ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သက္ငယ္မုဒိမ္းျဖစ္ပြား ပါက မည္ကဲ့သို႔ျပဳလုပ္ရမည္ကို ျပည္သူမ်ား သိရွိမႈအားနည္းသ ျဖင့္ ကေလးကို က်န္းမာေရးေစာင့္ ေရွာက္မႈေပးရန္ႏွင့္ တရားခံဖမ္းမိ ေရး ေႏွာင့္ေႏွးရေၾကာင္း ရန္ကုန္တိုင္းလူမႈေရးဝန္ႀကီး ဦးႏုိင္ငံ လင္းက ေျပာၾကားသည္။

မတ္လ ၁၀ ရက္က ရန္ကုန္ ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံတြင္ ျပဳလုပ္သည့္ အျပည္ျပည္ဆုိင္ရာအမ်ိဳး သမီးမ်ားေန႔ ဂုဏ္ျပဳအခမ္းအနား ၌ ၎က မိန္႔ခြန္းေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားျခင္း ျဖစ္ သည္။

‘‘ကေလးေတြက ဒါမ်ိဳးႀကံဳ လာတဲ့အခါ ေရွာ့ခ္ရသြားတာမ်ိဳး ရွိတယ္။ ရဲဘက္ကလည္း တရားခံဖမ္းမိဖို႔ က်ဴးလြန္ခံရတဲ့သူကို ေမး ရတာရွိတယ္။ အဲဒီမွာ အခက္အခဲျဖစ္တယ္။ ၿပီးေတာ့ ျပည္သူေတြ အေနနဲ႔ ဒါေတြျဖစ္တဲ့အခါ အရင္ ရဲတိုင္သင့္ရင္ တုိင္ရမယ္။ မရရင္ ေဒသခံ လႊတ္ေတာ္ကိုယ္စား လွယ္ေတြ ေခၚရမယ္ဆိုတာမ်ိဳး သိမွ အေရးယူေရးက ျမန္ဆန္ လာမယ္’’ဟု ၎က ေျပာသည္။

ပူးေပါင္းေဆာင္ရြက္မႈမ်ား လိုအပ္ၿပီး အရပ္ဘက္အဖြဲ႕အ စည္းမ်ားကလည္း အသိပညာ ေပးရန္ လိုအပ္ေၾကာင္း ဦးႏုိင္ငံ လင္းကေျပာၾကားသည္။

၂၀၁၇ တြင္ တစ္ႏုိင္ငံလံုး သက္ငယ္မုဒိမ္းမႈ ၉၀၀ ခန္႔ ျဖစ္ပြားၿပီး ရန္ကုန္တုိင္း၌ အမ်ားဆံုး ျဖစ္ပြားကာ ဧရာဝတီတုိင္းတြင္ ဒုတိယအမ်ားဆံုးျဖစ္ပြားခဲ့သည္။

ယခုႏွစ္ဆန္းပိုင္းတြင္ သက္ငယ္မုဒိမ္းမႈမ်ား ဆက္လက္ ျဖစ္ ပြားေနသည္။

မဟာဗႏၶဳလပန္းၿခံ၌ ျပဳလုပ္ သည့္ အျပည္ျပည္ဆုိင္ရာ အမ်ိဳး သမီးမ်ားေန႔အခမ္းအနားသို႔ အ မ်ိဳးသမီးအေရးလႈပ္ရွားသည့္ အ ရပ္ဘက္အဖြဲ႕အစည္းမ်ား အပါအဝင္ လူဦးေရတစ္ေထာင္ခန္႔ တက္ေရာက္ခဲ့သည္။

အခမ္းအနားတြင္ အရပ္ ဘက္အဖြဲ႕အစည္း ၄၀ ေက်ာ္က အမ်ိဳးသမီးမ်ားအေပၚ အိမ္တြင္း အၾကမ္းဖက္မႈမ်ား၊ အိမ္အကူ လုပ္သားမ်ား ႀကံဳေတြ႕ေနရသည့္ အခက္အခဲမ်ားႏွင့္ ဥပေဒလိုအပ္ ခ်က္မ်ား၊ သက္ငယ္မုဒိမ္းျဖစ္ပြား ေနမႈမ်ာကို အသိပညာေပးေရး ျပခန္းမ်ားဖြဲ႕၍ ျပသျခင္း၊ ျပဇာတ္ မ်ားျပသျခင္း၊ သံခ်ပ္တိုက္ျခင္း၊ ကဗ်ာရြတ္ျခင္းတို႔ျပဳလုပ္ကာ ျမန္ မာႏိုင္ငံရွိ အမ်ိဳးသမီးမ်ား၏အ ေျခအေနျပသခဲ့သည္။

ယင္းအခမ္းအနားကို အမ်ိဳး သမီးအေရးလႈပ္ရွားသည့္ အရပ္ ဘက္အဖြဲ႕အစည္းမ်ားျဖင့္ မဟာဗႏၶဳလပန္းၿခံတြင္ က်င္းပျခင္း သည္ ရန္ကုန္တုိင္းအစိုးရအေန ျဖင့္ အမ်ိဳးသမီးက႑တိုးတက္ရန္ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ စတင္္ျခင္း ျဖစ္ေၾကာင္း ဦးႏိုင္ငံလင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily





#Unicode Version#
သက်ငယ်မုဒိမ်းဖြစ်ပွား ပါက မည်ကဲ့သို့ပြုလုပ်ရမည်ကို ပြည်သူများ သိရှိမှုအားနည်းသ ဖြင့် ကလေးကို ကျန်းမာရေးစောင့် ရှောက်မှုပေးရန်နှင့် တရားခံဖမ်းမိ ရေး နှောင့်နှေးရကြောင်း ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံ လင်းက ပြောကြားသည်။

မတ်လ ၁၀ ရက်က ရန်ကုန် မြို့ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအမျိုး သမီးများနေ့ ဂုဏ်ပြုအခမ်းအနား ၌ ၎င်းက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ် သည်။

‘‘ကလေးတွေက ဒါမျိုးကြုံ လာတဲ့အခါ ရှော့ခ်ရသွားတာမျိုး ရှိတယ်။ ရဲဘက်ကလည်း တရားခံဖမ်းမိဖို့ ကျူးလွန်ခံရတဲ့သူကို မေး ရတာရှိတယ်။ အဲဒီမှာ အခက်အခဲဖြစ်တယ်။ ပြီးတော့ ပြည်သူတွေ အနေနဲ့ ဒါတွေဖြစ်တဲ့အခါ အရင် ရဲတိုင်သင့်ရင် တိုင်ရမယ်။ မရရင် ဒေသခံ လွှတ်တော်ကိုယ်စား လှယ်တွေ ခေါ်ရမယ်ဆိုတာမျိုး သိမှ အရေးယူရေးက မြန်ဆန် လာမယ်’’ဟု ၎င်းက ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပြီး အရပ်ဘက်အဖွဲ့အ စည်းများကလည်း အသိပညာ ပေးရန် လိုအပ်ကြောင်း ဦးနိုင်ငံ လင်းကပြောကြားသည်။

၂၀၁၇ တွင် တစ်နိုင်ငံလုံး သက်ငယ်မုဒိမ်းမှု ၉၀၀ ခန့် ဖြစ်ပွားပြီး ရန်ကုန်တိုင်း၌ အများဆုံး ဖြစ်ပွားကာ ဧရာဝတီတိုင်းတွင် ဒုတိယအများဆုံးဖြစ်ပွားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းတွင် သက်ငယ်မုဒိမ်းမှုများ ဆက်လက် ဖြစ် ပွားနေသည်။

မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ် သည့် အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့အခမ်းအနားသို့ အ မျိုးသမီးအရေးလှုပ်ရှားသည့် အ ရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် လူဦးရေတစ်ထောင်ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အရပ် ဘက်အဖွဲ့အစည်း ၄၀ ကျော်က အမျိုးသမီးများအပေါ် အိမ်တွင်း အကြမ်းဖက်မှုများ၊ အိမ်အကူ လုပ်သားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဥပဒေလိုအပ် ချက်များ၊ သက်ငယ်မုဒိမ်းဖြစ်ပွား နေမှုမျာကို အသိပညာပေးရေး ပြခန်းများဖွဲ့၍ ပြသခြင်း၊ ပြဇာတ် များပြသခြင်း၊ သံချပ်တိုက်ခြင်း၊ ကဗျာရွတ်ခြင်းတို့ပြုလုပ်ကာ မြန် မာနိုင်ငံရှိ အမျိုးသမီးများ၏အ ခြေအနေပြသခဲ့သည်။

ယင်းအခမ်းအနားကို အမျိုး သမီးအရေးလှုပ်ရှားသည့် အရပ် ဘက်အဖွဲ့အစည်းများဖြင့် မဟာဗန္ဓုလပန်းခြံတွင် ကျင်းပခြင်း သည် ရန်ကုန်တိုင်းအစိုးရအနေ ဖြင့် အမျိုးသမီးကဏ္ဍတိုးတက်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်း ဖြစ်ကြောင်း ဦးနိုင်ငံလင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top