ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕ ေအာင္ေျမ သာစံၿမိဳ႕နယ္ ေဖာင္ေတာ္ဦး ဘုန္း ေတာ္ႀကီးသင္ အခမဲ့ပညာဒါန ေက်ာင္းမွ ေက်ာင္းဆရာတစ္ဦး သည္ ေက်ာင္းအိပ္၊ ေက်ာင္းစား ေနထိုင္သည့္ (၈)ႏွစ္အရြယ္ ေက်ာင္းသူတစ္ဦးကို အဓမၼျပဳ က်င့္မႈျဖင့္ တစ္ႏွစ္ေက်ာ္အၾကာ တြင္ အမႈဖြင့္ခံရေၾကာင္း မႏၲေလး တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ံုးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မႏၲေလးၿမိဳ႕ မဟာေအာင္ ေျမၿမိဳ႕နယ္ ကမ္းနားက်ဴးေက်ာ္ တဲတြင္ ေနထုိင္သည့္ အမ်ိဳးသား သည္ ဇနီးေသဆံုးၿပီးေနာက္ သမီးႏွစ္ဦးကို ေဖာင္ေတာ္ဦးပရဟိတ ေက်ာင္းသို႔ ေက်ာင္းအိပ္၊ေက်ာင္း စားအပ္ႏွံထားရာ သမီးႏွစ္ဦးအိမ္ျပန္လာခ်ိန္တြင္ ေက်ာင္းသို႔ ျပန္မသြားလိုေၾကာင္း  ျငင္းဆုိရာမွ အဓမၼျပဳက်င့္မႈ  စစ္ေဆးေပၚ ေပါက္ကာ ရဲတပ္ဖြဲ႕သို႔ တုိင္ၾကား ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕တာဝန္ ရွိသူက ေျပာသည္။

၂၀၁၆ ဩဂုတ္အတြင္းက သမီးႏွစ္ဦးကို  အိမ္ျပန္ေခၚၿပီး ေနာက္ ေက်ာင္းျပန္ပို႔ရန္လုပ္စဥ္ ေက်ာင္းသို႔ ျပန္မသြားလိုေၾကာင္း၊ မိဘမ်ားႏွင့္သာ အတူေနလို ေၾကာင္း ေျပာသျဖင့္ စစ္ေဆးေမး ျမန္းရာ (၈)ႏွစ္အရြယ္သမီးကို ေက်ာင္းမွ ဆရာတစ္ဦးက အဓမၼ ျပဳက်င့္၍ ေၾကာက္ရြံ႕ျခင္းေၾကာင့္ ျဖစ္ေၾကာင္း  ရဲတပ္ဖြဲ႕ထံ ကနဦး တုိင္တန္းခ်က္တြင္ ေဖာ္ျပထား သည္။  အစြပ္စြဲခံရသူသည္ (၃၅) ႏွစ္အရြယ္ ကဗ်ာဆရာ၊ စာေရး ဆရာတစ္ဦးျဖစ္ၿပီး ၎ကုိ ရာဇ သတ္ႀကီးပုဒ္မ ၃၇၆/၃၇၇/၃၄၁ တုိ႔ျဖင့္ အမွတ္ (၁) နယ္ေျမရဲစခန္းတြင္ ဖခင္က တရားလိုျပဳလုပ္ကာ ၂၀၁၈ မတ္လ ၁၀ ရက္၌ အမႈဖြင့္တိုင္တန္းခဲ့ေၾကာင္း တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ံုးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

သို႔ေသာ္ အဆုိပါ ျဖစ္စဥ္ သည္ သိကၡာခ်လိုသည့္ လုပ္ရပ္ျဖစ္ႏုိင္ေၾကာင္း ေဖာင္ေတာ္ဦး ဘုန္းေတာ္ႀကီးသင္ အခမဲ့ပညာ ေရးေက်ာင္းမွ ေက်ာင္းအုပ္ဆရာ ေတာ္ ဦးနာယကက မိန္႔ၾကား သည္။

‘‘လြန္ခဲ့တဲ့ႏွစ္ေတြကတည္း က ျဖစ္ခဲ့တာ။ ခိုင္မာတဲ့ အ ေထာက္အထားမရွိခဲ့ဘူး။ ၂၀၁၇ မွာ ျပန္ျဖစ္တယ္။ အဲဒီလိုၾကား ေတာ့ စစ္ေဆးၾကည့္တယ္။ မဟုတ္ပါဘူးဆိုတာ ထြက္ခ်က္ ေတြရိွတယ္။ သူတုိ႔ဘာသာ အၿငိဳးအေတးေတြ ရွိေနၾကတာ။ ဒါနဲ႔ အခုလို ထပ္ၿပီးေျပာေနၾကေတာ့ စခန္းကိုပဲ အေၾကာင္းၾကားခိုင္း လိုက္တယ္။ စျဖစ္တုန္းက ေဆး စစ္ခုိင္းတယ္။ တစ္ပတ္ၾကာမွ လာ တယ္။ ေဆးမစစ္ဘူး။ ၿပီးေတာ့ေက်ာင္း သူက စိတ္ေဝဒနာသည္ ပါ။ စြပ္စြဲခံရတဲ့ပုဂၢိဳလ္က ေက်ာင္းကေနထြက္သြားတာ မၾကာေသးပါဘူး။ ဒါက သက္သက္မဲ့ သိကၡာခ်တာပါ’’ဟု   ေဖာင္ေတာ္ဦး ေက်ာင္း ဆရာေတာ္က မိန္႔ၾကား သည္။ အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ စြပ္စြဲခံရသူကို ဖမ္းဆီးရန္ရွာေဖြေနၿပီး ေျဖၾကားႏိုင္ျခင္းမရွိ ေသးေၾကာင္း ေအာင္ေျမသာစံၿမိဳ႕ နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးေဇာ္ႏုိင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် ဖောင်တော်ဦး ဘုန်း တော်ကြီးသင် အခမဲ့ပညာဒါန ကျောင်းမှ ကျောင်းဆရာတစ်ဦး သည် ကျောင်းအိပ်၊ ကျောင်းစား နေထိုင်သည့် (၈)နှစ်အရွယ် ကျောင်းသူတစ်ဦးကို အဓမ္မပြု ကျင့်မှုဖြင့် တစ်နှစ်ကျော်အကြာ တွင် အမှုဖွင့်ခံရကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ် ကမ်းနားကျူးကျော် တဲတွင် နေထိုင်သည့် အမျိုးသား သည် ဇနီးသေဆုံးပြီးနောက် သမီးနှစ်ဦးကို ဖောင်တော်ဦးပရဟိတ ကျောင်းသို့ ကျောင်းအိပ်၊ကျောင်း စားအပ်နှံထားရာ သမီးနှစ်ဦးအိမ်ပြန်လာချိန်တွင် ကျောင်းသို့ ပြန်မသွားလိုကြောင်း  ငြင်းဆိုရာမှ အဓမ္မပြုကျင့်မှု  စစ်ဆေးပေါ် ပေါက်ကာ ရဲတပ်ဖွဲ့သို့ တိုင်ကြား ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန် ရှိသူက ပြောသည်။

၂၀၁၆ ဩဂုတ်အတွင်းက သမီးနှစ်ဦးကို  အိမ်ပြန်ခေါ်ပြီး နောက် ကျောင်းပြန်ပို့ရန်လုပ်စဉ် ကျောင်းသို့ ပြန်မသွားလိုကြောင်း၊ မိဘများနှင့်သာ အတူနေလို ကြောင်း ပြောသဖြင့် စစ်ဆေးမေး မြန်းရာ (၈)နှစ်အရွယ်သမီးကို ကျောင်းမှ ဆရာတစ်ဦးက အဓမ္မ ပြုကျင့်၍ ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ကြောင်း  ရဲတပ်ဖွဲ့ထံ ကနဦး တိုင်တန်းချက်တွင် ဖော်ပြထား သည်။  အစွပ်စွဲခံရသူသည် (၃၅) နှစ်အရွယ် ကဗျာဆရာ၊ စာရေး ဆရာတစ်ဦးဖြစ်ပြီး ၎င်းကို ရာဇ သတ်ကြီးပုဒ်မ ၃၇၆/၃၇၇/၃၄၁ တို့ဖြင့် အမှတ် (၁) နယ်မြေရဲစခန်းတွင် ဖခင်က တရားလိုပြုလုပ်ကာ ၂၀၁၈ မတ်လ ၁၀ ရက်၌ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် အဆိုပါ ဖြစ်စဉ် သည် သိက္ခာချလိုသည့် လုပ်ရပ်ဖြစ်နိုင်ကြောင်း ဖောင်တော်ဦး ဘုန်းတော်ကြီးသင် အခမဲ့ပညာ ရေးကျောင်းမှ ကျောင်းအုပ်ဆရာ တော် ဦးနာယကက မိန့်ကြား သည်။

‘‘လွန်ခဲ့တဲ့နှစ်တွေကတည်း က ဖြစ်ခဲ့တာ။ ခိုင်မာတဲ့ အ ထောက်အထားမရှိခဲ့ဘူး။ ၂၀၁၇ မှာ ပြန်ဖြစ်တယ်။ အဲဒီလိုကြား တော့ စစ်ဆေးကြည့်တယ်။ မဟုတ်ပါဘူးဆိုတာ ထွက်ချက် တွေရှိတယ်။ သူတို့ဘာသာ အငြိုးအတေးတွေ ရှိနေကြတာ။ ဒါနဲ့ အခုလို ထပ်ပြီးပြောနေကြတော့ စခန်းကိုပဲ အကြောင်းကြားခိုင်း လိုက်တယ်။ စဖြစ်တုန်းက ဆေး စစ်ခိုင်းတယ်။ တစ်ပတ်ကြာမှ လာ တယ်။ ဆေးမစစ်ဘူး။ ပြီးတော့ကျောင်း သူက စိတ်ဝေဒနာသည် ပါ။ စွပ်စွဲခံရတဲ့ပုဂ္ဂိုလ်က ကျောင်းကနေထွက်သွားတာ မကြာသေးပါဘူး။ ဒါက သက်သက်မဲ့ သိက္ခာချတာပါ’’ဟု   ဖောင်တော်ဦး ကျောင်း ဆရာတော်က မိန့်ကြား သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စွပ်စွဲခံရသူကို ဖမ်းဆီးရန်ရှာဖွေနေပြီး ဖြေကြားနိုင်ခြင်းမရှိ သေးကြောင်း အောင်မြေသာစံမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top