စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အရင္​ဆံုး​ေျပာျပခ်င္​တာ​ေလးက Valentine ဆိုတာနဲ႔ ​ေတာ္​​ေတာ္​မ်ားမ်ားက​ေတာ့ ခ်စ္​သူရည္​းစား​ေတြအတြက္​သီးသန္​႔လို႔ ထင္​ၾကမယ္​.. ဒါ​ေပမဲ့ နႏၵာက​ေတာ့ Valentine’s Day ဆိုတာ ခ်စ္​ခင္​ရတဲ့သူ​ေတြၾကားက ခ်စ္​ျခင္​း​ေမတၱာတရား​ေတြကို အခ်င္​းခ်င္း တန္​ဖိုးထားဂုဏ္​ျပဳ​ေပးဖို႔ ျဖစ္​လာတဲ့ရက္​လို႔ ထင္​တာပဲ။ သမီးရည္​းစားအခ်စ္​မွ မဟုတ္​ဘူး​​ေပါ့​ေနာ္​ .. ဆိုလိုတာက မိသားစုဝင္​ေတြ၊ သူငယ္​ခ်င္​းအ​ေပါင္​းအသင္​း​ေတြနဲ႔လည္​း ​ေပ်ာ္​​ေပ်ာ္​ပါးပါး ဆင္​ႏႊဲလို႔ရတဲ့ပြဲလို႔ သတ္​မွတ္​ၿပီး Date တူတူလုပ္​တာ၊ လက္​​ေဆာင္​​ေပးတာမ်ိဳး​ေလး​ေတြ လုပ္​​ေပးလို႔ရပါတယ္​။ ဒီ​ေတာ့ အတြဲမရွိလို႔ဆိုၿပီး V Day မွာ တစ္​​ေယာက္​တည္​း အထီးက်န္​​ေနစရာ၊ အားငယ္​​ေနစရာမလိုပါဘူး .. ကိုယ့္ရဲ႕ ​ပတ္​ဝန္​းက်င္​မွာရွိတဲ့ ကိုယ္​ခ်စ္​ခင္​ရတဲ့သူ​ေတြကို V Day မွာ အခ်ိန္​​ေပးၿပီး သူတို႔နဲ႔တူတူရုပ္​ရွင္​သြားၾကည့္တာမ်ိဳး၊ စား​ေသာက္​ဆိုင္​ထိုင္​တာမ်ိဳး လုပ္ၾကည့္ပါ။

အလုပ္​ရွိလို႔ မအားတဲ့သူ​ေတြက်​ေတာ့လည္​း message ပို႔​ေပးတာတို႔၊ ဖုန္​း​ေခၚတာတို႔လုပ္​ၿပီး ကိုယ့္စိတ္​ထဲက အ​ေရးႀကီးပုဂၢိဳလ္​​ေတြ​ေနရာ အၿမဲရွိ​ေနတဲ့အ​ေၾကာင္​းကို အသိ​ေပးႏိုင္​ပါတယ္​။ ကဲ .. ဒါဆိုရင္​​ေတာ့ လက္​​ေဆာင္​​ေပးတဲ့အပိုင္​းကို ျပန္​​ေျပာမယ္​​ေနာ္​။ V Day ဆိုမွ​ေတာ့ အားလံုးက ​ေခ်ာကလက္​နဲ႔ ပန္​းစည္​းကိုပဲ ​ေျပးျမင္​ၾကမွာပဲ။ ​ေခ်ာကလက္​နဲ႔ ပန္​းစည္​းအျပင္​ တျခားဘာ​ေတြမ်ား ​ေပးလို႔ရဦးမလဲ စဥ္​းစားၾကည္​့ၾကတာ​ေပါ့။ အဓိကက ကိုယ္​​ေပးလိုက္​တဲ့ပစၥည္​း​ေလး မွာ သူ႔အတြက္​၊ ကိုယ္​့အတြက္​ ဘယ္​​ေလာက္​ထိ ​ေလးနက္​တဲ့အဓိပၸာယ္​​ေတြရွိ​ေနလဲဆိုတာ သူသိသြားဖို႔ပါပဲ။

(၁) ​ေခါင္​းအံုး

အိပ္​မက္​လွလွမက္​ပါ​ေစ (တစ္​နည္​းအားျဖင့္) ညစဥ္​ညတိုင္​း အိပ္​မက္​ထဲမွာ ဆံုၾကမယ္​ .. ကိုယ့္ကို ညတိုင္​းအိပ္​မက္​မက္​ပါ ဆုိတဲ့ အဓိပၸာယ္​နဲ႔ ​ေခါင္​းအံုးကို ​ေပးၾကတာမ်ားပါတယ္​။ အကယ္​၍ သူက ခရီးခဏခဏသြား​ေနရတဲ့သူဆိုရင္​​ေတာ့ ခရီးသြားရင္​ လည္​ကုပ္​မွာပတ္​ၿပီး အိပ္​လို႔ရတဲ့ ခရီး​ေဆာင္​​ေခါင္​းအံုး​လွလွ​ေလး​ေတြ ​ေပးလို႔လည္းရပါ​ေသးတယ္​​ေနာ္​။

(၂) စာ

​နည္​းနည္​း​ေလာက္​ ​ေခတ္​​ေနာက္​ျပန္​သြားၾကည့္ၾကတာ​ေပါ့။ အင္​တာနက္​​ေခတ္​ဆို​ေပမယ့္ ဟိုးအရင္​တုန္​းကအတိုင္​း သူ႔အတြက္​ ကိုယ္​တိုင္​​ေရးထားတဲ့ လက္​​ေရး​စာက သူ႔စိတ္​ကို ထိခတ္​လႈပ္​ရွား​ေစမွာ အ​ေသအခ်ာပါပဲ။ ပဲ​ပင္​​ေပါက္​ကို ​ေထာ္​လာဂ်ီႀကိတ္​ထားသလို လက္​​ေရးနဲ႔ မ​ေရးနဲ႔​ေပါ့​ေနာ္​။ အတတ္​ႏိုင္​ဆံုး သပ္​သပ္​ရပ္​ရပ္​ လွလွပပ​ေလးနဲ႔ စကားလံုး​ေတြကို ထိထိမိမိ​ေရးႏိုင္​ရင္​ေတာ့ ​အ​ေကာင္​းဆံုးပါပဲ ​ေယာင္​းတို႔​ေရ။

(၃) ကူပြန္​

နည္​းနည္​း​ေလး ရိုၾကည့္ၾကမယ္​။ ကိုယ္​တိုင္​ handmade coupon ​ေလး​ေတြလုပ္​ .. အ​ေပၚမွာ ဘာခံစားခြင့္၊ညာခံစားခြင့္ စိတ္​ကူးရွိတာ​ေလး​ေတြ​ေရးၿပီး ဘူး​ေလးတစ္​ဘူးထဲထည့္ … နည္​းနည္​း​ေလး ပိုလွသြား​ေအာင္​ ဖဲႀကိဳး​ေလး​ေတြနဲ႔စည္​း။ အကုန္​အက်လည္​းမမ်ားဘူး .. ရိုဆန္​လိုက္​တာမွ ​ေျပာမ​ေနနဲ႔။ Coupon ​ေလး​ေတြ လုပ္​ဖို႔ အိုင္ဒီယာလည္​း ​ေပးဦးမယ္​ .. ဥပမာ ကိုယ္​က သူ႔ကို ခဏခဏ စိတ္​​ေကာက္​တတ္​တယ္​ဆိုပါေတာ့ .. မ​ေခ်ာ့ဘဲ စိတ္​​ေကာက္​​ေျပခြင့္၊ စိတ္​ဆိုး​ေျပခြင့္ ကတ္​​ေလး​ေတြ သူ႔ကို​ေပးၿပီး ​ေနာက္​ ကိုယ္​စိတ္​​ေကာက္​တဲ့အခါ ႁခြင္​းခ်က္​မရွိ စိတ္​​ေကာက္​​ေျပပါ့မယ္​ဆိုတာမ်ိဳး ကတိ​ေပး .. အဲ့သလို ရို​ေပါ့​ေနာ္​။ ဒါမွမဟုတ္​ သူက အစားခ်ည္​းပဲ တစ္​လိုင္​းဆိုပါစို႔.. ​ေရခဲမုန္​႔ free ဆြဲခြင့္​၊ ဝက္​သားတုတ္​ထိုး အ​ေခ်ာင္​း ၅၀ တီးခြင့္၊ Pizza Hut မွာ အျပတ္​ျဖဳတ္​ခြင့္… ဒါမ်ိဳး ကတ္​​ေလး​ေတြ​ေပးၾကည့္… ​(အ​ေပးခံရတဲ့သူ​ေတာ့ မသိဘူး .. ကိုယ္သာဆို ဝမ္​းသာလြန္​းလို႔ မ်က္​ရည္​မ်ား​ေတာင္​လည္​ရွာတယ္ေတြ ျဖစ္​ကုန္​မွာ)

(၄) ဓာတ္​ပံုအယ္​လ္​ဘမ္​

ရိုးရိုးတန္​းတန္​း အယ္လ္ဘမ္ထဲ ဓာတ္​ပံု​ေတြၿပံဳသံုထည့္ၿပီး ​ေပးလိုက္​တာထက္​စာရင္​ ကိုရီးယားကား​ေတြထဲကလို ဓာတ္​ပံု​ေလးကပ္​ .. ​ေဘးမွာ ဘယ္​​ေန႔က ဘယ္​​ေနရာမွာ အတူတူရွိခဲ့တာဆိုတာမ်ိဳး​ေလး​ေတြ ​ေရးၾကည့္ပါ။ ခ်စ္​သူစျဖစ္​တဲ့​ေန႔တုန္​းက ရိုက္​ထားတဲ့ပံု​ေလး​ေတြရွိရင္​လည္​း ထည့္ကပ္​ၿပီး အရိုစာ​သား​ေလး​ေတြ​ေရး​ေပါ့။ သိပ္​မရိုတတ္​ဘူးဆိုရင္​လည္​း မပူနဲ႔ .. ကိုယ္​အႀကိဳက္​ဆံုး ဒါမွမဟုတ္​ သူအႀကိဳက္​ဆံုး သီခ်င္​းစာသား​ေလး​ေတြသာ ထည့္ေရး​ေပးလိုက္​။

(၅) Memory Stick

သူနဲ႔ပတ္​သက္​တဲ့ ကိုယ္​့ရဲ႕ခံစားခ်က္​​ေတြနဲ႔ တိုက္​ဆိုင္​တဲ့ သီခ်င္​း​ေလး​ေတြခ်ည္​း ​ေ႐ြးထုတ္​ၿပီး Stick ထဲထည္​့ .. Stick ကိုလည္​း ​ေတြ႕ရာ​ေကာက္​မဝယ္​ဘဲ လွလွပပ အျမင္​ဆန္​းတာမ်ိဳး​ေလး ​ေ႐ြးဝယ္​ၿပီး ဘူးလွလွ​ေလးထဲမွာ ​ေသခ်ာထုပ္​ပိုးၿပီး ​ေပးလို႔ရပါတယ္​​ေနာ္​။

(၆) ဘာ​ေၾကာင့္ ခ်စ္​ရသလဲ

Reasons Why I Love You ဆိုၿပီး သူ႔ကို ကိုယ္​ဘာ​ေၾကာင့္ ခ်စ္​ရတယ္​ဆိုတဲ့ အခ်က္​က​ေလး​ေတြစု .. Handmade Card ​ေလး​ေတြတြဲ​ေပးတာပဲျဖစ္​ျဖစ္​၊ ဒါမွမဟုတ္​ရင္​လည္​း ဖန္​ပုလင္​း​ေလး​ထဲမွာ ​ေရာင္​စံုစကၠဴ​ေလး​ေတြ​ေခါက္ထည့္ၿပီး စာ႐ြက္​ထဲမွာ သူရဲ႕ ဘယ္​အစိတ္​အပိုင္​း​ေလး​ေတြကို ခ်စ္​တယ္​ဆိုတဲ့အ​ေၾကာင္​း၊ ဘာ​ေၾကာင့္​ ခ်စ္​မိသြားပါတယ္​ဆိုတာမ်ိဳးေလး ​ေရးထည္​့​ေပးလို႔ရပါ​ေသးတယ္​​ေနာ္။

(၇) ​ေရ​ေမႊး

သူ​​​ေန႔တိုင္​းသံုးတဲ့ ​ေရ​ေမႊးကို ကိုယ္​တိုင္​ အန႔ံ​ေသခ်ာ​ေ႐ြးဝယ္​​ေပးထားရင္​ ​ေရ​ေမႊးဆြတ္​တိုင္​းမွာ သူ ကိုယ့္ကို သတိရမွာပဲ။ ​ေနာက္​ ဘယ္​ပဲသြားသြား သူနဲ႔အတူ ကိုယ္​ရွိ​ေနတယ္​ဆိုတဲ့ ခံစားခ်က္​မ်ိဳးရ​ေအာင္​ ​ေရ​ေမႊး​ေလးက​ေတာ့ ​ေပးၾကည့္သင့္​ပါတယ္​။ သူဘယ္​လိုအန႔ံမ်ိဳး ႀကိဳက္​တတ္​တယ္​ဆိုတာ​ေတာ့ ႀကိဳသိထားဖို႔လိုတာ​ေပါ့​ေနာ္​။

(၈) Love Kit

သူသ​ေဘာက်​ေလာက္​တဲ့ အသံုး​အ​ေဆာင္​ပစၥည္​​ေလး​ေတြအျ ပင္​ စားစရာ​ေလး​ေတြစုၿပီး Box လွလွ​ေလးတစ္​ခုထဲမွာ ထုပ္​ပိုးၿပီး​ေပးလို႔ရပါတယ္​။ ဥပမာ – အလွအပဝါသနာပါတဲ့ Makeup Junkie ​ေလး​ေတြအတြက္​ဆိုရင္​ ႏႈတ္​ခမ္​းနီ​ေလး​ေတြ၊ လက္​သည္​းနီဘူး​ေလး​ေတြစုၿပီး ဘူး​ေလးထဲထည္​့​ေပး​ေပါ့။ အ​ေသာက္​ခ်ည္​းပဲတစ္လိုင္​း ကိုကို​ေတြအတြက္​ဆိုရင္​လည္​း သူႀကိဳက္​တတ္​တဲ့ brand ​ေလး​ေတြစုၿပီး ျခင္​း​ေတာင္​း​ေလးနဲ႔ ထည္​့​ေပးၾကည့္ပါ။ ကိုယ့္လက္​​ေဆာင္​ကို သူအရမ္​းသ​ေဘာက်သြားမွာ အ​ေသအခ်ာပါပဲ​ေနာ္။

အဓိကက​ေတာ့ လက္​​ေဆာင္​ဆိုတာ လက္​ခံရရွိမယ့္သူအတြက္​ ရည္​႐ြယ္​ၿပီး သူသ​ေဘာက်ပါ​ေစ၊ သူ​ေပ်ာ္​ပါ​ေစဆိုတဲ့ စိတ္​​ေစတနာ​ေကာင္​းနဲ႔​ေပးရင္​ကို တန္​ဖိုးအမ်ားႀကီးရွိၿပီးသား ျဖစ္​​ေနပါၿပီ။ အဲ့ဒါကိုမွ Idea ​ေကာင္​း​ေကာင္​း​ေလးနဲ႔ ဖန္​တီးၿပီး​ေပးတဲ့လက္​​ေဆာင္​မ်ိဳးဆိုရင္​ ပိုၿပီး​ေတာ့ ​ေလးနက္​တဲ့၊ အဓိပၸာယ္​ရွိတဲ့လက္​​ေဆာင္​မ်ိဳး ျဖစ္​သြားတာပါပဲ။

​ေယာင္​းတို႔အားလံုုး V Day မွာ ခ်စ္​ခင္​ရတဲ့သူ​ေတြနဲ႔ တန္​ဖိုးရွိတဲ့အခ်ိန္​​ေတြကုိ အတူျဖတ္​သန္​း​ေပ်ာ္​ရႊင္​ႏိုင္ ​ၾကပါ​​ေစ​ေနာ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nandar ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
အရင်ဆုံးပြောပြချင်တာလေးက Valentine ဆိုတာနဲ့ တော်တော်များများကတော့ ချစ်သူရည်းစားတွေအတွက်သီးသန့်လို့ ထင်ကြမယ်.. ဒါပေမဲ့ နန္ဒာကတော့ Valentine’s Day ဆိုတာ ချစ်ခင်ရတဲ့သူတွေကြားက ချစ်ခြင်းမေတ္တာတရားတွေကို အချင်းချင်း တန်ဖိုးထားဂုဏ်ပြုပေးဖို့ ဖြစ်လာတဲ့ရက်လို့ ထင်တာပဲ။ သမီးရည်းစားအချစ်မှ မဟုတ်ဘူးပေါ့နော် .. ဆိုလိုတာက မိသားစုဝင်တွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်ပါးပါး ဆင်နွှဲလို့ရတဲ့ပွဲလို့ သတ်မှတ်ပြီး Date တူတူလုပ်တာ၊ လက်ဆောင်ပေးတာမျိုးလေးတွေ လုပ်ပေးလို့ရပါတယ်။ ဒီတော့ အတွဲမရှိလို့ဆိုပြီး V Day မှာ တစ်ယောက်တည်း အထီးကျန်နေစရာ၊ အားငယ်နေစရာမလိုပါဘူး .. ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို V Day မှာ အချိန်ပေးပြီး သူတို့နဲ့တူတူရုပ်ရှင်သွားကြည့်တာမျိုး၊ စားသောက်ဆိုင်ထိုင်တာမျိုး လုပ်ကြည့်ပါ။

အလုပ်ရှိလို့ မအားတဲ့သူတွေကျတော့လည်း message ပို့ပေးတာတို့၊ ဖုန်းခေါ်တာတို့လုပ်ပြီး ကိုယ့်စိတ်ထဲက အရေးကြီးပုဂ္ဂိုလ်တွေနေရာ အမြဲရှိနေတဲ့အကြောင်းကို အသိပေးနိုင်ပါတယ်။ ကဲ .. ဒါဆိုရင်တော့ လက်ဆောင်ပေးတဲ့အပိုင်းကို ပြန်ပြောမယ်နော်။ V Day ဆိုမှတော့ အားလုံးက ချောကလက်နဲ့ ပန်းစည်းကိုပဲ ပြေးမြင်ကြမှာပဲ။ ချောကလက်နဲ့ ပန်းစည်းအပြင် တခြားဘာတွေများ ပေးလို့ရဦးမလဲ စဉ်းစားကြည့်ကြတာပေါ့။ အဓိကက ကိုယ်ပေးလိုက်တဲ့ပစ္စည်းလေး မှာ သူ့အတွက်၊ ကိုယ့်အတွက် ဘယ်လောက်ထိ လေးနက်တဲ့အဓိပ္ပာယ်တွေရှိနေလဲဆိုတာ သူသိသွားဖို့ပါပဲ။

(၁) ခေါင်းအုံး

အိပ်မက်လှလှမက်ပါစေ (တစ်နည်းအားဖြင့်) ညစဉ်ညတိုင်း အိပ်မက်ထဲမှာ ဆုံကြမယ် .. ကိုယ့်ကို ညတိုင်းအိပ်မက်မက်ပါ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ခေါင်းအုံးကို ပေးကြတာများပါတယ်။ အကယ်၍ သူက ခရီးခဏခဏသွားနေရတဲ့သူဆိုရင်တော့ ခရီးသွားရင် လည်ကုပ်မှာပတ်ပြီး အိပ်လို့ရတဲ့ ခရီးဆောင်ခေါင်းအုံးလှလှလေးတွေ ပေးလို့လည်းရပါသေးတယ်နော်။

(၂) စာ

နည်းနည်းလောက် ခေတ်နောက်ပြန်သွားကြည့်ကြတာပေါ့။ အင်တာနက်ခေတ်ဆိုပေမယ့် ဟိုးအရင်တုန်းကအတိုင်း သူ့အတွက် ကိုယ်တိုင်ရေးထားတဲ့ လက်ရေးစာက သူ့စိတ်ကို ထိခတ်လှုပ်ရှားစေမှာ အသေအချာပါပဲ။ ပဲပင်ပေါက်ကို ထော်လာဂျီကြိတ်ထားသလို လက်ရေးနဲ့ မရေးနဲ့ပေါ့နော်။ အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ် လှလှပပလေးနဲ့ စကားလုံးတွေကို ထိထိမိမိရေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ ယောင်းတို့ရေ။

(၃) ကူပွန်

နည်းနည်းလေး ရိုကြည့်ကြမယ်။ ကိုယ်တိုင် handmade coupon လေးတွေလုပ် .. အပေါ်မှာ ဘာခံစားခွင့်၊ညာခံစားခွင့် စိတ်ကူးရှိတာလေးတွေရေးပြီး ဘူးလေးတစ်ဘူးထဲထည့် … နည်းနည်းလေး ပိုလှသွားအောင် ဖဲကြိုးလေးတွေနဲ့စည်း။ အကုန်အကျလည်းမများဘူး .. ရိုဆန်လိုက်တာမှ ပြောမနေနဲ့။ Coupon လေးတွေ လုပ်ဖို့ အိုင်ဒီယာလည်း ပေးဦးမယ် .. ဥပမာ ကိုယ်က သူ့ကို ခဏခဏ စိတ်ကောက်တတ်တယ်ဆိုပါတော့ .. မချော့ဘဲ စိတ်ကောက်ပြေခွင့်၊ စိတ်ဆိုးပြေခွင့် ကတ်လေးတွေ သူ့ကိုပေးပြီး နောက် ကိုယ်စိတ်ကောက်တဲ့အခါ ခြွင်းချက်မရှိ စိတ်ကောက်ပြေပါ့မယ်ဆိုတာမျိုး ကတိပေး .. အဲ့သလို ရိုပေါ့နော်။ ဒါမှမဟုတ် သူက အစားချည်းပဲ တစ်လိုင်းဆိုပါစို့.. ရေခဲမုန့် free ဆွဲခွင့်၊ ဝက်သားတုတ်ထိုး အချောင်း ၅၀ တီးခွင့်၊ Pizza Hut မှာ အပြတ်ဖြုတ်ခွင့်… ဒါမျိုး ကတ်လေးတွေပေးကြည့်… (အပေးခံရတဲ့သူတော့ မသိဘူး .. ကိုယ်သာဆို ဝမ်းသာလွန်းလို့ မျက်ရည်များတောင်လည်ရှာတယ်တွေ ဖြစ်ကုန်မှာ)

(၄) ဓာတ်ပုံအယ်လ်ဘမ်

ရိုးရိုးတန်းတန်း အယ်လ်ဘမ်ထဲ ဓာတ်ပုံတွေပြုံသုံထည့်ပြီး ပေးလိုက်တာထက်စာရင် ကိုရီးယားကားတွေထဲကလို ဓာတ်ပုံလေးကပ် .. ဘေးမှာ ဘယ်နေ့က ဘယ်နေရာမှာ အတူတူရှိခဲ့တာဆိုတာမျိုးလေးတွေ ရေးကြည့်ပါ။ ချစ်သူစဖြစ်တဲ့နေ့တုန်းက ရိုက်ထားတဲ့ပုံလေးတွေရှိရင်လည်း ထည့်ကပ်ပြီး အရိုစာသားလေးတွေရေးပေါ့။ သိပ်မရိုတတ်ဘူးဆိုရင်လည်း မပူနဲ့ .. ကိုယ်အကြိုက်ဆုံး ဒါမှမဟုတ် သူအကြိုက်ဆုံး သီချင်းစာသားလေးတွေသာ ထည့်ရေးပေးလိုက်။

(၅) Memory Stick

သူနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ခံစားချက်တွေနဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေချည်း ရွေးထုတ်ပြီး Stick ထဲထည့် .. Stick ကိုလည်း တွေ့ရာကောက်မဝယ်ဘဲ လှလှပပ အမြင်ဆန်းတာမျိုးလေး ရွေးဝယ်ပြီး ဘူးလှလှလေးထဲမှာ သေချာထုပ်ပိုးပြီး ပေးလို့ရပါတယ်နော်။

(၆) ဘာကြောင့် ချစ်ရသလဲ

Reasons Why I Love You ဆိုပြီး သူ့ကို ကိုယ်ဘာကြောင့် ချစ်ရတယ်ဆိုတဲ့ အချက်ကလေးတွေစု .. Handmade Card လေးတွေတွဲပေးတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း ဖန်ပုလင်းလေးထဲမှာ ရောင်စုံစက္ကူလေးတွေခေါက်ထည့်ပြီး စာရွက်ထဲမှာ သူရဲ့ ဘယ်အစိတ်အပိုင်းလေးတွေကို ချစ်တယ်ဆိုတဲ့အကြောင်း၊ ဘာကြောင့် ချစ်မိသွားပါတယ်ဆိုတာမျိုးလေး ရေးထည့်ပေးလို့ရပါသေးတယ်နော်။

(၇) ရေမွှေး

သူနေ့တိုင်းသုံးတဲ့ ရေမွှေးကို ကိုယ်တိုင် အနံ့သေချာရွေးဝယ်ပေးထားရင် ရေမွှေးဆွတ်တိုင်းမှာ သူ ကိုယ့်ကို သတိရမှာပဲ။ နောက် ဘယ်ပဲသွားသွား သူနဲ့အတူ ကိုယ်ရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုးရအောင် ရေမွှေးလေးကတော့ ပေးကြည့်သင့်ပါတယ်။ သူဘယ်လိုအနံ့မျိုး ကြိုက်တတ်တယ်ဆိုတာတော့ ကြိုသိထားဖို့လိုတာပေါ့နော်။

(၈) Love Kit

သူသဘောကျလောက်တဲ့ အသုံးအဆောင်ပစ္စည်လေးတွေအြ ပင် စားစရာလေးတွေစုပြီး Box လှလှလေးတစ်ခုထဲမှာ ထုပ်ပိုးပြီးပေးလို့ရပါတယ်။ ဥပမာ – အလှအပဝါသနာပါတဲ့ Makeup Junkie လေးတွေအတွက်ဆိုရင် နှုတ်ခမ်းနီလေးတွေ၊ လက်သည်းနီဘူးလေးတွေစုပြီး ဘူးလေးထဲထည့်ပေးပေါ့။ အသောက်ချည်းပဲတစ်လိုင်း ကိုကိုတွေအတွက်ဆိုရင်လည်း သူကြိုက်တတ်တဲ့ brand လေးတွေစုပြီး ခြင်းတောင်းလေးနဲ့ ထည့်ပေးကြည့်ပါ။ ကိုယ့်လက်ဆောင်ကို သူအရမ်းသဘောကျသွားမှာ အသေအချာပါပဲနော်။

အဓိကကတော့ လက်ဆောင်ဆိုတာ လက်ခံရရှိမယ့်သူအတွက် ရည်ရွယ်ပြီး သူသဘောကျပါစေ၊ သူပျော်ပါစေဆိုတဲ့ စိတ်စေတနာကောင်းနဲ့ပေးရင်ကို တန်ဖိုးအများကြီးရှိပြီးသား ဖြစ်နေပါပြီ။ အဲ့ဒါကိုမှ Idea ကောင်းကောင်းလေးနဲ့ ဖန်တီးပြီးပေးတဲ့လက်ဆောင်မျိုးဆိုရင် ပိုပြီးတော့ လေးနက်တဲ့၊ အဓိပ္ပာယ်ရှိတဲ့လက်ဆောင်မျိုး ဖြစ်သွားတာပါပဲ။

ယောင်းတို့အားလုံုး V Day မှာ ချစ်ခင်ရတဲ့သူတွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အတူဖြတ်သန်းပျော်ရွှင်နိုင် ကြပါစေနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nandar ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top