ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ျပည့္တန္ဆာအ ျဖစ္ လုပ္ကိုင္ေနေသာ အမ်ဳိးသ မီးမ်ားအား ယင္းဘ၀မွ ႐ုန္းထြက္ ႏုိင္ေအာင္ ကူညီေပးႏုိင္မည့္ ျပည့္တန္ဆာဆုိင္ရာ ဥပေဒကို ေရးဆဲြၿပီးစီး၍ အစိုးရအဖဲြ႕ထံ တင္ျပထားေၾကာင္း လူမႈ၀န္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာန အမ်ဳိးသမီးမ်ား ဖံြ႕ၿဖိဳးတုိးတက္ေရးဌာနခဲြ ၫႊန္ၾကားေရးမွဴး ေဒၚေနာ္သ၀ါးက ေျပာသည္။

‘‘သူတို႔ကုိ အျပစ္ေပးအေရး ယူတာထက္ သူတို႔ရဲ႕ အသိပညာ၊ အတတ္ပညာ၊ အသက္ေမြး၀မ္း ေက်ာင္းပညာရရွိဖို႔ကို အဲဒီဘက္ ကို ဦးတည္သြားပါတယ္။ ေထာင္ ဒဏ္ဆုိတာလည္း မရွိေတာ့ဘူး’’ ဟု ၎ကေျပာသည္။

လက္ရွိက်င့္သုံးေနသည့္ ၁၉၄၉ ျပည့္တန္ဆာ ႏွိပ္ကြပ္ေရး အက္ဥပေဒအရ ျပည့္တန္ဆာ မ်ားကို ဖမ္းဆီး၍ အေရးယူမႈမ်ား ျပဳလုပ္ေသာ္လည္း ေလ်ာ့နည္း ပေပ်ာက္ျခင္းမရွိေၾကာင္း ေဒၚေနာ္သ၀ါးက ေထာက္ျပေျပာဆုိသည္။

‘‘အခုဆဲြထားတဲ့ ဥပေဒ ၾကမ္း ၁၉၄၉ ဥပေဒနဲ႔ကေတာ့ တက္တက္စင္ ဆန္႔က်င္ဘက္ျဖစ္ တယ္’’ ဟု ၎ကဆုိသည္။

ျပည့္တန္ဆာအျဖစ္ လုပ္ ကိုင္ေနသူမ်ားသည္ စီးပြားေရး အရ လုံး၀ထြက္ေပါက္ မရွိေသာ ေၾကာင့္ ယင္းဘ၀သို႔ ေရာက္ရွိ ေနရၿပီး ၎တုိ႔လုပ္အားျဖင့္ လုပ္ကိုင္ႏုိင္မည့္ အျခားအသက္ေမြး၀မ္းေက်ာင္းတစ္ခု ဖန္တီးေပးႏုိင္ပါ က ျပည့္တန္ဆာအျဖစ္မွ ႐ုန္းထြက္ႏုိင္မည္ဟု ယုံၾကည္ေၾကာင္း ေဒၚေနာ္သ၀ါးက ေျပာသည္။

အသက္ေမြး၀မ္းေက်ာင္း ပညာသင္ေပးၿပီးက ၎တုိ႔လုပ္ ကိုင္စားေသာက္ ရင္းႏွီးရန္ အ လုပ္အကိုင္ အခြင့္အလမ္းအျပင္ ဖြင့္လွစ္လုိသည့္ လုပ္ငန္းအတုိင္း အတာႏွင့္ ကိုက္ညီသည့္ ေငြအ ရင္းအႏွီးကို သတ္မွတ္ခ်က္အ တုိင္း သက္ဆုိင္ရာအစုိးရ၀န္ႀကီး ဌာနမ်ားႏွင့္ ပူးေပါင္းကာကူညီ မည္ဟု ေဒၚေနာ္သ၀ါးက ေျပာ သည္။

‘‘အဲဒီေလာက္လုပ္ေပးတာ ေတာင္မွ ဒီလုပ္ငန္းကိုဆက္ၿပီး လုပ္မယ္ဆိုရင္ သူ႔ကိုတစ္လ ထက္မပိုေသာ ေထာင္ဒဏ္ဆုိၿပီး ထပ္ထည့္ထားတယ္။ ဒီလိုေပး တာေတာင္မွ ဒီလိုက်ဴးလြန္တယ္ ဆိုရင္ က်ဴးလြန္တယ္ျဖစ္သြား တာေပါ့။ ပထမတစ္ခါက သူ႔အ တြက္ အခြင့္အလမ္းမရွိလုိ႔ အခြင့္ အလမ္းရွိေအာင္ ေဆာင္ရြက္ေပး တယ္။ ေဆာင္ရြက္ေပးၿပီး ဒီဘ၀ က ႐ုန္းထြက္ႏုိင္ေအာင္၊ မ႐ုန္း ထြက္ရင္ေတာ့ ျပစ္ဒဏ္ေပးရမွာ ေပါ့’’ဟု ၎ကဥပေဒၾကမ္းတြင္ ပါ၀င္ေရးဆဲြမည့္ အခ်က္မ်ားကို ရွင္းျပသည္။

ျပည့္တန္ဆာဥပေဒၾကမ္း သည္ လက္ေတြ႕ဘ၀တြင္ လုပ္ ကိုင္ စားေသာက္ေနသူမ်ား၏ ဘ၀ကုိ ထင္ဟပ္ေျဖရွင္းေပးႏုိင္ ရန္ လုိအပ္ၿပီး ျပည့္တန္ဆာဘ၀ သို႔ ေရာက္ရွိရျခင္းသည္ ဆင္းရဲမဲြ ေတမႈ အဓိကက်ေၾကာင္း အခရာအမ်ဳိးသမီးအဖဲြ႕မွ ဒါ႐ုိက္တာမထားထားက ေျပာသည္။

‘‘ဆင္းရဲမဲြေတမႈေၾကာင့္ (ျပည့္တန္ဆာေလာက) ၀င္လာ ၿပီးတဲ့အခ်ိန္မွာ သူတုိ႔ကဒါကိုဘာ ေၾကာင့္ ဆက္လုပ္ေနသလဲဆုိ ေတာ့ သူတုိ႔လိုခ်င္တဲ့ ပိုက္ဆံပမာဏကိုရေနလို႔ ဆက္လုပ္ေနၾက တာ။ ဒီထဲကေန ဆဲြထုတ္ၿပီးသြား ရင္ ဒီေလာက္ Amount ပမာဏ ရမလားေပါ့။ အဲဒါရွိေသးတယ္’’ ဟု ၎ကဆုိသည္။

ထို႔အျပင္ ျပည့္တန္ဆာမ်ား သည္ အက်င့္စာရိတၱမေကာင္း သူမ်ား မဟုတ္ဘဲ ၎တုိ႔အား ေထာင္ဒဏ္ထည့္သြင္းထားမႈကို လုံး၀သေဘာမတူေၾကာင္း ၎ကေျပာသည္။ ‘‘ျပည့္တန္ဆာေတြကို ေထာင္ခ်တာ လုံး၀သေဘာမတူဘူး။ တစ္ရက္ျဖစ္ျဖစ္၊ တစ္လျဖစ္ျဖစ္’’ဟု ယခုေရးဆဲြေနေသာ ဥပေဒၾကမ္းတြင္ ျပည့္တန္ဆာ မ်ားအတြက္ ေထာင္ဒဏ္ထည့္ သြင္းထားျခင္းအေပၚ ၎ကကန္႔ ကြက္ေျပာၾကားသည္။

သို႔ေသာ္ ယခုဥပေဒၾကမ္း တြင္ ျပည့္တန္ဆာမ်ားကို လက္ရွိက်င့္သုံးေနေသာ ဥပေဒကဲ့သို႔ ဖမ္း မိပါက ေထာင္ခ်က္ခ်င္းခ်မည္ မဟုတ္ဘဲ  ပထမအႀကိမ္ ဖမ္းဆီးခံရပါက ကိုယ္တုိင္ခံ၀န္ထိုး၍ ေနာက္တစ္ဆင့္ ထပ္မံဖမ္းဆီးခံရ မွသာ ေထာင္ဒဏ္အေရး ယူမႈခံရမည္ျဖစ္ေၾကာင္း ျပည့္တန္ဆာ အျဖစ္ အသက္ေမြး၀မ္းေက်ာင္းျပဳလုပ္ဖူးသူ အမ်ဳိးသမီးမ်ားႏွင့္ ဖဲြ႕စည္းထားၿပီး ဥပေဒၾကမ္းေရး ဆဲြရာတြင္ ပါ၀င္သူ ေတာ္၀င္ခေရ ကြန္ရက္မွ ဥကၠ႒ မသူဇာ၀င္းက ေျပာသည္။

‘‘အရင္ဥပေဒထက္စာရင္ ဒီဥပေဒမွာရွိေနတဲ့ဟာက အကာ အကြယ္ေပးႏုိင္တယ္။ က်န္းမာ ေရးေစာင့္ေရွာက္မႈ၊ ဥပေဒ အ ေထာက္အကူျပဳရယူခြင့္၊ လူမႈ ပတ္၀န္းက်င္အတြက္ အလုပ္အ ကိုင္ အခြင့္အလမ္း ဒါေတြပါလာ တာေပါ့။ အရင္ဥပေဒထက္ အ မ်ားႀကီး ေကာင္းလာမွာပါ’’ဟု ၎က ေျပာသည္။

ထုိ႔ျပင္ ျပည့္တန္ဆာမ်ားကို ဖမ္းဆီးအေရးယူမႈမ်ား မျပဳလုပ္ ေသာ္လည္း ယင္းလုပ္ငန္းကို စီး ပြားေရးတစ္ရပ္အေနျဖင့္ တည္ေထာင္လုပ္ကိုင္ေနသူမ်ားကို အေရးယူမႈမ်ား ျပဳလုပ္ရန္ ဥပေဒတြင္ထည့္သြင္းေရးဆဲြထားေၾကာင္း ေဒၚေနာ္သ၀ါးက ေျပာသည္။

 ‘‘ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနတဲ့ ကေလးေတြကို မေတာ္မတရားနဲ႔ လူကုန္ကူးတာ မ်ဳိး၊ ထြက္ခြင့္မေပးဘဲ ခ်ဳပ္ခ်ယ္ တာမ်ဳိး၊ ေခါင္းပုံျဖတ္တာမ်ဳိး၊ အဲ ဒါမ်ဳိးေတြရွိရင္လည္း ထိေရာက္ ေသာ ျပစ္ဒဏ္ဆုိၿပီး ထည့္ထား တယ္’’ဟု ၎ကရွင္းျပသည္။

ထုိသို႔ ျပဳလုပ္ပါက ၎တုိ႔ ပိုင္ဆုိင္သည့္ ျပည့္တန္ဆာလုပ္ ငန္းႏွင့္ပတ္သက္ေသာ ပစၥည္း မ်ားသိမ္းဆည္း၍ ေထာင္ဒဏ္သုံး ႏွစ္မွ ငါးႏွစ္အထိ ခ်မွတ္ႏုိင္ ေၾကာင္း ေရးဆဲြထားသည္။ ယင္း အျပင္ ျပည့္တန္ဆာမ်ားကို လူ ကုန္ကူးသကဲ့သို႔ ေခါင္းပုံျဖတ္အ ျမတ္ထုတ္မႈမ်ား ျပဳလုပ္ပါက လူ ကုန္ကူးဥပေဒျဖင့္ အေရးယူႏုိင္ ရန္ကိုလည္း ဥပေဒတြင္ ေရးဆဲြ ထားေၾကာင္း ေဒၚေနာ္သ၀ါးက ဆုိသည္။

ထုိ႔အျပင္ ျပည့္တန္ဆာမ်ား အတြက္ က်န္းမာေရးႏွင့္ပတ္ သက္သည့္ ေဆး၀ါးမ်ား လက္ လွမ္းမီရရွိရန္ႏွင့္ ယင္းဘ၀သို႔ ေရာက္ရွိေနေသာ္လည္း ၎တို႔ ထံလာသည့္ Customer ေဖာက္ သည္မ်ားႏွင့္ ျပည့္တန္ဆာတို႔ သည္ အကာအကြယ္ကို ေသေသ ခ်ာခ်ာသုံးစဲြရန္ ဥပေဒၾကမ္းတြင္ ထည့္သြင္းထားေၾကာင္း ေဒၚေနာ္ သ၀ါးက ေျပာသည္။

ျပည့္တန္ဆာဥပေဒၾကမ္း  ေရးဆဲြရျခင္းသည္ ယင္းလုပ္ငန္းခြင္ထဲသို႔ ေျခေခ်ာ္ လက္ေခ်ာ္ေရာက္ရွိခဲ့ရၿပီး အတားအဆီးမ်ားကို ႐ုန္းမထြက္ႏုိင္သူမ်ားအတြက္ အဓိကရည္ရြယ္ကာ အခန္း ၁၀ ခန္းႏွင့္ ပုဒ္မ ၄၁ ခုပါ၀င္ေၾကာင္း ၎ကဆုိသည္။

အဆိုပါ ဥပေဒၾကမ္းသည္ လက္ရွိ ျပည္ေထာင္စုေရွ႕ေန႐ုံး ထံ တင္ျပထားၿပီး အႀကံျပဳခ်က္ မ်ား ရရွိပါက မၾကာမီလႊတ္ေတာ္ သုိ႔ တင္ႏုိင္မည္ျဖစ္ေၾကာင္း ေဒၚေနာ္သ၀ါးက ေျပာသည္။

ဥပေဒၾကမ္းကို ျပ႒ာန္းၿပီး ပါက လက္ရွိက်င့္သုံးေနသည့္ ၁၉၄၉ ျပည့္တန္ဆာ ႏိွပ္ကြပ္ေရး အက္ဥပေဒကို ဖ်က္သိမ္းရမည္ ျဖစ္သည္။။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ပြည့်တန်ဆာအ ဖြစ် လုပ်ကိုင်နေသော အမျိုးသ မီးများအား ယင်းဘဝမှ ရုန်းထွက် နိုင်အောင် ကူညီပေးနိုင်မည့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို ရေးဆွဲပြီးစီး၍ အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက ပြောသည်။

‘‘သူတို့ကို အပြစ်ပေးအရေး ယူတာထက် သူတို့ရဲ့ အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်း ကျောင်းပညာရရှိဖို့ကို အဲဒီဘက် ကို ဦးတည်သွားပါတယ်။ ထောင် ဒဏ်ဆိုတာလည်း မရှိတော့ဘူး’’ ဟု ၎င်းကပြောသည်။

လက်ရှိကျင့်သုံးနေသည့် ၁၉၄၉ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ပြည့်တန်ဆာ များကို ဖမ်းဆီး၍ အရေးယူမှုများ ပြုလုပ်သော်လည်း လျော့နည်း ပပျောက်ခြင်းမရှိကြောင်း ဒေါ်နော်သဝါးက ထောက်ပြပြောဆိုသည်။

‘‘အခုဆွဲထားတဲ့ ဥပဒေ ကြမ်း ၁၉၄၉ ဥပဒေနဲ့ကတော့ တက်တက်စင် ဆန့်ကျင်ဘက်ဖြစ် တယ်’’ ဟု ၎င်းကဆိုသည်။

ပြည့်တန်ဆာအဖြစ် လုပ် ကိုင်နေသူများသည် စီးပွားရေး အရ လုံးဝထွက်ပေါက် မရှိသော ကြောင့် ယင်းဘဝသို့ ရောက်ရှိ နေရပြီး ၎င်းတို့လုပ်အားဖြင့် လုပ်ကိုင်နိုင်မည့် အခြားအသက်မွေးဝမ်းကျောင်းတစ်ခု ဖန်တီးပေးနိုင်ပါ က ပြည့်တန်ဆာအဖြစ်မှ ရုန်းထွက်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်နော်သဝါးက ပြောသည်။

အသက်မွေးဝမ်းကျောင်း ပညာသင်ပေးပြီးက ၎င်းတို့လုပ် ကိုင်စားသောက် ရင်းနှီးရန် အ လုပ်အကိုင် အခွင့်အလမ်းအပြင် ဖွင့်လှစ်လိုသည့် လုပ်ငန်းအတိုင်း အတာနှင့် ကိုက်ညီသည့် ငွေအ ရင်းအနှီးကို သတ်မှတ်ချက်အ တိုင်း သက်ဆိုင်ရာအစိုးရဝန်ကြီး ဌာနများနှင့် ပူးပေါင်းကာကူညီ မည်ဟု ဒေါ်နော်သဝါးက ပြော သည်။

‘‘အဲဒီလောက်လုပ်ပေးတာ တောင်မှ ဒီလုပ်ငန်းကိုဆက်ပြီး လုပ်မယ်ဆိုရင် သူ့ကိုတစ်လ ထက်မပိုသော ထောင်ဒဏ်ဆိုပြီး ထပ်ထည့်ထားတယ်။ ဒီလိုပေး တာတောင်မှ ဒီလိုကျူးလွန်တယ် ဆိုရင် ကျူးလွန်တယ်ဖြစ်သွား တာပေါ့။ ပထမတစ်ခါက သူ့အ တွက် အခွင့်အလမ်းမရှိလို့ အခွင့် အလမ်းရှိအောင် ဆောင်ရွက်ပေး တယ်။ ဆောင်ရွက်ပေးပြီး ဒီဘ၀ က ရုန်းထွက်နိုင်အောင်၊ မရုန်း ထွက်ရင်တော့ ပြစ်ဒဏ်ပေးရမှာ ပေါ့’’ဟု ၎င်းကဥပဒေကြမ်းတွင် ပါဝင်ရေးဆွဲမည့် အချက်များကို ရှင်းပြသည်။

ပြည့်တန်ဆာဥပဒေကြမ်း သည် လက်တွေ့ဘဝတွင် လုပ် ကိုင် စားသောက်နေသူများ၏ ဘဝကို ထင်ဟပ်ဖြေရှင်းပေးနိုင် ရန် လိုအပ်ပြီး ပြည့်တန်ဆာဘ၀ သို့ ရောက်ရှိရခြင်းသည် ဆင်းရဲမွဲ တေမှု အဓိကကျကြောင်း အခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာမထားထားက ပြောသည်။

‘‘ဆင်းရဲမွဲတေမှုကြောင့် (ပြည့်တန်ဆာလောက) ဝင်လာ ပြီးတဲ့အချိန်မှာ သူတို့ကဒါကိုဘာ ကြောင့် ဆက်လုပ်နေသလဲဆို တော့ သူတို့လိုချင်တဲ့ ပိုက်ဆံပမာဏကိုရနေလို့ ဆက်လုပ်နေကြ တာ။ ဒီထဲကနေ ဆွဲထုတ်ပြီးသွား ရင် ဒီလောက် Amount ပမာဏ ရမလားပေါ့။ အဲဒါရှိသေးတယ်’’ ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည့်တန်ဆာများ သည် အကျင့်စာရိတ္တမကောင်း သူများ မဟုတ်ဘဲ ၎င်းတို့အား ထောင်ဒဏ်ထည့်သွင်းထားမှုကို လုံးဝသဘောမတူကြောင်း ၎င်းကပြောသည်။ ‘‘ပြည့်တန်ဆာတွေကို ထောင်ချတာ လုံးဝသဘောမတူဘူး။ တစ်ရက်ဖြစ်ဖြစ်၊ တစ်လဖြစ်ဖြစ်’’ဟု ယခုရေးဆွဲနေသော ဥပဒေကြမ်းတွင် ပြည့်တန်ဆာ များအတွက် ထောင်ဒဏ်ထည့် သွင်းထားခြင်းအပေါ် ၎င်းကကန့် ကွက်ပြောကြားသည်။

သို့သော် ယခုဥပဒေကြမ်း တွင် ပြည့်တန်ဆာများကို လက်ရှိကျင့်သုံးနေသော ဥပဒေကဲ့သို့ ဖမ်း မိပါက ထောင်ချက်ချင်းချမည် မဟုတ်ဘဲ  ပထမအကြိမ် ဖမ်းဆီးခံရပါက ကိုယ်တိုင်ခံဝန်ထိုး၍ နောက်တစ်ဆင့် ထပ်မံဖမ်းဆီးခံရ မှသာ ထောင်ဒဏ်အရေး ယူမှုခံရမည်ဖြစ်ကြောင်း ပြည့်တန်ဆာ အဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်ဖူးသူ အမျိုးသမီးများနှင့် ဖွဲ့စည်းထားပြီး ဥပဒေကြမ်းရေး ဆွဲရာတွင် ပါဝင်သူ တော်ဝင်ခရေ ကွန်ရက်မှ ဥက္ကဋ္ဌ မသူဇာဝင်းက ပြောသည်။

‘‘အရင်ဥပဒေထက်စာရင် ဒီဥပဒေမှာရှိနေတဲ့ဟာက အကာ အကွယ်ပေးနိုင်တယ်။ ကျန်းမာ ရေးစောင့်ရှောက်မှု၊ ဥပဒေ အ ထောက်အကူပြုရယူခွင့်၊ လူမှု ပတ်ဝန်းကျင်အတွက် အလုပ်အ ကိုင် အခွင့်အလမ်း ဒါတွေပါလာ တာပေါ့။ အရင်ဥပဒေထက် အ များကြီး ကောင်းလာမှာပါ’’ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည့်တန်ဆာများကို ဖမ်းဆီးအရေးယူမှုများ မပြုလုပ် သော်လည်း ယင်းလုပ်ငန်းကို စီး ပွားရေးတစ်ရပ်အနေဖြင့် တည်ထောင်လုပ်ကိုင်နေသူများကို အရေးယူမှုများ ပြုလုပ်ရန် ဥပဒေတွင်ထည့်သွင်းရေးဆွဲထားကြောင်း ဒေါ်နော်သဝါးက ပြောသည်။

 ‘‘ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ ကလေးတွေကို မတော်မတရားနဲ့ လူကုန်ကူးတာ မျိုး၊ ထွက်ခွင့်မပေးဘဲ ချုပ်ချယ် တာမျိုး၊ ခေါင်းပုံဖြတ်တာမျိုး၊ အဲ ဒါမျိုးတွေရှိရင်လည်း ထိရောက် သော ပြစ်ဒဏ်ဆိုပြီး ထည့်ထား တယ်’’ဟု ၎င်းကရှင်းပြသည်။

ထိုသို့ ပြုလုပ်ပါက ၎င်းတို့ ပိုင်ဆိုင်သည့် ပြည့်တန်ဆာလုပ် ငန်းနှင့်ပတ်သက်သော ပစ္စည်း များသိမ်းဆည်း၍ ထောင်ဒဏ်သုံး နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင် ကြောင်း ရေးဆွဲထားသည်။ ယင်း အပြင် ပြည့်တန်ဆာများကို လူ ကုန်ကူးသကဲ့သို့ ခေါင်းပုံဖြတ်အ မြတ်ထုတ်မှုများ ပြုလုပ်ပါက လူ ကုန်ကူးဥပဒေဖြင့် အရေးယူနိုင် ရန်ကိုလည်း ဥပဒေတွင် ရေးဆွဲ ထားကြောင်း ဒေါ်နော်သဝါးက ဆိုသည်။

ထို့အပြင် ပြည့်တန်ဆာများ အတွက် ကျန်းမာရေးနှင့်ပတ် သက်သည့် ဆေးဝါးများ လက် လှမ်းမီရရှိရန်နှင့် ယင်းဘဝသို့ ရောက်ရှိနေသော်လည်း ၎င်းတို့ ထံလာသည့် Customer ဖောက် သည်များနှင့် ပြည့်တန်ဆာတို့ သည် အကာအကွယ်ကို သေသေ ချာချာသုံးစွဲရန် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ဒေါ်နော် သဝါးက ပြောသည်။

ပြည့်တန်ဆာဥပဒေကြမ်း  ရေးဆွဲရခြင်းသည် ယင်းလုပ်ငန်းခွင်ထဲသို့ ခြေချော် လက်ချော်ရောက်ရှိခဲ့ရပြီး အတားအဆီးများကို ရုန်းမထွက်နိုင်သူများအတွက် အဓိကရည်ရွယ်ကာ အခန်း ၁၀ ခန်းနှင့် ပုဒ်မ ၄၁ ခုပါဝင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဥပဒေကြမ်းသည် လက်ရှိ ပြည်ထောင်စုရှေ့နေရုံး ထံ တင်ပြထားပြီး အကြံပြုချက် များ ရရှိပါက မကြာမီလွှတ်တော် သို့ တင်နိုင်မည်ဖြစ်ကြောင်း ဒေါ်နော်သဝါးက ပြောသည်။

ဥပဒေကြမ်းကို ပြဋ္ဌာန်းပြီး ပါက လက်ရှိကျင့်သုံးနေသည့် ၁၉၄၉ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ဖျက်သိမ်းရမည် ဖြစ်သည်။။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top