iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းကေတာ့ အိမ္ေထာင္က်သြားေပမယ့္လည္း ခင္ပြန္းျဖစ္သူရဲ႕ Valentine's Day လက္ေဆာင္ႀကီးကို မေမွ်ာ္လင့္ပဲ ရရွိခဲ့တာေၾကာင့္ ေပ်ာ္ေနပါတယ္။

(၉)ႏွစ္လံုး မပ်က္ကြက္ပဲ အၿမဲေပ်ာ္ရႊင္မႈေတြ ေပးခဲ့တာေၾကာင့္ နန္းျမတ္ၿဖိဳးသင္း တစ္ေယာက္ ေပ်ာ္လို႕ေနပါတယ္။

မဂၤလာေဆာင္ၿပီးသြားေတာ့ လက္ေဆာင္မေပးေတာ့ဘူးလို႕ ထင္ခဲ့ေပမယ့္ အခုလို ေပးခဲ့တာေၾကာင့္သူမကေတာ့ စိတ္လႈပ္ရွားသြားခဲ့တာပါ။

"၉ႏွစ္ေျမာက္Valentine's day present  မနက္ press showသြားရမွာမို႔ မနက္၅နာရီေလာက္ႀကီးအတင္းနိႈးပီးsurpriseလုပ္တာတဲ့ေတာ္(အစစ္အမွန္ပံုကေနာက္ဆံုးမွာ  )၉ႏွစ္လံုးမပ်က္ကြက္ပဲအၿမဲေပ်ာ္ရႊင္မႈေတြေပးခဲ့လို႔အရမ္းေက်းဇူးတင္ပါတယ္☺️

ဒီႏွစ္ေတာ့မေပးေတာ့ဘူးထင္ထားတာ(ဟိဟိ လူကိုရပီးသြားပီဆိုေတာ့ေလ  )အၿမဲမေျပာင္းလဲနဲ႔ေနာ္❤️❤️ ေနာက္ႏွစ္ေတြမွာ လဲအတူေပ်ာ္ရႊင္စြာျဖတ္သန္းၾကမယ္" ဆိုၿပီး ေျပာထားတာ ေတြ႕ရပါတယ္။

သရုပ္ေဆာင္ အဆုိေတာ္ နန္းျမတ္ၿဖိဳးသင္းရဲ႕ ဖူးစာဘက္ကေတာ့ အႏုပညာေလာကထဲက မဟုတ္ပဲ အျပင္ေလာကက ျဖစ္ပါတယ္။ ကိုတာတာမ်ိဳးလို႕ ေခၚတဲ့ ခ်စ္သူနဲ႕ နန္းျမတ္ၿဖိဳးသင္းတို႕ဟာ ခ်စ္သူသက္တမ္းသံုးႏွစ္ ခြဲေလာက္မွာ ေရႊလက္တြဲခဲ့ၾကတာ ျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူက နန္းျမတ္ထက္ ေလးႏွစ္ႀကီးတယ္လို႕လည္း သိရပါတယ္။

နန္းျမတ္ၿဖိဳးသင္းတို႕ရဲ႕ မဂၤလာလက္မွတ္ေရးထိုးပြဲကိုေတာ့ ႏိုဝင္ဘာ(၉)ရက္ေန႕က ေငြေဆာင္ကမ္းေျခမွာ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး နိုဝင္ဘာ(၁၈)ရက္ေန႕ မနက္ပိုင္းက သကၤန္းကၽြန္းၿမိဳ႕နယ္မွာရွိတဲ့ ကံေကာ္ၿမိဳင္သာသနာ့ ရိပ္ သာ ဘုန္းႀကီးေက်ာင္းမွာ မဂၤလာဦးဆြမ္းေကၽြး အလွဴကို ျပဳလုပ္ခဲ့ပါတယ္။ မဂၤလာပြဲကိုေတာ့ ႏိုဝင္ဘာ၂၆ရက္ က ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့ၾကတာ ျဖစ္ၿပီး မဂၤလာညစာစားပြဲကိုေတာ့ ရန္ကုန္ၿမိဳ႕ အင္းလ်ားလိတ္ဟိုတယ္မွာ ႏိုဝင္ဘာ(၂၇)ရက္ေန႕ညက က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Photo : နန္းျမတ္ၿဖိဳးသင္း FB

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ #
 သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်ကျသွားပေမယ့်လည်း ခင်ပွန်းဖြစ်သူရဲ့ Valentine's Day လက်ဆောင်ကြီးကို မမျှော်လင့်ပဲ ရရှိခဲ့တာကြောင့် ပျော်နေပါတယ်။

(၉)နှစ်လုံး မပျက်ကွက်ပဲ အမြဲပျော်ရွှင်မှုတွေ ပေးခဲ့တာကြောင့် နန်းမြတ်ဖြိုးသင်း တစ်ယောက် ပျော်လို့နေပါတယ်။

မင်္ဂလာဆောင်ပြီးသွားတော့ လက်ဆောင်မပေးတော့ဘူးလို့ ထင်ခဲ့ပေမယ့် အခုလို ပေးခဲ့တာကြောင့်သူမကတော့ စိတ်လှုပ်ရှားသွားခဲ့တာပါ။

"၉နှစ်မြောက်Valentine's day present  မနက် press showသွားရမှာမို့ မနက်၅နာရီလောက်ကြီးအတင်းနှိုးပီးsurpriseလုပ်တာတဲ့တော်(အစစ်အမှန်ပုံကနောက်ဆုံးမှာ  )၉နှစ်လုံးမပျက်ကွက်ပဲအမြဲပျော်ရွှင်မှုတွေပေးခဲ့လို့အရမ်းကျေးဇူးတင်ပါတယ်☺️

ဒီနှစ်တော့မပေးတော့ဘူးထင်ထားတာ(ဟိဟိ လူကိုရပီးသွားပီဆိုတော့လေ  )အမြဲမပြောင်းလဲနဲ့နော်❤️❤️ နောက်နှစ်တွေမှာ လဲအတူပျော်ရွှင်စွာဖြတ်သန်းကြမယ်" ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။

သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းရဲ့ ဖူးစာဘက်ကတော့ အနုပညာလောကထဲက မဟုတ်ပဲ အပြင်လောကက ဖြစ်ပါတယ်။ ကိုတာတာမျိုးလို့ ခေါ်တဲ့ ချစ်သူနဲ့ နန်းမြတ်ဖြိုးသင်းတို့ဟာ ချစ်သူသက်တမ်းသုံးနှစ် ခွဲလောက်မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top