AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×
Credit: myfood
#Unicode Version#
သင့်မှာ ခဏခဏ ခေါင်းကိုင်တာ၊ ကိုယ်အလေးချိန်တက်တာ၊ ဆံပင်ကျွတ်တာနဲ့ အရေပြားဆိုင်ရာ တခြားပြဿနာတွေရှိနေရင် သင့်အနေနဲ့ လျစ်လျူမရှှု့သင့်ပါဘူး။ ပေါက်ပေါက်စုပ်တွေကို စားမယ့်အစား ဆဲလ်မွန်ငါးကို အစားထိုး စားသုံးဖို့ အကြံပြုချင်ပါတယ်။ ဆဲလ်မွန်ငါးဟာ ကျန်းမာရေးစေတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်နေတဲ့ အစားအစာဖြစ်ပါတယ်။
အမေရိကန် နှလုံးကျန်းမာရေးအသင်းက ဆဲလ်မွန်ငါးကို တစ်ပတ် ၂ ကြိမ်အနည်းဆုံး စားသင့်တယ်လို့ဆိုပါတယ်။ ဆဲလ်မွန်ငါးမှာ Omega 3 Fatty Acids, ပရိုတင်း, ဗီတာမင် နဲ့ သတ္တုဓာတ်ကြွယ်ဝတာမို့ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်မွန်ငါး စားသင့်တဲ့ အဓိက အကြောင်းရင်းတွေကို မျှဝေပေးပါမယ်။
၁။ နှလုံးအတွက်ကောင်းမွန်ခြင်း
Omega 3 Fatty Acids ပါဝင်မှု မြင့်မားတဲ့ ဆဲလ်မွန်ငါးဟာ နှလုံးသွေးကြော ရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
၂။ ကိုယ်အလေးချိန် လျှော့ချဖို့ ကူညီပေးခြင်း
ဆဲလ်မွန်ငါးဟာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အဆီပါဝင်လို့ ကိုယ်အလေးချိန် လျှော့ချဖို့ အကူအညီဖြစ်စေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးနိုင်ပါတယ်။
၃။ ဦးနှောက်စွမ်းဆောင်ရည်
Omega 3 Fatty ဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်စွမ်းဆောင်ရည်အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ကလေးငယ်တွေအတွက်ရော အသက်ကြီးတဲ့ အမျိုးသမီးတွေအတွက်ရော ဦးနှောက်စါမ်းဆော်ငရည် ကောင်းမွန်စေပါတယ်။
၄။ ကင်ဆာ တိုက်ဖျက်ပေးနိုင်ခြင်း
ကင်ဆာဟာ ခန္ဓာကိုယ်အတွင်း Omega 3 နဲ့ Omega 6 Fatty Acids ပါဝင်မှု မညီမျှလို့ ဖြစ်ရတာပါ။ သင်စားနေတဲ့ အစားအစာထဲမှာ ဆဲလ်မွန်ငး ထည့်စားမယ်ဆိုရင် ကင်ဆာဖြစ်ပွားမှုကို ကြိုတင်ကာကယ်ပေးနိုင်ပါတယ်။
၅။ ဗီတာမင ်D နဲ့ ပရိုတင်းကြွယ်ဝတယ်
ဗီတာမင် D နဲ့ ပရိုတင်းဓာတ်ကြွယ်ဝလို့ အရိုးကို သန်မာစေသလို နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကြွက်သားကိုလည်း သန်မာစေပြီး ဆံပင်ကျွတ်ခြင်းကို သက်သောစသလို အသားအရေနဲ့ ဆံကေသာအတွက်လည်း ကောင်းမွန်ပါတယ်။
၆။ စိတ်ခံစားချက်ကို ကောင်းမွန်စေခြင်း
ဆဲလ်မွန်ငါးကို စားပေးတာဟာ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ ကျန်းမာရေးကို ထောက်ပံ့ပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုခံစားနေရတဲ့ သူတွေအတွက်လည်း ဆဲလ်မွန်ငါးကို စားပေးတာဟာ ကောင်းမွန်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: myfood
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top