ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

Lyudmila Pavlichenko လို႔ အမည္ရတဲ့ ဆုိဗီယက္ျပည္ေထာင္စုက အမ်ိဳးသမီး တစ္ဦး ျဖစ္ပါတယ္။ ရန္သူ ၃၀၉ ေယာက္ကို ပစ္သတ္ႏိုင္ ခ့ဲတာ ေၾကာင့္မို႔ သမိုင္းမွာ အေအာင္ျမင္ဆံုး အမ်ိဳးသမီး စႏိုက္ပါ အျဖစ္ အသတ္မွတ္ခံရပါတယ္။

ပထမ ၂ လခြဲကာလအတြင္း တပ္စခန္းတစ္ခုမွာ ရန္သူ ၁၈၇ ေယာက္ သတ္ႏိုင္ျပီး ေနာက္ထပ္ တပ္စခန္းတစ္ခုကမွာ ၈ လတာ ကာလအတြင္း ဂ်ာမန္ စစ္သား ၂၅၇ ေယာက္ သတ္ႏိုင္ပါတယ္။ စႏိုက္ပါက ရန္သူ စႏိုက္ပါ ကို တိုက္ခိုက္ပစ္သတ္တယ္ဆုိတာ ခက္ခဲတဲ့ စစ္ဆင္ေရး ျဖစ္ ပါတယ္။ သုိ႔ေပမယ့္ ဂ်ာမန္ စႏိုက္ပါ ၃၆ ေယာက္ကုိေတာင္ ပစ္သတ္ႏိုင္ခဲ့ပါတယ္။ အမွန္တကယ္ သတ္ႏိုင္တာက ေလးရားေက်ာ္ ရွိျပီး စႏိုက္ပါ ေသနတ္နဲ႔ ပစ္သတ္တာကေတာ့ ၃၀၉ ေယာက္ရွိတယ္ဆုိတာ တရားဝင္ မွတ္တမ္း ရွိခဲ့ပါတယ္။ သူမရဲ ႔ သမိုင္းအက်ဥ္းက ဒီလို ျဖစ္ပါတယ္။

၁၉၁၆ ခုႏွစ္ ဇူလိုင္လ ၁၂ ရက္ေန႔က ရုရွားအင္ပါယာ, Bila Tserkva မွာ ေမြးဖြားပါတယ္။ သမိုင္းဘာသာရပ္နဲ႔ တကၠသိုလ္မွာ ေက်ာင္းတက္ေန စဥ္ပဲ ဒုတိယက ကမၻာစစ္ ျဖစ္တာေၾကာင့္ ဆုိဗီယက္ တပ္မေတာ္ထဲကို အသက္ ၂၄ ႏွစ္ကစတင္ ဝင္ေရာက္ခဲ့ပါတယ္။ ၁၉၄၁ ေနာင္းပိုင္း ကာလ ျဖစ္ျပီး စစ္သူနာျပဳလုပ္ဖို႔ အားလံုး ဝိုင္းဖိအား ေပးေပမယ့္ စစ္တိုက္ဖို႔ ပဲ ေရြးခ်ယ္ခဲ့သူ ျဖစ္ပါတယ္။

ရုရွား ရိုင္ဖယ္တပ္ ၂၇ ကို ဝင္ခြင့္ရရွိခဲ့ျပီး စစ္ေရးေလ့က်င့္မွုမ်ား ရရွိခဲ့ ပါတယ္။ သူ႔လိုပဲ ရုရွားမွာ အမ်ိဳးသမီး စႏိုက္ပါ အေယာက္ ၂၀၀၀ ေမြးဖြား ခဲ့ ျပီး စစ္ျပီးေတာ့ အေယာက္ ၅၀၀ ပဲ အသက္ရွင္က်န္ခဲ့ ပါတယ္။

တပ္ထဲစဝင္ျပီး နာရီပိုင္းပဲၾကာတဲ့ တိုက္ပြဲမွာ ဂ်ာမန္ ၂ ေယာက္ သတ္ႏိုင္ ပါတယ္။ အသံုးျပဳတဲ့ ေသနတ္ကေတာ့ SVT-40 semi-automatic ရိုင္ဖယ္ျဖစ္ျပီး တယ္လီစကုတ္က ၃.၅ ျဖစ္ပါတယ္။ ေနာက္ပိုင္း တိုက္ပြဲေတြ မွာလည္း ယင္းေသနတ္ကိုသာ အမ်ားစု အသံုးျပဳရျပီး ရန္သူေပါင္း ၃၀၉ ဦးကို စံခ်ိန္တင္ သတ္ႏိုင္ခဲ့ပါတယ္။

စစ္ျပီးတဲ့အခါက်ေတာ့ ဆုီဗီယက္ျပည္ေထာင္စုကေပးတဲ့ ထူးခြ်န္ဆု၊ ဂုဏ္ျပဳ ဆု မ်ား ရရွိပါတယ္။ ကေနဒါ၊ အေမရိကန္တို႔မွ အစိုးရမ်ားကလည္း ဖိတ္ၾကားတဲ့အတြက္ သြားေရာက္ေတြ႔ဆံုျပီး ေဟာေျပာပြဲေတြ မွာလည္း ေဟာေျပာဖို႔ အဖိတ္ၾကားခံရပါတယ္။ ေအာက္တိုဘာ ၁၀ ရက္၊ ၁၉၇၄ ခုႏွစ္ (အသက္ ၅၈ ႏွစ္) အရြယ္ေရာက္ေတာ့ ေမာ္စကိုျမိဳ ႔မွာပဲ ကြယ္လြန္ခဲ့ပါတယ္။

သုိ႔ေပမယ့္ သူမရဲ ႔ စြမ္းေဆာင္ရည္ေၾကာင့္ ယေန႔တိုင္ ရုရွားနဲ႔ ယခင္ ဆုိဗီယက္ျပည္ေထာင္စု ႏိုင္ငံမ်ားမွ စံထားရတဲ့ အမ်ိဳးသမီး သူရဲေကာင္းအျဖစ္ သမိုင္းက်န္ရွိလ်က္ ရွိေၾကာင္း သိရပါတယ္။

Source- International news for myanmar

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike
# Unicode Version ျဖင့္ ဖတ္ပါ #
Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့ သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူနာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွား ခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါတယ်။

တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့ သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။ နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦးကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။

စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်ဆု၊ ဂုဏ်ပြု ဆု များ ရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွားရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။ အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

သို့ပေမယ့် သူမရဲ့ စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။

Source- International news for myanmar

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top