န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ခရီးေတြ ထြက္တာနဲ႔ စာေမးပြဲေတြ နီးတာေၾကာင့္ အိပ္ေရးပ်က္ေနသူေတြ လန္းလန္းဆန္းဆန္း အလုပ္လုပ္ႏိုင္ဖို႔ နည္းလမ္းေကာင္းမ်ားကို ေဝငွလိုက္ပါတယ္။

1.အေရးႀကီးတဲ့ တစ္ေန႔တာအလုပ္ေတြကို ေသခ်ာအစီအစဥ္ ဆြဲထားပါ။

 အိပ္ေရးပ်က္ၿပီး ပင္ပန္းႏြမ္းနယ္ေနခ်ိန္မွာ ဆံုးျဖတ္ခ်က္ေတြကို မွန္မွန္ကန္ကန္ခ်ႏိုင္ဖို႔ မလြယ္ပါဘူး။ ဒါေၾကာင့္ ညဘက္ အိပ္ေရးပ်က္ထားတယ္ဆိုရင္ တစ္ေန႔တာအလုပ္ေတြကို ေသခ်ာအစီအစဥ္ ဆြဲထားတာ အေကာင္းဆံုးပါပဲ။ တစ္ေန႔တာအလုပ္ေတြကို ဘာၿပီးရင္ ဘာလုပ္မယ္ဆိုတာ အစီအစဥ္တက် ခ်ေရထားျခင္းျဖင့္ အလုပ္ ပိုၿပီး ၿပီးေျမာက္ေစႏိုင္ပါတယ္။ အဓိကလုပ္ကိုလုပ္ရမယ့္ အလုပ္ေတြကို ေသခ်ာအစီအစဥ္ဆြဲၿပီး လုပ္ျခင္းျဖင့္ အခ်ိန္ကုန္သက္သာၿပီး အိမ္ကို ေစာေစာျပန္နားႏိုင္မွာပါ။

2.ေနေရာင္ျခည္ ရရွိပါေစ။

 အိပ္ေရးပ်က္ၿပီး မလန္းဆန္းဘူးဆိုရင္ေတာင္ ေနေရာင္ျခည္ရဲ႕ အလင္းဓာတ္ကို ရရွိပါက လူကို ပိုၿပီးတက္ၾကြလာေစပါတယ္။ မနက္ခင္း ေနျခည္ေႏြးေႏြးေအာက္မွာ နာရီဝက္ေလာက္ လမ္းေလွ်ာက္လိုက္မယ္ဆိုရင္ လံုေလာက္တဲ့ အက်ိဳးေက်းဇူး ရရွိပါလိမ့္မယ္။ တကယ္လို႔ ေနမထြက္ဘဲ တိမ္ထူေနတယ္၊ မိုးရြာေနတယ္ ဆိုရင္ေတာ့ အခန္းထဲမွာ ေနေရာင္နဲ႔တူတဲ့ အလင္းထြက္တဲ့မီးအိမ္ကို အစားထိုးႏိုင္ပါတယ္။

3.တေရးအိပ္ၿပီး အနားယူလိုက္ပါ။

 ျဖစ္ႏိုင္မယ္ဆိုရင္ ေန႔လယ္မွာ တစ္ေရးေလာက္ အိပ္လိုက္တာက လန္းဆန္းမႈနဲ႔ အားအင္ေတြကို ေပးစြမ္းႏိုင္ပါတယ္။ ဒါေပမဲ့ ႏိႈးစက္ ေသခ်ာေပးထားဖို႔ လိုပါတယ္။ ေန႔လယ္ဘက္မွာ မိနစ္ 20 ထက္ ပိုၿပီးအိပ္မိရင္ အိပ္ေရးမဝေတာ့ဘဲ ပိုၿပီးထိုင္းမႈိင္းေစႏိုင္ပါတယ္။

4.ကိုယ္လက္လႈပ္ရွား လုပ္ပါ။

အိပ္ေရးပ်က္ေနခ်ိန္မွာ အားကစားလုပ္ဖို႔ စိတ္ကူးမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ အခ်ိန္တိုအတြင္း ေသြးလွည့္ပတ္မႈ ေကာင္းေစျခင္းအားျဖင့္ ခႏၶာကိုယ္ ႏိုးၾကားေစဖို႔ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ မနက္ပိုင္း (သို႔) ေန႔ခင္းအေစာပိုင္းေလးမွာ ကိုယ္လက္လႈပ္ရွား လုပ္ေပးပါ။ အိပ္ေရးမပ်က္ရင္ေတာင္မွ ေန႔စဥ္ ပံုမွန္ေလ့က်င့္ခန္း ျပဳလုပ္ေပးျခင္းက အိပ္လို႔ ပိုၿပီးေကာင္းေစပါတယ္။

5.ေကာ္ဖီေသာက္ပါ။ အမ်ားႀကီးေတာ့ မေသာက္ပါနဲ႔။

ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္က ခႏၶာကိုယ္ကို လႈံ႕ေဆာ္ေပးႏိုင္တဲ့အတြက္ မနက္ပိုင္းမွာ ေကာ္ဖီေသာက္ၾကေလ့ ရွိပါတယ္။ ေကာ္ဖီ အတန္အသင့္ ေသာက္ျခင္းက ခဏတာ လႈံ႕ေဆာ္မႈေပးၿပီး တစ္ေန႔တာ လန္းဆန္းတက္ၾကြမႈအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။ ကဖင္းပါတဲ့ေဖ်ာ္ရည္တို႔၊ ေကာ္ဖီတို႔ကို အလြန္အကၽြံ မေသာက္မိဖို႔ေတာ့ သတိျပဳပါ။ အထူးသျဖင့္ ေကာ္ဖီ ေသာက္ေလ့ေသာက္ထ မရွိသူေတြမွာ မ်ားမ်ားေသာက္မိရင္ ႏွလံုးတုန္ၿပီး အထိတ္တလန္႔ ျဖစ္တာေတြကို ခံစားရတတ္ပါတယ္။ ဒါ့အျပင္ ကဖင္းဓာတ္ရဲ႕ လႈံ႕ေဆာ္မႈက ခႏၶာကိုယ္ထဲမွာ ေသာက္ၿပီး 8 နာရီေလာက္အထိ ဆက္ရွိေနတတ္တဲ့အတြက္ အရမ္းေနာက္က်ၿပီး မေသာက္ပါနဲ႔။ မဟုတ္ရင္ ညအိပ္မေပ်ာ္ဘဲ ျဖစ္ေနပါလိမ့္မယ္။

6.ေရေအးေအးေလး ခ်ိဳးပါ။

ပူေႏြးေနတဲ့ ပတ္ဝန္းက်င္က အိပ္ခ်င္စိတ္ကို ျဖစ္ေစပါတယ္။ ေရေအးေအးေလးထဲမွာ စိမ္လိုက္ျခင္းက အိပ္ေရးပ်က္ေနသူကို လန္းဆန္းမႈ ေပးစြမ္းႏိုင္ပါတယ္။ ဒါေၾကာင့္ မနက္ခင္းကို ေရေအးေအးေလးခ်ိဳးၿပီး စတင္လိုက္ပါ။

7.      ေရေသာက္ပါ။

ေရဓာတ္ ျပည့္ဝျခင္းက လန္းဆန္းမႈကို တိုက္႐ိုက္မျဖစ္ေစႏိုင္ေပမယ့္ ေရဓာတ္ ခန္းေျခာက္ျခင္းနဲ႔ အိပ္ေရးပ်က္ျခင္း ႏွစ္ခုေပါင္းၿပီး ျဖစ္လာတဲ့ စိတ္အလိုမက်ျဖစ္မႈေတြ၊ ခႏၶာကိုယ္မွာ ျဖစ္လာတဲ့လကၡဏာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ေရဓာတ္ ခန္းေျခာက္ရင္ ပါးစပ္ေျခာက္ျခင္း၊ ထုိင္းမႈိင္းေလးလံျခင္းေတြ ျဖစ္တတ္ပါတယ္။ အိပ္ေရးပ်က္႐ံုသာမက ေရဓာတ္ပါ ခန္းေျခာက္ေနမယ္ဆိုရင္ အာ႐ံုစူးစိုက္ႏိုင္စြမ္းနဲ႔ ႏိုးၾကားမႈေတြ သိသိသာသာ က်ဆင္းသြားပါလိမ့္မယ္။ ဒါေၾကာင့္ တစ္ေန႔ကို ေရ 6 - 8 ခြက္ေလာက္ ေသာက္ေပးပါ။ ရာသီဥတု ပူရင္၊ ေလ့က်င့္ခန္းလုပ္ရင္ ဒီ့ထက္ ေရပိုေသာက္ေပးဖို႔ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ခရီးတွေ ထွက်တာနဲ့ စာမေးပွဲတွေ နီးတာကြောင့် အိပ်ရေးပျက်နေသူတွေ လန်းလန်းဆန်းဆန်း အလုပ်လုပ်နိုင်ဖို့ နည်းလမ်းကောင်းများကို ဝေငှလိုက်ပါတယ်။

1.အရေးကြီးတဲ့ တစ်နေ့တာအလုပ်တွေကို သေချာအစီအစဉ် ဆွဲထားပါ။

 အိပ်ရေးပျက်ပြီး ပင်ပန်းနွမ်းနယ်နေချိန်မှာ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ညဘက် အိပ်ရေးပျက်ထားတယ်ဆိုရင် တစ်နေ့တာအလုပ်တွေကို သေချာအစီအစဉ် ဆွဲထားတာ အကောင်းဆုံးပါပဲ။ တစ်နေ့တာအလုပ်တွေကို ဘာပြီးရင် ဘာလုပ်မယ်ဆိုတာ အစီအစဉ်တကျ ချရေထားခြင်းဖြင့် အလုပ် ပိုပြီး ပြီးမြောက်စေနိုင်ပါတယ်။ အဓိကလုပ်ကိုလုပ်ရမယ့် အလုပ်တွေကို သေချာအစီအစဉ်ဆွဲပြီး လုပ်ခြင်းဖြင့် အချိန်ကုန်သက်သာပြီး အိမ်ကို စောစောပြန်နားနိုင်မှာပါ။

2.နေရောင်ခြည် ရရှိပါစေ။

 အိပ်ရေးပျက်ပြီး မလန်းဆန်းဘူးဆိုရင်တောင် နေရောင်ခြည်ရဲ့ အလင်းဓာတ်ကို ရရှိပါက လူကို ပိုပြီးတက်ကြွလာစေပါတယ်။ မနက်ခင်း နေခြည်နွေးနွေးအောက်မှာ နာရီဝက်လောက် လမ်းလျှောက်လိုက်မယ်ဆိုရင် လုံလောက်တဲ့ အကျိုးကျေးဇူး ရရှိပါလိမ့်မယ်။ တကယ်လို့ နေမထွက်ဘဲ တိမ်ထူနေတယ်၊ မိုးရွာနေတယ် ဆိုရင်တော့ အခန်းထဲမှာ နေရောင်နဲ့တူတဲ့ အလင်းထွက်တဲ့မီးအိမ်ကို အစားထိုးနိုင်ပါတယ်။

3.တရေးအိပ်ပြီး အနားယူလိုက်ပါ။

 ဖြစ်နိုင်မယ်ဆိုရင် နေ့လယ်မှာ တစ်ရေးလောက် အိပ်လိုက်တာက လန်းဆန်းမှုနဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ နှိုးစက် သေချာပေးထားဖို့ လိုပါတယ်။ နေ့လယ်ဘက်မှာ မိနစ် 20 ထက် ပိုပြီးအိပ်မိရင် အိပ်ရေးမဝတော့ဘဲ ပိုပြီးထိုင်းမှိုင်းစေနိုင်ပါတယ်။

4.ကိုယ်လက်လှုပ်ရှား လုပ်ပါ။

အိပ်ရေးပျက်နေချိန်မှာ အားကစားလုပ်ဖို့ စိတ်ကူးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်တိုအတွင်း သွေးလှည့်ပတ်မှု ကောင်းစေခြင်းအားဖြင့် ခန္ဓာကိုယ် နိုးကြားစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် မနက်ပိုင်း (သို့) နေ့ခင်းအစောပိုင်းလေးမှာ ကိုယ်လက်လှုပ်ရှား လုပ်ပေးပါ။ အိပ်ရေးမပျက်ရင်တောင်မှ နေ့စဉ် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းက အိပ်လို့ ပိုပြီးကောင်းစေပါတယ်။

5.ကော်ဖီသောက်ပါ။ အများကြီးတော့ မသောက်ပါနဲ့။

ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် မနက်ပိုင်းမှာ ကော်ဖီသောက်ကြလေ့ ရှိပါတယ်။ ကော်ဖီ အတန်အသင့် သောက်ခြင်းက ခဏတာ လှုံ့ဆော်မှုပေးပြီး တစ်နေ့တာ လန်းဆန်းတက်ကြွမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ကဖင်းပါတဲ့ဖျော်ရည်တို့၊ ကော်ဖီတို့ကို အလွန်အကျွံ မသောက်မိဖို့တော့ သတိပြုပါ။ အထူးသဖြင့် ကော်ဖီ သောက်လေ့သောက်ထ မရှိသူတွေမှာ များများသောက်မိရင် နှလုံးတုန်ပြီး အထိတ်တလန့် ဖြစ်တာတွေကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်ရဲ့ လှုံ့ဆော်မှုက ခန္ဓာကိုယ်ထဲမှာ သောက်ပြီး 8 နာရီလောက်အထိ ဆက်ရှိနေတတ်တဲ့အတွက် အရမ်းနောက်ကျပြီး မသောက်ပါနဲ့။ မဟုတ်ရင် ညအိပ်မပျော်ဘဲ ဖြစ်နေပါလိမ့်မယ်။

6.ရေအေးအေးလေး ချိုးပါ။

ပူနွေးနေတဲ့ ပတ်ဝန်းကျင်က အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ ရေအေးအေးလေးထဲမှာ စိမ်လိုက်ခြင်းက အိပ်ရေးပျက်နေသူကို လန်းဆန်းမှု ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းကို ရေအေးအေးလေးချိုးပြီး စတင်လိုက်ပါ။

7.      ရေသောက်ပါ။

ရေဓာတ် ပြည့်ဝခြင်းက လန်းဆန်းမှုကို တိုက်ရိုက်မဖြစ်စေနိုင်ပေမယ့် ရေဓာတ် ခန်းခြောက်ခြင်းနဲ့ အိပ်ရေးပျက်ခြင်း နှစ်ခုပေါင်းပြီး ဖြစ်လာတဲ့ စိတ်အလိုမကျဖြစ်မှုတွေ၊ ခန္ဓာကိုယ်မှာ ဖြစ်လာတဲ့လက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ် ခန်းခြောက်ရင် ပါးစပ်ခြောက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းတွေ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ရုံသာမက ရေဓာတ်ပါ ခန်းခြောက်နေမယ်ဆိုရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ နိုးကြားမှုတွေ သိသိသာသာ ကျဆင်းသွားပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့ကို ရေ 6 - 8 ခွက်လောက် သောက်ပေးပါ။ ရာသီဥတု ပူရင်၊ လေ့ကျင့်ခန်းလုပ်ရင် ဒီ့ထက် ရေပိုသောက်ပေးဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top