စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ဖမ္းဆီးခံ ႐ိုက္တာသတင္းေထာက္ႏွစ္ဦးကို အေမရိကန္ျပည္ေထာင္စု အေျခစိုက္ သတင္းလြတ္လပ္ခြင့္ေဆာင္ရြက္ ေနေသာ PEN America အဖြဲ႕က ၂၀၁၈ ခုႏွစ္ PEN/Barbey Free-dom to Wirte (လြတ္လပ္စြာေရးသားခြင့္) ဆုခ်ီးျမႇင့္သည္။

အဆိုပါဆုသည္ လြတ္လပ္ စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ တားျမစ္ခံရေသာ ဖမ္းဆီးခံသတင္း ေထာက္မ်ားကို ႏွစ္စဥ္ေပးေလ့ရွိ ၿပီး ၂၀၁၈ ေမလ ၂၂ ရက္တြင္ နယူးေယာက္ၿမိဳ႕ရွိ အေမရိကန္သဘာဝသမိုင္းျပတိုက္တြင္ က်င္းပမည့္အခမ္းအနား၌ ဆုေပးအပ္မည္ ျဖစ္သည္။

ဖမ္းဆီးခံ သတင္းေထာက္ မ်ားျဖစ္သည့္ ကိုဝလံုးႏွင့္ ကိုေက်ာ္စိုးဦး (ခ) ကိုမိုးေအာင္ကို ဆုခ်ီးျမႇင့္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံ၏ သတင္းလြတ္လပ္ခြင့္အေျခအေန ပိုမိုဆိုးရြားလာသည္ကို မီးေမာင္းထုိးျပရာေရာက္ေၾကာင္း PEN America အဖြဲ႕ အမႈေဆာင္ဒါ႐ိုက္တာ Mrs. Suzanne Nossel က ဗီအိုေအ(ျမန္မာပိုင္း) သတင္းဌာနအား ေျပာသည္။

 ‘‘သတင္းေထာက္ေတြကို ဖမ္းဆီးတဲ့အတြက္ အစိုးရဟာ အေျခအေနေတြကို ႏႈတ္ပိတ္ေစ ခ်င္ၿပီး အခ်က္အလက္ေတြကို ဖံုး ကြယ္ဖို႔ ႀကိဳးစားေနတယ္လို႔ျမင္ရ ပါတယ္။ သူတို႔ကို အခုလိုဆုေပးျခင္းအားျဖင့္ PEN America အေနနဲ႔ အမွန္တရားဘက္က ရပ္တည္ၿပီး အမွန္တရား ေဖာ္ထုတ္သူေတြကို အကာအကြယ္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္’’ဟု Mrs. Suzanne Nossel က ေျပာသည္။

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိ ကန္သံ႐ံုးက ‘ျမန္မာႏုိင္ငံ၌ ဖမ္းဆီး ခံထားရေသာ ႐ိုက္တာသတင္း ေထာက္မ်ားကို ဂုဏ္သိကၡာႀကီး မားသည့္ ဆုတစ္ခု ဂုဏ္ျပဳခ်ီးျမႇင့္ မည့္အေၾကာင္း PEN America က ေၾကညာသည့္အတြက္ မိမိတို႔ အားတက္မိပါသည္။ ယင္းဆုကို ဖမ္းဆီးခံရသည့္ သတင္းေထာက္မ်ားအတြက္ ႏွစ္စဥ္ေပးအပ္ျခင္းျဖစ္သည္။ သတင္းလြတ္လပ္ခြင့္ဆုိသည္မွာ က်န္းမာႀကံ႕ခိုင္ေသာ ဒီမုိကေရစီစနစ္အတြက္ လြန္စြာ အေရးပါလွပါသည္’ဟု ေဖေဖာ္ဝါရီ ၁၄ ရက္တြင္ ထုတ္ျပန္သည္။

ယမန္ေန႔ကလည္း ဖမ္းဆီးခံ ႐ိုက္တာသတင္းေထာက္ႏွစ္ဦး ေျခာက္ႀကိမ္ေျမာက္ ႐ံုးထုတ္ရာ တြင္ ၎တို႔ႏွစ္ဦးကို အမႈစစ္ေဆး ေသာ ဒုရဲအုပ္မ်ိဳးကိုကိုအား စစ္ ေဆးရာ ရဲလက္စြဲဥပေဒကို မသိ ေၾကာင္း ထြက္ဆိုခဲ့သည္။

‘‘ဒီေန႔ကေတာ့ အမႈစစ္ကို စစ္တယ္။ အၾကမ္းဖ်င္းကေတာ့ အမႈစစ္တဲ့အခ်ိန္မွာ ရဲလက္စြဲ ဥပေဒနဲ႔ ညီလား၊ မညီလား ကြၽန္ ေတာ္ ေမးတဲ့အခ်ိန္မွာ မသိဘူးဆို တာ ေျဖသြားတယ္။ အဲဒီေတာ့ ဖမ္းဆီးတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြက ရဲ ဥပေဒေတြ၊ ရဲလက္စြဲဥပေဒေတြနဲ႔ မညီဘူးဆိုတာ ေပၚတယ္။ ညီ၊ မညီ ဆိုတာ သူတို႔မေျပာႏိုင္ဘူး ေပါ့။ ေနာက္တစ္ခုက ဒီရဲေန႔စဥ္မွတ္တမ္းေတြ တရား႐ံုးကို တင္ျပဖို႔ ေလွ်ာက္ထားတယ္။ အဲဒါလည္း မေအာင္ျမင္ခဲ့ပါဘူး’’ဟု စြပ္စြဲခံရ သူမ်ားဘက္က လိုက္ပါေဆာင္ ရြက္သည့္ တရားလႊတ္ေတာ္ေရွ႕ ေန ဦးသန္းေဇာ္ေအာင္က ေျပာ သည္။

ဒုရဲအုပ္မ်ိဳးကိုသည္ ႐ိုက္တာသတင္းေထာက္ႏွစ္ဦးကို ဖမ္း ဆီးရာတြင္ ပါဝင္သည္ဟု တရား ႐ံုးတြင္ ထြက္ဆိုေသာ္လည္း ဖမ္းဆီးခံ ႐ိုက္တာသတင္းေထာက္ ကိုေက်ာ္စိုးဦးက ‘‘ဒီေန႔ အမႈစစ္တဲ့ ရဲက ဖမ္းဆီးတဲ့ထဲမွာ မပါပါဘူး။ ဘာေၾကာင့္ သူပါတယ္လို႔ ေျပာ သြားတာ နားမလည္ဘူး’’ ဟု သတင္းေထာက္မ်ားအား တရား ႐ံုးမွ အထြက္တြင္ ေအာ္ေျပာ သည္။

‘‘ကြၽန္ေတာ္တို႔ သတင္းသ မားတစ္ေယာက္အေနနဲ႔ လုပ္ခဲ့တဲ့ အခါမွာ အျပည့္အဝ ယံုၾကည္ တယ္။ သတင္းသမားက်င့္ဝတ္ ကိုလည္း ေဖာက္ဖ်က္ခဲ့တာ မရွိ ဘူး။ ၿပီးခဲ့တဲ့ သတင္းေတြအေပၚ မွာလည္း သတင္းသမားက်င့္ဝတ္ နဲ႔အညီ လုပ္ခဲ့တယ္လို႔ ေျပာခ်င္ပါ တယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ေတာ့လည္း ႏိုင္ငံေတာ္အေနနဲ႔ တရားဥပေဒစိုးမိုးေရးကို အ ေထာက္အကူ ျဖစ္ေစခ်င္ပါ တယ္’’ဟု ဖမ္းဆီးခံသတင္း ေထာက္ ကိုဝလံုးက တရား႐ံုးမွ ျပန္အထြက္တြင္ ေျပာသည္။

 ႐ိုက္တာသတင္းေထာက္ ႏွစ္ဦးကို ေဖေဖာ္ဝါရီ ၂၁ ရက္တြင္႐ံုးခ်ိန္းထပ္မံခ်ိန္းဆုိထားသည္။

ရခိုင္ျပည္နယ္တြင္ လံုၿခံဳေရးတာဝန္ ထမ္းေဆာင္ၿပီးေနာက္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိ လာသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ခ်ဥ္း ကပ္စည္း႐ံုးဆက္သြယ္ၿပီး အေရး ႀကီး လံုၿခံဳေရးစာရြက္စာတမ္း အ ေထာက္အထားမ်ားကို ျပည္ပ သတင္းဌာနမ်ားသို႔ ေပးပို႔ရန္ ရည္ ရြယ္ခ်က္ျဖင့္ တရားမဝင္သတင္း ရယူ ေဆာင္ရြက္ခဲ့သည္ဆိုကာ ႐ိုက္တာသတင္းဌာနမွ ျမန္မာ သတင္းေထာက္ ႏွစ္ဦးျဖစ္သည့္ ကိုဝလံုးႏွင့္ ကိုေက်ာ္စိုးဦးတို႔ကို ျမန္မာႏုိင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္ မ်ားအက္ဥပေဒပုဒ္မ ၃ ျဖင့္ ဒီဇင္ဘာ ၁၂ ရက္ညကဖမ္းဆီးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးကို အမေရိကန်ပြည်ထောင်စု အခြေစိုက် သတင်းလွတ်လပ်ခွင့်ဆောင်ရွက် နေသော PEN America အဖွဲ့က ၂၀၁၈ ခုနှစ် PEN/Barbey Free-dom to Wirte (လွတ်လပ်စွာရေးသားခွင့်) ဆုချီးမြှင့်သည်။

အဆိုပါဆုသည် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့် တားမြစ်ခံရသော ဖမ်းဆီးခံသတင်း ထောက်များကို နှစ်စဉ်ပေးလေ့ရှိ ပြီး ၂၀၁၈ မေလ ၂၂ ရက်တွင် နယူးယောက်မြို့ရှိ အမေရိကန်သဘာဝသမိုင်းပြတိုက်တွင် ကျင်းပမည့်အခမ်းအနား၌ ဆုပေးအပ်မည် ဖြစ်သည်။

ဖမ်းဆီးခံ သတင်းထောက် များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်ကို ဆုချီးမြှင့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေ ပိုမိုဆိုးရွားလာသည်ကို မီးမောင်းထိုးပြရာရောက်ကြောင်း PEN America အဖွဲ့ အမှုဆောင်ဒါရိုက်တာ Mrs. Suzanne Nossel က ဗီအိုအေ(မြန်မာပိုင်း) သတင်းဌာနအား ပြောသည်။

 ‘‘သတင်းထောက်တွေကို ဖမ်းဆီးတဲ့အတွက် အစိုးရဟာ အခြေအနေတွေကို နှုတ်ပိတ်စေ ချင်ပြီး အချက်အလက်တွေကို ဖုံး ကွယ်ဖို့ ကြိုးစားနေတယ်လို့မြင်ရ ပါတယ်။ သူတို့ကို အခုလိုဆုပေးခြင်းအားဖြင့် PEN America အနေနဲ့ အမှန်တရားဘက်က ရပ်တည်ပြီး အမှန်တရား ဖော်ထုတ်သူတွေကို အကာအကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ဟု Mrs. Suzanne Nossel က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံရုံးက ‘မြန်မာနိုင်ငံ၌ ဖမ်းဆီး ခံထားရသော ရိုက်တာသတင်း ထောက်များကို ဂုဏ်သိက္ခာကြီး မားသည့် ဆုတစ်ခု ဂုဏ်ပြုချီးမြှင့် မည့်အကြောင်း PEN America က ကြေညာသည့်အတွက် မိမိတို့ အားတက်မိပါသည်။ ယင်းဆုကို ဖမ်းဆီးခံရသည့် သတင်းထောက်များအတွက် နှစ်စဉ်ပေးအပ်ခြင်းဖြစ်သည်။ သတင်းလွတ်လပ်ခွင့်ဆိုသည်မှာ ကျန်းမာကြံ့ခိုင်သော ဒီမိုကရေစီစနစ်အတွက် လွန်စွာ အရေးပါလှပါသည်’ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့ကလည်း ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦး ခြောက်ကြိမ်မြောက် ရုံးထုတ်ရာ တွင် ၎င်းတို့နှစ်ဦးကို အမှုစစ်ဆေး သော ဒုရဲအုပ်မျိုးကိုကိုအား စစ် ဆေးရာ ရဲလက်စွဲဥပဒေကို မသိ ကြောင်း ထွက်ဆိုခဲ့သည်။

‘‘ဒီနေ့ကတော့ အမှုစစ်ကို စစ်တယ်။ အကြမ်းဖျင်းကတော့ အမှုစစ်တဲ့အချိန်မှာ ရဲလက်စွဲ ဥပဒေနဲ့ ညီလား၊ မညီလား ကျွန် တော် မေးတဲ့အချိန်မှာ မသိဘူးဆို တာ ဖြေသွားတယ်။ အဲဒီတော့ ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲ ဥပဒေတွေ၊ ရဲလက်စွဲဥပဒေတွေနဲ့ မညီဘူးဆိုတာ ပေါ်တယ်။ ညီ၊ မညီ ဆိုတာ သူတို့မပြောနိုင်ဘူး ပေါ့။ နောက်တစ်ခုက ဒီရဲနေ့စဉ်မှတ်တမ်းတွေ တရားရုံးကို တင်ပြဖို့ လျှောက်ထားတယ်။ အဲဒါလည်း မအောင်မြင်ခဲ့ပါဘူး’’ဟု စွပ်စွဲခံရ သူများဘက်က လိုက်ပါဆောင် ရွက်သည့် တရားလွှတ်တော်ရှေ့ နေ ဦးသန်းဇော်အောင်က ပြော သည်။

ဒုရဲအုပ်မျိုးကိုသည် ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်း ဆီးရာတွင် ပါဝင်သည်ဟု တရား ရုံးတွင် ထွက်ဆိုသော်လည်း ဖမ်းဆီးခံ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက ‘‘ဒီနေ့ အမှုစစ်တဲ့ ရဲက ဖမ်းဆီးတဲ့ထဲမှာ မပါပါဘူး။ ဘာကြောင့် သူပါတယ်လို့ ပြော သွားတာ နားမလည်ဘူး’’ ဟု သတင်းထောက်များအား တရား ရုံးမှ အထွက်တွင် အော်ပြော သည်။

‘‘ကျွန်တော်တို့ သတင်းသ မားတစ်ယောက်အနေနဲ့ လုပ်ခဲ့တဲ့ အခါမှာ အပြည့်အဝ ယုံကြည် တယ်။ သတင်းသမားကျင့်ဝတ် ကိုလည်း ဖောက်ဖျက်ခဲ့တာ မရှိ ဘူး။ ပြီးခဲ့တဲ့ သတင်းတွေအပေါ် မှာလည်း သတင်းသမားကျင့်ဝတ် နဲ့အညီ လုပ်ခဲ့တယ်လို့ ပြောချင်ပါ တယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တော့လည်း နိုင်ငံတော်အနေနဲ့ တရားဥပဒေစိုးမိုးရေးကို အ ထောက်အကူ ဖြစ်စေချင်ပါ တယ်’’ဟု ဖမ်းဆီးခံသတင်း ထောက် ကိုဝလုံးက တရားရုံးမှ ပြန်အထွက်တွင် ပြောသည်။

 ရိုက်တာသတင်းထောက် နှစ်ဦးကို ဖေဖော်ဝါရီ ၂၁ ရက်တွင်ရုံးချိန်းထပ်မံချိန်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ချဉ်း ကပ်စည်းရုံးဆက်သွယ်ပြီး အရေး ကြီး လုံခြုံရေးစာရွက်စာတမ်း အ ထောက်အထားများကို ပြည်ပ သတင်းဌာနများသို့ ပေးပို့ရန် ရည် ရွယ်ချက်ဖြင့် တရားမဝင်သတင်း ရယူ ဆောင်ရွက်ခဲ့သည်ဆိုကာ ရိုက်တာသတင်းဌာနမှ မြန်မာ သတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် များအက်ဥပဒေပုဒ်မ ၃ ဖြင့် ဒီဇင်ဘာ ၁၂ ရက်ညကဖမ်းဆီးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top