×

အေျခာက္ခံထားတဲ့ စပ်စ္သီးေျခာက္၊ ဆီးသီးေျခာက္၊ ပန္းသီးေျခာက္ စတဲ့ သစ္သီးေတြကို အခ်ိဳ၊ အဆီေတြနဲ႔ ျပန္လည္စီမံထားတဲ့ သစ္သီးေတြကို စားသံုးမိတဲ့အခါ ျဖစ္ေပၚလာႏုိင္တဲ့ က်န္းမာေရး ဆိုးက်ိဳးမ်ားကို သိထားသင့္ပါတယ္။ လတ္လတ္ဆတ္ဆတ္သစ္သီးေတြကို ဒီလိုျပဳျပင္ေျပာင္းလဲ လိုက္တဲ့အခါ အရသာပိုမို ေကာင္းမြန္လာတယ္ ဆိုေပမယ့္ က်န္းမာေရးနဲ႔ မသင့္ေတာ္ပါဘူး။

(၁) အစာအိမ္ေရာဂါဆိုင္ရာျပႆနာမ်ား

သစ္သီးေတြကို အေျခာက္ခံၿပီး ၾကာရွည္ခံမယ့္ အဆီ၊ ေဆးသၾကားေတြနဲ႔ ျပန္လည္ျပဳျပင္လိုက္တဲ့ အခါ ပါဝင္တဲ့ ဓာတုပစၥည္းမ်ားနဲ႔ ကြန္ေပါင္းမ်ားက အစာအိမ္ကို ဒုကၡေပးႏုိင္ပါတယ္။ ဓာတုပစၥည္းေတြ ေပါင္းစပ္ဖြဲ႕စည္းေနတဲ့ အသီးအႏွံကို စားသံုးမိတဲ့အခါ အစာအိမ္နဲ႔ အူလမ္းေၾကာင္းတြင္း ဘတ္တီးရီးယား ပိုးမႊားမ်ား ျဖစ္ေပၚေစႏုိင္ၿပီး အစာအိမ္ေရာင္ျခင္း၊ ေအာ့အန္ျခင္းနဲ႔ အက္ဆစ္ဓာတ္ ထုတ္လႊတ္ျခင္း စတဲ့ အစာအိမ္ေရာဂါဆိုင္ရာ ျပႆနာမ်ား ျဖစ္ေပၚလာႏုိင္ပါတယ္။

(၂) အေရျပားယားယံျခင္း

သစ္သီးေျခာက္ေတြမွာ ထည့္သြင္းအသံုးျပဳထားတဲ့ အဆီဓာတ္မ်ားနဲ႔ အခ်ိဳဓာတ္က အေရျပားယား ယံျခင္းနဲ႔ ဓာတ္မတည့္မႈမ်ိဳး ျဖစ္ေပၚႏုိင္ပါတယ္။ အလာ့ဂ်စ္ျဖစ္ၿပီး အေရျပားနီျမန္းယားယံ ရျခင္းရဲ႕ အေၾကာင္းအရင္း မ်ားစြာထဲမွာ သစ္သီးေျခာက္ေတြကို စားသံုးမိျခင္းကလည္း အဓိက အေၾကာင္း အရင္း တစ္ရပ္ပဲလို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။

(၃) ပန္းနာရင္ၾကပ္ျဖစ္ျခင္း

ပန္းနာရင္ၾကပ္ေရာဂါသည္မ်ား လံုးဝေရွာင္ၾကဥ္သင့္ပါတယ္။ သစ္သီးေျခာက္ေတြမွာပါဝင္တဲ့ တာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့ ဓာတုပစၥည္းမ်ားက ပန္းနာရင္ၾကပ္သမားမ်ားကို ဒုကၡေပးႏုိင္တဲ့ အရာပါ။ သစ္သီးေျခာက္ေတြကို မၾကာခဏ ဆိုသလို စားသံုးမိမယ္ဆိုရင္လည္း ပန္းနာရင္ၾကပ္ ေရာဂါ ျဖစ္ေစႏုိင္လို႔ သတိျပဳသင့္တဲ့ အခ်က္ပါပဲ။

(၄) ဝိတ္တက္ေစပါတယ္

သစ္သီးေျခာက္မွာ ပါဝင္တဲ့ ကယ္လိုရီဓာတ္က မ်ားျပားလြန္းတာေၾကာင့္ အဆီပိုျဖစ္ၿပီး အဝလြန္ ေရာဂါ ကို ျဖစ္ေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေနသူအဖို႔ေတာ့ သစ္သီးေျခာက္နဲ႔ ျပဳလုပ္ထားတဲ့ အစားအစာမ်ားကို ေရွာင္ၾကဥ္တာ အေကာင္းဆံုးပါပဲ။

(၅) ကေလးငယ္မ်ားအတြက္ မသင့္ေတာ္ပါဘူး

ကေလးငယ္ေတြကို ျပန္လည္ျပဳျပင္ထားတဲ့ သစ္သီးေျခာက္ေတြ မေကၽြးသင့္ဘူးလို႔ ဆိုထားပါတယ္။ ကေလးငယ္ေတြရဲ႕ အစာေခ်ဖ်က္စနစ္က အားနည္းေနေသးတဲ့အတြက္ သစ္သီးေျခာက္ေတြကို ေကၽြးမိမယ္ဆိုရင္ အစာအိမ္လမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ား ႀကံဳေတြ႔ရႏုိင္ပါတယ္။ ဒါ့အျပင္ သစ္သီးေျခာက္ေတြက ဝါးစားရခက္ခဲတဲ့အတြက္ ကေလးငယ္ေတြအတြက္ အႏၱရာယ္ျဖစ္ေစႏုိင္တဲ့ အစားအစာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
အခြောက်ခံထားတဲ့ စပျစ်သီးခြောက်၊ ဆီးသီးခြောက်၊ ပန်းသီးခြောက် စတဲ့ သစ်သီးတွေကို အချို၊ အဆီတွေနဲ့ ပြန်လည်စီမံထားတဲ့ သစ်သီးတွေကို စားသုံးမိတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများကို သိထားသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ်သစ်သီးတွေကို ဒီလိုပြုပြင်ပြောင်းလဲ လိုက်တဲ့အခါ အရသာပိုမို ကောင်းမွန်လာတယ် ဆိုပေမယ့် ကျန်းမာရေးနဲ့ မသင့်တော်ပါဘူး။

(၁) အစာအိမ်ရောဂါဆိုင်ရာပြဿနာများ

သစ်သီးတွေကို အခြောက်ခံပြီး ကြာရှည်ခံမယ့် အဆီ၊ ဆေးသကြားတွေနဲ့ ပြန်လည်ပြုပြင်လိုက်တဲ့ အခါ ပါဝင်တဲ့ ဓာတုပစ္စည်းများနဲ့ ကွန်ပေါင်းများက အစာအိမ်ကို ဒုက္ခပေးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေ ပေါင်းစပ်ဖွဲ့စည်းနေတဲ့ အသီးအနှံကို စားသုံးမိတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း ဘတ်တီးရီးယား ပိုးမွှားများ ဖြစ်ပေါ်စေနိုင်ပြီး အစာအိမ်ရောင်ခြင်း၊ အော့အန်ခြင်းနဲ့ အက်ဆစ်ဓာတ် ထုတ်လွှတ်ခြင်း စတဲ့ အစာအိမ်ရောဂါဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၂) အရေပြားယားယံခြင်း

သစ်သီးခြောက်တွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ အဆီဓာတ်များနဲ့ အချိုဓာတ်က အရေပြားယား ယံခြင်းနဲ့ ဓာတ်မတည့်မှုမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ အလာ့ဂျစ်ဖြစ်ပြီး အရေပြားနီမြန်းယားယံ ရခြင်းရဲ့ အကြောင်းအရင်း များစွာထဲမှာ သစ်သီးခြောက်တွေကို စားသုံးမိခြင်းကလည်း အဓိက အကြောင်း အရင်း တစ်ရပ်ပဲလို့ ဆေးပညာရှင်များက ဆိုထားပါတယ်။

(၃) ပန်းနာရင်ကြပ်ဖြစ်ခြင်း

ပန်းနာရင်ကြပ်ရောဂါသည်များ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ သစ်သီးခြောက်တွေမှာပါဝင်တဲ့ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ ဓာတုပစ္စည်းများက ပန်းနာရင်ကြပ်သမားများကို ဒုက္ခပေးနိုင်တဲ့ အရာပါ။ သစ်သီးခြောက်တွေကို မကြာခဏ ဆိုသလို စားသုံးမိမယ်ဆိုရင်လည်း ပန်းနာရင်ကြပ် ရောဂါ ဖြစ်စေနိုင်လို့ သတိပြုသင့်တဲ့ အချက်ပါပဲ။

(၄) ဝိတ်တက်စေပါတယ်

သစ်သီးခြောက်မှာ ပါဝင်တဲ့ ကယ်လိုရီဓာတ်က များပြားလွန်းတာကြောင့် အဆီပိုဖြစ်ပြီး အဝလွန် ရောဂါ ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျော့ချနေသူအဖို့တော့ သစ်သီးခြောက်နဲ့ ပြုလုပ်ထားတဲ့ အစားအစာများကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

(၅) ကလေးငယ်များအတွက် မသင့်တော်ပါဘူး

ကလေးငယ်တွေကို ပြန်လည်ပြုပြင်ထားတဲ့ သစ်သီးခြောက်တွေ မကျွေးသင့်ဘူးလို့ ဆိုထားပါတယ်။ ကလေးငယ်တွေရဲ့ အစာချေဖျက်စနစ်က အားနည်းနေသေးတဲ့အတွက် သစ်သီးခြောက်တွေကို ကျွေးမိမယ်ဆိုရင် အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် သစ်သီးခြောက်တွေက ဝါးစားရခက်ခဲတဲ့အတွက် ကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top