ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ဖတ္ရန္ #

The Voice Myanmar အစီစဥ္မွာ အသံကိုပဲနားေထာင္ၿပီး နည္းျပေတြက သူတို႔ရဲ့ရင္ထဲကိုေရာက္မွသာ ေရြးခ်ယ္တာေၾကာင့္ ၿပိဳင္ပြဲဝင္ ေတြအေနနဲ႔ ပင္ကိုယ္ အသံ ကလြဲလို႔ ဘယ္အရာကိုမွ အားကိုးလို႔မရပါဘူး။ဒီလိုၿပိဳင္ပြဲမ်ိဳးကို လာေရာက္ယွဥ္ၿပိဳင္ၾကတဲ့ ၿပိဳင္ပြဲဝင္ေတြမွာ ယုံၾကည္ခ်က္ ကိုယ္စီ၊ စြမ္းရည္ကိုယ္စီ ရွိႏွင့္ၿပီးသားေတြ ျဖစ္ပါတယ္။ ဒီလို ျပိဳင္ပြဲဝင္ ေတြထဲမွာ “ဘဝ” ဆိုတဲ့ လူငယ္ေလးတစ္ေယာက္လည္း ပါဝင္ပါတယ္။ သူဟာ ျပင္ဦးလြင္ၿမိဳ႕ ကျဖစ္ၿပီး အသက္ ကေတာ့ (၂၆) ႏွစ္ရွိပါၿပီ။

ယခင္ၿပိဳင္ခဲ့ဖူးတဲ့ သီခ်င္းဆို ျပိဳင္ပြဲ တစ္ခုမွာ မထင္မွတ္ပဲ သီခ်င္းစာသားေတြ မွားသြားတာေၾကာင့္ ၿပိဳင္ပြဲ က ထြက္ခဲ့ရၿပီးေနာက္ပိုင္း သီခ်င္းဆို ၿပိဳင္ပြဲ ေတြကို စိတ္နာေနတဲ့သူပါ။ ဒါေပမယ့္ သီခ်င္းေတြကိုေတာ့ သူစိတ္မနာနိုင္ပါဘူး။ ဂီတက အေသြးအသားထဲ စီးဝင္ေနတဲ့သူ႔ရဲ့ အလုပ္အကိုင္ကလည္း ညဖက္ဖြင့္တဲ့ ဆိုင္ေလးေတြမွာ Unplug သီဆိုေဖ်ာ္ေျဖရတဲ့ သီခ်င္းသည္ေလး ျဖစ္ပါတယ္။

The Voice Myanmar ၿပိဳင္ပြဲႀကီး စတင္ဖို႔ ၿပိဳင္ပြဲဝင္ေတြကို ဖိတ္ေခၚတဲ့အခါ သူသေဘာက်နစ္သက္တဲ့ နည္းျပေတြ ပါဝင္လာကိုသိရၿပီး စိတ္ဓါတ္ခြန္အားျပန္ထည့္ကာ သူ႔ရဲ့ဆုံးျဖတ္ခ်က္ကို ျပန္ျပင္ၿပီး The Voice Myanmar အစီစဥ္ကို ပါဝင္လာခဲ့သူျဖစ္ပါတယ္။

The Voice Myanmar ရဲ့ ပထမဦးဆုံး Blind Audition မွာ “ကိုယ္ေစာင့္နတ္” သီခ်င္းနဲ႔ ပထမဦးဆုံးယွဥ္ၿပိဳင္ခဲ့ပါတယ္။ လုံးဝထူးျခားတဲ့ သီဆိုဟန္ေၾကာင့္ သီခ်င္းပထမအပိုဒ္မွာပဲ ‘က်ားေပါက္’ က ခလုပ္ႏွိပ္ကာ ေရြးခ်ယ္ခဲ့ပါတယ္။

အဲဒီေနာက္မွာ ‘နီနီခင္ေဇာ္’ ကလည္း ထပ္မံလွည့္လာခဲ့ျပန္ပါတယ္။ သီခ်င္း က ၿပီးဆုံးေနပါၿပီ အဲဒီေနာက္ဆုံးအခ်ိန္ေလးမွာပဲ အမိအရ ခလုပ္ႏွိပ္ၿပီး လွည့္လာသူက ‘ရန္ရန္ခ်န္း’ ျဖစ္ပါတယ္။

နည္ျပသုံးဦး ေရြးခ်ယ္တာခံခဲ့ရတဲ့ “ဘဝ”ပါ။ ‘က်ားေပါက္’ ‘နီနီခင္ေဇာ္’ နဲ႔ ‘ရန္ရန္ခ်န္း’ တို႔အားလုံး ရင္ခုန္စိတ္လွုပ္ရွားစြာနဲ႔ “ဘဝ” ရဲ့ ေရြးခ်ယ္မွုကို ျပန္လည္ေမၽွာ္လင့္ရတာလည္း The Voice Myanmar ရဲ့ ထူးျခားတဲ့ ရသတစ္ခုကို ေပးစြမ္းနိုင္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ “ဘဝ”က ယုံၾကည္စြာနဲ႔ “က်ားေပါက္” ကိုေရြးခ်ယ္ခဲ့ပါတယ္။ ယခင္သီခ်င္းဆိုၿပိဳင္ပြဲတုန္းကလို အမွားမ်ိဳးထပ္မျဖစ္ေအာင္ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။

Battle Round မွာ “ဘဝ”ရဲ့ သီဆို ယွဥ္ၿပိဳင္မွု ကို ထပ္မံအားေပးရင္း ဝန္းရံၾကပါဦးလို႔ တိုက္တြန္းလိုက္ပါရေစ..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

# Unicode Version ဖြင့်ဖတ်ရန် #
The Voice Myanmar အစီစဉ်မှာ အသံကိုပဲနားထောင်ပြီး နည်းပြတွေက သူတို့ရဲ့ရင်ထဲကိုရောက်မှသာ ရွေးချယ်တာကြောင့် ပြိုင်ပွဲဝင် တွေအနေနဲ့ ပင်ကိုယ် အသံ ကလွဲလို့ ဘယ်အရာကိုမှ အားကိုးလို့မရပါဘူး။ဒီလိုပြိုင်ပွဲမျိုးကို လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေမှာ ယုံကြည်ချက် ကိုယ်စီ၊ စွမ်းရည်ကိုယ်စီ ရှိနှင့်ပြီးသားတွေ ဖြစ်ပါတယ်။ ဒီလို ပြိုင်ပွဲဝင် တွေထဲမှာ “ဘဝ” ဆိုတဲ့ လူငယ်လေးတစ်ယောက်လည်း ပါဝင်ပါတယ်။ သူဟာ ပြင်ဦးလွင်မြို့ ကဖြစ်ပြီး အသက် ကတော့ (၂၆) နှစ်ရှိပါပြီ။

ယခင်ပြိုင်ခဲ့ဖူးတဲ့ သီချင်းဆို ပြိုင်ပွဲ တစ်ခုမှာ မထင်မှတ်ပဲ သီချင်းစာသားတွေ မှားသွားတာကြောင့် ပြိုင်ပွဲ က ထွက်ခဲ့ရပြီးနောက်ပိုင်း သီချင်းဆို ပြိုင်ပွဲ တွေကို စိတ်နာနေတဲ့သူပါ။ ဒါပေမယ့် သီချင်းတွေကိုတော့ သူစိတ်မနာနိုင်ပါဘူး။ ဂီတက အသွေးအသားထဲ စီးဝင်နေတဲ့သူ့ရဲ့ အလုပ်အကိုင်ကလည်း ညဖက်ဖွင့်တဲ့ ဆိုင်လေးတွေမှာ Unplug သီဆိုဖျော်ဖြေရတဲ့ သီချင်းသည်လေး ဖြစ်ပါတယ်။

The Voice Myanmar ပြိုင်ပွဲကြီး စတင်ဖို့ ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်တဲ့အခါ သူသဘောကျနစ်သက်တဲ့ နည်းပြတွေ ပါဝင်လာကိုသိရပြီး စိတ်ဓါတ်ခွန်အားပြန်ထည့်ကာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး The Voice Myanmar အစီစဉ်ကို ပါဝင်လာခဲ့သူဖြစ်ပါတယ်။

The Voice Myanmar ရဲ့ ပထမဦးဆုံး Blind Audition မှာ “ကိုယ်စောင့်နတ်” သီချင်းနဲ့ ပထမဦးဆုံးယှဉ်ပြိုင်ခဲ့ပါတယ်။ လုံးဝထူးခြားတဲ့ သီဆိုဟန်ကြောင့် သီချင်းပထမအပိုဒ်မှာပဲ ‘ကျားပေါက်’ က ခလုပ်နှိပ်ကာ ရွေးချယ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ‘နီနီခင်ဇော်’ ကလည်း ထပ်မံလှည့်လာခဲ့ပြန်ပါတယ်။ သီချင်း က ပြီးဆုံးနေပါပြီ အဲဒီနောက်ဆုံးအချိန်လေးမှာပဲ အမိအရ ခလုပ်နှိပ်ပြီး လှည့်လာသူက ‘ရန်ရန်ချန်း’ ဖြစ်ပါတယ်။

နည်ပြသုံးဦး ရွေးချယ်တာခံခဲ့ရတဲ့ “ဘဝ”ပါ။ ‘ကျားပေါက်’ ‘နီနီခင်ဇော်’ နဲ့ ‘ရန်ရန်ချန်း’ တို့အားလုံး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ “ဘဝ” ရဲ့ ရွေးချယ်မှုကို ပြန်လည်မျှော်လင့်ရတာလည်း The Voice Myanmar ရဲ့ ထူးခြားတဲ့ ရသတစ်ခုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ “ဘဝ”က ယုံကြည်စွာနဲ့ “ကျားပေါက်” ကိုရွေးချယ်ခဲ့ပါတယ်။ ယခင်သီချင်းဆိုပြိုင်ပွဲတုန်းကလို အမှားမျိုးထပ်မဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Battle Round မှာ “ဘဝ”ရဲ့ သီဆို ယှဉ်ပြိုင်မှု ကို ထပ်မံအားပေးရင်း ဝန်းရံကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ..။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top