ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အိႏိၵယႏိုင္ငံ အလယ္ပိုင္း Chhattisgarh ျပည္နယ္ ရွိ ေဆးရံုတစ္ရံုတြင္ မ်က္စိအတြင္းတိမ္ခြဲစိတ္မႈ ျပဳလုပ္ၿပီးေနာက္ လူ ၁၁ဦး အျမင္အာရံုဆံုးရံႈးခဲ့ေၾကာင္း သိရသည္။

အႀကီးတန္း က်န္းမာေရး႒ာန တာဝန္ရွိသူတစ္ဦးက ခရစ္ယာန္မိႆဟာေဆးရံုတစ္ခု တြင္ ေဖေဖာ္ဝါရီလ ေနာက္ဆံုးအပတ္မွစ၍ အတြင္းတိမ္ခြဲစိတ္ကုသမႈ ခံယူေနဆဲျဖစ္ေသာ လူနာ ၉၆ဦးအနက္ ၁၁ဦးမွာ ခြဲစိတ္မႈေနာက္ပိုင္း ေရာဂါပိုးဝင္မႈေၾကာင့္ မ်က္လံုးတစ္လံုး အျမင္အာရံုဆံုးရံႈးခဲ့ရေၾကာင္း မတ္ ၂ရက္ကေျပာၾကားခဲ့သည္။

ျပည္နယ္အစုိးရက အဆိုပါျဖစ္စဥ္အား စံုစမ္းစစ္ေဆးရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။က်န္းမာေရး႒ာန ျပည္နယ္ ညႊန္ၾကားေရးမွဴး Ranu Sahu က လူ၁၁ဦး၏ မ်က္လံုးတြင္ ျပင္းထန္သည့္ ေရာဂါပိုးဝင္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိခဲ့ၿပီး အဆိုပါ ျဖစ္စဥ္ကို စုံစမ္းစစ္ေဆးေနေၾကာင္း မီဒီယာသုိ႔ေျပာၾကားခဲ့သည္။

ျပည္သူမ်ား အျမင္အာရံုဆံုးရႈံးမႈမရွိေစရန္ ရည္ရြယ္ခ်က္ျဖင့္ ႏိုင္ငံတစ္ဝန္းရွိ ေဆးရံုမ်ား ႏွင့္ အစိုးရမဟုတ္ေသာ က်န္းမာေရးဆိုင္ရာ အဖြဲ႕အစည္းမ်ား မၾကာခဏ စုစည္း၍ အခမဲ့ (သုိ႔) စရိတ္မွ်ေပးပံုစံျဖင့္ အတြင္းတိမ္ခြဲစိတ္ကုသမႈမ်ား ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (Xinhua)
http://xinhuamyanmar.com

#Unicode Version#
အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် ရှိ ဆေးရုံတစ်ရုံတွင် မျက်စိအတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်ပြီးနောက် လူ ၁၁ဦး အမြင်အာရုံဆုံးရှုံးခဲ့ကြောင်း သိရသည်။

အကြီးတန်း ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူတစ်ဦးက ခရစ်ယာန်မိဿဟာဆေးရုံတစ်ခု တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူနေဆဲဖြစ်သော လူနာ ၉၆ဦးအနက် ၁၁ဦးမှာ ခွဲစိတ်မှုနောက်ပိုင်း ရောဂါပိုးဝင်မှုကြောင့် မျက်လုံးတစ်လုံး အမြင်အာရုံဆုံးရှုံးခဲ့ရကြောင်း မတ် ၂ရက်ကပြောကြားခဲ့သည်။

ပြည်နယ်အစိုးရက အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။ကျန်းမာရေးဋ္ဌာန ပြည်နယ် ညွှန်ကြားရေးမှူး Ranu Sahu က လူ၁၁ဦး၏ မျက်လုံးတွင် ပြင်းထန်သည့် ရောဂါပိုးဝင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။

ပြည်သူများ အမြင်အာရုံဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ နှင့် အစိုးရမဟုတ်သော ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ မကြာခဏ စုစည်း၍ အခမဲ့ (သို့) စရိတ်မျှပေးပုံစံဖြင့် အတွင်းတိမ်ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: (Xinhua)
http://xinhuamyanmar.com


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top