ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သမီးျဖစ္သူအား ရက္ ၂ဝ ခန္႔ ပိတ္ေလွာင္ၿပီး အႀကိမ္ႀကိမ္သား မယားျပဳက်င့္ကာ ေရႊဆြဲႀကိဳးျဖဳတ္ ယူထားသူအား ဖခင္ျဖစ္သူမွ ယမန္ေန႔ ညေန ၅ နာရီ ၅မိနစ္ခန္႔ တြင္ ေညာင္ရမ္း ရဲစခန္း၌ အမႈဖြင့္ တိုင္ၾကားခ့ဲေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၅ရက္ ည၁၁နာရီခန္႔တြင္ ဦးxx(၅၄ႏွစ္) သာစည္ၿမိဳ႕နယ္ကြမ္းျခံလည္ေက်းရြာ ေနသူေနအိမ္ေခါင္းရင္းကုတင္ေပၚ တြင္အိပ္ေပ်ာ္ေနရာမွတစ္ေရးႏိုး၍ ထၾကည့္ရာ ေနအိမ္အတြင္းအိပ္ေန ေသာသမီးျဖစ္သူမxxx(၁၇ႏွစ္)အား မေတြ႕ရွိသျဖင့္ လိုက္လံရွာေဖြျခင္း စုံစမ္းျခင္းမ်ားလုပ္ရာ ထူးျခားမႈ မရရွိဘဲ ေနာက္တစ္ေန႔နံနက္တြင္ ကြမ္းျခံ(တ)ေက်းရြာေနသူေအာင္ၿဖိဳး (၂၅ႏွစ္)မွ ဆိုင္ကယ္ျဖင့္ သမီး ျဖစ္သူ မxxxxအား ေခၚေဆာင္ သြားေၾကာင္း ရက္၂ဝေက်ာ္ခန္႔ (ေန႕ရက္မမွတ္မိ)တြင္ သမီးျဖစ္သူ ေနအိမ္သို႕ ျပန္လည္ေရာက္ရွိ လာ၍ေမးျမန္းရာ ေအာင္ၿဖိဳးမွ မxx၏ယခင္ခင္ပြန္း(တစ္လခန္႔က ကြာရွင္းထားသူ) ေဇာ္မင္းမွ အေရးတႀကီး ေခၚခိုင္းသည္ဟု လိမ္လည္ေခၚသြားေၾကာင္း၊ ေဇာ္မင္းမွေခၚခိုင္းျခင္းမဟုတ္ဘဲ'' နင့္ကို ငါခိုးလာတာ''ဟုေျပာၿပီး ေဖေဖာ္ဝါရီ ၅ရက္ ည၁၁နာရီ မိနစ္၅ဝခန္႔တြင္ ေညာင္ရမ္း-လင့္ စဥ္ကုန္းရြာသြားလမ္း ေတာလမ္း ၾကားတြင္ အလိုမတူဘဲသားမယား အျဖစ္ တစ္ႀကိမ္ျပဳက်င့္ခ့ဲၿပီး ေပ်ာ္ ဘြယ္ၿမိဳ႕နယ္သို႕ ေခၚေဆာင္ကာ အမည္မသိေနအိမ္အတြင္း မxxx အား ရက္၂ဝခန္႔ပိတ္ေလွာင္ထား၍ သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င့္ခ့ဲေၾကာင္း၊ မxxဝတ္ဆင္ ထားေသာဆြဲႀကိဳးအား ျဖဳတ္ယူ ထားေၾကာင္း (တန္ဖိုးေလးသိန္း သုံးေသာင္း)ကိုျဖစ္စဥ္ႏွင့္ပတ္သက္၍ တိုင္တန္းျခင္းျပဳလုပ္ပါကသတ္ပစ္ မည္ဟုၿခိမ္းေျခာက္ေျပာဆိုေၾကာင္း၊ သမီးျဖစ္သူ၏ ေျပာျပခ်က္အရ သိရွိရ၍ ဖခင္ျဖစ္သူက တရားလို ျပဳလုပ္တိုင္ၾကားခ့ဲေၾကာင္း မႈခင္း မွတ္တမ္းအရ သိရသည္။

အဆိုပါအမႈအား ေညာင္ရမ္း ရဲကင္းစခန္းမွ (ပ)၅/၂ဝ၁၈ ရာဇ သတ္ႀကီး ပုဒ္မ၃၇၆/၃၆၃ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထား ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဘိုဘို(မလိႈင္)
The Union Daily
https://www.facebook.com/uniondaily.net
#Unicode Version#
သမီးဖြစ်သူအား ရက် ၂ဝ ခန့် ပိတ်လှောင်ပြီး အကြိမ်ကြိမ်သား မယားပြုကျင့်ကာ ရွှေဆွဲကြိုးဖြုတ် ယူထားသူအား ဖခင်ဖြစ်သူမှ ယမန်နေ့ ညနေ ၅ နာရီ ၅မိနစ်ခန့် တွင် ညောင်ရမ်း ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ရက် ည၁၁နာရီခန့်တွင် ဦးxx(၅၄နှစ်) သာစည်မြို့နယ်ကွမ်းခြံလည်ကျေးရွာ နေသူနေအိမ်ခေါင်းရင်းကုတင်ပေါ် တွင်အိပ်ပျော်နေရာမှတစ်ရေးနိုး၍ ထကြည့်ရာ နေအိမ်အတွင်းအိပ်နေ သောသမီးဖြစ်သူမxxx(၁၇နှစ်)အား မတွေ့ရှိသဖြင့် လိုက်လံရှာဖွေခြင်း စုံစမ်းခြင်းများလုပ်ရာ ထူးခြားမှု မရရှိဘဲ နောက်တစ်နေ့နံနက်တွင် ကွမ်းခြံ(တ)ကျေးရွာနေသူအောင်ဖြိုး (၂၅နှစ်)မှ ဆိုင်ကယ်ဖြင့် သမီး ဖြစ်သူ မxxxxအား ခေါ်ဆောင် သွားကြောင်း ရက်၂ဝကျော်ခန့် (နေ့ရက်မမှတ်မိ)တွင် သမီးဖြစ်သူ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာ၍မေးမြန်းရာ အောင်ဖြိုးမှ မxx၏ယခင်ခင်ပွန်း(တစ်လခန့်က ကွာရှင်းထားသူ) ဇော်မင်းမှ အရေးတကြီး ခေါ်ခိုင်းသည်ဟု လိမ်လည်ခေါ်သွားကြောင်း၊ ဇော်မင်းမှခေါ်ခိုင်းခြင်းမဟုတ်ဘဲ'' နင့်ကို ငါခိုးလာတာ''ဟုပြောပြီး ဖေဖော်ဝါရီ ၅ရက် ည၁၁နာရီ မိနစ်၅ဝခန့်တွင် ညောင်ရမ်း-လင့် စဉ်ကုန်းရွာသွားလမ်း တောလမ်း ကြားတွင် အလိုမတူဘဲသားမယား အဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီး ပျော် ဘွယ်မြို့နယ်သို့ ခေါ်ဆောင်ကာ အမည်မသိနေအိမ်အတွင်း မxxx အား ရက်၂ဝခန့်ပိတ်လှောင်ထား၍ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မxxဝတ်ဆင် ထားသောဆွဲကြိုးအား ဖြုတ်ယူ ထားကြောင်း (တန်ဖိုးလေးသိန်း သုံးသောင်း)ကိုဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်တန်းခြင်းပြုလုပ်ပါကသတ်ပစ် မည်ဟုခြိမ်းခြောက်ပြောဆိုကြောင်း၊ သမီးဖြစ်သူ၏ ပြောပြချက်အရ သိရှိရ၍ ဖခင်ဖြစ်သူက တရားလို ပြုလုပ်တိုင်ကြားခဲ့ကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။

အဆိုပါအမှုအား ညောင်ရမ်း ရဲကင်းစခန်းမှ (ပ)၅/၂ဝ၁၈ ရာဇ သတ်ကြီး ပုဒ်မ၃၇၆/၃၆၃ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဘိုဘို(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top