ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ပဌာန္းတရားဆိုတာ
--------------
ဘုရားရွင္ေတာ္ပြင့္ေတာ္မူေသာအခါ အဘိဓမၼာ ( ၇ )က်မ္းကို သံုးသပ္ဆင္ျခင္ေတာ္မူခဲ့ပါတယ္။ အဲဒီလို သံုးသပ္ေတာ္မူရာမွာ အဘိဓမၼာေနာက္ဆံုးက်မ္းျဖစ္တဲ့ ပဌာန္းက်မ္းကို သံုးသပ္ဆင္ျခင္ေတာ္မူတဲ့အခါမွသာ ခႏၶာကိုယ္က အေသြးေတာ္အသားေတာ္ (ဓာတ္ေတာ္)ေတြဟာ ပီတိအဟုန္ေၾကာင့္ ၾကည္လင္ ျဖဴစင္ ဝင္းလက္လာကာ ၿဖိဳးၿဖိဳးဖ်တ္ဖ်တ္ ေရာင္ျခည္ေတာ္ေျခာက္သြယ္ ကြန္႔ျမဴးထြက္ေပၚလာခဲ့ပါတယ္။
ထိုေရာင္ျခည္ေတာ္ေျခာက္သြယ္ရဲ႕အလင္းေရာင္ဟာ စၾကၤာဝဠာတိုက္တစ္ေသာင္းအထိ ျပန္႔နွ႔ံေရာက္ရွိသျဖင့္  နတ္ျဗဟၼာအေပါင္းဟာ ေလာက၌ ဘုရားပြင့္ေတာ္မူၿပီဟု သိခြင့္ရၾကသည္။
ပဌာန္းတရားေတာ္ႀကီးဟာ နက္နဲက်ယ္ျပန္႔လြန္းသျဖင့္ ျမတ္စြာဘုရားသည္  တာဝတိ ံသာနတ္ျပည္တက္၍ မယ္ေတာ္မိနတ္သားႏွင့္ နတ္၊ျဗဟၼာအေပါင္းကို ေဟာၾကားခဲ့ေသာ တရားေတာ္ႀကီးျဖစ္ၿပီး လူ႔ျပည္မွာ မွတ္တမ္းတင္ထားတဲ့ ပဌာန္းက်မ္းထက္ မ်ားစြာက်ယ္ဝန္းနက္နဲပါတယ္။ လူ႔ျပည္က ပဌာန္းက်မ္းကေတာ့ ရွင္သာရိပုတၲရာ မေထရ္ျမတ္ႀကီး စီစဥ္ထားခဲ့တဲ့ အက်ဥ္းမ်ွသာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ပဌာန္းအဓိပၸာယ္
---------------
ပဌာန္း ဟာ "ပဌာန" ကေနလာတာျဖစ္ၿပီး ပဌာန ရဲ႕ အဓိပၸာယ္က

ပ= မ်ိဳးစံု၊ အမ်ိဳးမ်ိဳး၊

ဌာန= အေၾကာင္းတရား။

ပဌာန ( ပဌာန္း )= အမ်ိဳးမ်ိဳးေသာအေၾကာင္းတရားေတြက စုေပါင္းၿပီးေတာ့ အက်ိဳးတရားေတြထုတ္လုပ္ေနပံုကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ရွင္းလင္းျပတဲ့ ေဒသနာေတာ္လို႔ ဖြင့္ဆိုပါတယ္ ။( က်မ္ကိုး# အရွင္နႏၵမာလာဘိဝံသ၏ ပဌာန္းျမတ္ေဒသနာ)

ပဌာန္တရားေတာ္ဟာ လူ နတ္ ျဗဟၼာ စတဲ့ ဘံုေတြအေၾကာင္းမပါဘဲ ရုပ္ေတြ နာမ္ေတြရဲ႕ အေၾကာင္းအေထာက္အပ့ံေတြ အက်ိဳးအေထာက္အပ့ံေတြကိုသာ သီးျခားေဟာတဲ့ ဝိပႆနာတရားျဖစ္ပါတယ္။
အေၾကာင္းနဲ႔အက်ိဳးကို အက်ယ္ခ်ဲ့တဲ့အခါ ပဋိစၥသမုပၸာဒ္တဲ့။ ပဋိစၥသမုပၸာဒ္ကို အက်ယ္ထပ္ခ်ဲ့ရင္ ပဌာန္းတရားလို႔ ဆိုပါတယ္။
ရုပ္ နာမ္ ဓမၼတို႔၏ သဘာဝျဖစ္စဥ္ကို ေၾကာင္းက်ိဳးယွဥ္ တင္ျပထားတဲ့ ပဌာန္းေဒသနာကို ေလ့လာျခင္းျဖင့္ ျဖစ္စဥ္ ျဖစ္ရပ္မွန္သမ်ွ အေၾကာင္းမဲ့ျဖစ္ေပၚလာျခင္းမဟုတ္၊ အၾကာင္းေၾကာင့္ အက်ိဳး ျဖစ္ေပၚလာျခင္းသာျဖစ္၏ဟု အမွန္ကုိ အမွန္အတိုင္း ျမင္၍၊ အရွိကိုအရွိအတိုင္သိ၍
အရာရာကို ေၾကာင္က်ိဳးဆင္ျခင္နိုင္ၾကေစရန္ ယထာဘူတဥာဏ္ကုိ အေျခခံကာ တရားအဆင့္ဆင့္ျမင့္တက္လ်က္  ဘဝ၏ အႏွစ္သာရျဖစ္ေသာ မဂ္ဥာဏ္ဖိုလ္ဥာဏ္ကို အေထာက္အကူျပဳနိုင္ရန္ ေလ့လာအပ္ေသာ တရားျဖစ္ပါသည္။  ။

၁။ ေဟတုပစၥေယာတိ
ေဟတူ ေဟတုသမၸယုတၲာကာနံ ဓမၼာနံ တံ သမုဌာနာနဥၥ ရူပါနံ ေဟတုပစၥေယန ပစၥေယာ။

ေဟတူ=
ေလာဘ ေဒါသ ေမာဟ အေလာဘ အေဒါသ အေမာဟ လို႔ဆိုတဲ့ ဟိတ္ ၆-ပါးတရားတို႔သည္၊

ေဟတုသမၸယုတၲာကာနံ=
ထို ဟိတ္ေျခာက္ပါးႏွင့္ယွဥ္ၿပီးေတာ့
ျဖစ္ေပၚလာတဲ့ စိတ္ ေစတသိက္တရားတို႔အား လည္းေကာင္း၊

တံ သမုဌာနာနံ=
ထို ဟိတ္ႏွင့္ယွဥ္တဲ့ စိတ္တရားနဲ႔ ထို စိတ္တို႔ကိုအေၾကာင္းျပဳၿပီးေတာ့ျဖစ္ေပၚလာတဲ့၊

ရူပနဥၥ=
ရုပ္တရားတို႔အားလည္းေကာင္း၊

ေဟတုပစၥေယန=
ေဟတုသတၲိျဖင့္၊

ပစၥေယာ ( ဥပကာရေကာ)= ေက်းဇူးျပဳတတ္သည္၊

ေဟာတိ= ျဖစ္ပါေပ၏။

ဟိတ္ ၆-ပါးထဲက တပါးပါးျဖစ္ေပၚလာတာနဲ႔ ထိုဟိတ္ႏွင့္ယွဥ္တဲ့ စိတ္ ေစတသိက္တရားေတြနဲ႔ ထိုဟိတ္ေၾကာင့္ျဖစ္ေပၚလာတဲ့ ရုပ္ေတြ( စိတၲဇ )ကို ေက်းဇူးျပဳတယ္ဆို္တာ ေဟတုသတၲိကို ဆိုပါတယ္။
ဥပမာ ေလာဘျဖစ္ရင္ စိတ္တခုျဖစ္ပါတယ္။ သူနဲ႔ျဖစ္ေဖာ္ျဖစ္ဘက္ေတြက ၁၉-ခုေလာက္ရွိတယ္၊ ဖႆ ေဝဒနာ သညာ ေစတနာ ဧကဂၢတာ ဇိဝိတိေျႏၵ မနသိကာရေတြပါလာတယ္၊ ဝိတက္ ဝိစာရ အဓိေမာကၡ ဝိရိယ ပီတိ ဆႏၵေတြယွဥ္ၿပီးပါလာတယ္၊ ေနာက္ ေမာဟ အဟိရိက အေနာတၱပၸ ဥဒၶစၥ ေလာဘ မာနေတြပါလာမယ္၊ အဘိဓမၼာသင္ထားရင္ ဒါေတြနားလည္နိုင္ပါတယ္။ သမၸယုတၲကာနံ ဓမၼာနံ ဆိုတာ ဒီလိုယွဥ္ဘက္ေတြကိုေျပာတာပါ။
ရုပ္နဲ႔နာမ္ရွိၿပီ ေပၚၿပီဆိုတာနဲ႔ ဒီဟိတ္တရားေတြက အျမစ္တြယ္ ျဖစ္ေပၚၾကတာကို ဆိုလိုတာပါ။
-------------

ဟိတ္ ( ၆ ) ပါးသည္ ခႏၶာရေစရန္ အျမစ္သဖြယ္ အေထာက္အပံ့ျဖစ္ၾက၏၊
ခႏၶာရၿပီးေနာက္ ႐ုပ္ႏွင့္နာမ္တို႔သည္ ပဋိစၥသမုပၸာဒ္လည္လမ္းျဖင့္ အစဥ္မျပတ္ေတာ့ဘဲ သံသရာရွည္သေ႐ြ႕ ၃၁ ဘံု၌ က်င္လည္ၾကရေတာ့သည္။

သံသရာမွာ မဆင္းရဲလိုပါက ဟိတ္ေျခာက္ပါးတို႔၏ ေကာင္းက်ိဳး ဆိုးျပစ္တို႔ကို သိရွိ၍ က်င့္ႀကံနိုင္ၾကပါသည္။

ဟိတ္ေျခာက္ပါးတို႔တြင္-
၁။ အေလာဘ
၂။ အေဒါသ
၃။ အေမာဟ

  ....ထို ၃-ပါးပိုင္ဆိုင္ / က်င့္သံုးနိုင္သူကို
တိဟိတ္ပုဂၢိဳလ္ဟု သတ္မွတ္ႏိုင္ၿပီး သီလ၊ သမာဓိ၊ ပညာႏွင့္ျပည့္စံုသူျဖစ္၍ နတ္႐ြာ သုဂတိ လားၾကရၿပီး ဆရာေကာင္းႏွင့္ေတြ႕လွ်င္ ဝိပႆနာအားထုတ္ႏိုင္ပါက အပါယ္တံခါးပိတ္ကာ နိဗၺာန္တံခါးပြင့္ႏိုင္ပါသည္။

၁။ အေလာဘ
၂။ အေဒါသ

.....ထို ၂-ပါးသာ ပိုင္ဆိုင္ႏိုင္သူကို ဒြိဟိတ္ပုဂၢိဳလ္ဟု ေခၚဆိုၿပီး နတ္႐ြာသုဂတိေလာက္သာ လားေရာက္ႏိုင္ပါသည္။
ဤပုဂၢိဳလ္၌ သစၥာသိႏိုင္ေသာဥာဏ္(အေမာဟ)
မ႐ွိေသး၍ က်ိဳူးစားရပါဦးမည္။

၁။ ေလာဘ
၂။ ေဒါသ
၃။ ေမာဟ

...ထို ၃-ပါးႏွင့္ေနထိုင္သူကို အဟိတ္ပုဂၢိဳလ္ဟု ေခၚဆိုၿပီး  အပါယ္တံခါး မပိတ္ႏိုင္ေသးသူျဖစ္၍ သံသရာတစ္ေလ်ာက္ ဆင္းရဲပင္ပန္းစြာျဖင့္ ေနရမည့္သူျဖစ္ပါသည္။

ဟိတ္ေျခာက္ပါးတရားအား နားလည္သေဘာေပါက္နိုင္ၾကၿပီး၊ လူ ( ၃ )ပါး ျဖစ္ရေၾကာင္း သိရွိႏိုင္ၾကကာ သံသရာ၌ ခ်မ္းသာမည့္ အက်င့္ က်င့္ႀကံႏိုင္ၾကပါေစ ...။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dhammasarpay
# Unicode Version ျဖင့္ ဖတ္ပါ #
ပဌာန်းတရားဆိုတာ
--------------
ဘုရားရှင်တော်ပွင့်တော်မူသောအခါ အဘိဓမ္မာ ( ၇ )ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူခဲ့ပါတယ်။ အဲဒီလို သုံးသပ်တော်မူရာမှာ အဘိဓမ္မာနောက်ဆုံးကျမ်းဖြစ်တဲ့ ပဌာန်းကျမ်းကို သုံးသပ်ဆင်ခြင်တော်မူတဲ့အခါမှသာ ခန္ဓာကိုယ်က အသွေးတော်အသားတော် (ဓာတ်တော်)တွေဟာ ပီတိအဟုန်ကြောင့် ကြည်လင် ဖြူစင် ဝင်းလက်လာကာ ဖြိုးဖြိုးဖျတ်ဖျတ် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးထွက်ပေါ်လာခဲ့ပါတယ်။
ထိုရောင်ခြည်တော်ခြောက်သွယ်ရဲ့အလင်းရောင်ဟာ စင်္ကြာဝဠာတိုက်တစ်သောင်းအထိ ပြန့်နှံ့ရောက်ရှိသဖြင့်  နတ်ဗြဟ္မာအပေါင်းဟာ လောက၌ ဘုရားပွင့်တော်မူပြီဟု သိခွင့်ရကြသည်။
ပဌာန်းတရားတော်ကြီးဟာ နက်နဲကျယ်ပြန့်လွန်းသဖြင့် မြတ်စွာဘုရားသည်  တာဝတိ ံသာနတ်ပြည်တက်၍ မယ်တော်မိနတ်သားနှင့် နတ်၊ဗြဟ္မာအပေါင်းကို ဟောကြားခဲ့သော တရားတော်ကြီးဖြစ်ပြီး လူ့ပြည်မှာ မှတ်တမ်းတင်ထားတဲ့ ပဌာန်းကျမ်းထက် များစွာကျယ်ဝန်းနက်နဲပါတယ်။ လူ့ပြည်က ပဌာန်းကျမ်းကတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး စီစဉ်ထားခဲ့တဲ့ အကျဉ်းမျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပဌာန်းအဓိပ္ပာယ်
---------------
ပဌာန်း ဟာ "ပဌာန" ကနေလာတာဖြစ်ပြီး ပဌာန ရဲ့ အဓိပ္ပာယ်က

ပ= မျိုးစုံ၊ အမျိုးမျိုး၊

ဌာန= အကြောင်းတရား။

ပဌာန ( ပဌာန်း )= အမျိုးမျိုးသောအကြောင်းတရားတွေက စုပေါင်းပြီးတော့ အကျိုးတရားတွေထုတ်လုပ်နေပုံကို အကြောင်းအမျိုးမျိုးနဲ့ ရှင်းလင်းပြတဲ့ ဒေသနာတော်လို့ ဖွင့်ဆိုပါတယ် ။( ကျမ်ကိုး# အရှင်နန္ဒမာလာဘိဝံသ၏ ပဌာန်းမြတ်ဒေသနာ)

ပဌာန်တရားတော်ဟာ လူ နတ် ဗြဟ္မာ စတဲ့ ဘုံတွေအကြောင်းမပါဘဲ ရုပ်တွေ နာမ်တွေရဲ့ အကြောင်းအထောက်အပံ့တွေ အကျိုးအထောက်အပံ့တွေကိုသာ သီးခြားဟောတဲ့ ဝိပဿနာတရားဖြစ်ပါတယ်။
အကြောင်းနဲ့အကျိုးကို အကျယ်ချဲ့တဲ့အခါ ပဋိစ္စသမုပ္ပာဒ်တဲ့။ ပဋိစ္စသမုပ္ပာဒ်ကို အကျယ်ထပ်ချဲ့ရင် ပဌာန်းတရားလို့ ဆိုပါတယ်။
ရုပ် နာမ် ဓမ္မတို့၏ သဘာဝဖြစ်စဉ်ကို ကြောင်းကျိုးယှဉ် တင်ပြထားတဲ့ ပဌာန်းဒေသနာကို လေ့လာခြင်းဖြင့် ဖြစ်စဉ် ဖြစ်ရပ်မှန်သမျှ အကြောင်းမဲ့ဖြစ်ပေါ်လာခြင်းမဟုတ်၊ အကြာင်းကြောင့် အကျိုး ဖြစ်ပေါ်လာခြင်းသာဖြစ်၏ဟု အမှန်ကို အမှန်အတိုင်း မြင်၍၊ အရှိကိုအရှိအတိုင်သိ၍
အရာရာကို ကြောင်ကျိုးဆင်ခြင်နိုင်ကြစေရန် ယထာဘူတဉာဏ်ကို အခြေခံကာ တရားအဆင့်ဆင့်မြင့်တက်လျက်  ဘဝ၏ အနှစ်သာရဖြစ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို အထောက်အကူပြုနိုင်ရန် လေ့လာအပ်သော တရားဖြစ်ပါသည်။  ။

၁။ ဟေတုပစ္စယောတိ
ဟေတူ ဟေတုသမ္ပယုတ္တာကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။

ဟေတူ=
လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ လို့ဆိုတဲ့ ဟိတ် ၆-ပါးတရားတို့သည်၊

ဟေတုသမ္ပယုတ္တာကာနံ=
ထို ဟိတ်ခြောက်ပါးနှင့်ယှဉ်ပြီးတော့
ဖြစ်ပေါ်လာတဲ့ စိတ် စေတသိက်တရားတို့အား လည်းကောင်း၊

တံ သမုဌာနာနံ=
ထို ဟိတ်နှင့်ယှဉ်တဲ့ စိတ်တရားနဲ့ ထို စိတ်တို့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့၊

ရူပနဉ္စ=
ရုပ်တရားတို့အားလည်းကောင်း၊

ဟေတုပစ္စယေန=
ဟေတုသတ္တိဖြင့်၊

ပစ္စယော ( ဥပကာရကော)= ကျေးဇူးပြုတတ်သည်၊

ဟောတိ= ဖြစ်ပါပေ၏။

ဟိတ် ၆-ပါးထဲက တပါးပါးဖြစ်ပေါ်လာတာနဲ့ ထိုဟိတ်နှင့်ယှဉ်တဲ့ စိတ် စေတသိက်တရားတွေနဲ့ ထိုဟိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တွေ( စိတ္တဇ )ကို ကျေးဇူးပြုတယ်ဆိုတာ ဟေတုသတ္တိကို ဆိုပါတယ်။
ဥပမာ လောဘဖြစ်ရင် စိတ်တခုဖြစ်ပါတယ်။ သူနဲ့ဖြစ်ဖော်ဖြစ်ဘက်တွေက ၁၉-ခုလောက်ရှိတယ်၊ ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇိဝိတိနြေ္ဒ မနသိကာရတွေပါလာတယ်၊ ဝိတက် ဝိစာရ အဓိမောက္ခ ဝိရိယ ပီတိ ဆန္ဒတွေယှဉ်ပြီးပါလာတယ်၊ နောက် မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ လောဘ မာနတွေပါလာမယ်၊ အဘိဓမ္မာသင်ထားရင် ဒါတွေနားလည်နိုင်ပါတယ်။ သမ္ပယုတ္တကာနံ ဓမ္မာနံ ဆိုတာ ဒီလိုယှဉ်ဘက်တွေကိုပြောတာပါ။
ရုပ်နဲ့နာမ်ရှိပြီ ပေါ်ပြီဆိုတာနဲ့ ဒီဟိတ်တရားတွေက အမြစ်တွယ် ဖြစ်ပေါ်ကြတာကို ဆိုလိုတာပါ။
-------------

ဟိတ် ( ၆ ) ပါးသည် ခန္ဓာရစေရန် အမြစ်သဖွယ် အထောက်အပံ့ဖြစ်ကြ၏၊
ခန္ဓာရပြီးနောက် ရုပ်နှင့်နာမ်တို့သည် ပဋိစ္စသမုပ္ပာဒ်လည်လမ်းဖြင့် အစဉ်မပြတ်တော့ဘဲ သံသရာရှည်သရွေ့ ၃၁ ဘုံ၌ ကျင်လည်ကြရတော့သည်။

သံသရာမှာ မဆင်းရဲလိုပါက ဟိတ်ခြောက်ပါးတို့၏ ကောင်းကျိုး ဆိုးပြစ်တို့ကို သိရှိ၍ ကျင့်ကြံနိုင်ကြပါသည်။

ဟိတ်ခြောက်ပါးတို့တွင်-
၁။ အလောဘ
၂။ အဒေါသ
၃။ အမောဟ

  ....ထို ၃-ပါးပိုင်ဆိုင် / ကျင့်သုံးနိုင်သူကို
တိဟိတ်ပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်ပြီး သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသူဖြစ်၍ နတ်ရွာ သုဂတိ လားကြရပြီး ဆရာကောင်းနှင့်တွေ့လျှင် ဝိပဿနာအားထုတ်နိုင်ပါက အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်တံခါးပွင့်နိုင်ပါသည်။

၁။ အလောဘ
၂။ အဒေါသ

.....ထို ၂-ပါးသာ ပိုင်ဆိုင်နိုင်သူကို ဒွိဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ဆိုပြီး နတ်ရွာသုဂတိလောက်သာ လားရောက်နိုင်ပါသည်။
ဤပုဂ္ဂိုလ်၌ သစ္စာသိနိုင်သောဉာဏ်(အမောဟ)
မရှိသေး၍ ကျိုူးစားရပါဦးမည်။

၁။ လောဘ
၂။ ဒေါသ
၃။ မောဟ

...ထို ၃-ပါးနှင့်နေထိုင်သူကို အဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ဆိုပြီး  အပါယ်တံခါး မပိတ်နိုင်သေးသူဖြစ်၍ သံသရာတစ်လျောက် ဆင်းရဲပင်ပန်းစွာဖြင့် နေရမည့်သူဖြစ်ပါသည်။

ဟိတ်ခြောက်ပါးတရားအား နားလည်သဘောပေါက်နိုင်ကြပြီး၊ လူ ( ၃ )ပါး ဖြစ်ရကြောင်း သိရှိနိုင်ကြကာ သံသရာ၌ ချမ်းသာမည့် အကျင့် ကျင့်ကြံနိုင်ကြပါစေ ...။

ဖိုးသူတော် (www.phothutaw.com)
Credit: dhammasarpay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top