ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သမီးရည္းစား အခ်စ္ကေန လင္မယား အခ်စ္ကို ေျပာင္းသြားတာေၾကာင့္ ရင္းႏႈီးမႈေတြ လြန္ၿပီး ရင္ခုန္ စိတ္လႈပ္ရွားတာမ်ိဳး နည္းသြားတတ္ပါတယ္

ကိုယ္ခ်စ္တဲ့သူနဲ႔ ေရႊလက္တြဲၿပီး မဂၤလာပြဲ ဆင္ႏႊဲရတာ သိပ္ကို ေပ်ာ္စရာေကာင္းပါတယ္။  ေပ်ာ္ရႊင္မႈေတြကို လက္ထပ္ၿပီး အခ်ိန္ေတြအၾကာႀကီး ၾကာသည္အထိ ထိန္းသိမ္းသြားႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။ သမီးရည္းစားဘဝမွာ ထားရွိခဲ့တဲ့ ခ်စ္ျခင္း၊ ရင္ခုန္ျခင္းေတြက အိမ္ေထာင္သည္ ဘဝမွာလည္း ဆက္ရွိေနရမွာပါ။ မ်ားေသာအားျဖင့္ကေတာ့ အိမ္ေထာင္သည္ ဘဝ ေရာက္သြားၾကရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ သမီးရည္းစား အခ်စ္ကေန လင္မယား အခ်စ္ကို ေျပာင္းသြားတာေၾကာင့္ ရင္းႏႈီးမႈေတြ လြန္ၿပီး ရင္ခုန္ စိတ္လႈပ္ရွားတာမ်ိဳး နည္းသြားတတ္ပါတယ္။

စားဝတ္ေနေရးနဲ႔ စီးပြားေရးေတြအတြက္

႐ုန္းကန္ေနရတာေၾကာင့္လည္း သမီးရည္းစား ဘဝတုန္းကေလာက္ ႏွစ္ေယာက္အတူ အခ်ိန္ျဖဳန္းတာမ်ိဳးေတြ လုပ္ျဖစ္ခ်င္မွ လုပ္ျဖစ္ေတာ့မွာပါ။ အခုေခတ္က အမ်ိဳးသမီးေတြလည္း လုပ္ငန္းခြင္ ဝင္ၾကတဲ့ ေခတ္ဆိုေတာ့ သူလည္း သူ႔အလုပ္နဲ႔သူ ကိုယ္လည္း ကိုယ့္အလုပ္နဲ႔ ကိုယ္မို႔  ထမင္းေတာင္ လက္ဆံုမစားျဖစ္ေတာ့တဲ့ လင္မယားေတြလည္း ရွိၾကပါတယ္။ ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးျဖစ္ဖို႔အတြက္ လင္မယားႏွစ္ေယာက္ၾကားက အခ်စ္ေတြက ေအးခဲမေနဘဲ အၿမဲပူေႏြးေနဖို႔ လိုပါတယ္။ တစ္ဦးအေပၚ တစ္ဦး ဂ႐ုစိုက္ေပးမႈ၊ ျဖည့္ဆည္းေပးလိုမႈ၊ စိတ္ဝင္စားမႈေတြလည္း သမီးရည္းစား ဘဝလိုပဲ ရွိေနသင့္ပါတယ္။

ခ်စ္သူစံုတြဲေတြ ၾကားမွာပဲျဖစ္ျဖစ္၊ ဇနီးေမာင္ႏွံေတြ ၾကားမွာပဲ ျဖစ္ျဖစ္

ႏွစ္ေယာက္စလံုး အလုပ္ေတြမ်ားၿပီး တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္မေပးႏိုင္ၾကေတာ့တဲ့ အခါ အခ်စ္ေတြ ေအးခဲသြားတတ္ ၾကပါတယ္။  တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္ေပးၿပီး မေတြ႕ႏိုင္၊ စကားမေျပာႏိုင္ၾကဘူး ဆိုရင္ တစ္ေယာက္အေပၚ တစ္ေယာက္ နားလည္မႈေတြ မရွိၾကေတာ့သလို၊ တစ္ေယာက္နဲ႔ တစ္ေယာက္ စိမ္းေနသလို ခံစားၾကရမွာပါ။ အဲ့လို ျဖစ္တာေတြ ၾကာလာတဲ့အခါ အေနေဝးလို႕ ေသြးေအးသြားတယ္ ဆိုတဲ့ စကားေလးအတိုင္း ျဖစ္သြားႏိုင္တာမို႔ တစ္ေယာက္အေပၚ တစ္ေယာက္ ဂ႐ုစိုက္ေပးျခင္း၊ ေတြ႔ခ်ိန္မ်ားမ်ားရေအာင္ ႀကိဳးစားေပးျခင္း၊ ခ်စ္ျခင္းကို ေဖာ္ျပတဲ့ အျပဴအမူ အထိအေတြ႔ေလးေတြနဲ႕ အခ်စ္စိတ္ေတြအၿမဲတမ္း ႏိုးၾကားေနေအာင္ ႀကိဳးစားဖို႔လိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: marry

#Unicode Version#
သမီးရည်းစား အချစ်ကနေ လင်မယား အချစ်ကို ပြောင်းသွားတာကြောင့် ရင်းနှီုးမှုတွေ လွန်ပြီး ရင်ခုန် စိတ်လှုပ်ရှားတာမျိုး နည်းသွားတတ်ပါတယ်

ကိုယ်ချစ်တဲ့သူနဲ့ ရွှေလက်တွဲပြီး မင်္ဂလာပွဲ ဆင်နွှဲရတာ သိပ်ကို ပျော်စရာကောင်းပါတယ်။  ပျော်ရွှင်မှုတွေကို လက်ထပ်ပြီး အချိန်တွေအကြာကြီး ကြာသည်အထိ ထိန်းသိမ်းသွားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ သမီးရည်းစားဘဝမှာ ထားရှိခဲ့တဲ့ ချစ်ခြင်း၊ ရင်ခုန်ခြင်းတွေက အိမ်ထောင်သည် ဘဝမှာလည်း ဆက်ရှိနေရမှာပါ။ များသောအားဖြင့်ကတော့ အိမ်ထောင်သည် ဘဝ ရောက်သွားကြရင် တစ်ယောက်နဲ့ တစ်ယောက် သမီးရည်းစား အချစ်ကနေ လင်မယား အချစ်ကို ပြောင်းသွားတာကြောင့် ရင်းနှီုးမှုတွေ လွန်ပြီး ရင်ခုန် စိတ်လှုပ်ရှားတာမျိုး နည်းသွားတတ်ပါတယ်။

စားဝတ်နေရေးနဲ့ စီးပွားရေးတွေအတွက်

ရုန်းကန်နေရတာကြောင့်လည်း သမီးရည်းစား ဘဝတုန်းကလောက် နှစ်ယောက်အတူ အချိန်ဖြုန်းတာမျိုးတွေ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မှာပါ။ အခုခေတ်က အမျိုးသမီးတွေလည်း လုပ်ငန်းခွင် ဝင်ကြတဲ့ ခေတ်ဆိုတော့ သူလည်း သူ့အလုပ်နဲ့သူ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်မို့  ထမင်းတောင် လက်ဆုံမစားဖြစ်တော့တဲ့ လင်မယားတွေလည်း ရှိကြပါတယ်။ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့အတွက် လင်မယားနှစ်ယောက်ကြားက အချစ်တွေက အေးခဲမနေဘဲ အမြဲပူနွေးနေဖို့ လိုပါတယ်။ တစ်ဦးအပေါ် တစ်ဦး ဂရုစိုက်ပေးမှု၊ ဖြည့်ဆည်းပေးလိုမှု၊ စိတ်ဝင်စားမှုတွေလည်း သမီးရည်းစား ဘဝလိုပဲ ရှိနေသင့်ပါတယ်။

ချစ်သူစုံတွဲတွေ ကြားမှာပဲဖြစ်ဖြစ်၊ ဇနီးမောင်နှံတွေ ကြားမှာပဲ ဖြစ်ဖြစ်

နှစ်ယောက်စလုံး အလုပ်တွေများပြီး တစ်ယောက်ကို တစ်ယောက် အချိန်မပေးနိုင်ကြတော့တဲ့ အခါ အချစ်တွေ အေးခဲသွားတတ် ကြပါတယ်။  တစ်ယောက်ကို တစ်ယောက် အချိန်ပေးပြီး မတွေ့နိုင်၊ စကားမပြောနိုင်ကြဘူး ဆိုရင် တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုတွေ မရှိကြတော့သလို၊ တစ်ယောက်နဲ့ တစ်ယောက် စိမ်းနေသလို ခံစားကြရမှာပါ။ အဲ့လို ဖြစ်တာတွေ ကြာလာတဲ့အခါ အနေဝေးလို့ သွေးအေးသွားတယ် ဆိုတဲ့ စကားလေးအတိုင်း ဖြစ်သွားနိုင်တာမို့ တစ်ယောက်အပေါ် တစ်ယောက် ဂရုစိုက်ပေးခြင်း၊ တွေ့ချိန်များများရအောင် ကြိုးစားပေးခြင်း၊ ချစ်ခြင်းကို ဖော်ပြတဲ့ အပြူအမူ အထိအတွေ့လေးတွေနဲ့ အချစ်စိတ်တွေအမြဲတမ်း နိုးကြားနေအောင် ကြိုးစားဖို့လိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top