ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ဖတ္၇န္ #

နာမည္ႀကီး မန္ယူကစားသမား ဂ်က္ဆီလင္ဂတ္ကုိ သူ႔ရဲ႕ခ်စ္သူ ေမာ္ဒယ္အမ်ဳိးသမီးက လမ္းခြဲခဲ့ပါတယ္။မန္ခ်က္စတာယူႏုိက္တက္နဲ႔ အဂၤလန္အသင္း ကစားသမား လင္ဂတ္ ပရိသတ္တဦးနဲ႔ တြဲခုတ္ေနတာ သိၿပီး ၃ လအၾကာမွာ သူ႔ရဲ႕ခ်စ္သူ ေမာ္ဒယ္ ဂ်ီနာဖ႐ူးေမးစ္က လမ္းခြဲလုိက္တာလုိ႔ သည္ဆန္းသတင္းမွာ မတ္လ ၁၁ ရက္ေန႔က ေဖာ္ျပထားပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ အေမရိကန္ေမာ္ဒယ္ ဂ်ီနာက လင္ဂတ္နဲ႔ ၁၅ လၾကာ တြဲၿပီးတဲ့ေနာက္ သူမရဲ႕ တြစ္တာေပၚက ပရိသတ္ ၉ ေသာင္း ၅ ေထာင္ကို “အနည္းဆံုး က်မ ဒီခရီးကို ေပ်ာ္ရႊင္စရာထက္ပုိၿပီး ႀကိဳးစားခဲ့တယ္ဆုိတာ ေျပာႏုိင္ပါတယ္” လုိ႔ဆုိၿပီး လင္ဂတ္ကုိ ဒီအပတ္ထဲမွာ လမ္းခြဲခဲ့တာပါ။

လမ္းခြဲေၾကာင္း တင္ထားတာကို မဖ်က္ခင္ သူမက လင္ဂတ္အတြက္ ဆုေတာင္းေပးလုိက္ၿပီး သူမရဲ႕ ကမ္းေျခေပၚက အဝတ္အစားမပါတဲ့ ပံုေတြကုိ တင္ခဲ့ပါတယ္။

မတ္လ ၈ ရက္ေန႔က တင္ထားတဲ့ ဒုတိယပုိ႔စ္မွာ “က်မက ဂ်က္ဆီကို ေသေလာက္ေအာင္ ခ်စ္ပါတယ္။ ဒါေပမယ့္ တခါတရံ ဒါက အလုပ္မျဖစ္ဘူး” လို႔ ေရးထားပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ ေလာ့စ္အိန္ဂ်လိစ္ကို သြားခဲ့တဲ့ ရာသီအႀကိဳ ခရီးစဥ္အတြင္း ပါတီပြဲတခုမွာ လင္ဂတ္နဲ႔ ဂ်ီနာတုိ႔ စတင္တြဲခ်ိတ္မိၿပီး ေနာက္ပိုင္း ဘာစီလုိနာမွာ အားလပ္ရက္ အခ်ိန္ေတြကို ႏွစ္ေယာက္အတူ ကုန္ဆံုးခဲ့ပါတယ္။

ဒါေပမယ့္ ဒီဇင္ဘာလထဲမွာ အသက္ ၂၅ ႏွစ္အရြယ္ လင္ဂတ္က သူတုိ႔အသင္း မန္ခ်က္စတာစီတီးအသင္းကို ႐ႈံးၿပီးတဲ့ေနာက္ သူ႔ရဲ႕ ပရိသတ္တဦးျဖစ္သူ စီမံခန္႔ခြဲေရး လက္ေထာက္ လီယုိနီဘုိရက္ အသက္ ၃၂ ႏွစ္နဲ႔ အတူအိပ္ခဲ့တာကို သည္ဆန္းသတင္းဌာနက ေဖာ္ထုတ္ႏုိင္ခဲ့တာပါ။

လင္ဂတ္က သူ႔ရဲ႕ ေပါင္ ၃ သန္းတန္ အိမ္ႀကီးဆီ လီယုိနီကို ဖိတ္ေခၚခဲ့ၿပီး သူ႔ကစားေဖာ္ ဧည့္သည္ႏွစ္ဦး ျပန္သြားခ်ိန္ သူမနဲ႔ ၃ ႀကိမ္ အတူေပ်ာ္ပါးခဲ့ၾကတာပါ။

ဒါေပမယ့္ ေနာက္တေန႔မနက္မွာ လင္ဂတ္က လီယုိနီကို သူ႔ရဲ႕အမွတ္အသားအေနနဲ႔ သူ႔လက္မွတ္ပါ ဘြတ္ဖိနပ္အေဟာင္းတရံကုိ ေပးခဲ့ၿပီး အနီးစပ္ဆံုး ဘူတာ႐ုံမွာ ခ်ေပးခဲ့တယ္လုိ႔ ဆုိပါတယ္။

ဒီအေၾကာင္း ဂ်ီနာ သိခ်ိန္မွာ ေဒါသထြက္ေနေပမယ့္ သူတုိ႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ဆက္လက္ထိန္းထားၿပီး လူမႈကြန္ရက္ေပၚမွာ သူတုိ႔ႏွစ္ဦးရဲ႕ စံုတြဲပံုေတြကို ဆက္တင္ခဲ့ပါတယ္။

“လင္ဂတ္ဘက္က အလိမ္အညာေတြ ေပၚလာရင္ ဘယ္မိန္းမမွ ဂ်ီနာလုိ အၾကာႀကီး မေနေလာက္ဘူး။ ဒါေပမယ့္ ဂ်ီနာကေတာ့ ေနခဲ့ေပးတယ္။ ဒီလုိလုပ္လုိ႔ သူမပရိသတ္ရဲ႕ ေဝဖန္တာေတြကိုလည္း ခံယူခဲ့တယ္” လို႔ သတင္းအရင္းအျမစ္တခုက ေျပာပါတယ္။

“ခုၾကည့္ရတာေတာ့ ထပ္ၿပီး သည္းမခံႏုိင္ေတာ့ပံုရတယ္။ လင္ဂတ္ရဲ႕ ဒီလုိ ဆုိးရြားတဲ့့ အျပဳအမူကို သူမ ဒီထက္ၾကာၾကာ လက္မခံႏိုင္ေတာ့ဘူး” လုိ႔ အဲဒီသတင္းအရင္းအျမစ္က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ဖြင့်ဖတ်ရန် #
နာမည်ကြီး မန်ယူကစားသမား ဂျက်ဆီလင်ဂတ်ကို သူ့ရဲ့ချစ်သူ မော်ဒယ်အမျိုးသမီးက လမ်းခွဲခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်း ကစားသမား လင်ဂတ် ပရိသတ်တဦးနဲ့ တွဲခုတ်နေတာ သိပြီး ၃ လအကြာမှာ သူ့ရဲ့ချစ်သူ မော်ဒယ် ဂျီနာဖရူးမေးစ်က လမ်းခွဲလိုက်တာလို့ သည်ဆန်းသတင်းမှာ မတ်လ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

အသက် ၂၄ နှစ်အရွယ် အမေရိကန်မော်ဒယ် ဂျီနာက လင်ဂတ်နဲ့ ၁၅ လကြာ တွဲပြီးတဲ့နောက် သူမရဲ့ တွစ်တာပေါ်က ပရိသတ် ၉ သောင်း ၅ ထောင်ကို “အနည်းဆုံး ကျမ ဒီခရီးကို ပျော်ရွှင်စရာထက်ပိုပြီး ကြိုးစားခဲ့တယ်ဆိုတာ ပြောနိုင်ပါတယ်” လို့ဆိုပြီး လင်ဂတ်ကို ဒီအပတ်ထဲမှာ လမ်းခွဲခဲ့တာပါ။

လမ်းခွဲကြောင်း တင်ထားတာကို မဖျက်ခင် သူမက လင်ဂတ်အတွက် ဆုတောင်းပေးလိုက်ပြီး သူမရဲ့ ကမ်းခြေပေါ်က အဝတ်အစားမပါတဲ့ ပုံတွေကို တင်ခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့က တင်ထားတဲ့ ဒုတိယပို့စ်မှာ “ကျမက ဂျက်ဆီကို သေလောက်အောင် ချစ်ပါတယ်။ ဒါပေမယ့် တခါတရံ ဒါက အလုပ်မဖြစ်ဘူး” လို့ ရေးထားပါတယ်။

မန်ချက်စတာယူနိုက်တက် လော့စ်အိန်ဂျလိစ်ကို သွားခဲ့တဲ့ ရာသီအကြို ခရီးစဉ်အတွင်း ပါတီပွဲတခုမှာ လင်ဂတ်နဲ့ ဂျီနာတို့ စတင်တွဲချိတ်မိပြီး နောက်ပိုင်း ဘာစီလိုနာမှာ အားလပ်ရက် အချိန်တွေကို နှစ်ယောက်အတူ ကုန်ဆုံးခဲ့ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလထဲမှာ အသက် ၂၅ နှစ်အရွယ် လင်ဂတ်က သူတို့အသင်း မန်ချက်စတာစီတီးအသင်းကို ရှုံးပြီးတဲ့နောက် သူ့ရဲ့ ပရိသတ်တဦးဖြစ်သူ စီမံခန့်ခွဲရေး လက်ထောက် လီယိုနီဘိုရက် အသက် ၃၂ နှစ်နဲ့ အတူအိပ်ခဲ့တာကို သည်ဆန်းသတင်းဌာနက ဖော်ထုတ်နိုင်ခဲ့တာပါ။

လင်ဂတ်က သူ့ရဲ့ ပေါင် ၃ သန်းတန် အိမ်ကြီးဆီ လီယိုနီကို ဖိတ်ခေါ်ခဲ့ပြီး သူ့ကစားဖော် ဧည့်သည်နှစ်ဦး ပြန်သွားချိန် သူမနဲ့ ၃ ကြိမ် အတူပျော်ပါးခဲ့ကြတာပါ။

ဒါပေမယ့် နောက်တနေ့မနက်မှာ လင်ဂတ်က လီယိုနီကို သူ့ရဲ့အမှတ်အသားအနေနဲ့ သူ့လက်မှတ်ပါ ဘွတ်ဖိနပ်အဟောင်းတရံကို ပေးခဲ့ပြီး အနီးစပ်ဆုံး ဘူတာရုံမှာ ချပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြောင်း ဂျီနာ သိချိန်မှာ ဒေါသထွက်နေပေမယ့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းထားပြီး လူမှုကွန်ရက်ပေါ်မှာ သူတို့နှစ်ဦးရဲ့ စုံတွဲပုံတွေကို ဆက်တင်ခဲ့ပါတယ်။

“လင်ဂတ်ဘက်က အလိမ်အညာတွေ ပေါ်လာရင် ဘယ်မိန်းမမှ ဂျီနာလို အကြာကြီး မနေလောက်ဘူး။ ဒါပေမယ့် ဂျီနာကတော့ နေခဲ့ပေးတယ်။ ဒီလိုလုပ်လို့ သူမပရိသတ်ရဲ့ ဝေဖန်တာတွေကိုလည်း ခံယူခဲ့တယ်” လို့ သတင်းအရင်းအမြစ်တခုက ပြောပါတယ်။

“ခုကြည့်ရတာတော့ ထပ်ပြီး သည်းမခံနိုင်တော့ပုံရတယ်။ လင်ဂတ်ရဲ့ ဒီလို ဆိုးရွားတဲ့ အပြုအမူကို သူမ ဒီထက်ကြာကြာ လက်မခံနိုင်တော့ဘူး” လို့ အဲဒီသတင်းအရင်းအမြစ်က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top