ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×



 YBS ဘတ္စ္ကားစနစ္  အမႈေဆာင္အရာရွိခ်ဳပ္ (စီအီးအို) ဦးဘိုဘို (ေစာဘိုဘို) တာဝန္မွ ႏုတ္ထြက္မည္ဆုိသည့္ သတင္းမ်ား ထြက္ေပၚေနသည္။

 ဦးဘိုဘို (ေစာဘိုဘို) ကို ရန္ကုန္တုိင္းေဒသႀကီး အစိုးရအ ဖြဲ႕က ၂၀၁၇ စက္တင္ဘာက စတင္၍ YBS ၏ စီအီးအိုတာဝန္ ေပးခဲ့ၿပီး ေျခာက္လခန္႔အၾကာ တြင္ ႏုတ္ထြက္မည့္သတင္းမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

စီအီးအိုမွာ က်န္းမာေရး ေၾကာင့္ ခြင့္တစ္ပတ္ယူထားၿပီး ယခုအခါ ႏုတ္ထြက္မည္ဆုိသည့္ သတင္းမ်ား ထြက္ေပၚလာျခင္း ျဖစ္ေၾကာင္း အမ်ားပိုင္ဘတ္စ္ ကားယာဥ္လုိင္း တာဝန္ခံတစ္ဦး က ဆုိသည္။

‘‘ယာဥ္လုိင္းေတြကို အစည္း အေဝးမေခၚတာလည္း ေတာ္ ေတာ္ၾကာေနၿပီဆုိေတာ့ သူနဲ႔ လည္း သိပ္မေတြ႕ျဖစ္ဘူး။ ၿပီးခဲ့ တဲ့ ရက္ပိုင္းက စံုစမ္းၾကည့္ေတာ့ မွ ခြင့္ယူထားမွန္းသိတာ’’ဟု ၎ က ဆုိသည္။

 ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA)မွ တာဝန္ရွိသူတစ္ဦးက လတ္တေလာတြင္ အဆုိပါ သတင္းကို အတည္မျပဳႏိုင္ေသး ေၾကာင္း ေျပာသည္။

‘‘စီအီးအိုကို ရန္ကုန္တုိင္း ေဒသႀကီး အစိုးရအဖြဲ႕ အစည္းအ ေဝးဆံုးျဖတ္ခ်က္နဲ႔ ခန္႔အပ္ခဲ့တာ ျဖစ္တဲ့အတြက္ အစိုးရအဖြဲ႕အ စည္းအေဝး ဆံုးျဖတ္ၿပီး အမိန္႔ ထုတ္မွပဲ သိႏိုင္မယ္။ အခုေတာ့ ဘာမွ ေသေသခ်ာခ်ာမသိရေသး ပါဘူး’’ဟု ၎က ေျပာသည္။

YBS ဘတ္စ္ကားေျပးဆြဲမႈ အဆင့္ျမႇင့္တင္ရာတြင္ ပိုမို အေထာက္အပံ့ျဖစ္ေစရန္ ရည္ရြယ္သည္ဆုိကာ အဆုိပါ ဘတ္စ္ကားစနစ္ Yangon Bus Service ၌ CEO တစ္ဦး ပထမ ဆံုးခန္႔အပ္ခဲ့ျခင္းျဖစ္သည္။

 ဦးဘိုဘိုသည္ ကေမၻာဇ ဘဏ္တြင္ အႀကီးတန္းပညာရွင္ တစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ၿပီး နည္း ပညာႏွင့္ စီမံခန္႔ခြဲမႈဆုိင္ရာ ကြၽမ္း က်င္သူတစ္ဦးျဖစ္သည္။

၎တာဝန္ယူထားသည့္ ေျခာက္လအတြင္း YBS ဘတ္စ္ ကားမ်ားတြင္ ေငြေပးကတ္စနစ္ အတြက္ လုပ္ကိုင္မည့္ကုမၸဏီ ေရြးခ်ယ္ျခင္း၊ ဘတ္စ္ကားမွတ္ တိုင္မ်ား အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းအတြက္ သေဘာတူညီခ်က္ရ ယူျခင္း၊ အမ်ားပိုင္ဘတ္စ္ကား ကုမၸဏီမ်ားအျဖစ္ စနစ္တက်ဖြဲ႕စည္းႏုိင္ေရး ဦးေဆာင္လမ္း ၫႊန္မႈမ်ားေပးျခင္း စသည့္လုပ္ ငန္းမ်ား ျပဳလုပ္ႏိုင္ခဲ့သည္။

ထိုသို႔ ထြက္ေပၚေနေသာ သတင္းမ်ားႏွင့္ ပတ္သက္၍ ေဖေဖာ္ဝါရီ ၁၄ ရက္က ဦးဘိုဘို ထံ ဆက္သြယ္ေမးျမန္းရာ ၎၏ လက္ကိုင္ဖုန္း စက္ပိတ္ထား သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
ရန်ကုန်မြို့တွင်းတစ်နေရာတွင်တွေ့ရသည့် YBS ယာဉ်အချို့(ဓာတ်ပုံ - နစ်ကီ)

 YBS ဘတ်စ်ကားစနစ်  အမှုဆောင်အရာရှိချုပ် (စီအီးအို) ဦးဘိုဘို (စောဘိုဘို) တာဝန်မှ နုတ်ထွက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။

 ဦးဘိုဘို (စောဘိုဘို) ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့က ၂၀၁၇ စက်တင်ဘာက စတင်၍ YBS ၏ စီအီးအိုတာဝန် ပေးခဲ့ပြီး ခြောက်လခန့်အကြာ တွင် နုတ်ထွက်မည့်သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

စီအီးအိုမှာ ကျန်းမာရေး ကြောင့် ခွင့်တစ်ပတ်ယူထားပြီး ယခုအခါ နုတ်ထွက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း အများပိုင်ဘတ်စ် ကားယာဉ်လိုင်း တာဝန်ခံတစ်ဦး က ဆိုသည်။

‘‘ယာဉ်လိုင်းတွေကို အစည်း အဝေးမခေါ်တာလည်း တော် တော်ကြာနေပြီဆိုတော့ သူနဲ့ လည်း သိပ်မတွေ့ဖြစ်ဘူး။ ပြီးခဲ့ တဲ့ ရက်ပိုင်းက စုံစမ်းကြည့်တော့ မှ ခွင့်ယူထားမှန်းသိတာ’’ဟု ၎င်း က ဆိုသည်။

 ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ တာဝန်ရှိသူတစ်ဦးက လတ်တလောတွင် အဆိုပါ သတင်းကို အတည်မပြုနိုင်သေး ကြောင်း ပြောသည်။

‘‘စီအီးအိုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအ ဝေးဆုံးဖြတ်ချက်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်တဲ့အတွက် အစိုးရအဖွဲ့အ စည်းအဝေး ဆုံးဖြတ်ပြီး အမိန့် ထုတ်မှပဲ သိနိုင်မယ်။ အခုတော့ ဘာမှ သေသေချာချာမသိရသေး ပါဘူး’’ဟု ၎င်းက ပြောသည်။

YBS ဘတ်စ်ကားပြေးဆွဲမှု အဆင့်မြှင့်တင်ရာတွင် ပိုမို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်သည်ဆိုကာ အဆိုပါ ဘတ်စ်ကားစနစ် Yangon Bus Service ၌ CEO တစ်ဦး ပထမ ဆုံးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 ဦးဘိုဘိုသည် ကမ္ဘောဇ ဘဏ်တွင် အကြီးတန်းပညာရှင် တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး နည်း ပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်း ကျင်သူတစ်ဦးဖြစ်သည်။

၎င်းတာဝန်ယူထားသည့် ခြောက်လအတွင်း YBS ဘတ်စ် ကားများတွင် ငွေပေးကတ်စနစ် အတွက် လုပ်ကိုင်မည့်ကုမ္ပဏီ ရွေးချယ်ခြင်း၊ ဘတ်စ်ကားမှတ် တိုင်များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် သဘောတူညီချက်ရ ယူခြင်း၊ အများပိုင်ဘတ်စ်ကား ကုမ္ပဏီများအဖြစ် စနစ်တကျဖွဲ့စည်းနိုင်ရေး ဦးဆောင်လမ်း ညွှန်မှုများပေးခြင်း စသည့်လုပ် ငန်းများ ပြုလုပ်နိုင်ခဲ့သည်။

ထိုသို့ ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၄ ရက်က ဦးဘိုဘို ထံ ဆက်သွယ်မေးမြန်းရာ ၎င်း၏ လက်ကိုင်ဖုန်း စက်ပိတ်ထား သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top