ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံမႈ ႀကံဳခဲ့ရသည့္ေနာက္ပိုင္း မာလာလာ ယူဆြတ္ဖ္ဇိုင္သည္ ပထမဆံုးအႀကိမ္အျဖစ္ ပါကစၥတန္ ႏုိင္ငံသို႔ ျပန္လည္ ေရာက္ရွိလာခဲ့သည္။

မတ္ ၂၈ ရက္ ညပိုင္းတြင္ အသက္ ၂၀ အရြယ္ရွိ မာလာလာသည္ အစၥလာမ္မာဘတ္ ၿမိဳ႕ေတာ္သို႔ ေရာက္ရွိလာေၾကာင္း သိရသည္။ သို႔ေသာ္ လံုၿခံဳေရးအရ သူမ၏ ခရီးစဉ္ အေသးစိတ္ အခ်က္အလက္မ်ားကို အစိုးရက မထုတ္ျပန္ခဲ့ေခ်။

မာလာလာသည္ ဆယ္ေက်ာ္သက္ ေက်ာင္းသူဘဝ ကတည္းက မိန္းကေလးမ်ား ပညာသင္ၾကားခြင့္ ရရွိေရးအတြက္ တက္ႂကြစြာ ေတာင္းဆို လႈပ္ရွားခဲ့ရာမွ တာလီဘန္တို႔၏ ရန္ညႇိဳးဖြဲ႕ျခင္းကို ခံခဲ့ရသည္။ ၂၀၁၂ တြင္မူ တာလီဘန္ ေသနတ္သမား တစ္ဦးက မာလာလာကို အနီးကပ္ ပစ္ခတ္ လုပ္ႀကံခဲ့ရာ ဦးေခါင္းတြင္ ျပင္းထန္စြာ ဒဏ္ရာ ရရွိခဲ့သည္။

ထုိစဉ္ကတည္းက မာလာလာသည္ ၿဗိတိန္သို႔ ေျပာင္းေ႐ႊ႕ကာ ေဆးဝါးကုသမႈ ခံယူခဲ့ၿပီး အေျခခ် ေနထိုင္လ်က္ ရွိသလို ပါကစၥတန္သို႔လည္း လံုးဝ ျပန္မလာျဖစ္ခဲ့ေခ်။ ယခုတစ္ႀကိမ္ ေမြးရပ္သို႔ ပထမဆံုး ျပန္လာရာတြင္ သူမသည္ ပါကစၥတန္ သမၼတ ရွာဟစ္ဒ္ခါကန္ အက္ဘာဆီႏွင့္ ေတြ႕ဆံုရန္လည္း စီစဉ္ထားသည္။

တာလီဘန္တို႔၏ ၿခိမ္းေျခာက္မႈကို စိုးရိမ္ရသျဖင့္ မာလာလာ၏ ခရီးစဉ္ကို လွ်ိဳ႕ဝွက္ထားရာ သူမ၏ ဇာတိေဒသျဖစ္ေသာ ဆြက္ေတာင္ၾကားသို႔ ျပန္သြားရန္ ရွိမရွိကိုလည္း မသိရေသးေခ်။

မာလာလာသည္ ဖိႏွိပ္ခံ လူငယ္မ်ား၏ဘဝ လြတ္ေျမာက္ေရးအတြက္ အနစ္နာခံ လႈပ္ရွားခဲ့ျခင္းေၾကာင့္ ၂၀၁၄ ခုႏွစ္၏ ႏိုဘယ္လ္ ၿငိမ္းခ်မ္းေရး ဆုကိုလည္း ဆြတ္ခူး ရရွိခဲ့သည္။ သူမသည္ ႏိုဘယ္လ္ ၿငိမ္းခ်မ္းေရးဆု ရရွိသူမ်ားအနက္ အသက္အငယ္ဆံုး အျဖစ္လည္း မွတ္တမ္းဝင္ခဲ့သည္။

ပါကစၥတန္တြင္ ၿပီးခဲ့သည့္ ႏွစ္ပိုင္းမ်ားအတြင္း စစ္ဆင္ေရးမ်ား အရွိန္ျမႇင့္တင္ ေဆာင္ရြက္ၿပီး တာလီဘန္တို႔ကို တိုက္ခုိက္ေနသည့္တိုင္ အဆိုပါ စစ္ေသြးႂကြ အဖြဲ႕၏ လႈပ္ရွားမႈမ်ား ဆက္လက္ တည္ရွိေနဆဲ ျဖစ္သည္။

Ref: BBC
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#
သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု ကြုံခဲ့ရသည့်နောက်ပိုင်း မာလာလာ ယူဆွတ်ဖ်ဇိုင်သည် ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

မတ် ၂၈ ရက် ညပိုင်းတွင် အသက် ၂၀ အရွယ်ရှိ မာလာလာသည် အစ္စလာမ်မာဘတ် မြို့တော်သို့ ရောက်ရှိလာကြောင်း သိရသည်။ သို့သော် လုံခြုံရေးအရ သူမ၏ ခရီးစဉ် အသေးစိတ် အချက်အလက်များကို အစိုးရက မထုတ်ပြန်ခဲ့ချေ။

မာလာလာသည် ဆယ်ကျော်သက် ကျောင်းသူဘဝ ကတည်းက မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် တက်ကြွစွာ တောင်းဆို လှုပ်ရှားခဲ့ရာမှ တာလီဘန်တို့၏ ရန်ညှိုးဖွဲ့ခြင်းကို ခံခဲ့ရသည်။ ၂၀၁၂ တွင်မူ တာလီဘန် သေနတ်သမား တစ်ဦးက မာလာလာကို အနီးကပ် ပစ်ခတ် လုပ်ကြံခဲ့ရာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

ထိုစဉ်ကတည်းက မာလာလာသည် ဗြိတိန်သို့ ပြောင်းရွှေ့ကာ ဆေးဝါးကုသမှု ခံယူခဲ့ပြီး အခြေချ နေထိုင်လျက် ရှိသလို ပါကစ္စတန်သို့လည်း လုံးဝ ပြန်မလာဖြစ်ခဲ့ချေ။ ယခုတစ်ကြိမ် မွေးရပ်သို့ ပထမဆုံး ပြန်လာရာတွင် သူမသည် ပါကစ္စတန် သမ္မတ ရှာဟစ်ဒ်ခါကန် အက်ဘာဆီနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။

တာလီဘန်တို့၏ ခြိမ်းခြောက်မှုကို စိုးရိမ်ရသဖြင့် မာလာလာ၏ ခရီးစဉ်ကို လျှို့ဝှက်ထားရာ သူမ၏ ဇာတိဒေသဖြစ်သော ဆွက်တောင်ကြားသို့ ပြန်သွားရန် ရှိမရှိကိုလည်း မသိရသေးချေ။

မာလာလာသည် ဖိနှိပ်ခံ လူငယ်များ၏ဘဝ လွတ်မြောက်ရေးအတွက် အနစ်နာခံ လှုပ်ရှားခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ်၏ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကိုလည်း ဆွတ်ခူး ရရှိခဲ့သည်။ သူမသည် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသူများအနက် အသက်အငယ်ဆုံး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ပါကစ္စတန်တွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စစ်ဆင်ရေးများ အရှိန်မြှင့်တင် ဆောင်ရွက်ပြီး တာလီဘန်တို့ကို တိုက်ခိုက်နေသည့်တိုင် အဆိုပါ စစ်သွေးကြွ အဖွဲ့၏ လှုပ်ရှားမှုများ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

Ref: BBC

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top