ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

၁၉၅၈ခုႏွစ္

၄၄ႏွစ္အ႐ြယ္ Hedy Lamarr ဟာ ႐ုပ္႐ွင္ေလာကကိုေက်ာခိုင္းလိုက္ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာလိုက္တယ္။ ႐ုပ္႐ွင္ေလာကကေန အနားယူၿပီးတဲ့ေနာက္ သူ႔ဘဝဟာ ေျခာက္ေသြ႔အထီးက်န္လာခဲ့တယ္။

လူေတြသူ႔ကို ျပန္အာ႐ံုစိုက္လာမိတဲ့အခ်ိန္က အေရာင္းဆိုင္ကေန သူပစၥည္းႏွစ္ခါခိုးလို႔ အဖမ္းခံရခ်ိန္ျဖစ္တယ္။ သူ ပိုက္ဆံမလိုပါဘူး။
စိတ္ေရာဂါေၾကာင့္လား၊ ဒါမွမဟုတ္ လူေတြသတိထားေစခ်င္မိတဲ့ အတြက္ေၾကာင့္လားေတာ့ မေျပာတတ္ဘူး။ လူတကာဝိုင္းဝုိင္းလည္တဲ့ ေဟာလိဝုဒ္ဘဝကေန အခုေတာ့ လူေတြရဲ႕ ဥေပကၡာျပဳတာကို ခံေနခဲ့ရၿပီ။

႐ုပ္႐ွင္မ႐ိုက္ေတာ့တဲ့ ႏွစ္ေပါင္း ၄ဝအတြင္းမွာ Hedyရဲ႕ ဘဝက အရသာမဲ့ အထီးက်န္လြန္းခဲ့တယ္။ ၁၉၉၇ခုႏွစ္ သူ႔အသက္ ၈၃ႏွစ္အ႐ြယ္ေရာက္မွ အေမရိကန္ EFF (Electronic Frontier Foundation) က ဆက္လာတဲ့ဖုန္းက သူ႔ဘဝကို လံုးဝေျပာင္းလဲသြားေစခဲ့တယ္။

အဲဒီဖုန္းက Hedy ကို နည္းပညာဆုခ်ီးျမႇင့္ဖို႔ျဖစ္တယ္။ဇာတ္လမ္းကို အစကျပန္ေကာက္ရရင္ ပထမအိမ္ေထာင္ Fritz Mandl ရဲ႕မယားအျဖစ္ သူ႐ွိေနစဥ္တုန္းက တစ္ေန႔မွာ Fritz Mandlနဲ႔ လက္နက္ပညာ႐ွင္တို႔ေဆြးေႏြးတဲ့စကားမွာ ႀကိဳးမဲ့ဆက္သြယ္ေရးဝင္ေရာက္စြပ္ဖက္ျခင္းနည္းပညာကို မထင္မွတ္ဘဲ သူၾကားခဲ့မိတယ္။

​ေဟာလိဝုဒ္ေရာက္ၿပီးေနာက္ ႐ုပ္႐ွင္ကားတစ္ကားအတြက္ ခႏၶာကိုယ္အခ်ဳိးအစားကို သူႀကိဳးစားပံုေဖာ္ေနစဥ္အတြင္းမွာ George Antheil ေရးသားတဲ့ ေဟာ္မုန္းစနစ္နဲ႔ ခႏၶာကိုယ္ထိန္းညႇိတဲ့ေဆာင္းပါးေတြကို သတင္းစာမွာ သူဖတ္မိလိုက္တယ္။ အဲဒီေနာက္ Antheil ကို သူသြားေရာက္ေတြ႔ဆံုခဲ့ၿပီး ခႏၶာကိုယ္အခ်ဳိးအစားပံုေဖာ္မႈအတြက္ ေဆြးေႏြးခဲ့တယ္။ ဒီ့အတြက္ Antheil မ်က္ႏွာပူခဲ့ပါတယ္။ စာမူခရဖို႔အတြက္ ဒီစာေတြကိုေရးခဲ့ရတယ္ဆိုေပမယ့္ တကယ္တမ္းမွာ Antheil က စႏၵရားပညာ႐ွင္တစ္ဦးျဖစ္တယ္။

အျဖစ္မွန္ကိုသိလိုက္ေပမယ့္၊ ခႏၶာကိုယ္အခ်ဳိးအစားအတြက္ သူတို႔မေဆြးေႏြးျဖစ္ခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္မွာ ေျပာစရာစကားက မကုန္ခဲ့ဘူး။ အလွအပ ဝိတ္ခ်ျခင္းကေန စစ္ပဲြ၊ ႏိုင္ငံေရးအထိ အဲဒီအျပင္ ႀကိဳးမဲ့ဆက္သြယ္ေရးအထိ သူတို႔ေျပာျဖစ္ခဲ့ၾကတယ္။စကားေျပာေမာလာတဲ့အခါ Antheil က စႏၵရားတီးျပတယ္။ Antheilတီးေနတဲ့ စႏၵရားခလုတ္ေတြကိုၾကည့္ၿပီး Hedy ရုတ္တရက္ ဉာဏ္ကြန္႔ျမဴးသြားခဲ့တယ္။ ခလုတ္ေလးေတြ ခုန္ဆြေျပာင္းႏွိပ္တာနဲ႔ ေတးသြားသံစဥ္ေတြကို ေျပာင္းလဲတီးခတ္လို႔ရရင္ အဲဒီသေဘာတရားနဲ႔ ႀကိဳးမဲ့ဆက္သြယ္ေရးလႈိင္းေတြမွာလည္း အသံုးျပဳႏိုင္တာပဲလို႔ သူေတြးလိုက္မိတယ္။

သိပ္မၾကာပါဘူး.. Hedy ဟာ သူေရးဆဲြထားတဲ့ဒီဇိုင္းပံုနဲ႔ Antheil ကို အားရဝမ္းသာသြား႐ွာခဲ့တယ္။ Antheilက Hedy ရဲ႕ဒီဇိုင္းပံုနဲ႔ လက္ေတြ႔အေကာင္အထည္ေဖာ္ႏိုင္မယ့္ နည္းလမ္းကို ႐ွာေဖြခဲ့တယ္။၁၉၄၂ခုႏွစ္မွာ သူတို႔ႏွစ္ေယာက္လံုး အေမရိကန္မူပိုင္ခြင့္႐ံုးကေန လွ်ဳိ႕ဝွက္ဆက္သြယ္ေရးစနစ္ မူပိုင္ခြင့္ကိုရ႐ွိခဲ့တယ္။ နံပါတ္က 2,292,387 ျဖစ္တယ္။ သူတို႔က ဒီမူပိုင္ခြင့္ကို အေမရိကန္အစိုးရကို ေပးလိုက္တယ္။

ဒါေပမယ့္ ဒီနည္းပညာကို အေလးထားဂ႐ုစိုက္တာ မခံခဲ့ရတဲ့အျပင္ ဗဟုိဆက္သြယ္ေရးလွ်ဳိ႕ွဝွက္ခ်က္ထဲ ပါဝင္ပတ္သက္တယ္ဆိုၿပီး အစိုးရရဲ႕ပိတ္ဆို႔မႈကို ခံလိုက္ရတယ္။ ဒီလိုပိတ္ဆို႔မႈက ႏွစ္ေပါင္း ၅ဝၾကာသြားခဲ့တယ္။

​ေနာက္ပိုင္းမွာ CDMA ႀကိဳးမဲ့ဒီဂ်စ္တယ္ဆယ္သြယ္ေရးစနစ္ကို ဖြံ႔ၿဖိဳးေအာင္ သုေတသနျပဳတဲ့ ကုမၸဏီေသးတစ္ခု (အခုခ်ိန္မွာေတာ့ အဲဒီကုမၸဏီဟာ ကမာၻ႔ကုမၸဏီ၅ဝဝထဲမွာ တစ္ခုအပါအဝင္ျဖစ္ေနပါၿပီ) က Hedyတို႔ရဲ႕တီထြင္မႈကို ႐ွာေဖြေတြ႔႐ွိခဲ့တယ္။

၁၉၉၇ခုႏွစ္မွာ CDMA အေျခခံထားတဲ့ 3G နည္းပညာဟာ လူေတြရဲ႕ဘဝထဲ ဝင္ေရာက္လာခဲ့တယ္။ အဲဒီအခ်ိန္က်မွ သိပၸံပညာ႐ွင္ေတြဟာ အသက္ ၈၃ႏွစ္႐ွိၿပီျဖစ္တဲ့ Hedy ကို သတိရလိုက္မိတယ္။ ေနာက္က်မွေရာက္လာတဲ့ ဒီဂုဏ္ျပဳခ်ီးျမႇင့္မႈကို သူလက္ခံခဲ့ေပမယ့္ သူ႔ရဲ႕မူပိုင္ခြင့္က ႏွစ္ေက်ာ္လြန္သြားခဲ့ပါၿပီ။ ေသဆံုးခ်ိန္အထိ သူဟာ သူတီထြင္ခဲ့တဲ့အရာနဲ႔ အက်ဳိးအျမတ္ မခံစားခဲ့ရပါဘူး။

၂ဝဝဝခုႏွစ္ ဇန္နဝါရီလ ၁၉ရက္ေန႔မွာ Hedy ကို ဖေလာ္ရီဒါေနအိမ္မွာ ေသဆံုးေနတာကို ေတြ႔ခဲ့ရပါတယ္။ ေသဆံုးခ်ိန္မွာ သူ႔အသက္က ၈၆ႏွစ္ပါ။ သူဟာ အိပ္ေနရင္း ေသဆံုးသြားတယ္လို႔ တာဝန္႐ွိသူေတြက ေျပာပါတယ္။ ကုတင္ေခါင္းရင္းက တီဗီဟာ အဖြင့္လိုက္ႀကီးျဖစ္ေနခဲ့လို႔ပါတဲ့။

Hedy ေသဆံုးသြားခဲ့ၿပီ… ဒါေပမယ့္ သူတီထြင္ခဲ့တဲ့ ႀကိမ္ႏႈန္းခုန္နည္းပညာ (Frequency hopping technology) က ဒီကမာၻေလာကကို ေျပာင္းလဲေစခဲ့ပါတယ္။ CDMA၊ Wi-Fi ေတြက အဲဒီနည္းပညာကေန အေျခခံထားတဲ့အရာျဖစ္လို႔ပါပဲ။

"The Guardian” သတင္းစာက Hedy သာမ႐ွိရင္ ကၽြန္ေတာ္တို႔မွာ Wi-Fi႐ွိလိမ့္မွာမဟုတ္ဘူးလို႔ ေဖာ္ျပခဲ့တယ္။နည္းပညာဆက္သြယ္ေရးလုပ္ငန္းက နာမည္ႀကီးအင္ဂ်င္နီယာDave Mock က ၂ဝဝ၅ခုႏွစ္က ထုတ္ေဝတဲ့ သူ႔အတၳဳပတၱိစာအုပ္ျဖစ္တဲ့
“Qualcomm Equation”မွာ “တိုးခ်ဲ႕ျပန္႔ကားသံစဥ္လိႈင္းဆက္သြယ္ေရး (Spread spectrum communication) ကို ထင္မွတ္မထားတဲ့လူတစ္ေယာက္က စူးစမ္း႐ွာေဖြခဲ့တယ္။

သူဟာ ထိုးထြင္းဉာဏ္႐ွိတဲ့ လွပေခ်ာေမာတဲ့ သ႐ုပ္ေဆာင္မင္းသမီး Hedy Lamarr ျဖစ္တယ္။ သင္ဟာ မိုဘိုင္းဖုန္းေတြကုိ အသံုးျပဳေနသူဆိုရင္ သူ႔ကို သင္ေက်းဇူးတင္ရမယ္” လို႔ ေရးသားခဲ့တယ္။ဘိုရင္းကုမၸဏီကလည္း Hady ေသဆံုးၿပီးတဲ့ေနာက္ သူ႔ရဲ႕ေအာင္ျမင္ျဖစ္ထြန္းမႈကို ေအာက္ေမ့သတိရတဲ့စာေတြ ေရးသားျဖန္႔ေဝခဲ့တယ္။

Hedy Lamarrဆိုတဲ့ သူ႔နာမည္ကို အေမရိကန္တီထြင္ပညာ႐ွင္စာရင္းထဲသြင္းလိုက္တယ္။ အဲဒီစာရင္းထဲမွာပါဝင္တဲ့သူေတြက လူသားမ်ိဳးႏႊယ္အတြက္ ထူးခၽြန္တဲ့ကူညီေထာက္ပံ့မႈေတြ ေပးဆပ္ခဲ့သူေတြျဖစ္တယ္။
ဥပမာ- အက္ဒီဆင္၊ ႐ိုက္ညီေနာင္……Hedyရဲ႕စူးစမ္းတီထြင္မႈက ဒီကေန႔မွာအသံုးျပဳေနတဲ့ ႀကိဳးမဲ့နည္းပညာရဲ႕ေ႐ွ႕ေဆာင္ျဖစ္တယ္။ ဆယ္လူလာနက္ေဝါ့၊ GPS၊ Bluetooth ေတြအပါအဝင္ျဖစ္တယ္။

လွပတဲ့႐ုပ္ရည္နဲ႔ ႐ုပ္႐ွင္က ေခတ္တစ္ေခတ္ကို ၾသဇာလႊမ္းမိုးေကာင္း လႊမ္းမိုးႏိုင္ေပမယ့္ နည္းပညာကေတာ့ ေႏွာင္းလူေတြအတြက္ ထာဝစဥ္ျဖစ္တယ္။ Hedy ဟာ သူ႔ကိုယ္ပိုင္ ဉာဏ္ပညာနဲ႔ သူဟာ အဆံေခ်ာင္တဲ့ အလွျပ “ပန္းအိုး” တစ္လံုးမဟုတ္ေၾကာင္း လူေတြကို သက္ေသျပခဲ့ပါတယ္။

Ref: https://en.wikipedia.org/wiki/Hedy_Lamarr
Ref Tharabar

ဖိုးသူေတာ္ (www.phothutaw.com)
Credit: kLO
# Unicode Version ျဖင့္ ဖတ္ပါ #
၁၉၅၈ခုနှစ်

၄၄နှစ်အရွယ် Hedy Lamarr ဟာ ရုပ်ရှင်လောကကိုကျောခိုင်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တယ်။ ရုပ်ရှင်လောကကနေ အနားယူပြီးတဲ့နောက် သူ့ဘဝဟာ ခြောက်သွေ့အထီးကျန်လာခဲ့တယ်။

လူတွေသူ့ကို ပြန်အာရုံစိုက်လာမိတဲ့အချိန်က အရောင်းဆိုင်ကနေ သူပစ္စည်းနှစ်ခါခိုးလို့ အဖမ်းခံရချိန်ဖြစ်တယ်။ သူ ပိုက်ဆံမလိုပါဘူး။
စိတ်ရောဂါကြောင့်လား၊ ဒါမှမဟုတ် လူတွေသတိထားစေချင်မိတဲ့ အတွက်ကြောင့်လားတော့ မပြောတတ်ဘူး။ လူတကာဝိုင်းဝိုင်းလည်တဲ့ ဟောလိဝုဒ်ဘဝကနေ အခုတော့ လူတွေရဲ့ ဥပေက္ခာပြုတာကို ခံနေခဲ့ရပြီ။

ရုပ်ရှင်မရိုက်တော့တဲ့ နှစ်ပေါင်း ၄ဝအတွင်းမှာ Hedyရဲ့ ဘဝက အရသာမဲ့ အထီးကျန်လွန်းခဲ့တယ်။ ၁၉၉၇ခုနှစ် သူ့အသက် ၈၃နှစ်အရွယ်ရောက်မှ အမေရိကန် EFF (Electronic Frontier Foundation) က ဆက်လာတဲ့ဖုန်းက သူ့ဘဝကို လုံးဝပြောင်းလဲသွားစေခဲ့တယ်။

အဲဒီဖုန်းက Hedy ကို နည်းပညာဆုချီးမြှင့်ဖို့ဖြစ်တယ်။ဇာတ်လမ်းကို အစကပြန်ကောက်ရရင် ပထမအိမ်ထောင် Fritz Mandl ရဲ့မယားအဖြစ် သူရှိနေစဉ်တုန်းက တစ်နေ့မှာ Fritz Mandlနဲ့ လက်နက်ပညာရှင်တို့ဆွေးနွေးတဲ့စကားမှာ ကြိုးမဲ့ဆက်သွယ်ရေးဝင်ရောက်စွပ်ဖက်ခြင်းနည်းပညာကို မထင်မှတ်ဘဲ သူကြားခဲ့မိတယ်။

ဟောလိဝုဒ်ရောက်ပြီးနောက် ရုပ်ရှင်ကားတစ်ကားအတွက် ခန္ဓာကိုယ်အချိုးအစားကို သူကြိုးစားပုံဖော်နေစဉ်အတွင်းမှာ George Antheil ရေးသားတဲ့ ဟော်မုန်းစနစ်နဲ့ ခန္ဓာကိုယ်ထိန်းညှိတဲ့ဆောင်းပါးတွေကို သတင်းစာမှာ သူဖတ်မိလိုက်တယ်။ အဲဒီနောက် Antheil ကို သူသွားရောက်တွေ့ဆုံခဲ့ပြီး ခန္ဓာကိုယ်အချိုးအစားပုံဖော်မှုအတွက် ဆွေးနွေးခဲ့တယ်။ ဒီ့အတွက် Antheil မျက်နှာပူခဲ့ပါတယ်။ စာမူခရဖို့အတွက် ဒီစာတွေကိုရေးခဲ့ရတယ်ဆိုပေမယ့် တကယ်တမ်းမှာ Antheil က စန္ဒရားပညာရှင်တစ်ဦးဖြစ်တယ်။

အဖြစ်မှန်ကိုသိလိုက်ပေမယ့်၊ ခန္ဓာကိုယ်အချိုးအစားအတွက် သူတို့မဆွေးနွေးဖြစ်ခဲ့ပေမယ့် သူတို့နှစ်ယောက်မှာ ပြောစရာစကားက မကုန်ခဲ့ဘူး။ အလှအပ ဝိတ်ချခြင်းကနေ စစ်ပွဲ၊ နိုင်ငံရေးအထိ အဲဒီအပြင် ကြိုးမဲ့ဆက်သွယ်ရေးအထိ သူတို့ပြောဖြစ်ခဲ့ကြတယ်။စကားပြောမောလာတဲ့အခါ Antheil က စန္ဒရားတီးပြတယ်။ Antheilတီးနေတဲ့ စန္ဒရားခလုတ်တွေကိုကြည့်ပြီး Hedy ရုတ်တရက် ဉာဏ်ကွန့်မြူးသွားခဲ့တယ်။ ခလုတ်လေးတွေ ခုန်ဆွပြောင်းနှိပ်တာနဲ့ တေးသွားသံစဉ်တွေကို ပြောင်းလဲတီးခတ်လို့ရရင် အဲဒီသဘောတရားနဲ့ ကြိုးမဲ့ဆက်သွယ်ရေးလှိုင်းတွေမှာလည်း အသုံးပြုနိုင်တာပဲလို့ သူတွေးလိုက်မိတယ်။

သိပ်မကြာပါဘူး.. Hedy ဟာ သူရေးဆွဲထားတဲ့ဒီဇိုင်းပုံနဲ့ Antheil ကို အားရဝမ်းသာသွားရှာခဲ့တယ်။ Antheilက Hedy ရဲ့ဒီဇိုင်းပုံနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့တယ်။၁၉၄၂ခုနှစ်မှာ သူတို့နှစ်ယောက်လုံး အမေရိကန်မူပိုင်ခွင့်ရုံးကနေ လျှို့ဝှက်ဆက်သွယ်ရေးစနစ် မူပိုင်ခွင့်ကိုရရှိခဲ့တယ်။ နံပါတ်က 2,292,387 ဖြစ်တယ်။ သူတို့က ဒီမူပိုင်ခွင့်ကို အမေရိကန်အစိုးရကို ပေးလိုက်တယ်။

ဒါပေမယ့် ဒီနည်းပညာကို အလေးထားဂရုစိုက်တာ မခံခဲ့ရတဲ့အပြင် ဗဟိုဆက်သွယ်ရေးလျှို့ှဝှက်ချက်ထဲ ပါဝင်ပတ်သက်တယ်ဆိုပြီး အစိုးရရဲ့ပိတ်ဆို့မှုကို ခံလိုက်ရတယ်။ ဒီလိုပိတ်ဆို့မှုက နှစ်ပေါင်း ၅ဝကြာသွားခဲ့တယ်။

နောက်ပိုင်းမှာ CDMA ကြိုးမဲ့ဒီဂျစ်တယ်ဆယ်သွယ်ရေးစနစ်ကို ဖွံ့ဖြိုးအောင် သုတေသနပြုတဲ့ ကုမ္ပဏီသေးတစ်ခု (အခုချိန်မှာတော့ အဲဒီကုမ္ပဏီဟာ ကမ္ဘာ့ကုမ္ပဏီ၅ဝဝထဲမှာ တစ်ခုအပါအဝင်ဖြစ်နေပါပြီ) က Hedyတို့ရဲ့တီထွင်မှုကို ရှာဖွေတွေ့ရှိခဲ့တယ်။

၁၉၉၇ခုနှစ်မှာ CDMA အခြေခံထားတဲ့ 3G နည်းပညာဟာ လူတွေရဲ့ဘဝထဲ ဝင်ရောက်လာခဲ့တယ်။ အဲဒီအချိန်ကျမှ သိပ္ပံပညာရှင်တွေဟာ အသက် ၈၃နှစ်ရှိပြီဖြစ်တဲ့ Hedy ကို သတိရလိုက်မိတယ်။ နောက်ကျမှရောက်လာတဲ့ ဒီဂုဏ်ပြုချီးမြှင့်မှုကို သူလက်ခံခဲ့ပေမယ့် သူ့ရဲ့မူပိုင်ခွင့်က နှစ်ကျော်လွန်သွားခဲ့ပါပြီ။ သေဆုံးချိန်အထိ သူဟာ သူတီထွင်ခဲ့တဲ့အရာနဲ့ အကျိုးအမြတ် မခံစားခဲ့ရပါဘူး။

၂ဝဝဝခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့မှာ Hedy ကို ဖလော်ရီဒါနေအိမ်မှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ သေဆုံးချိန်မှာ သူ့အသက်က ၈၆နှစ်ပါ။ သူဟာ အိပ်နေရင်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကုတင်ခေါင်းရင်းက တီဗီဟာ အဖွင့်လိုက်ကြီးဖြစ်နေခဲ့လို့ပါတဲ့။

Hedy သေဆုံးသွားခဲ့ပြီ… ဒါပေမယ့် သူတီထွင်ခဲ့တဲ့ ကြိမ်နှုန်းခုန်နည်းပညာ (Frequency hopping technology) က ဒီကမ္ဘာလောကကို ပြောင်းလဲစေခဲ့ပါတယ်။ CDMA၊ Wi-Fi တွေက အဲဒီနည်းပညာကနေ အခြေခံထားတဲ့အရာဖြစ်လို့ပါပဲ။

"The Guardian” သတင်းစာက Hedy သာမရှိရင် ကျွန်တော်တို့မှာ Wi-Fiရှိလိမ့်မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့တယ်။နည်းပညာဆက်သွယ်ရေးလုပ်ငန်းက နာမည်ကြီးအင်ဂျင်နီယာDave Mock က ၂ဝဝ၅ခုနှစ်က ထုတ်ဝေတဲ့ သူ့အတ္ထုပတ္တိစာအုပ်ဖြစ်တဲ့
“Qualcomm Equation”မှာ “တိုးချဲ့ပြန့်ကားသံစဉ်လှိုင်းဆက်သွယ်ရေး (Spread spectrum communication) ကို ထင်မှတ်မထားတဲ့လူတစ်ယောက်က စူးစမ်းရှာဖွေခဲ့တယ်။

သူဟာ ထိုးထွင်းဉာဏ်ရှိတဲ့ လှပချောမောတဲ့ သရုပ်ဆောင်မင်းသမီး Hedy Lamarr ဖြစ်တယ်။ သင်ဟာ မိုဘိုင်းဖုန်းတွေကို အသုံးပြုနေသူဆိုရင် သူ့ကို သင်ကျေးဇူးတင်ရမယ်” လို့ ရေးသားခဲ့တယ်။ဘိုရင်းကုမ္ပဏီကလည်း Hady သေဆုံးပြီးတဲ့နောက် သူ့ရဲ့အောင်မြင်ဖြစ်ထွန်းမှုကို အောက်မေ့သတိရတဲ့စာတွေ ရေးသားဖြန့်ဝေခဲ့တယ်။

Hedy Lamarrဆိုတဲ့ သူ့နာမည်ကို အမေရိကန်တီထွင်ပညာရှင်စာရင်းထဲသွင်းလိုက်တယ်။ အဲဒီစာရင်းထဲမှာပါဝင်တဲ့သူတွေက လူသားမျိုးနွှယ်အတွက် ထူးချွန်တဲ့ကူညီထောက်ပံ့မှုတွေ ပေးဆပ်ခဲ့သူတွေဖြစ်တယ်။
ဥပမာ- အက်ဒီဆင်၊ ရိုက်ညီနောင်……Hedyရဲ့စူးစမ်းတီထွင်မှုက ဒီကနေ့မှာအသုံးပြုနေတဲ့ ကြိုးမဲ့နည်းပညာရဲ့ရှေ့ဆောင်ဖြစ်တယ်။ ဆယ်လူလာနက်ဝေါ့၊ GPS၊ Bluetooth တွေအပါအဝင်ဖြစ်တယ်။

လှပတဲ့ရုပ်ရည်နဲ့ ရုပ်ရှင်က ခေတ်တစ်ခေတ်ကို သြဇာလွှမ်းမိုးကောင်း လွှမ်းမိုးနိုင်ပေမယ့် နည်းပညာကတော့ နှောင်းလူတွေအတွက် ထာဝစဉ်ဖြစ်တယ်။ Hedy ဟာ သူ့ကိုယ်ပိုင် ဉာဏ်ပညာနဲ့ သူဟာ အဆံချောင်တဲ့ အလှပြ “ပန်းအိုး” တစ်လုံးမဟုတ်ကြောင်း လူတွေကို သက်သေပြခဲ့ပါတယ်။

Ref: https://en.wikipedia.org/wiki/Hedy_Lamarr
Ref Tharabar

ဖိုးသူတော် (www.phothutaw.com)
Credit: kLO
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top