အသက္(၁၅)ႏွစ္အရြယ္ မိန္းကေလးကို ခိုးယူေပါင္းသင္း ၿပီး ေငြရွာခိုင္းသည့္ အမိ်ဳးသား အား ပုဒ္မႏွစ္ခုျဖင့္အမႈဖြင့္အေရး ယူထားေၾကာင္း ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကေျပာ သည္။

ေျမာက္ဒဂံုၿမိဳ႕နယ္ အတြင္း ေနထိုင္သည့္ အဆိုပါမိန္းကေလး သည္ ခိုးရာလိုက္ၿပီးေနာက္ မတ္လ ၁၃ရက္တြင္ မိဘမ်ား အိမ္သို႔ တစ္ဦးတည္းေရာက္ရွိလာ သျဖင့္ ေမးျမန္းရာမွ ၎အားေန႔ စဥ္ေငြရွာခိုင္းသည္ကိုသိရွိသျဖင့္ အမႈဖြင့္ေၾကာင္း ၎ကရွင္းျပ သည္။

ဇန္န၀ါရီ ၄ရက္က အဆို ပါမိန္းကေလးသည္ ေနအိမ္ မွထြက္သြားခဲ့ၿပီး ည၉နာရီခြဲအထိ ျပန္လည္ေရာက္ရွိ မလာသျဖင့္ ေျမာက္ဒဂံုၿမိဳ႕မရဲစခန္းတြင္ လူ ေပ်ာက္တိုင္ခဲ့ေၾကာင္း၊ ထို႔ ေနာက္ ဇန္န၀ါရီ ၂၃ရက္တြင္ ၎၏ ခင္ပြန္းအသက္ (၂၃) ႏွစ္ရွိ လိႈင္၀င္းေရႊႏွင့္အတူ မိဘမ်ား ေနအိမ္သို႔ ျပန္လည္ေရာက္ရွိ လာၿပီး မိဘမ်ားေခၚေဆာင္ကာ  မိန္းကေလးအား ေတာင္းရမ္း လက္ထပ္မည္ဟု လိႈႈင္၀င္းေရႊက ေျပာဆို၍ မိန္းကေလးႏွင့္အတူ ျပန္သြားခဲ့ေၾကာင္း  ရဲအရာရွိိက ဆက္လက္ေျပာသည္။

ထို႔ေနာက္မတ္လ ၁၃ ရက္ တြင္ မိန္းကေလးသည္တစ္ဦး တည္း ေနအိမ္သို႔ျပန္လည္ေရာက္ ရွိလာသျဖင့္ မိဘမ်ားကေမးျမန္း ရာ လိႈင္၀င္းေရႊကမိန္းကေလးကို ၎၏ မိဘမ်ားရွိရာသို႔ေခၚေဆာင္ သြားျခင္းမရွိဘဲ ေက်ာက္တန္းၿမိဳ႕ နယ္ ပါဒႀကီးရပ္ကြက္တြင္ ေန အိမ္တစ္အိမ္ ငွားရမ္းကာ သား မယားအျဖစ္ ေပါင္းသင္းေန ထိုင္ခဲ့ေၾကာင္း၊ ထိုသို႔ေပါင္းသင္း ေနစဥ္ လိႈင္၀င္းေရႊကမိန္းကေလး ကို ေန႔စဥ္အလုပ္လုပ္ခိုင္းကာ ေငြရွာခိုင္းသျဖင့္ ထြက္ေျပးလာခဲ့ ၿပီး အေရးယူေပးရန္တိုင္ၾကားခဲ့ ေၾကာင္း ၎ကဆိုသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လိႈင္၀င္းေရႊကို ေျမာက္ဒဂံုၿမိဳ႕မ ရဲခန္းက သားမယားျပဳက်င့္ မႈပုဒ္မ ၃၇၆၊ လူခိုးမႈပုဒ္မ ၃၆၃ တို႔ျဖင့္ အမႈဖြင့္အေရးယူထား သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#
အသက်(၁၅)နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်း ပြီး ငွေရှာခိုင်းသည့် အမျိုးသား အား ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်အရေး ယူထားကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြော သည်။

မြောက်ဒဂုံမြို့နယ် အတွင်း နေထိုင်သည့် အဆိုပါမိန်းကလေး သည် ခိုးရာလိုက်ပြီးနောက် မတ်လ ၁၃ရက်တွင် မိဘများ အိမ်သို့ တစ်ဦးတည်းရောက်ရှိလာ သဖြင့် မေးမြန်းရာမှ ၎င်းအားနေ့ စဉ်ငွေရှာခိုင်းသည်ကိုသိရှိသဖြင့် အမှုဖွင့်ကြောင်း ၎င်းကရှင်းပြ သည်။

ဇန်နဝါရီ ၄ရက်က အဆို ပါမိန်းကလေးသည် နေအိမ် မှထွက်သွားခဲ့ပြီး ည၉နာရီခွဲအထိ ပြန်လည်ရောက်ရှိ မလာသဖြင့် မြောက်ဒဂုံမြို့မရဲစခန်းတွင် လူ ပျောက်တိုင်ခဲ့ကြောင်း၊ ထို့ နောက် ဇန်နဝါရီ ၂၃ရက်တွင် ၎င်း၏ ခင်ပွန်းအသက် (၂၃) နှစ်ရှိ လှိုင်ဝင်းရွှေနှင့်အတူ မိဘများ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာပြီး မိဘများခေါ်ဆောင်ကာ  မိန်းကလေးအား တောင်းရမ်း လက်ထပ်မည်ဟု လှိုှုင်ဝင်းရွှေက ပြောဆို၍ မိန်းကလေးနှင့်အတူ ပြန်သွားခဲ့ကြောင်း  ရဲအရာရှိက ဆက်လက်ပြောသည်။

ထို့နောက်မတ်လ ၁၃ ရက် တွင် မိန်းကလေးသည်တစ်ဦး တည်း နေအိမ်သို့ပြန်လည်ရောက် ရှိလာသဖြင့် မိဘများကမေးမြန်း ရာ လှိုင်ဝင်းရွှေကမိန်းကလေးကို ၎င်း၏ မိဘများရှိရာသို့ခေါ်ဆောင် သွားခြင်းမရှိဘဲ ကျောက်တန်းမြို့ နယ် ပါဒကြီးရပ်ကွက်တွင် နေ အိမ်တစ်အိမ် ငှားရမ်းကာ သား မယားအဖြစ် ပေါင်းသင်းနေ ထိုင်ခဲ့ကြောင်း၊ ထိုသို့ပေါင်းသင်း နေစဉ် လှိုင်ဝင်းရွှေကမိန်းကလေး ကို နေ့စဉ်အလုပ်လုပ်ခိုင်းကာ ငွေရှာခိုင်းသဖြင့် ထွက်ပြေးလာခဲ့ ပြီး အရေးယူပေးရန်တိုင်ကြားခဲ့ ကြောင်း ၎င်းကဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်ဝင်းရွှေကို မြောက်ဒဂုံမြို့မ ရဲခန်းက သားမယားပြုကျင့် မှုပုဒ်မ ၃၇၆၊ လူခိုးမှုပုဒ်မ ၃၆၃ တို့ဖြင့် အမှုဖွင့်အရေးယူထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top