ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အသားအရည္ကုိ ထိန္းသိမ္းရတာ လြယ္မေယာင္နဲ႔ ခက္တဲ့ အရာပါ။ အေတာ္ကုိ စိတ္ရွည္ၿပီး မပ်င္းမရိသူေတြမွ ေန႔စဥ္ Skin Care stepေတြကုိ အျပည့္လုပ္ႏုိင္မွာပါပဲ။ ေတာ္ရုံေတာ့ မ်က္ႏွာေလးကုိပဲ မနက္အျပင္ထြက္ခါနီး Sun Block ေလး လူး ၊ ညေနအိပ္ခါနီး Night Cream ေလးလိမ္း ေလာက္ပဲလုပ္ႏုိင္ၾကပါတယ္ ။ မ်က္ႏွာေလးေတာင္ ဒီလုိဆုိမွေတာ့ တစ္ကိုယ္လုံးက အသားအေရကုိ ဂရုစုိက္ဖုိ႔ဆုိတာ ပုိခက္တာေပါ့ေနာ္။ အက္ဒ္မင္ဆုိိ အပ်င္းတစ္တဲ့ ရက္ေတြ မ်ားေတာ့ အသားအရည္လည္း မွန္မွန္မထိန္းသိမ္းျဖစ္ဘူး ။ အသားအရည္က ဂရုမစုိက္ရင္ မစုိက္သလုိ ထိခုိက္လြယ္တာမုိ႔ အက္ဒ္မင္ ရဲ့ အေရျပားဆုိတာ မိန္းကေလးအသားအေရနဲ႔ေတာင္ မတူေတာ့ဘူးရယ္။ ေနေလာင္လုိ႔ အသားမညီတာတစ္မ်ိဳး၊ ေအးတဲ့ခ်ိန္ဆုိ အသားအေရေျခာက္ၿပီး မြဲေနတာကတစ္မ်ိဳး နဲ႔ အေရျပား ျပႆနာေတြ ၾကံဳေနရေတာ့တာပါပဲ။ အဲဒီေတာ့ ေျဖရွင္းဖုိ႔ နည္းလမ္းရွာရတာေပါ့။ အဲဒီမွာ Skin Peeling ကုိ သြားေတြ႔ပါတယ္။

Skin Peeling ဆုိတာကုိ အျမင္သာဆုံးျဖစ္ေအာင္ ဥပမာျပရမယ္ဆုိရင္ေတာ့ ေျမြေတြ အေရခြံလဲသလုိပါပဲ ။ ( ဟီး သိပ္ေတာ့ကဗ်ာမဆန္ဘူးေနာ္ ) ။ ဒါေပမယ့္ အက်ိဳးရလဒ္ကေတာ့ တကယ့္ကုိ စိတ္ေက်နပ္စရာပါ ။ အေရျပားကမေကာင္းတဲ့ ဆဲလ္ေတြကုိဖယ္ထုတ္ ဆဲလ္အသစ္ေတြေမြးဖြားေစၿပီး အေရျပားအေဟာင္းကုိခၽြတ္ Skin အသစ္ေလးတစ္ခုကုိ ျပန္ေမြးဖြားေပးလုိက္တာပါ ။ ဒါဆို သူ႕ရဲ႕ ေဆာင္ရန္ေရွာင္ရန္နဲ႔ ေကာင္းက်ိဳးဆိုးျပစ္ေတြကို ၾကည့္ၾကရေအာင္ေနာ္…

Skin Peeling လုပ္မယ့္သူေတြ သတိထားရမယ့္အရာ

-Peeling လုပ္ျပီးကာစအသားက အရမ္းႏုနယ္ပါတယ္ ။ အနည္းဆုံး SPF 30 ပါတဲ့ ေနေလာင္ခံ Cream တစ္ခုခု လိမ္းျပီးမွ အျပင္ထြက္ဖုိ႔လုိအပ္ပါတယ္ ။

-Skin Sensitive ျဖစ္တဲ့သူေတြ Skin မွာ Chemical ေၾကာင့္ ပ်က္ဆီးထိခုိက္တာျဖစ္ခဲ့ဖူးတဲ့သူေတြဆုိ Peeling ကုိ ဒီတုိင္းမလုပ္ေစခ်င္ပါဘူး ။ တတ္ကၽြမ္းနားလည္တဲ့ ပညာရွင္နဲ႔ ေဆြးေႏြးတုိင္ပင္ၿပီးမွ လုပ္ေစခ်င္ပါတယ္ ။ အေကာင္းဆုံးကေတာ့ အေရျပား အထူးကုဆရာဝန္ေတြနဲ႔ တုိင္ပင္ျပီးမွ လုပ္တာေပါ့ ။

-အေရျပားအတြက္ ေဆးကုသမႈတစ္ခုခုခံယူေနရတဲ့သူေတြ Peeling လုပ္လုိ႔မရပါဘူး ။

-မက်က္ေသးတဲ့ ဒဏ္ရာရွိေနရင္လည္း လုပ္လုိ႔မရပါဘူး ။

-တစ္ပတ္မွာ တစ္ႀကိမ္ထက္ပုိၿပီးလုပ္လုိ႔ မရပါဘူး ။ အသားအေရ ထိခုိက္သြားႏုိင္လုိ႔ပါ ။ တစ္ႏွစ္လုံးမွာမွ ႏွစ္ၾကိမ္ေလာက္ပဲလုပ္မယ္ဆုိရင္လည္း အဆင္ေျပပါတယ္ ။

-Skin Peeling လုပ္ၿပီးတာနဲ႔ အသားအေရကုိ moisturizing cream (အစိုဓာတ္ထိန္းခရင္မ္) တစ္ခုခုလိမ္းေပးရပါတယ္ ။ မဟုတ္ရင္ အသားတင္းတင္းႀကီးနဲ႔ ေနရခက္ေနေစလုိ႔ပါ ။

အဲဒီအခ်က္ေတြကုိ သတိထားၿပီး Skin Peeling လုပ္ၿပီးၿပီဆုိရင္ေတာ့

အရင္ကထက္ ပုိႏူးညံ့ႏုပ်ိဳ ၿပီး ၾကည္လင္တဲ့ အသားအေရကုိ ပုိင္ဆုိင္ရမွာပါ ။
Peeling လုပ္ၿပီးသား အသားအေရ ေပၚ Skin Care ထပ္လုပ္မယ္ဆုိရင္ေတာ့ ပုိၿပီး အက်ိဳးအာနိသင္ရွိေစပါတယ္ ။
အမာရြတ္ေတြ ကို ေလ်ာ႔ပါးေပ်ာက္ကင္းေစၿပီး မဲေနတဲ့ ခ်ိဳင္းသားလုိ ဒူးေခါင္းလုိ ေနရာမ်ိဳးေတြကုိလည္း ျပန္လည္ ျဖဴေဖြးေစပါတယ္။
အသားအေရကုိ အက်ိဳးအာနိသင္ရွိေစတာတင္မကဘဲ ဒီလုိ Treatment လုပ္လုိက္ရတဲ့အတြက္ စိတ္ကုိ အနားရေစၿပီး stress ေတြ၊ စိတ္ဖိစီးမႈေတြလည္း ေလ်ာ႔က်ေစပါတယ္ ။

ဒီလုိ အက်ိဳးရွိတဲ့ Skin Peeling ကုိ လုပ္တဲ့အခါ Chemical Cream ေတြက ေသခ်ာမသုံးတတ္ရင္ Side Effect ေတြရွိႏုိင္တာမုိ႔ ကၽြမ္းက်င္တဲ့ Spa ေတြမွာ သြားေရာက္လုပ္တာ အေကာင္းဆုံးပါပဲ ။ တကယ္လုိ႔ ကုိယ္ကုိယ္တိုင္ အိမ္မွာလုပ္ခ်င္တယ္ဆုိရင္လည္း Side Effect နည္းတဲ့ Homemade Organic Cream ေတြနဲ႔ပဲစမ္းၾကည့္ဖုိ႔ တုိက္တြန္းခ်င္ပါတယ္ ေယာင္းတုိ့ေရ … Chemical Peeling ကေတာ့ အႏၱရာယ္မ်ားတာမို႔ ကိုယ္တိုင္လုပ္ဖို႔ လံုးဝ မသင့္ေလ်ာ္ပါဘူးေနာ္…

ကဲ.. အားလံုးပဲ လွႏိုင္ၾကပါေစ…


ဖိုးသူေတာ္ (www.phothutaw.com)
Credit: အသဲေက်ာ္ ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
အသားအရည်ကို ထိန်းသိမ်းရတာ လွယ်မယောင်နဲ့ ခက်တဲ့ အရာပါ။ အတော်ကို စိတ်ရှည်ပြီး မပျင်းမရိသူတွေမှ နေ့စဉ် Skin Care stepတွေကို အပြည့်လုပ်နိုင်မှာပါပဲ။ တော်ရုံတော့ မျက်နှာလေးကိုပဲ မနက်အပြင်ထွက်ခါနီး Sun Block လေး လူး ၊ ညနေအိပ်ခါနီး Night Cream လေးလိမ်း လောက်ပဲလုပ်နိုင်ကြပါတယ် ။ မျက်နှာလေးတောင် ဒီလိုဆိုမှတော့ တစ်ကိုယ်လုံးက အသားအရေကို ဂရုစိုက်ဖို့ဆိုတာ ပိုခက်တာပေါ့နော်။ အက်ဒ်မင်ဆိို အပျင်းတစ်တဲ့ ရက်တွေ များတော့ အသားအရည်လည်း မှန်မှန်မထိန်းသိမ်းဖြစ်ဘူး ။ အသားအရည်က ဂရုမစိုက်ရင် မစိုက်သလို ထိခိုက်လွယ်တာမို့ အက်ဒ်မင် ရဲ့ အရေပြားဆိုတာ မိန်းကလေးအသားအရေနဲ့တောင် မတူတော့ဘူးရယ်။ နေလောင်လို့ အသားမညီတာတစ်မျိုး၊ အေးတဲ့ချိန်ဆို အသားအရေခြောက်ပြီး မွဲနေတာကတစ်မျိုး နဲ့ အရေပြား ပြဿနာတွေ ကြုံနေရတော့တာပါပဲ။ အဲဒီတော့ ဖြေရှင်းဖို့ နည်းလမ်းရှာရတာပေါ့။ အဲဒီမှာ Skin Peeling ကို သွားတွေ့ပါတယ်။

Skin Peeling ဆိုတာကို အမြင်သာဆုံးဖြစ်အောင် ဥပမာပြရမယ်ဆိုရင်တော့ မြွေတွေ အရေခွံလဲသလိုပါပဲ ။ ( ဟီး သိပ်တော့ကဗျာမဆန်ဘူးနော် ) ။ ဒါပေမယ့် အကျိုးရလဒ်ကတော့ တကယ့်ကို စိတ်ကျေနပ်စရာပါ ။ အရေပြားကမကောင်းတဲ့ ဆဲလ်တွေကိုဖယ်ထုတ် ဆဲလ်အသစ်တွေမွေးဖွားစေပြီး အရေပြားအဟောင်းကိုချွတ် Skin အသစ်လေးတစ်ခုကို ပြန်မွေးဖွားပေးလိုက်တာပါ ။ ဒါဆို သူ့ရဲ့ ဆောင်ရန်ရှောင်ရန်နဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ကြည့်ကြရအောင်နော်…

Skin Peeling လုပ်မယ့်သူတွေ သတိထားရမယ့်အရာ

-Peeling လုပ်ပြီးကာစအသားက အရမ်းနုနယ်ပါတယ် ။ အနည်းဆုံး SPF 30 ပါတဲ့ နေလောင်ခံ Cream တစ်ခုခု လိမ်းပြီးမှ အပြင်ထွက်ဖို့လိုအပ်ပါတယ် ။

-Skin Sensitive ဖြစ်တဲ့သူတွေ Skin မှာ Chemical ကြောင့် ပျက်ဆီးထိခိုက်တာဖြစ်ခဲ့ဖူးတဲ့သူတွေဆို Peeling ကို ဒီတိုင်းမလုပ်စေချင်ပါဘူး ။ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်စေချင်ပါတယ် ။ အကောင်းဆုံးကတော့ အရေပြား အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ လုပ်တာပေါ့ ။

-အရေပြားအတွက် ဆေးကုသမှုတစ်ခုခုခံယူနေရတဲ့သူတွေ Peeling လုပ်လို့မရပါဘူး ။

-မကျက်သေးတဲ့ ဒဏ်ရာရှိနေရင်လည်း လုပ်လို့မရပါဘူး ။

-တစ်ပတ်မှာ တစ်ကြိမ်ထက်ပိုပြီးလုပ်လို့ မရပါဘူး ။ အသားအရေ ထိခိုက်သွားနိုင်လို့ပါ ။ တစ်နှစ်လုံးမှာမှ နှစ်ကြိမ်လောက်ပဲလုပ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ် ။

-Skin Peeling လုပ်ပြီးတာနဲ့ အသားအရေကို moisturizing cream (အစိုဓာတ်ထိန်းခရင်မ်) တစ်ခုခုလိမ်းပေးရပါတယ် ။ မဟုတ်ရင် အသားတင်းတင်းကြီးနဲ့ နေရခက်နေစေလို့ပါ ။

အဲဒီအချက်တွေကို သတိထားပြီး Skin Peeling လုပ်ပြီးပြီဆိုရင်တော့

အရင်ကထက် ပိုနူးညံ့နုပျို ပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ရမှာပါ ။
Peeling လုပ်ပြီးသား အသားအရေ ပေါ် Skin Care ထပ်လုပ်မယ်ဆိုရင်တော့ ပိုပြီး အကျိုးအာနိသင်ရှိစေပါတယ် ။
အမာရွတ်တွေ ကို လျော့ပါးပျောက်ကင်းစေပြီး မဲနေတဲ့ ချိုင်းသားလို ဒူးခေါင်းလို နေရာမျိုးတွေကိုလည်း ပြန်လည် ဖြူဖွေးစေပါတယ်။
အသားအရေကို အကျိုးအာနိသင်ရှိစေတာတင်မကဘဲ ဒီလို Treatment လုပ်လိုက်ရတဲ့အတွက် စိတ်ကို အနားရစေပြီး stress တွေ၊ စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ် ။

ဒီလို အကျိုးရှိတဲ့ Skin Peeling ကို လုပ်တဲ့အခါ Chemical Cream တွေက သေချာမသုံးတတ်ရင် Side Effect တွေရှိနိုင်တာမို့ ကျွမ်းကျင်တဲ့ Spa တွေမှာ သွားရောက်လုပ်တာ အကောင်းဆုံးပါပဲ ။ တကယ်လို့ ကိုယ်ကိုယ်တိုင် အိမ်မှာလုပ်ချင်တယ်ဆိုရင်လည်း Side Effect နည်းတဲ့ Homemade Organic Cream တွေနဲ့ပဲစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ယောင်းတို့ရေ … Chemical Peeling ကတော့ အန္တရာယ်များတာမို့ ကိုယ်တိုင်လုပ်ဖို့ လုံးဝ မသင့်လျော်ပါဘူးနော်…

ကဲ.. အားလုံးပဲ လှနိုင်ကြပါစေ…


ဖိုးသူတော် (www.phothutaw.com)
Credit: အသဲကျော် ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top