မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အမ်ိဳးသမီးတစ္ဦးက ကားလမ္းမရဲ႕ ေဘးဘက္ဖြင့္လွစ္ထားတဲ့ အလွပန္းအေရာင္းဆုိင္တစ္ဆုိင္ကုိ ျဖတ္ေလွ်ာက္သြားခဲ့ၿပီး ေနာက္ ေတာ့ ရုတ္တရက္ ေနာက္ျပန္လွည့္လာၿပီး မိခင္ျဖစ္သူဆီကုိေပးဖုိ႔ ႏွင္းဆီပန္း ျခင္းတစ္ျခင္းဝယ္ ယူလုိက္ပါတယ္။

ဒါေပမဲ့လည္း မုိင္ႏွစ္ရာေလာက္ေဝးတဲ့ မိခင္ဆီကုိ သြားပုိ႔ေပးဖုိ႕ဆုိ တာက သူမအတြက္ အဆင္မေျပႏုိင္ေသးတာေၾကာင့္ ပန္းဆုိင္ရဲ႕ ပန္းလုိက္ပုိ႔ေပးတဲ့ ဝန္ေဆာင္မႈကုိ ေရြးခ်ယ္လုိက္ၿပီး မိခင္ျဖစ္သူထံ ပုိ႔ေပးဖုိ႔ မွာခဲ့လုိက္ပါတယ္…

ၿပီးေနာက္ ဆုိင္အျပင္ထြက္လာတဲ့ သူမက ဆုိင္နံရံမွာကပ္မွီၿပီး ဆုိင္အတြင္းက ပန္းေတြကုိေငးေမာၾကည့္ေနတဲ့ ကေလးမေလး တစ္ေယာက္ကုိ သတိထားမိသြားပါတယ္။
အဲ့ဒါနဲ႕ သူမလည္း ကေလးမေလးကုိ ေမးျမန္းစပ္စုၾကည့္လုိက္ပါ တယ္…

“ သမီး… ဘာျဖစ္ေနသလဲကြယ္” လုိ႔ေမးေတာ့ ကေလးမေလးက..
“ သမီး… ႏွင္းဆီပန္းလုိခ်င္လုိ႔.. အန္တီ။ သမီးေမေမအတြက္ ေပး ခ်င္လုိ႔” လုိ႔ ျပန္ေျဖေတာ့ သူမက…
“ သမီးရယ္….ဒါမ်ား လာခဲ့။ အန္တီ့ေနာက္လုိက္ခဲ့” ဆုိၿပီး ကေလး မေလးကုိ ပန္းဆုိင္ထဲေခၚသြားၿပီး ပန္းစည္းတစ္စည္းဝယ္ေပးလုိက္ ပါတယ္။

ကေလးမေလးလုိခ်င္ေနတဲ့ ပန္းစည္းဝယ္ေပးလုိက္ၿပီးေနာက္ ကေလးမေလးရဲ႕ မိခင္ရွိရာကုိပါ လုိက္ပုိ႔ေပးခဲ့ခ်ိန္မွာေတာ့ သူမအ တြက္ စိတ္လႈပ္ရွားစရာ ဝမ္းနည္းေၾကကြဲစရာေကာင္းတဲ့ အျဖစ္အ ပ်က္နဲ႔ႀကံဳခဲ့ရပါေတာ့တယ္….

“ အန္တီ… သိပ္ကုိေက်းဇူးတင္ပါတယ္။ အန္တီက ေမေမ့အတြက္ ႏွင္းဆီပန္းစည္းကုိ ယူလာေပးႏုိင္ခဲ့တာေၾကာင့္ပါ… ဟိုးနားမွာလွမ္း ျမင္ေနရတဲ့ အုတ္ဂူျဖဴျဖဴေလးက သမီးေမေမေပါ့ ” လုိ႔ ဆုိေတာ့ သူမရင္ထဲ သိမ့္ခနဲတုန္ေအာင္ ခံစားမိသြားခဲ့ရပါတယ္…..

ဒီ အသက္ငယ္ငယ္ကေလးမေလးကေတာင္… သူမရဲ႕ကြယ္လြန္ သြားခဲ့ၿပီးျဖစ္တဲ့ မိခင္ျဖစ္သူအတြက္ ပန္းစည္းကုိအေရာက္ ပုိ႔ေပး ႏုိင္ခဲ့တာ….

ငါကေကာ…. ဘာလုိ႔မ်ား ငါ့မိခင္ဆီကုိယ္တုိင္မပုိ႔ေပးႏုိင္ရမွာလဲဆုိ တဲ့… ခံစားမႈအသိနဲ႔ ကုိယ့္ကုိကုိယ္ေနာင္တရစြာ ျပန္ေမးမိရင္း…..
သူမပန္းစည္းပုိ႔ေပးဖုိ႔ အမွာထားခဲ့တဲ့ ပန္းဆုိင္ဆီ ခ်က္ျခင္းအေျပး သြားကာ ပန္းပုိ႔ေပးတဲ့ဝန္ေဆာင္မႈအမွာကုိ ဖ်က္ပစ္လုိက္ၿပီး…. သူမကုိယ္တုိင္ပဲ မုိင္ ၂၀၀ ေက်ာ္ေဝးလွံတဲ့ မိခင္ျဖစ္သူထံကုိ ပန္း စည္းေပးဖုိ႔ အေရာက္ေျပးလႊားသြားခဲ့ပါေတာ့တယ္………

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  phothutaw
#Unicode Version#
အမျိုးသမီးတစ်ဦးက ကားလမ်းမရဲ့ ဘေးဘက်ဖွင့်လှစ်ထားတဲ့ အလှပန်းအရောင်းဆိုင်တစ်ဆိုင်ကို ဖြတ်လျှောက်သွားခဲ့ပြီး နောက် တော့ ရုတ်တရက် နောက်ပြန်လှည့်လာပြီး မိခင်ဖြစ်သူဆီကိုပေးဖို့ နှင်းဆီပန်း ခြင်းတစ်ခြင်းဝယ် ယူလိုက်ပါတယ်။

ဒါပေမဲ့လည်း မိုင်နှစ်ရာလောက်ဝေးတဲ့ မိခင်ဆီကို သွားပို့ပေးဖို့ဆို တာက သူမအတွက် အဆင်မပြေနိုင်သေးတာကြောင့် ပန်းဆိုင်ရဲ့ ပန်းလိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုကို ရွေးချယ်လိုက်ပြီး မိခင်ဖြစ်သူထံ ပို့ပေးဖို့ မှာခဲ့လိုက်ပါတယ်…

ပြီးနောက် ဆိုင်အပြင်ထွက်လာတဲ့ သူမက ဆိုင်နံရံမှာကပ်မှီပြီး ဆိုင်အတွင်းက ပန်းတွေကိုငေးမောကြည့်နေတဲ့ ကလေးမလေး တစ်ယောက်ကို သတိထားမိသွားပါတယ်။
အဲ့ဒါနဲ့ သူမလည်း ကလေးမလေးကို မေးမြန်းစပ်စုကြည့်လိုက်ပါ တယ်…

“ သမီး… ဘာဖြစ်နေသလဲကွယ်” လို့မေးတော့ ကလေးမလေးက..
“ သမီး… နှင်းဆီပန်းလိုချင်လို့.. အန်တီ။ သမီးမေမေအတွက် ပေး ချင်လို့” လို့ ပြန်ဖြေတော့ သူမက…
“ သမီးရယ်….ဒါများ လာခဲ့။ အန်တီ့နောက်လိုက်ခဲ့” ဆိုပြီး ကလေး မလေးကို ပန်းဆိုင်ထဲခေါ်သွားပြီး ပန်းစည်းတစ်စည်းဝယ်ပေးလိုက် ပါတယ်။

ကလေးမလေးလိုချင်နေတဲ့ ပန်းစည်းဝယ်ပေးလိုက်ပြီးနောက် ကလေးမလေးရဲ့ မိခင်ရှိရာကိုပါ လိုက်ပို့ပေးခဲ့ချိန်မှာတော့ သူမအ တွက် စိတ်လှုပ်ရှားစရာ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်အ ပျက်နဲ့ကြုံခဲ့ရပါတော့တယ်….

“ အန်တီ… သိပ်ကိုကျေးဇူးတင်ပါတယ်။ အန်တီက မေမေ့အတွက် နှင်းဆီပန်းစည်းကို ယူလာပေးနိုင်ခဲ့တာကြောင့်ပါ… ဟိုးနားမှာလှမ်း မြင်နေရတဲ့ အုတ်ဂူဖြူဖြူလေးက သမီးမေမေပေါ့ ” လို့ ဆိုတော့ သူမရင်ထဲ သိမ့်ခနဲတုန်အောင် ခံစားမိသွားခဲ့ရပါတယ်…..

ဒီ အသက်ငယ်ငယ်ကလေးမလေးကတောင်… သူမရဲ့ကွယ်လွန် သွားခဲ့ပြီးဖြစ်တဲ့ မိခင်ဖြစ်သူအတွက် ပန်းစည်းကိုအရောက် ပို့ပေး နိုင်ခဲ့တာ….

ငါကကော…. ဘာလို့များ ငါ့မိခင်ဆီကိုယ်တိုင်မပို့ပေးနိုင်ရမှာလဲဆို တဲ့… ခံစားမှုအသိနဲ့ ကိုယ့်ကိုကိုယ်နောင်တရစွာ ပြန်မေးမိရင်း…..
သူမပန်းစည်းပို့ပေးဖို့ အမှာထားခဲ့တဲ့ ပန်းဆိုင်ဆီ ချက်ခြင်းအပြေး သွားကာ ပန်းပို့ပေးတဲ့ဝန်ဆောင်မှုအမှာကို ဖျက်ပစ်လိုက်ပြီး…. သူမကိုယ်တိုင်ပဲ မိုင် ၂၀၀ ကျော်ဝေးလှံတဲ့ မိခင်ဖြစ်သူထံကို ပန်း စည်းပေးဖို့ အရောက်ပြေးလွှားသွားခဲ့ပါတော့တယ်………



ဖိုးသူတော် (www.phothutaw.com)
Credit:  phothutaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top