ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဒန္႔သလြန္ဆိုတာကေတာင္အာရွေဒသမွာ အေပါက္ေရာက္မ်ားတဲ့ အပင္တစ္မ်ိဳးျဖစ္ျပီး အခုေနာက္ပိုင္းမွာေတာ့ အပူပိုင္းေဒသေတာ္ေတ္မ်ားမ်ားမွာေပါက္ေရာက္လာျပီျဖစ္ပါတယ္။ ဒန္႔သလြန္ပင္ရဲ႕အရြက္ကို တိုင္းရင္းေဆးေတြထဲမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက အသံုးျပဳခဲ့ၾကပါတယ္။

ဒန္႔သလြန္ပင္ဟာ ပင္စည္က အျဖဴေရာင္ျဖစ္ျပီးကၽြတ္ဆက္တဲ့အကိုင္းအလက္ေတြနဲ႔ ဘဲဥပံုအစိမ္းေရာင္အရြက္ေတြပါရွိပါတယ္။ ဒန္႔သလြန္ရြက္မွာ ပရိုတင္း၊ ကယ္လလ္ဆီယမ္၊ ဘီတာ ကယ္လ္ရိုတင္း၊ ဗီတာမင္ စီ၊ ပိုတက္ဆီယမ္တို႔လိုမ်ိဳး အာဟာရဓာတ္မ်ားစြာပါဝင္ပါတယ္။  ဒန္႔သလြန္မွာ မိႈပိုးေတြကိုေသေစႏိုင္တဲ့အာနိသင္ရွိသလို ေရာဂါပိုးေတြကိုလည္းတိုက္ဖ်က္နိုင္တဲ့အစြမ္းရွိပါတယ္။ ေရာင္ရမ္းမႈ  ကိုေလ်ာ့ပါးေစႏိုင္စြမ္းလည္းရွိပါတယ္။

ဒန္႔သလြန္မွာပါတဲ့ အာဟာရဓာတ္ေတြကဘာေတြလဲ။

ဒန္႔သလြန္ရြက္နဲ႔ဒန္႔သလြန္သီးတို႔မွာ အာဟာရဓာတ္ၾကြယ္ဝစြာပါဝင္ျပီး ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ပရိုတင္း၊ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြၾကြယ္ဝစြာပါဝင္ပါတယ္။ ဒန္႔သလြန္ရြက္မွာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အမိုင္နို အက္ဆစ္လည္းၾကြယ္ဝစြာပါဝင္ ပါတယ္။ ဒန္႔သလြန္ရြက္နဲ႔ဒန္႔သလြန္သီးေတြမွာ ဗီတာမင္ ေအ၊ ဗီတာမင္ B1 (သိုင္ရာမင္)၊ B2 (ရီဗိုဖလာပင္), B3 (နီရာဆင္), B-6၊ folate နဲ႔ ascorbic အက္ဆစ္ (ဗီတာမင္ C) တို႔ၾကြယ္ဝစြာပါဝင္ေနပါတယ္။ ဒန္႔သလြန္ရြက္နဲ႔အသီးမွာ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ သံဓာတ္၊ မဂၢနီဆီယမ္၊ေဖာ့ဖရိတ္နဲ႔ဇင့္တို႔ၾကြယ္ဝစြာပါဝင္ေနပါတယ္။ အဆီပါဝင္မႈအရမ္းနည္းသလို အႏၱရာယ္ရွိတဲ့ ကိုလက္စထေရာေတြလည္းမပါဝင္ပါဘူး။


က်န္းမာေရးအတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြရေစႏိုင္သလဲ။

၁. အမိုင္ႏိုအက္ဆစ္

ဒန္႔သလြန္ရြက္မွာ ခႏၶာကိုယ္ရဲ႕ဖြဲ႔စည္းမႈနဲ႔ ပရိုတင္းေတြျဖစ္ေပၚမႈအတြက္ အသံုးဝင္တဲ့ အမိုင္ႏိုအက္ဆစ္ ၁၈ မ်ိဳးပါဝင္ပါတယ္။ အဆိုပါအက္ဆစ္ေတြက ကိုယ္ခႏၶာရဲ႕လုပ္ငန္းစဥ္ေတြပံုမွန္လည္ပတ္ေစဖို႔ အေထာက္အကူျပဳေပးပါတယ္။

၂. ေရာင္ရမ္းမႈမျဖစ္ေအာင္လုပ္ေဆာင္ေပးႏိုင္ျခင္း

ဒန္႔သလြန္ရြက္မွာ သံဓာတ္၊ေရာင္ရမ္းမႈကို က်ဆင္းေစတဲ့အာနိသင္နဲ႔ ေရာဂါပိုးေတြကိုေသေစႏိုင္တဲ့အစြမ္းသတၱိေတြပါဝင္ပါတယ္။ ဒန္႔သလြန္ရြက္က အနာေတြ၊အပူေလာင္တာနဲ႔ျပန္ရွဒဏ္ရာေတြလိုမ်ိဳး အေသးစားဒဏ္ရာေတြကို သက္သာေစႏိုင္ပါတယ္။ အနာက်က္လည္းျမန္ေစပါတယ္။

၃. ႏို႔ထြက္ေစျခင္း

ႏို႔တိုက္မိခင္ေတြမွာ ႏို႔ထြက္ေစဖို႔အတြက္ ဒန္႔သလြန္ရြက္စားသံုးေပးတာကို ေရွးယခင္ကာလေတြကတည္းကအသံုးျပဳခဲ့ၾကပါတယ္။ ဒန္႔သလြန္ရြက္က ႏို႔တိုက္မိခင္ေတြမွာ ႏို႔ထြက္ေကာင္းေအာင္အေထာက္အကူေပးပါတယ္။

၄. ကိုလက္စထေရာ

ဒန္႔သလြန္ရြက္မွာ အဆီေတြကိုေလာင္ကၽြမ္းေစျပီး ခႏၶာကိုယ္ကိုက်စ္လ်စ္သြယ္လ်ေစတဲ့ အစြမ္းေတြရွိပါတယ္။ ဒန္႔သလြန္ရြက္က ကိုယ္ခႏၶာကို က်စ္လ်စ္သြယ္လ်ေစသလို အားအင္ျပည့္ေစပါတယ္။ ဒန္႔သလြန္ရြက္ကို သေရစာေတြစားခ်င္စိတ္ကိုေဖ်ာက္ဖ်က္ေပးျပီး က်န္းမာတက္ၾကြတဲ့ ဘဝေနထိုင္မႈတစ္ရပ္ဖန္တီးဖို႔အတြက္ အသံုးျပဳႏိုင္တဲ့ သဘာဝေဆးနည္းေကာင္းတစ္ခုပါ။ ကိုလက္စထေရာပမာစ နည္းတာက ႏွလံုးေရာဂါခံစားရႏိုင္ေျခကိုေလ်ာ့ခ်ေပးသလို အျခားႏွလံုးေသြးေၾကာေရာဂါေတြခံစားရႏိုင္ေျခကိုေလ်ာ့ခ်ရာမွာလည္း အေထာက္အကူျပဳပါတယ္။

၅. ဆီးခ်ိဳ

ဒန္႔သလြန္ရြက္ရဲ႕ေနာက္ထပ္အက်ိဳးေက်းဇူးတစ္ရပ္က ဆီးခ်ိဳေရာဂါကိုထိန္းခ်ဳပ္ေပးတာပဲျဖစ္ပါတယ္။ ဒန႔္သလြန္ရြက္က အခ်ိဳဓာတ္မပါဘဲ ခႏၶာကိုယ္အတြက္ စြမ္းအင္ေတြေထာက္ပံ့ေပးပါတယ္။ ဒန္႔သလြန္က ေသြးတြင္းသၾကားဓာတ္ကိုေလွ်ာ့ခ်ေပးႏိုင္တဲ့ ေဆးဖက္ဝင္အပင္တစ္မ်ိဳးပါ။

၆. ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ

ခႏၶာကိုယ္ရဲ႕ ဆဲလ္ေတြက်န္းမာေစဖို႔အတြက္ အေရးပါတဲ့အခန္းက႑ကေနပါဝင္ေနတဲ့အရာတစ္မ်ိဳးျဖစ္ပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြက ကင္ဆာေရာဂါျဖစ္နိုင္ေျခကိုေလွ်ာ့ခ်ေပးႏိုင္သလို အသက္အရြယ္အိုမင္းမႈျဖစ္စဥ္ကိုလည္းေႏွးေကြးေစပါတယ္။ ဒန္႔သလါန္ရြက္မွာ အေရျပားကို အားျဖည့္ေပးႏိုင္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္း အမ်ိဳး ၃၀ ေလာက္ပါဝင္ပါတယ္။ ေန႔စဥ္စားသံုးတဲ့ အစားအေသာက္ေတြထဲမွာ ဒန္႔သလြန္ရြက္ကိုထည့္သြင္းစားသံုးေပးမယ္ဆိုရင္ ခႏၶာကိုယ္ရဲ႕ဇီဝတြင္းျဖစ္ပ်က္မႈကို လႈံ႔ေဆာ္ေပးမွာျဖစ္သလို ကိုယ္အေလးခ်ိန္ကိုလည္းက်ဆင္းေစမွာျဖစ္ပါတယ္။

၇. ဆံပင္သန္စြမ္းေစျခင္း

ဒန္႔သလြန္ရြက္မွာ ဆံပင္နဲ႔ဦးေရျပားကိုအက်ိဳးျပဳတဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ အမ်ားအျပားပါဝင္ေနပါတယ္။ ဒန္႔သလြန္ရြက္ကို ဆံပင္နဲ႔ဦးေရျပား သန္႔ရွင္းေစဖို႔၊ဆံပင္ကၽြတ္သက္သာေစဖို႔ နဲ႔ ေဗာက္မထေစဖို႔အတြက္အသံုးျပဳႏိုင္သလို ဆံသားေျခာက္ေသြ႔ပ်က္စီးတာမ်ိဳး မျဖစ္ေအာင္ကာကြယ္ရာမွာလည္း အေထာက္အကူျပဳပါတယ္။ ဒန္႔သလြန္ရြက္မွာ ဆံသားကိုက်န္းမာသန္စြမ္းေစတဲ့ ဗီတာမင္ B1 ၊ B2 ၊ B3 ၊ B-6  ၊ folate နဲ႔ဗီတာမင္ C တို႔ပါဝင္ေနပါတယ္။ ဒန္႔သလြန္ရြက္က ဦးေရျပားမွာ ေသြးလည္ပတ္မႈကိုတိုးတက္ေစသလို ဆံပင္သန္စြမ္းမႈကို အေထာက္အကူေပးပါတယ္။ ဦးေရျပားမွာ ေသြးလည္ပတ္မႈေကာင္းမြန္တဲ့အခါ ဆံတြင္းေပါက္ေလးေတြကို အာဟာရျပည့္ဝေစျပီး ဆံပင္ေတြကို သန္စြမ္းနက္ေမွာင္ေစပါတယ္။

၈ အာရံုေၾကာစနစ္

ဒန္႔သလြန္ရြက္က အာရံုေၾကာစနစ္မွာ ခ်ိဳ႕ယြင္းမႈေတြမျဖစ္ေအာင္တိုက္ထုတ္ရာမွာ အေထာက္အကူေပးပါတယ္။ ဒန္႔သလြန္ရြက္က ေခါင္းတစ္ျခမ္းကိုက္တာ၊ေခါင္းကိုက္တာ၊ မအီမသာျဖစ္တာနဲ႔ အျခားအာရံုေၾကာဆိုင္ရာေဝဒနာေတြကို သက္သာေစႏိုင္ပါတယ္။ ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ရည္ကိုတိုးတက္ေကာင္းမြန္ေစပါတယ္။ အယ္လ္ဇိုင္းမားလိုမ်ိဳးေရာဂါေတြမျဖစ္ေအာင္ကာကြယ္ရာမွာလည္းအေထာက္အပံ့ေပးပါတယ္။

၉. အစာေခ်စနစ္ကိုေကာင္းမြန္ေစျခင္း

ဒန္႔သလြန္ရြက္က အစာေက်လြယ္ျပီး အစာေခ်ဖ်က္မႈကိုေကာင္းမြန္ေအာင္အေထာက္အကူေပးပါတယ္။ ခႏၶာကိုယ္အစိတ္အပိုင္းေတြက အာဟာရဓာတ္ေတြကို ပိုမိုစုပ္ယူႏိုင္ေစပါတယ္။

၁၀. အဆိပ္ေျပေစျခင္း

ဒန္႔သလြန္ရြက္က ခႏၶာကိုယ္တြင္းကအဆိပ္အေတာက္ေတြကိုေျပေစျပီး ေသြးသန္႔ေစပါတယ္။

၁၁. စြမ္းအင္ျပည့္ဝေစျခင္း

ဒန္႔သလြန္ရြက္က စြမ္းအင္ျပည့္ဝေစပါတယ္။ ဒန္႔သလြန္ရြက္က အခ်ိဳဓာတ္လံုးဝမပါဝင္ဘဲ သဘာဝနည္းအတိုင္း ခႏၶာကိုယ္ကို စြမ္းအင္ျပည့္ဝေစတာျဖစ္ပါတယ္။

၁၂. ဝက္ျခံ နဲ႔ ဆားဝက္ျခံေတြကိုသက္သာေစျခင္း

ဒန္႔သလြန္ရြက္က အေရျပားကအဆိပ္အေတာက္ျဖစ္ေစတဲ့အရာေတြကို ဖယ္ရွားေပးျပီး အေရျပားကိုႏုပ်ိဳေစပါတယ္။ အသားအေရကိၾကည္လင္ေစျပီး  ျဖဴဝင္းလွပေစႏိုင္ပါတယ္။ ဝက္ျခံနဲ႔အမဲစက္ေတြျဖစ္ေပၚမႈကိုလည္း သက္သာေစပါတယ္။

၁၃. ကူးစက္ေရာဂါေတြကို တိုုက္ဖ်က္နိုင္ျခင္း

ဒန္႔သလြန္ရြက္မွာ ဘက္တီးရီးယားေတြကိုေသေစႏိုင္တဲ့အာနိသင္နဲ႔ မိႈပိုးကိုတိုက္ဖ်က္နိုင္တဲ့အာနိသင္ေတြရွိတာေၾကာင့္ ကူးစက္ေရာဂါေတြတိုက္ဖ်က္ရာမွာ အေထာက္အကူျပဳပါတယ္။ ဒန္႔သလြန္ရြက္က အေရျပားမွာကူးစက္ေရာဂါျဖစ္ေစတဲ့ မိႈပိုးေတြကိုတိုက္ဖ်က္ေပးသလို ေသြးနဲ႔ ဆီးလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါေတြကိုျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကိုလည္း တိုက္ဖ်က္ေပးပါတယ္။

၁၄. အသည္းက်န္းမာေစျခင္း

ဒန္႔သလြန္ရြက္မွာ polyphenols မ်ားစြာပါဝင္တာေၾကာင့္ အသည္းကို အဆိပ္အေတာက္ျဖစ္ေစတာနဲ႔ပ်က္စီးတာမ်ိုးေတြမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

၁၅. အရိုးက်န္းမာသန္စြမ္းေစျခင္း

ဒန္႔သလြန္ရြက္မွာ ကယ္လ္ဆီယမ္နဲ႔ေဖာ့စဖရိတ္လိုမ်ိုး မရွိမျဖစ္လိုအပ္တဲ့ သတၱဳဓာတ္ေတြပါဝင္တာေၾကာင့္ အရိုးေတြက်န္းမာသန္စြမ္းေအာင္ ထိန္းသိမ္းေပးပါတယ္။ ဒန္႔သလြန္ရြက္က ေရာင္ရမ္းမႈကိုေလ်ာ့က်ေစတာေၾကာင့္  အဆစ္ေရာင္နာလိုမ်ိဳး အရိုးအဆစ္ေတြနာက်င္တဲ့ေဝဒနာေတြကို ကုသရာမွာထိေရာက္တဲ့အစြမ္းအာနိသင္ေတြရွိပါတယ္။ ဒန္႔သလြန္ရြက္က အရြတ္ေတြမွာျဖစ္တဲ့ နာက်င္မႈေတြကို သက္သာေစႏိုင္တဲ့အစြမ္းလည္းရွိပါတယ္။

၁၆.ေက်ာက္တည္တာမ်ိဳးေတြမျဖစ္ေအာင္ကာကြယ္ေပးျခင္း

ဒန္႔သလြန္ရြက္က ေက်ာက္ကပ္၊ဆီးအိမ္နဲ႔ သားအိမ္ထဲမွာေက်ာက္တည္တာမ်ိဳးေတြမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ ဒန္႔သလြန္မွာ ေက်ာက္တည္တာကိုေလွ်ာ့ခ်ေပးနုိင္တဲ့အစြမ္းသတၱိရွိသလို endogenous oxalate synthesis ကိုထိန္းခ်ဳပ္ရာမွာလည္းအေထာက္အကူျပဳပါတယ္။

၁၇. ေက်ာက္ကပ္ေရာဂါေတြမျဖစ္ေအာင္ကာကြယ္ေပးျခင္း

ဒန္႔သလြန္ရြက္ အဆီအႏွစ္က ေဆးဝါးေတြနဲ႔ အဆိပ္ရွိတဲ့အရာေတြနဲ႔ထိေတြ႔မိတာေၾကာင့္ျဖစ္တဲ့ေက်ာက္ကပ္ပ်က္စီးတာေတြကို ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။ ဒန္႔သလြန္မွာပါတဲ့ nephroprotective ကေက်ာက္ကပ္ကိုထိခိုက္မႈေတြကိုေလ်ာ့က်ေစပါတယ္။ nephroprotective  က ထိေရာက္တဲ့ bio-absorbent အျဖစ္လုပ္ေဆာင္ေပးျပီး ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ျဖစ္ေစတဲ့အရာေတြနဲ႔ အႏၱရာယ္ရွိတဲ့အရာေတြကိုဖယ္ရွားရာမွာ အေထာက္အကူျပဳပါတယ္။

၁၈. သေႏၶတားေပးႏိုင္စြမ္းရွိျခင္း

ဒန္႔သလြန္မွာ သေႏၶတားေပးႏိုင္စြမ္းရွိပါတယ္။ ဒန္႔သလြန္ရဲ႕အဆီအႏွစ္ကို ေဟာ္မုန္းပ်က္စီးေစမႈ ( estrogenic activity) လုပ္ေဆာင္ရာမွာအသံုးျပဳၾကသလို သေႏၶမေအာင္ေစေအာင္ကာကြယ္ရာမွာလည္းအက်ိဳးျပဳပါတယ္။

၁၉. ေသြးတိုးက်ေစျခင္း

ဒန္႔သလြန္က ေသြးေပါင္ခ်ိန္နဲ႔ ကိုယ္တြင္းကိုလက္စထေရာပမာဏကို သင့္တင့္တဲ့အေနအထားျဖစ္ေအာင္ ထိန္းညွိရာမွာ အေထာက္အကူျပဳပါတယ္။ isothiocyanate နဲ႔ niaziminin တို႔လိုမ်ိဳး Bioactive ပစၥည္းေတြက ေသြးေၾကာေတြမပိတ္ေအာင္ကာကြယ္ေပးသလို အဆုတ္ေသြးေၾကာေတြကို ထိခိုက္ေစႏိုင္တဲ့ေသြးတိုးေရာဂါ (pulmonary hypertension) ျဖစ္ေပၚမႈကိုလည္း   ေလ်ာ့က်ေစႏိုင္ပါတယ္။ ေလ့လာမႈေတြမွာ ဒန္႔သလြန္ရြက္မွာပါတဲ့ hypocholesterolemic အစြမ္းအာနိသင္က အသည္းအဆီဖံုးတာ၊ ေက်ာက္ကပ္မွာအဆီမ်ားတာနဲ႔   ေသြးတြင္းကိုလက္စထေရာ ပမာဏမ်ားတာေတြျဖစ္နိုင္ေျခကိုေလ်ာ့က်ေစနိုင္တယ္၊ လို႔ေတြ႔ရွိခဲ့ရပါတယ္။

၂၀. မ်က္လံုးက်န္းမာေစျခင္း

ဓာတ္တိုးဆန္႔က်င္ပစၥည္းၾကြယ္ဝတဲ့ ဒန္႔သလြန္ရြက္က မ်က္ၾကည္လႊာမပ်က္စီးေအာင္ ကာကြယ္ရာမွာ အေထာက္အပံံ့ေပးႏိုင္ပါတယ္။ ဒန္႔သလြန္ရြက္မွာပါတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြက မ်က္ၾကည္လႊာေသြးေၾကာေတြ က်ယ္လာတာမ်ိုးမျဖစ္ေအာင္ကာကြယ္ရာမွာ နဲ႔ မ်က္ၾကည္လႊာၾကြက္သားေတြမထိခိုက္ေအာင္ထိန္းသိမ္းေပးႏိုင္ပါတယ္။ မ်က္လံုးအတြင္းကေသြးေၾကာနံရံေတြထူမလာေအာင္ တားဆီးေပးသလို မ်က္ၾကည္လႊာပ်က္စီးတာမ်ိဳးေတြကိုလည္းကာကြယ္ေပးပါတယ္။

၂၁. ေသြးအားနည္းေရာဂါကို သက္သာေစျခင္း

ဒန္႔သလြန္ရြက္က ေသြးအားနည္းေရာဂါကိုကုသရာမွာအေထာက္အကူျပဳပါတယ္။ ေလ့လာမႈေတြအရ ဒန္႔သလြန္ရြက္က ခႏၶာကိုယ္ရဲ႕သံဓာတ္စုပ္ယူမႈကို ေကာင္းမြန္ေစေအာင္ အေထာက္အပံ့ေပးႏိုင္သလို ေသြးနီဥဆဲလ္အေရအတြက္ကိုတိုးေစသလို ပံုမွန္ေသြးေပါင္ခ်ိန္ကိုထိန္းသိမ္းရာမွာလည္း အေထာက္အကူုျပဳေပးပါတယ္။


ေဘးထြက္ဆိုးက်ိဳးေတြ

        ဒန္႔သလြန္မွာ ဝမ္းေပ်ာ့ေပ်ာ့သြားေစႏိုင္တဲ့ အစြမ္းသတၱိရွိတာေၾကာင့္ ဗိုက္နာေစသလို၊gaseous distension၊ ဝမ္းေလွ်ာတာနဲ႔ ရင္ပူတာေတြကိုျဖစ္ေပးေစပါတယ္။
        ဒန္႔သလြန္ရြက္ကိုအလြန္အကၽြံစားသံုးပါက မအီမသာျဖစ္တာမ်ိဳးေတြျဖစ္နိုင္ပါတယ္။
        ဒန္႔သလြန္ရဲ႕ အျမစ္၊အပြင့္နဲ႔အခက္ေတြမွာပါတဲ့ ဓာတုဓာတ္ေပါင္းေတြက ကိုယ္ဝန္ေဆာင္အမ်ိဳးသမိးေတြမွာ သားအိမ္က်ံဳ႕တာကိုျဖစ္ေစႏိုင္တာေၾကာင့္ ကုိယ္ဝန္ပ်က္က်ႏိုင္ေျခကိုတိုးေစပါတယ္။
        ဒန္႔သလြန္မွာပါတဲ့ အခ်ိဳ႕ဓာတ္ေတြက ေမြးကင္းစ ကေလးငယ္ေတြအတြက္ မသင့္ေတာ္တာေၾကာင့္ ႏို႔တိုက္မိခင္ေတြအေနနဲ႔ စားသံုးဖို႔မသင့္ေတာ္ပါဘူး။
        ေသြးၾကဲေဆးေသာက္သံုးေနရသူေတြအေနနဲ႔လည္း ဒန္႔သလြန္ရြက္ကိုမစားသင့္ပါဘူး။
        ကိုယ္ခံအားဆဲလ္ေတြကို အဆိပ္အေတာက္ျဖစ္ေစႏိုင္တာေၾကာင့္ ဒန္႔သလြန္ေစ့အဆီကို မစားသံုးသင့္ပါဘူး။

ကေလးငယ္ေတြ၊ ကိုုယ္ဝန္ေဆာင္ေတြနဲ႔ သက္ၾကီးရြယ္အိုေတြအေနနဲ႔ ဒန္႔သလြန္ရြက္ကိုမစားခင္မွာ ဆရာဝန္နဲ႔အရင္တိုင္ပင္သင့္ပါတယ္။

အထက္ပါအခ်က္ေတြကိုဖတ္ရႈျပီး က်န္းမာေရးနဲ႔ညီညြတ္စြာသတိျပဳစားသံုးႏိုင္ၾကေစဖို႔ရည္ရြယ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version#
ဒန့်သလွန်ဆိုတာကတောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တေ်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။

ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီးကျွတ်ဆက်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်များစွာပါဝင်ပါတယ်။  ဒန့်သလွန်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိသလို ရောဂါပိုးတွေကိုလည်းတိုက်ဖျက်နိုင်တဲ့အစွမ်းရှိပါတယ်။ ရောင်ရမ်းမှု  ကိုလျော့ပါးစေနိုင်စွမ်းလည်းရှိပါတယ်။

ဒန့်သလွန်မှာပါတဲ့ အာဟာရဓာတ်တွေကဘာတွေလဲ။

ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင် အေ၊ ဗီတာမင် B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။


ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရစေနိုင်သလဲ။

၁. အမိုင်နိုအက်ဆစ်

ဒန့်သလွန်ရွက်မှာ ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းမှုနဲ့ ပရိုတင်းတွေဖြစ်ပေါ်မှုအတွက် အသုံးဝင်တဲ့ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ပါတယ်။ အဆိုပါအက်ဆစ်တွေက ကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်တွေပုံမှန်လည်ပတ်စေဖို့ အထောက်အကူပြုပေးပါတယ်။

၂. ရောင်ရမ်းမှုမဖြစ်အောင်လုပ်ဆောင်ပေးနိုင်ခြင်း

ဒန့်သလွန်ရွက်မှာ သံဓာတ်၊ရောင်ရမ်းမှုကို ကျဆင်းစေတဲ့အာနိသင်နဲ့ ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဒန့်သလွန်ရွက်က အနာတွေ၊အပူလောင်တာနဲ့ပြန်ရှဒဏ်ရာတွေလိုမျိုး အသေးစားဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်လည်းမြန်စေပါတယ်။

၃. နို့ထွက်စေခြင်း

နို့တိုက်မိခင်တွေမှာ နို့ထွက်စေဖို့အတွက် ဒန့်သလွန်ရွက်စားသုံးပေးတာကို ရှေးယခင်ကာလတွေကတည်းကအသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ရွက်က နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းအောင်အထောက်အကူပေးပါတယ်။

၄. ကိုလက်စထရော

ဒန့်သလွန်ရွက်မှာ အဆီတွေကိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကိုကျစ်လျစ်သွယ်လျစေတဲ့ အစွမ်းတွေရှိပါတယ်။ ဒန့်သလွန်ရွက်က ကိုယ်ခန္ဓာကို ကျစ်လျစ်သွယ်လျစေသလို အားအင်ပြည့်စေပါတယ်။ ဒန့်သလွန်ရွက်ကို သရေစာတွေစားချင်စိတ်ကိုဖျောက်ဖျက်ပေးပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုတစ်ရပ်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုပါ။ ကိုလက်စထရောပမာစ နည်းတာက နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ချပေးသလို အခြားနှလုံးသွေးကြောရောဂါတွေခံစားရနိုင်ခြေကိုလျော့ချရာမှာလည်း အထောက်အကူပြုပါတယ်။

၅. ဆီးချို

ဒန့်သလွန်ရွက်ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က ဆီးချိုရောဂါကိုထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ ဒန့်သလွန်ရွက်က အချိုဓာတ်မပါဘဲ ခန္ဓာကိုယ်အတွက် စွမ်းအင်တွေထောက်ပံ့ပေးပါတယ်။ ဒန့်သလွန်က သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးနိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးပါ။

၆. ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ

ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကျန်းမာစေဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို အသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်းနှေးကွေးစေပါတယ်။ ဒန့်သလါန်ရွက်မှာ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမျိုး ၃၀ လောက်ပါဝင်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဒန့်သလွန်ရွက်ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုကို လှုံ့ဆော်ပေးမှာဖြစ်သလို ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေမှာဖြစ်ပါတယ်။

၇. ဆံပင်သန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ဆံပင်နဲ့ဦးရေပြားကိုအကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်ကို ဆံပင်နဲ့ဦးရေပြား သန့်ရှင်းစေဖို့၊ဆံပင်ကျွတ်သက်သာစေဖို့ နဲ့ ဗောက်မထစေဖို့အတွက်အသုံးပြုနိုင်သလို ဆံသားခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်မှာ ဆံသားကိုကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင် B1 ၊ B2 ၊ B3 ၊ B-6  ၊ folate နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်က ဦးရေပြားမှာ သွေးလည်ပတ်မှုကိုတိုးတက်စေသလို ဆံပင်သန်စွမ်းမှုကို အထောက်အကူပေးပါတယ်။ ဦးရေပြားမှာ သွေးလည်ပတ်မှုကောင်းမွန်တဲ့အခါ ဆံတွင်းပေါက်လေးတွေကို အာဟာရပြည့်ဝစေပြီး ဆံပင်တွေကို သန်စွမ်းနက်မှောင်စေပါတယ်။

၈ အာရုံကြောစနစ်

ဒန့်သလွန်ရွက်က အာရုံကြောစနစ်မှာ ချို့ယွင်းမှုတွေမဖြစ်အောင်တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။ ဒန့်သလွန်ရွက်က ခေါင်းတစ်ခြမ်းကိုက်တာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာနဲ့ အခြားအာရုံကြောဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားလိုမျိုးရောဂါတွေမဖြစ်အောင်ကာကွယ်ရာမှာလည်းအထောက်အပံ့ပေးပါတယ်။

၉. အစာချေစနစ်ကိုကောင်းမွန်စေခြင်း

ဒန့်သလွန်ရွက်က အစာကျေလွယ်ပြီး အစာချေဖျက်မှုကိုကောင်းမွန်အောင်အထောက်အကူပေးပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

၁၀. အဆိပ်ပြေစေခြင်း

ဒန့်သလွန်ရွက်က ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေပြီး သွေးသန့်စေပါတယ်။

၁၁. စွမ်းအင်ပြည့်ဝစေခြင်း

ဒန့်သလွန်ရွက်က စွမ်းအင်ပြည့်ဝစေပါတယ်။ ဒန့်သလွန်ရွက်က အချိုဓာတ်လုံးဝမပါဝင်ဘဲ သဘာဝနည်းအတိုင်း ခန္ဓာကိုယ်ကို စွမ်းအင်ပြည့်ဝစေတာဖြစ်ပါတယ်။

၁၂. ဝက်ခြံ နဲ့ ဆားဝက်ခြံတွေကိုသက်သာစေခြင်း

ဒန့်သလွန်ရွက်က အရေပြားကအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီး အရေပြားကိုနုပျိုစေပါတယ်။ အသားအရေကိကြည်လင်စေပြီး  ဖြူဝင်းလှပစေနိုင်ပါတယ်။ ဝက်ခြံနဲ့အမဲစက်တွေဖြစ်ပေါ်မှုကိုလည်း သက်သာစေပါတယ်။

၁၃. ကူးစက်ရောဂါတွေကို တိုုက်ဖျက်နိုင်ခြင်း

ဒန့်သလွန်ရွက်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ မှိုပိုးကိုတိုက်ဖျက်နိုင်တဲ့အာနိသင်တွေရှိတာကြောင့် ကူးစက်ရောဂါတွေတိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်က အရေပြားမှာကူးစက်ရောဂါဖြစ်စေတဲ့ မှိုပိုးတွေကိုတိုက်ဖျက်ပေးသလို သွေးနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

၁၄. အသည်းကျန်းမာစေခြင်း

ဒန့်သလွန်ရွက်မှာ polyphenols များစွာပါဝင်တာကြောင့် အသည်းကို အဆိပ်အတောက်ဖြစ်စေတာနဲ့ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၁၅. အရိုးကျန်းမာသန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် အရိုးတွေကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးပါတယ်။ ဒန့်သလွန်ရွက်က ရောင်ရမ်းမှုကိုလျော့ကျစေတာကြောင့်  အဆစ်ရောင်နာလိုမျိုး အရိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေကို ကုသရာမှာထိရောက်တဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ ဒန့်သလွန်ရွက်က အရွတ်တွေမှာဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။

၁၆.ကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက်က ကျောက်ကပ်၊ဆီးအိမ်နဲ့ သားအိမ်ထဲမှာကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒန့်သလွန်မှာ ကျောက်တည်တာကိုလျှော့ချပေးနိုင်တဲ့အစွမ်းသတ္တိရှိသလို endogenous oxalate synthesis ကိုထိန်းချုပ်ရာမှာလည်းအထောက်အကူပြုပါတယ်။

၁၇. ကျောက်ကပ်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက် အဆီအနှစ်က ဆေးဝါးတွေနဲ့ အဆိပ်ရှိတဲ့အရာတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်မှာပါတဲ့ nephroprotective ကကျောက်ကပ်ကိုထိခိုက်မှုတွေကိုလျော့ကျစေပါတယ်။ nephroprotective  က ထိရောက်တဲ့ bio-absorbent အဖြစ်လုပ်ဆောင်ပေးပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။

၁၈. သန္ဓေတားပေးနိုင်စွမ်းရှိခြင်း

ဒန့်သလွန်မှာ သန္ဓေတားပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်ရဲ့အဆီအနှစ်ကို ဟော်မုန်းပျက်စီးစေမှု ( estrogenic activity) လုပ်ဆောင်ရာမှာအသုံးပြုကြသလို သန္ဓေမအောင်စေအောင်ကာကွယ်ရာမှာလည်းအကျိုးပြုပါတယ်။

၁၉. သွေးတိုးကျစေခြင်း

ဒန့်သလွန်က သွေးပေါင်ချိန်နဲ့ ကိုယ်တွင်းကိုလက်စထရောပမာဏကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ isothiocyanate နဲ့ niaziminin တို့လိုမျိုး Bioactive ပစ္စည်းတွေက သွေးကြောတွေမပိတ်အောင်ကာကွယ်ပေးသလို အဆုတ်သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့သွေးတိုးရောဂါ (pulmonary hypertension) ဖြစ်ပေါ်မှုကိုလည်း   လျော့ကျစေနိုင်ပါတယ်။ လေ့လာမှုတွေမှာ ဒန့်သလွန်ရွက်မှာပါတဲ့ hypocholesterolemic အစွမ်းအာနိသင်က အသည်းအဆီဖုံးတာ၊ ကျောက်ကပ်မှာအဆီများတာနဲ့   သွေးတွင်းကိုလက်စထရော ပမာဏများတာတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

၂၀. မျက်လုံးကျန်းမာစေခြင်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ ဒန့်သလွန်ရွက်က မျက်ကြည်လွှာမပျက်စီးအောင် ကာကွယ်ရာမှာ အထောက်အပံံ့ပေးနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်ကြည်လွှာသွေးကြောတွေ ကျယ်လာတာမျိုးမဖြစ်အောင်ကာကွယ်ရာမှာ နဲ့ မျက်ကြည်လွှာကြွက်သားတွေမထိခိုက်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ မျက်လုံးအတွင်းကသွေးကြောနံရံတွေထူမလာအောင် တားဆီးပေးသလို မျက်ကြည်လွှာပျက်စီးတာမျိုးတွေကိုလည်းကာကွယ်ပေးပါတယ်။

၂၁. သွေးအားနည်းရောဂါကို သက်သာစေခြင်း

ဒန့်သလွန်ရွက်က သွေးအားနည်းရောဂါကိုကုသရာမှာအထောက်အကူပြုပါတယ်။ လေ့လာမှုတွေအရ ဒန့်သလွန်ရွက်က ခန္ဓာကိုယ်ရဲ့သံဓာတ်စုပ်ယူမှုကို ကောင်းမွန်စေအောင် အထောက်အပံ့ပေးနိုင်သလို သွေးနီဥဆဲလ်အရေအတွက်ကိုတိုးစေသလို ပုံမှန်သွေးပေါင်ချိန်ကိုထိန်းသိမ်းရာမှာလည်း အထောက်အကူုပြုပေးပါတယ်။


ဘေးထွက်ဆိုးကျိုးတွေ

        ဒန့်သလွန်မှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဗိုက်နာစေသလို၊gaseous distension၊ ဝမ်းလျှောတာနဲ့ ရင်ပူတာတွေကိုဖြစ်ပေးစေပါတယ်။
        ဒန့်သလွန်ရွက်ကိုအလွန်အကျွံစားသုံးပါက မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။
        ဒန့်သလွန်ရဲ့ အမြစ်၊အပွင့်နဲ့အခက်တွေမှာပါတဲ့ ဓာတုဓာတ်ပေါင်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမိးတွေမှာ သားအိမ်ကျုံ့တာကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုတိုးစေပါတယ်။
        ဒန့်သလွန်မှာပါတဲ့ အချို့ဓာတ်တွေက မွေးကင်းစ ကလေးငယ်တွေအတွက် မသင့်တော်တာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ စားသုံးဖို့မသင့်တော်ပါဘူး။
        သွေးကြဲဆေးသောက်သုံးနေရသူတွေအနေနဲ့လည်း ဒန့်သလွန်ရွက်ကိုမစားသင့်ပါဘူး။
        ကိုယ်ခံအားဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ဒန့်သလွန်စေ့အဆီကို မစားသုံးသင့်ပါဘူး။

ကလေးငယ်တွေ၊ ကိုုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဒန့်သလွန်ရွက်ကိုမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

အထက်ပါအချက်တွေကိုဖတ်ရှုပြီး ကျန်းမာရေးနဲ့ညီညွတ်စွာသတိပြုစားသုံးနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top