စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ပူးတြဲခ်န္ပီယံအေခြမွ သီခ်င္းအခ်ိဳ႕တြင္ ဗန္းစကားမ်ား ပါဝင္ေသာေၾကာင့္ ႏုိင္ငံတကာမွ ဟစ္ေဟာ့ပ္အေခြမ်ားကဲ့သို႔ Pa-rental Advisory ဆိုသည့္ သတိ ေပးစာသားကို ေရးသားေပးထား ေၾကာင္း Snare အဖြဲ႕မွ ၿဖိဳးေလး က ေျပာသည္။

‘‘ကြၽန္ေတာ္တို႔က လူငယ္ ေတြဆိုေတာ့ ဗန္းစကားေတြပါ တယ္။ လမ္းေပၚက စကားေတြပါ တယ္။ အဲဒီအတြက္ ထည့္ထား တာပါ။ ဒီအေခြထဲမွာ အရမ္းအ မ်ားႀကီးေတာ့ မပါပါဘူး။ ဗန္း စကားေလးေတြပါမယ္။ တခ်ိဳ႕ ဟာေတြဆို ကိုယ့္ဟာကိုယ္ ဆင္ ဆာျဖတ္ထားတယ္။ ေစာက္ဆို တဲ့ အသံုးအႏႈန္းေလးေတြပါမယ္။ အဲဒီအတြက္ ရည္ရြယ္တာပါ’’ဟု ၿဖိဳးေလးက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ဂီတႏွင့္ပတ္ သက္၍ ဆင္ဆာမရွိေသာေၾကာင့္ ႏိုင္ငံတကာ၌ က်င့္သံုးသည့္ ပံုစံအတိုင္း အထက္ပါသတိေပးစာ သား ထည့္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ ကဆိုသည္။

‘‘ကြၽန္ေတာ္တို႔က ကေလး သူငယ္ေတြနားေထာင္မယ္ဆိုရင္ မိဘေတြက အရင္နားေထာင္ၿပီး ေတာ့ မိဘေတြက ခြင့္ျပဳတယ္ဆို မွ ကေလးသူငယ္ေတြက ဆက္ၿပီး နားေထာင္ပါဆိုတဲ့ ႏိုင္ငံတကာ ပံုစံအတိုင္း ဒီ Label ေလးကို တပ္ထားတာပါ’’ဟု ယင္းအေခြ ထုတ္လုပ္သူ စိုင္းစိုင္းခမ္းလိႈင္က ေျပာသည္။

ထုိ႔ျပင္ ယင္းအေခြကို ဒုတိ ယအေခြႏွင့္ ငါးႏွစ္ေက်ာ္ၾကာမွ ျဖန္႔ခ်ိႏိုင္ေသာေၾကာင့္ အေခြ သစ္ကို ေစာင့္၍ အားေပးေနသည့္ ပရိသတ္မ်ားကို ေတာင္းပန္ ေၾကာင္း Snare အဖြဲ႕ဝင္မ်ားက ေျပာသည္။

Snare အဖြဲ႕၏တတိယအ ေခြကို ပူးတြဲခ်န္ပီယံဟု အမည္ေပး ထားၿပီး ေဖေဖာ္ဝါရီ ၁၂ ရက္ ျပည္ေထာင္စုေန႔တြင္ ျဖန္႔ခ်ိမည္ ျဖစ္ သည္။

ယင္းအေခြတြင္ သီခ်င္း ၁၄ ပုဒ္ပါဝင္မည္ျဖစ္ၿပီး Featuring မ်ားအေနျဖင့္ စိုင္းစိုင္းခမ္းလိႈင္၊ မိုးမိုး၊ G Family၊ ဘန္နီၿဖိဳး၊ ေအာင္သူ၊ G Fatt၊ မိစႏၵီႏွင့္ အမရာဖုန္း တို႔က ပါဝင္သီဆိုေပးထားသည္။

‘‘အေခြမထြက္တာ ငါးႏွစ္ ေလာက္ရွိၿပီဆိုေတာ့ ဆိုတဲ့ပံုစံ ေတြ၊ ေရးတဲ့ပံုစံေတြ၊ Music တည္ ေဆာက္တဲ့ ပံုစံေတြေတာ့ နည္းနည္းေလး ကြဲသြားပါတယ္။ အေၾကာင္းအရာကေတာ့ မ်ိဳးစံုပါပဲ’’ ဟု ေနဝင္းက ေျပာသည္။

Snare အဖြဲ႕၏အႏုပညာ လႈပ္ရွားမႈမ်ားကို ယခုႏွစ္အတြင္း ခပ္စိပ္စိပ္ ေတြ႕ျမင္ရမည္ျဖစ္ၿပီး ယင္းအေခြထြက္ရွိၿပီးပါက မႏၲ ေလးၿမိဳ႕တြင္ ၎တို႔၏ပထမဆံုး One Band Show  ျပဳလုပ္ရန္ စီစဥ္မည္ဟု  ၿဖိဳးေလးက  ေျပာသည္။ ထို႔ျပင္ ၂၀၁၄က ျပဳလုပ္ ေသာ Snare အဖြဲ႕၏ေဖ်ာ္ေျဖပြဲ အေခြကို ယခုႏွစ္အတြင္း ျဖန္႔ခ်ိႏိုင္ ရန္ စီစဥ္မည္ဟု ၎က ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily




#Unicode Version#
ပူးတွဲချန်ပီယံအခွေမှ သီချင်းအချို့တွင် ဗန်းစကားများ ပါဝင်သောကြောင့် နိုင်ငံတကာမှ ဟစ်ဟော့ပ်အခွေများကဲ့သို့ Pa-rental Advisory ဆိုသည့် သတိ ပေးစာသားကို ရေးသားပေးထား ကြောင်း Snare အဖွဲ့မှ ဖြိုးလေး က ပြောသည်။

‘‘ကျွန်တော်တို့က လူငယ် တွေဆိုတော့ ဗန်းစကားတွေပါ တယ်။ လမ်းပေါ်က စကားတွေပါ တယ်။ အဲဒီအတွက် ထည့်ထား တာပါ။ ဒီအခွေထဲမှာ အရမ်းအ များကြီးတော့ မပါပါဘူး။ ဗန်း စကားလေးတွေပါမယ်။ တချို့ ဟာတွေဆို ကိုယ့်ဟာကိုယ် ဆင် ဆာဖြတ်ထားတယ်။ စောက်ဆို တဲ့ အသုံးအနှုန်းလေးတွေပါမယ်။ အဲဒီအတွက် ရည်ရွယ်တာပါ’’ဟု ဖြိုးလေးက ပြောသည်။

မြန်မာနိုင်ငံတွင် ဂီတနှင့်ပတ် သက်၍ ဆင်ဆာမရှိသောကြောင့် နိုင်ငံတကာ၌ ကျင့်သုံးသည့် ပုံစံအတိုင်း အထက်ပါသတိပေးစာ သား ထည့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

‘‘ကျွန်တော်တို့က ကလေး သူငယ်တွေနားထောင်မယ်ဆိုရင် မိဘတွေက အရင်နားထောင်ပြီး တော့ မိဘတွေက ခွင့်ပြုတယ်ဆို မှ ကလေးသူငယ်တွေက ဆက်ပြီး နားထောင်ပါဆိုတဲ့ နိုင်ငံတကာ ပုံစံအတိုင်း ဒီ Label လေးကို တပ်ထားတာပါ’’ဟု ယင်းအခွေ ထုတ်လုပ်သူ စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

ထို့ပြင် ယင်းအခွေကို ဒုတိ ယအခွေနှင့် ငါးနှစ်ကျော်ကြာမှ ဖြန့်ချိနိုင်သောကြောင့် အခွေ သစ်ကို စောင့်၍ အားပေးနေသည့် ပရိသတ်များကို တောင်းပန် ကြောင်း Snare အဖွဲ့ဝင်များက ပြောသည်။

Snare အဖွဲ့၏တတိယအ ခွေကို ပူးတွဲချန်ပီယံဟု အမည်ပေး ထားပြီး ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ဖြန့်ချိမည် ဖြစ် သည်။

ယင်းအခွေတွင် သီချင်း ၁၄ ပုဒ်ပါဝင်မည်ဖြစ်ပြီး Featuring များအနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ G Family၊ ဘန်နီဖြိုး၊ အောင်သူ၊ G Fatt၊ မိစန္ဒီနှင့် အမရာဖုန်း တို့က ပါဝင်သီဆိုပေးထားသည်။

‘‘အခွေမထွက်တာ ငါးနှစ် လောက်ရှိပြီဆိုတော့ ဆိုတဲ့ပုံစံ တွေ၊ ရေးတဲ့ပုံစံတွေ၊ Music တည် ဆောက်တဲ့ ပုံစံတွေတော့ နည်းနည်းလေး ကွဲသွားပါတယ်။ အကြောင်းအရာကတော့ မျိုးစုံပါပဲ’’ ဟု နေဝင်းက ပြောသည်။

Snare အဖွဲ့၏အနုပညာ လှုပ်ရှားမှုများကို ယခုနှစ်အတွင်း ခပ်စိပ်စိပ် တွေ့မြင်ရမည်ဖြစ်ပြီး ယင်းအခွေထွက်ရှိပြီးပါက မန္တ လေးမြို့တွင် ၎င်းတို့၏ပထမဆုံး One Band Show  ပြုလုပ်ရန် စီစဉ်မည်ဟု  ဖြိုးလေးက  ပြောသည်။ ထို့ပြင် ၂၀၁၄က ပြုလုပ် သော Snare အဖွဲ့၏ဖျော်ဖြေပွဲ အခွေကို ယခုနှစ်အတွင်း ဖြန့်ချိနိုင် ရန် စီစဉ်မည်ဟု ၎င်းက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top