မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×






Credit: htoo

#Unicode Version#
တည်းခို ရိပ်သာတွင် အမျိုးသား တစ်ဥိး ဆီဒိုရာ ကာမဆေးပြား သောက်၍ အပျော်မယားအား ချစ်တင်းအကြိမ်ကြိမ်နှောရင်း အမောဆို့နှလုံးရပ် သေဆုံး သွားတယ်လို့ သိရပါတယ်။(၁၅.၃.၂၀၁၈)ရက်နေ့၊ညနေ(၅:၀၀)အချိန်ခန့်တွင် ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး~ဦးအောင်နိုင်မှ ရပ်ကွက် (၈)၊ဖူလုံအောင် တည်းခိုရိပ်သာတွင် အမျိုးသားတစ်ဦး သေဆုံးနေပါသဖြင့် ကူညီပေးပါရန်အကြောင်းကြားလာပါသည်။

သေဆုံးသူနှင့် အတူတွေ့ရသော ကောင်မလေး မ—– အသက်19 နှစ်အားမေးမြန်းရာတွင် အိပ်ယာဘေးတွင်ရှိသောဆီဒိုရာ ဆေးကတ်ကိုပြ၍ ၎င်းဆေးများသောက်ပြီး ငါဘယ်လောက် လုပ်နိုင်လဲပြမယ်ဆိုပြီး အကြိမ်ကြိမ် မရပ်မနားလုပ်ရာမှ ငါးကြိမ်မြောက်လုပ်နေရင်း အမောဆို့နှလုံးရပ်သေကြောင်းပြောပြသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် မြို့မ ရဲစခန်း မှ ရဲအုပ်အောင်ကျော်မျိုး(အမှတ်-၄ရဲကင်းမှူး)၊ ရပ်ကွက်(၈)အုပ်ချုပ်ရေးမှူ~ဦးဝင်းမြ၊ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး~ဦးအောင်နိုင် တို့နှင့်ပူးပေါင်းကာ သေဆုံးသူအား သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်သို့၊ထိုမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံကြီး-ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

သေဆုံးသူမှာ-ဦးလျှိုယုံရီ၊အသက်(၄၈)နှစ်၊(ဘ)ဦးလျှိုအန်းရန်၊ (မိ)ဒေါ်ချိန်လန်းရင်၊ရပ်ကွက်(၆)၊နယ်မြေ(၇)၊သုခလမ်း၊လားရှိုးမြို့ နေထိုင်သူဟု သိရှိရပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: htoo
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top