ်က္ပြတ္လိုက္ရုံနဲ႔ လံုးဝ သန္႔စင္သြားေစၿပီး မိတ္ကပ္ဖ်က္ျပီးတာေတာင္ မ်က္ႏွာအသားအေရကို ပိုမိုျဖဴစင္၀င္းပလာေစလို႔ အလုပ္မ်ားတဲ့ပ်ိဳေမေတြနဲ႔ မိတ္ကပ္ဖ်က္နည္းအဆင့္ေတြကို ေသခ်ာနားမလည္တဲ့ပ်ိဳေမေတြအတြက္ အသင့္ေတာ္ဆုံးလို႔ အႀကံျပဳခ်င္ပါတယ္..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lovingnews

#Unicode Version#
ယခုနောက်ပိုင်း မိန်းကလေးအများစုဟာ မိတ်ကပ်ကို အင်မတန်စိတ်ဝင်စားလာကြပါတယ်။ မိတ်ကပ်လိမ်းနည်းလေးတွေ၊ မိတ်ကပ်ပုံစံလေးတွေကို လေ့လာလိုက်၊ စမ်းလိမ်းကြည့်လိုက်နဲ့ ကိုယ့်မျက်နှာလေးနဲ့ လိုက်ဖက်အောင် လိမ်းလာကြပါပြီ။ သို့ပေမယ့် မိတ်ကပ်ကြိုက်တဲ့ပျိုမေတို့အနေနဲ့ မိတ်ကပ်လိမ်းနည်းကို လေ့လာသလိုပဲ မိတ်ကပ်ဖျက်နည်းကိုလည်း လေ့လာ သင့်ပါတယ်။ တစ်နေကုန် လှပနေဖို့ မိတ်ကပ်လိမ်းသင့်ပေမယ့် ညဘက်အိပ်ချိန်မှာတော့ သန့်ရှင်းစင်ကြယ်တဲ့ မျက်နှာလေး နဲ့ပဲ အိပ်ရာဝင်သင့်ပါတယ်။ ဒါကြောင့် အလှအပကျွမ်းကျင်ပညာရှင်တွေ အကြံပေးထားတဲ့ မိတ်ကပ်ဖျက်နည်းလေးတွေကို ပျိုတို့သိထားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်…
မျက်နှာပေါ်က Eye-liner နဲ့နှုတ်ခမ်းနီတွေကို အရင်ဖျက်ပါ….

မိတ်ကပ်ဖျက်တဲ့အခါမှာ ပျက်ဖို့ခက်တဲ့ Eye-liner ထူထူတွေနဲ့ နှုတ်ခမ်းနီတွေကို အရင်ဆုံးဖျက်ပေးပါ။ ပြီးတော့မှ မျက်နှာက မိတ်ကပ်တွေကို ညင်ညင်သာသာ ဖျက်ပါ။ အိုင်းရှဲဒိုးအကြွင်းအကျန်တွေ၊ မျက်ခုံးမွေးပေါ်က မိတ်ကပ်တွေ၊ ပါးနီက ကျန်နေတဲ့ ရွှေမှုန်အလက်အလက်တွေနဲ့ ဆံယဉ်စနားက မိတ်ကပ်တွေကို မျက်နှာသစ်ဆေးနဲ့သေချာ ဖျက်သင့်ပါတယ်။ မိတ်ကပ်ဖျက်တဲ့အခါ မျက်နှာအသားအရေကို အကြမ်းပတမ်း ပွတ်သုတ်တာမျိုး မလုပ်မိအောင်လည်း သတိထားရပါမယ်။ နူးနူးညံ့ညံ့၊ ညင်သာစွာ ပြုလုပ်ရပါမယ်…

မျက်လုံးကမိတ်ကပ်တွေနဲ့ နှုတ်ခမ်းနီတွေကို ဖျက်တဲ့အခါ အထူးသတိထားပါ..

မျက်လုံးနဲ့နှုတ်ခမ်းဟာ အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ အိုင်းလိုင်နာတွေ၊ မျက်တောင်ကော့ဆေးတွေနဲ့နှုတ်ခမ်းနီတွေဟာ ဖျက်ရခက်တာကြောင့် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မျက်လုံးကိုဖျက်ဖို့ ဂွမ်းသုံးတဲ့အခါ ဂွမ်းလုံးဟာ မျက်တောင်တွေမှာ ကပ်ငြိနိုင်တာကြောင့် ဂွမ်းဖတ်ကလေးတွေက ပိုသင့်တော်ပါတယ်။ နှုတ်ခမ်းနီကို ဖျက်တဲ့အခါမှာလည်း အခုနောက်ပိုင်း matte နှုတ်ခမ်းနီတွေ အဆိုးများလာတာကြောင့် အတင်းဖိပြီး ဆွဲသုတ်ပစ်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျက်လုံးနဲ့နှုတ်ခမ်းတွေကို ဖျက်တဲ့အခါမှာ ပုံမှန်မျက်နှာသစ်ဆေးနဲ့မဖျက်ပဲ မိတ်ကပ်ဖျက်ဆေးကို သုံးပြီးဖျက်သင့်ပါတယ်။ သာမန်မိတ်ကပ်ဖျက်ဆေးတွေလိုမဟုတ်ဘဲ မျက်လုံးနဲ့နှုတ်ခမ်းတွေကိုပါ ဖျက်လို့ရတဲ့ မိတ်ကပ်ဖျက်ဆေးကအကောင်းဆုံးပါပဲ။ ဒီလိုရွေးချယ်တော့မယ်ဆိုရင်တော့ POND’S ကအသစ်ထွက်ရှိတဲ့ White Beauty Micellar Water မိတ်ကပ်ဖျက်ဆေးရည်ဟာ မျက်လုံးနဲ့နှုတ်ခမ်းတွေကိုပါ သုံးလို့ရတဲ့အတွက် ပျိုမေတို့အလုပ်မရှုပ်တော့ဘူးပေါ့။ ပြီးတော့ တစ်ချက်ပွတ်လိုက်ရုံနဲ့ လုံးဝ သန့်စင်သွားစေပြီး မိတ်ကပ်ဖျက်ပြီးတာတောင် မျက်နှာအသားအရေကို ပိုမိုဖြူစင်ဝင်းပလာစေလို့ အလုပ်များတဲ့ပျိုမေတွေနဲ့ မိတ်ကပ်ဖျက်နည်းအဆင့်တွေကို သေချာနားမလည်တဲ့ပျိုမေတွေအတွက် အသင့်တော်ဆုံးလို့ အကြံပြုချင်ပါတယ်..


ဖိုးသူတော် (www.phothutaw.com)
Credit: lovingnews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top